Pages

Showing posts with label အသုံးမကျ စတုတ္တ. Show all posts
Showing posts with label အသုံးမကျ စတုတ္တ. Show all posts

Saturday, January 18, 2014

အေပီ နှင့် ဧရာဝတီ သတင်း ဌာန တို့က ရခိုင် ပြည်နယ် ၌ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ကြောင်း သတင်းမှား များ ထုတ်လွှင့် ဖော်ပြ

ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင် ပြည်နယ် မောင်တော မြို့နယ် ၌ ရဲ တပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှု သတင်း နှင့် ပတ်သက် ၍ သတင်း ဆက် အဖြစ် အေပီ သတင်း ဌာန က " မောင်တော ဒေသ တွင် ရိုဟင်ဂျာ မိန်းမ နှင့် ကလေးများ မှာ ဒါးဖြင့် အခုတ်ခံ ရကြောင်း၊ သို့သော် အရေ အတွက် များစွာ ကွဲလွဲ လျက် ရှိကြောင်း၊ အချို့ သတင်း ရပ်ကွက် များက သေဆုံး သူ ၅ ယောက် မှ ၁၀ ယောက် အတွင်း သာ သတ်မှတ် ကြ သော်လည်း မောင်တော မြို့နယ် ဒေသခံ တစ်ဦး ၏ အဆို အရ သေဆုံး သူ ၄၀ ခန့် ရှိကြောင်း၊ သေဆုံး သူ အချို့ ၏ ဒဏ်ရာ များမှာ ဓါးဒဏ်ရာ များ သာ ဖြစ်ကြောင်း၊ သေနတ် ဖြင့် ပစ်သတ် ခံရခြင်း၊ ရိုက်သတ် ခံရခြင်း မတွေ့ ရ ကြောင်း၊ သို့ဖြစ် ရာ ရခိုင် ဗုဒ္ဓ ဘာသာ တို့၏ လက်ချက် သာ ဖြစ်နိုင် ပြီး တပ် သို့မဟုတ် ရဲ တို့၏ လက်ချက် မဖြစ် နိုင် ကြောင်း" စသည် ဖြင့် သတင်း ရရှိ ကြောင်း ဖော်ပြ ထားသည်။

Wednesday, March 20, 2013

၇ ရက် သားသမီးကို လိမ်လည် သော ၇ ရက် ဂျာနယ်ဟု ဝေဖန် ခံရသည့် 7Day မှ ပြိုင်ကား သတင်း

 
ပြိုင်ကား ပိုင်ရှင်ကို သတ်ပြီး ကားလုပြေးသည့် အမှုအား ပြိုင်ကား မုန်းသည့် ဂျာနယ်တို့ လက်သို့ ရောက် သည့်အခါ ပြိုင်ကား တစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသား တစ်ဦးအား ပစ်ချခဲ့ဟု ဖြစ်သွားတော့သည်။
 
====================================
 
မူရင်းဖြစ်စဉ်က ......  ပြိုင်ကားပိုင်ရှင် အား ၊ သတ်ဖြတ်ပြီး ကားလုပြေးတာပါ ။ 
သောက်တလွဲ ဂျာနယ်မှ တင်လိုက်သည်ကား ........ ။ ဤကဲ့သို့ ဖြစ်လေရောဗျာ ...........  ပြိုင်ကားတစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသားတစ်ဦးအား ပစ်ချခဲ့မှုဖြစ်ပွားခဲ့သည်။ ယနေ့ မတ်လ ၁၉ ရက် တွင် တရားခံဟု ယူဆသူအား ဖမ်းမိခဲ့ပြီး စစ်ဆေးလျက်ရှိရာ ဖြစ်စဉ်အသေးစိတ်အား ထုတ်ပြန်ခြင်း မပြုေ သးကြောင်း။ 
 
မီဒီယာ ဆိုသည်မှာ အဘယ်နည်း ?
 
တိကျသော သတင်းအား ပြည်သူများ သိရှိစေရန် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည် ။ ထို ကဲ့သို့ တရား ခံ နှင့် အသတ်ခံရသူအား ထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းမျိုး ၊ အရေးအသား မျိုး တင်သော ဂျာနယ်မှာ မီဒီယာ ဆောင်ပုဒ်ဖြင့် ကိုက်ညီမူ့ လုံးဝ မရှိပေ ။မီဒီ ယာ လောကအား သိက္ခာ ကျဆင်းစေ သကဲ့ သို့ ၊ စာဖတ်သူ ပြည်သူ လူထုအား စော်ကားရာလည်း ရောက် ပါတယ် ။ 
 

Monday, March 4, 2013

အပုပ်ချ မဏ္ဍိုင်များ ဖတ်ရန်


မြန်မာနိုင်ငံတွင် Facebook သည် ၀ါဒဖြန့်ချိရေး၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး အာဏာရှင်စန စ်ကို ပြန် လည်အသက် သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများအား Facebook လူမှုကွန်ရက် စာမျက်နှာတွင် အများ အပြား မြင်တွေ့လာရကြောင်း သိရှိရသည်။ ထိုကဲ့သို့ ၀ါဒဖြန့်ချိသူများအနက် Opposit-eyesပလေတိုဒီမို We Love TrueJing Hpaw LandNay MinKo John နှင့် Golden Land Myanmar အစရှိသူ တို့ မှာ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ထင်ရှားသည့် ၀ါဒဖြန့်ချိရေး သမားများ အဖြစ်  မြင်တွေ့နေရကြောင်း သိရသည်။ 
 
=============
 
ကျွန်တော် က ဘာများ ၀ါဒဖြန့်ချိနေလို့လဲ ... ခင်ဗျား တို့လို အပုပ်ချ ဖို့တစ်ခုပဲ အစိုးရ ကိုစော်ကားဖို့ တခုပဲ သိနေတဲ့ သူတွေ ၊ ခင်ဗျားတို့ လို အပုပ်ချ မဏ္ဍိုင် တွေ ရှိနေ လို့ ကျွန်တော်တို့ ရှိနေတာ ..... ခင် ဗျား တို့ မှန်အောင် တင်လေ .... မှန်အောင် လုပ်လေ .... အပြောမခံ ချင်ရင် အပြောမခံရအောင်နေလေ ... ခင်ဗျား တို့ မှန်နေရင် ဘယ်သူ မှ ခင်ဗျား တို့ ကိုမပြောဘူး ... မထောက်ဘူး ... ရှင်းတယ်နော် .... ဒါနဲ့ နေပါဦး ... ခုက ကျွန်တော့် ဘလော့ ကျွန်တော့် page မှာ ဘာတွေလုပ်နေလို့လဲ ..... ကျွန်တော် ခု လုပ်နေတဲ့ အလုပ်ဟာ ပြည်သူ ကို အမှန် ချပြဖို့ လုပ်နေတာပါ .... ကျွန်တော် လုပ်နေ တာ ခင်ဗျားတို့ ကို အမြီး လှန်ချိုး နေသလို ဖြစ်နေပြီ ထင်တယ် .... နာရင်လဲ အော် လိုက်ဗျာ ... ခု ကို အော် တာထင်တယ် နော် ... ခင်ဗျား တိုက ရှက် တတ်ရင် လဲ သေ လိုက်သင့် တယ်ဗျာ ... ဟစ်ဟစ် ..

ထပ်ပြောမယ် ..... ခင်ဗှား တို့ မှန်အောင် တင် .... မှန်အောင် လုပ် .... လူဆိုတာ အပြောမခံ ချင်ရင် အပြောမခံရအောင်နေ ရတယ်  ... ခင်ဗျား တို့ မှန်နေရင် ဘယ်သူ မှ ခင်ဗျား တို့ ကိုမပြောဘူး ... ဒါပါပဲ ...

Tuesday, February 12, 2013

ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးရဲထွဋ်လည်း State Sponsored attacked သတိပေးစာ ရရှိခဲ့

 
ပြည်သူများ အထင်အမြင် လွဲမှားစေခဲ့သည့် Eleven ၏ သတင်းဖော်ပြချက်နှင့် ကွန်မန့်များ
Eleven မီဒီယာမှ ၄င်းတို့အား Google ကနေ State Sponsored attacked သတိပေးစာများ ပေးပို့ ခဲ့ကြောင်း၊ အစိုးရမှ ထောက်ပံ့ပေးသယောင် ရေးသားခဲ့သည်။ အဆိုပါ Eleven ၏ ရေးသားချက်ကြောင့် Myanmar Express မှလည်း ၄င်းတို့လည်း ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
 

Monday, February 11, 2013

ဦးသန်းထွဋ်အောင် နှင့် မီဒီယာ စီးပွားရေးသမားများ အား စီးပွား ပိတ်ဆို့ရန် USCB တောင်းဆို

ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာနေဝင်းမောင်၊ ကိုကို(စက်မှုတက္က သိုလ်)၊ မြတ်ခိုင်၊ ဟိန်းလက် နှင့် မျိုးအောင် တို့အား စီးပွားပိတ်ဆို့ရန် ဝါရှင်တန်အခြေစိုက် အမေရိကန် အခြေ စိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ USCB မှ အမေရိကန် ဘဏ္ဏာရေးဝန်ကြီး တီမိုသီဂတ်နာ ထံ သို့ တိုင်ကြားပေးပို့ခဲ့ကြောင်း သတင်းရရရှိသည်။ 

DVB

Saturday, February 9, 2013

NCUB သတင်းနှင့် ပတ်သတ်၍ ဧရာဝတီ ဘလော့ဂ်ကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ကာယကံရှင်များဆို


ဧရာဝတီ ဘလော့ဂ်တွင်ဖော်ပြထားသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ( NCUB )အေ ထြေ ထြ အတွင်းရေးမှူး ဦးမောင်မောင်အား အဖွဲ့မှ ထုတ်ပယ်သည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ဦးမောင်ေ မာင်က ယနေ့ပြောသည်။အဆိုပါသတင်းတွင် ဦးမောင်မောင်အား ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းက လက်မှတ်ရေးထိုး ထားခြင်းနှင့် ပတ်သတ်၍ ဦးမြင့်သိဏ်း လည်း ၄င်းတို့မထုတ်ပြန်ကြောင်း ၊ ကြေညာချက် ပါ ငွေကြေးနှင့် ပတ်သတ်သည့် ကိစ္စများမှာ လည်း မှားယွင်းနေကြောင်း အင်တာနက်မှ တဆင့်ပြောကြားခဲ့သည်။ ထိုကြောင့် သတင်း ဖော်ပြသော ဧရာဝတီ ဘလော့ဂ်ကို ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးမောင်မောင် က ပြောသည်။
 
Popular Myanmar News Journal

မိတ္ထီလာ စစ်ဆေးရုံမှ ဗိုလ်မှူးကြီး တစ်ဦးအား အပုပ်ချသည့်စာ ဖော်ပြမိသည့် အတွက် အာရကန်တိုင်းမ်စ် စာမျက်နှာ မှ တောင်းပန်



ဖေဖော်ဝါရီလ ၆ ရက်နေ့ က အာရကန်တိုင်းမ်စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် မိတ္ထီလာ စစ်ေ ဆး ရုံမှ ဗိုလ်မှူးကြိး တစ်ဦး အာဏာအလွဲသုံးစားပြုပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ ကိုယ်ကျိုးရှာ နေခြင်း ဆိုသည့် သတင်းမှာ ဗိုလ်မှူးကြီး အား အပုပ်ချ လုပ်ကြံသည့် သတင်းဖြစ်ကြောင်း၊ ထိုအတွက် အနူး အညွတ် တောင်းပန်ကြောင်း အာရကန်တိုင်းမ်စ် အယ်ဒိတာများ ကိုယ်စား ကောင်းကျော်ဇံမှ တောင်းပန် ခဲ့သည်ဟု သိရသည်။
 

Eleven မီဒီယာမှ State-sponsored attackers များက တိုက်ခိုက်သည်ဟု ခေါင်းစဉ် တပ်ကာ အစိုးရမှ ထောက်ပံ့ ပေးသယောင် လိမ်လည် ဖော်ပြခဲ့

ဖေဖော်ဝါရီလ ၈ ရက်နေ့ Eleven မီဒီယာ စာမျက်နှာတွင် State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ် များ ထံ သို့ Google မှ သတိပေးချက်များ ပေးပို့နေ ဆိုသော ခေါင်းစဉ်ဖြင့် သတင်း တစ်ခု တင်ခဲ့သည်ကို တွေ့ လိုက် ရသည်။

အဆိုပါ သတင်းကို Facebook စာမျက်နှာမှ ဖော်ပြသည့်အခါ မည်သည့် အချက်အလက် အသေးစိတ် မှ မပါရှိ ဘဲ ခေါင်းစဉ်တစ်ခုနှင့် link သာ တွဲပြီး ဖော်ပြသည့်အတွက် အင်တာနက်သုံးသည့် ပြည်သူများ အကြား အစိုးရမှ ထောက်ပံ့ပေးထားသည့် အဖွဲ့များ သူတို့ကို တိုက်ခိုက်နေသည်ဟု ထင်မှတ်မှားစေ ခဲ့သည် ကို ပုံပါ မှတ်ချက်များကို ကြည့်က သိနိုင်ပါသည်။ 
 

Friday, February 8, 2013

အစိုးရကို eleven မုန်းရခြင်း အချက် (15) ချက်

(1)Eleven ဂျာနယ်တစ်ခေတ်ဖြစ်အောင် စောင်မပေးခဲ့သောထောက်လှမ်းရေးအဖွဲ့ကိုအစိုးရ ကဖြိုခွဲ ခဲ့ခြ င်းေ ကြာင့် လည်းကောင်း
 
(2) ထောက်လှမ်းရေးအဖွဲ့က နိုင်ငံရေးလမ်းလွှဲမီဒီယာအဖြစ်အသုံးချခဲ့သော် လည်းဇော်သက်ထွေး တို့ကိစ္စ တွင် ဂျာနယ်တိုက်သို့ဝင်စီးပြီးအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခြင်းကြောင့်လည်းကောင်း

Thursday, February 7, 2013

Eleven Media မှ နည်းပညာပိုင်း ဆိုင်ရာ လိမ်လည် လုပ်ဆောင်မှု များဖြင့် ရန်တိုက် ပေးနေပြီလား



ယနေ့ ညနေပိုင်းတွင် Eleven မီဒီယာ Facebook စာမျက်နှာ အတိုက်ခံရသည်ဟု သိလိုက်ရသော်လည်း မအား သဖြင့် ၀င်မကြည့်နိုင်ခဲ့ပါ။ ၀င်ကြည့်လိုက်တော့ Eleven Media Group Facebook အား နည်းပညာ အသုံးပြု တိုက်ခိုက်ခဲ့ သော် လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့ ဆိုသည့် သတင်းဖြင့် ဖော်ပြ ထားသည်ကို တွေ့လိုက် ရသည်။ ဘယ်လို တိုက်ခိုက်ခံရတာလဲဆိုတာ facebook ထဲမှာ လိုက်ရှာတော့ ပုံလေး တစ်ပုံမှာ MMCF စာ သားဖြင့် Eleven၏ Facebook Cover Photo အား ပြောင်းထား သည်ကို တွေ့ လိုက် ရသည်။ အလွန်အံ့သြသင့် ဖွယ် တိုက်ခိုက်မှုနှင့် အလွန်ကျွမ်းကျင်ပြောင်မြောက်သော နည်းပ ညာ များ ဟုပင် ချီးကျူးမည်ဟု ကြံသော်လည်း ကျွမ်းကျင်သူများကို မေးမြန်းသည့်အခါတွင်တော့ သံသယ ၀င်စရာများ တွေ့လာရပေသည်။

Wednesday, February 6, 2013

သတင်းဆောင်းပါး ဓာတ်ပုံလွဲမှားမှု Hot News တောင်းပန်ခဲ့ သို့သော် The Ladies မှ ယနေ့ထိ မတောင်းပန်သေး

သတင်းများ၊ သတင်းဆောင်းပါးများတွင် ဓာတ်ပုံများ မှားယွင်းဖော်ပြသဖြင့် ပြန်လည် တောင်းပန်မှုများ ၊ တရား စွဲ ဆိုမှုများ ယနေ့ မီဒီယာလောကတွင် မြင်တွေ့လာရသည်။ ယခုအပတ်ထုတ် Hot News ဂျာနယ် တွင် ၄င်း၏ သတင်းဆောင်းပါးတစ်ခုအတွင်း ထည့်သွင်းဖြော်ပခဲ့သည့် သတင်းဓာတ်ပုံ မှားယွင်းမှုသည် ရခိုင် အမျိုးသမီးထုအား နစ်နာစေသဖြင့် တောင်းပန်ကြောင်း ဖော်ပြခဲ့သည်။

တရားဥပဒေ စိုးမိုးရေး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို အကာအကွယ်ပြုပြီး တပ်မတော်ကို အခြေအမြစ် မရှိ အပုပ် ချစော်ကားသည့် THE LADIES ဂျာနယ်မှ မေဇင်အေးအား အရေးယူသင့်

 
အင်တာနက်ပေါ်တွင် အမည်မသိ ဒေါက်တာဆိတ်ဖွားဆိုသူ၏ ရေးသားချက်အား လွှတ်တော်တွင်း ထည့် သွင်း ဆွေးနွေး ကာ စုံစမ်းရေးကော်မရှင် ဖွဲ့ခဲ့သည်။ ဒေါက်တာ ဆိတ်ဖွား၏ ရေးသားချက်များသည် ယနေ့ ဂျာ နယ် များတွင် ဝေဖန် ဖော်ပြနေသည့် ဆောင်းပါးများ၊ ကာတွန်းများနှင့် နှိုင်းယှဉ်ပါက ပင်လယ်ထဲမှ လှေ တစ်စင်း ပမာဏသာ ရှိသည်။
 

Monday, February 4, 2013

ခင်ဗျား တို့တွေ သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်



 
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်.....
 
၁။လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည်ပြန်ဆပ်မှသာ လာမည့် မိုးရာသီ တွင် တစ်ဧကကို ကျပ်တစ် သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်ပြီး လယ် ယာမြေမှတ် ပုံတင်ကို လည်း အကြွေး ကျေမှ ထောက် ခံပေးမှာ ဖြစ်တဲ့အတွက် ကြွေးတင်ရင် ရှင်ဘုရင် ဆပ်လိမ့်မယ်၊ လယ်သိမ်းရင် ဆန္ဒပြ မယ် ဆိုတဲ့ အတွေးအခေါ်လောက် ရှိတဲ့ လယ်သမား များကို စေတနာ သတိပေးစကား ပြောခဲ့သော ၀န်ကြီး အား ထမင်းတစ်နပ် လျော့စားဆိုသည့် စကားကို အသားပေးပြီး တိုက်ခိုက်ကြမှာ မဟုတ်ဘူး။ 

THE LADIES ဂျာနယ်မှ မြန်မာ့ တပ်မတော်မှ ကလေး စစ်သားများ စုဆောင်း အသုံးပြုဆဲ ဆိုသည့် အစီရင်ခံစာ သတင်းတွင် ဓာတ်ပုံ လိမ်လည် ဖော်ပြ



ယနေ့ နေ့လည်ပိုင်းတွင် တူ၊တူမလေး နှစ်ယောက် ဂျာနယ်ကိုင်ပြီး လာမေးကြသည်။ ဒီကေလးစစ္သားေ တြ က တ ကယ္လား တဲ့။ သတင်းကို ဖတ်ကြည့်လိုက်တော့ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများ စုေ ဆာင်း အ သုံး ပြု ဆဲဖြစ်ကြောင်း လူ့အခွင့် အရေး အဖွဲ့အစည်း တစ်ရပ်၏ အစီရင်ခံစာ ဖော်ပြ ဆိုသည့် သ တင်းေ ခါင်းစဉ် ဖြင့် လူ့အခွင့်အရေး အုပ်စု တစ်စု၏ သတင်း အား ရေးသားထားသည်။

Saturday, February 2, 2013

Eleven အတွက် တပ်မတော်အရာရှိကြီးတစ်ဦးမှ ပေးသောစာ


ကျွန်တော်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီး တစ်ယောက်ပါ။ နောက်တစ်ခု ၀န်ခံရ ရင် တော့ Eleven ရဲ့ ပရိတ်သတ်ဆိုလျှင် မမှားပါဘူး။ Eleven ကို ဘောလုံးဂျာနယ် ထွက်ကတည်းက အားပေး လာတာပါ။ လမ်းမှာ တွေ့လို့ ၀ယ်ရင်လည်း Eleven မှလွဲ၍ မည်သည့် ဂျာနယ်မှ မ၀ယ်ပါ။ ယခု အ ချိန် ထိ ရုံးမှာလည်း အားပေး ၀ယ်ဖတ်ဆုံးဖြစ်ပါတယ်။ ယနေ့ Eleven အရေးအသားနဲ့ တပ်မတော် အပေါ် အရေး အသားကို အကြံပြု ပြောချင်လို့ပါ။

Thursday, January 31, 2013

သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ဟု ဆို

သန်းထွဋ်အောင် နှင့် ကျော်မင်းဆွေ တို့အနေဖြင့် ဦးရဲထွဋ် ကို စံနမူနာထား အတုယူသင့် ကြောင်း နည်စည်းမခြား မြန်မာသတင်းထောက်များ အဖွဲ့မှ ဝါရင့်သတင်းစာ ဆရာ တစ်ဦးမှ ပြောဆိုလိုက်သည်။

ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် သတင်းမှန်ကို ဓာတ်ပုံမှားယွင်းဖော်ပြခဲ့ဖြင်း အ တွက် ဇန်န၀ါရီလ ၃၀ ရက်နေ့ ညပိုင်းတွင် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်မှ facebook စာမျက်နှာ တွင် ချက်ချင်း သိက္ခာရှိရှိတောင်းပန်ခဲ့ ပြီး ယနေ့ထုတ်သတင်းစာများတွင်လည်း အကျယ်တဝင့် ရှင်းလင်းေ ဖ်ာပြ ခဲ့သည်။

နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာမီဒီယာတို့ သိက္ခာရှိဖို့သာ လိုပါသည်


ပြည်တွင်း မီဒီယာများအနေဖြင့် ကေအိုင်အေနှင့် တိုက်ပွဲများ စတင်သည့်အခါ တပ်မတော်ထံမှ သတင်း မ ရရှိ ဟု အကြောင်းပြကာ ကေအိုင်အေတို့နှင့် ဆက်သွယ်၍ သတင်းများ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်။ တိုက် ပွဲများ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေတို့၏ ခံစစ်စခန်းများ အပေါ်သို့ အထိ သွားရောက်ကာ သ တင်း ယူ ခဲ့ကြသည်။ ထိုသို့ သတင်းယူခဲ့စဉ်တစ်လျှောက် မြန်မာ့တပ်မတော်၏ အပင်ပန်းခံ စွန့်လွှတ်ပေး ဆပ်မှု များကိုမူ ဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။
 

Wednesday, January 30, 2013

မြန်မာ့မီဒီယာ လွတ်လပ်ခွင့် အဆင့် ၁၈ ဆင့် တိုးတက်


နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ၂၀၁၂ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်သော ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်ထက် အဆင့် ၁၈ ဆင့် တိုးတက်လာပြီး ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဆင့် ချိတ်ခဲ့သည်။

၂၀၁၁ ခုနှစ်အတွက် အဆင့်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ၁၇၉ နိုင်ငံတွင် အဆင့် ၁၆၉ ရှိခဲ့သောကြောင့် ၂၀၁၂ ခုနှစ်မှာ ယခင်နှစ်ကထက် ၁၈ ဆင့် တိုးလာခြင်းဖြစ်သည်။

ဆိုးရွှား စုတ်ပြတ်စွာ အဆင့်အတန်း ကျဆင်းနေသော မြန်မာ့ မီဒီယာများ အတွက် ထိုင်းနိုင်ငံတွင် သတင်း ရေးသားနည်း သင်တန်း ပေးမည်


မြန်မာသတင်းစာဆရာများအတွက် “ မြန်မာနိုင်ငံနှင့်ဒေသ တွင်း ရေးရာ များ သတင်းရေးသားနည်း (Covering Myanmar and Regional Issues)” သတင်းစာပညာသင်တန်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၅ ဖေဖေါ်ဝါရီ ၂၀၁၃ မှ ၈ မတ် ၂၀၁၃ ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။



ဆက်သွားချင်သေးတယ် ဆိုရင်