Pages

Sunday, March 10, 2013

HTC ထုတ်မည့် Facebook ဖုန်း


HTC နဲ့ Facebook တို့ သဘောတူညီချက် ရယူလို့ ထုတ်မယ့်ဖုန်း ဖြစ်ပါတယ်။

ကီးဘုတ်ဖုန်း ဖြစ်ပြီး ၄.၃ လက်မ touchscreen ပါဝင်မယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့  Specification ကတော့ mid class ပဲရှိတယ်လို့ ဆိုပါတယ်။

5 megapixel နောက်ကင်မရာ၊ ရှေ့ ကင်မရာ 1.6 megapixel

RAM 1GB, storage 16GB (micro SD ကဒ်မရ),

Processor 1.5GHz Snapdragon dual-core processor

Android Jelly Bean

အစရှိတဲ့ Specification များနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Faecbook ကိုတိုက်ရိုက်ဝင်ရမယ့် Feature တွေပါဝင်ပါမယ်။ Instagram ပါမယ်။ အစရှိတဲ့ Social media plugin များကို ဖုန်းထဲမှာ Integrated လုပ်ထားပြီး အင်တာနက် အသုံးပြုလို့ ကောင်းမယ့်ဖုန်းလို့ ဆိုပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိလည်း ဆိုတာကိုတော့ မကြေညာရသေးပါဘူး။ HTC Myst လို့ အမည်ပေးထားပြီး ယခု ၂၀၁၃ နှစ်လယ်နောင်းပိုင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Techspace

တစ်ပင်လုံး အသုံးဝင်သော သစ်မွှေး


ကျွန်တော် မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း (Myanmar Agarwood Entrepreneurs Association) ညီလာခံကို ယခုနှစ် ဇန်နဝါရီလ ၂ဝ၊ ၂၁ ရက် UMFCCI  ခန်းမတွင် တက်ရောက် လေ့လာခွင့် ရခဲ့ပါသည်။ အဲဒီမှာ သစ်မွှေး စိုက်ပျိုးသူများ၊ စီးပွားရေး ပညာရှင်များ၊ စိုက်ပျိုးလေ့လာ လိုသူများက သစ်မွှေးပင်ရဲ့ အသုံးဝင်ပုံ၊ စိုက်ပျိုးပြီး ဆေးသွင်း မှုနည်းစနစ်နဲ့  ကုန်ကျစရိတ် တန်ဖိုး၊ သစ်မွှေး အဆီကို ဘယ်လိုမျိုး ထုတ်လုပ် ရောင်းချမလဲ သို့မဟုတ် သစ်မွှေး အဆီကို ဘယ်လိုစနစ်နဲ့ ရောင်းချမလဲ၊တစ်ပင်ကို ဆေးထိုးပြီး အဆီ ဘယ်လောက် ထွက်မလဲ၊ ထွက်ပြီးသား သစ်မွှေး အဆီကို ဝယ်လက် အနေဖြင့် ဘယ်လို ရှာဖွေမလဲ ဆိုတဲ့ မေးခွန်းလေးတွေ တွေ့ရပါတယ်။ ကျွန်တော်လေ့လာ မိသလောက် အသိ ပညာနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ကီနမ်(စ်) ကုမ္ပဏီမှ သစ်မွှေး အဆီနှင့် ဆေးထိုး ပညာရှင်  ကိုသန်းထွန်းနှင့် ယခုလို ဒုတိယ တစ်ဖန်ထပ်မံ တွေ့ဆုံမေးမြန်း ခဲ့ပါသည်။ 

အသုံးပြုသူ စိတ်ကြိုက် သတင်း အပြင်အဆင် ထားနိုင်မှုနှင့် ပိုမိုကြီးမားသော ဓာတ်ပုံများ ပါဝင်သည့် ပင်မ စာမျက်နှာ သစ် Facebook မိတ်ဆက်

weeklyeleven-10-march10
 
Facebook စာမျက်နှာတွင် မိတ်ဆွေများ၏ သတင်းများနှင့် ကမ္ဘာ့သတင်းများကို စိတ်ကြိုက်ပြင်ဆင်ကာ personalized news paper အဖြစ်ပြောင်းလဲနိုင်သော ၀က်ဘ်ဆိုက်စာမျက်နှာသစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း Facebook က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Facebook ၏ News Feed အသုံးဝင်မှုကို ပြင်ဆင်ခဲ့ပြီး အသုံးပြုသူက ကိုယ်နှစ်သက်ရာ သတင်းများကို စိတ်ကြိုက်ထားရှိခွင့် ပေးထားသော ၀န်ဆောင်မှုကို စတင်ပြီဖြစ်ကြောင်း Facebook ကို ပူးတွဲတည်ထောင်သူ မာ့ခ်ဇက်ကာဘက်က ပြောကြားခဲ့သည်။ "ဒါဟာ ကိုယ့်စိတ်ကြိုက် သတင်းစာမျိုးတစ်ခုကို ထားရှိခွင့်ရတဲ့ အထူးနေရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်" ဟု သူကဆိုသည်။
Facebook သည် သူ၏၀က်ဘ်ဆိုက်ကို စားပွဲတင်ကွန်ပျူတာများ၊ လက်တော့ပ်များတွင် အသုံးပြုနေသည့်အတိုင်း မိုလ်ဘိုင်းဖုန်းများ သင်ပုန်းကွန်ပျူတာများတွင် အသုံးပြုနိုင်ရန် စီစဉ်နေပြီး အသွင်သစ်တွင် ဓာတ်ပုံများကို ပိုမိုကြီးမားစွာမြင် တွေ့နိုင်မည်ဖြစ်သည်။ Facebook အသုံးပြုသူသည် CNN နှင့် အခြားမီဒီယာ အဖွဲ့အစည်းများ၏ ၀က်ဘ်ဆိုက်များကို Like လုပ်ထားပါက မီဒီယာဝက်ဘ်ဆိုက်များ၏ ထိပ်တန်းသတင်းများ၊ ပြန်လည်မျှဝေမှု အများဆုံး သတင်းများကို ၎င်း၏စာမျက်နှာတွင် ဖော်ပြနေမည်ဖြစ်သည်။ မိုဘိုင်းဝက်ဘ်ဆိုက်များတွင် News Feed အသုံးဝင်မှုကို ထည့်သွင်းပြီး ကြော်ငြာများ ထည့်သွင်းနိုင်သောကြောင့် Facebook သည် ပြီးခဲ့သည့်နှစ်က အခြားကြော်ငြာ လုပ်ငန်းများထက် မိုဘိုင်းကြော်ငြာဝင်ငွေ ပိုမိုရရှိခဲ့ကြောင်း ကြော်ငြာလုပ်ငန်းကျွမ်းကျင်သူ eMarketer က ဆိုသည်။
 
Facebook သည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်မိုဘိုင်းကြော်ငြာ ဈေးကွက်၏ ၁၈ ဒသမ ၄ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း eMarketer က ခန့်မှန်းခဲ့သည်။ အမေရိကန် မိုဘိုင်းကြော်ငြာဈေးကွက်သည် ယမန်နှစ်က ဒေါ်လာ ၄ ဘီလျံရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁၉ ဘီလျံအထိ မြင့်တက်လာမည်ဟု eMarketer က ခန့်မှန်းထားသည်။

EMG

ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် ကျွန်တော်တို့ နိင်ငံ

တနေ့က ညီ တယောက်နဲ့ ပြောရင်းနဲ့ သူကမေးတယ် ... ကျွန်တော် တို့နိုင်ငံရဲ့ နိုင်ငံ ရေး ကို ဘာေ ကြာင့် တခြား အင်အားကြီး နိုင်ငံတွေ က စွက်ဖက်ချင် နေကြတာလဲ ပေါ့ဗျာ .... အဓိက ကတော့ ဒါတွေေ ကြာင့် ပါလို့ ပြောလို့ ရပါတယ် .... ကျွန်တော် July 18, 2012 မှာ ရေးခဲ့ တဲ့ ပိုစ့် တစ်ခုပါ ...  ပြန် တင် လို က် ပါ တ ယ် ... ဖတ်ကြည့် ကြပါဦး ခင်ဗျာ ......

=========================================


ကျွန်တော် ခု တင်ပြချင်တာကတော့ ပထ၀ီဝင်နိုင်ငံရေး နှင့်ကမ္ဘာ့နိုင်ငံရေးဖြစ် စဉ်များမှ ကော က်နှ တ်ချက် အချို့ ပဲဖြစ်ပါတယ်.....

နိုင်ငံတနိုင်ငံ တွင် အရေးပါ သော ပထ၀ီ နိုင်ငံရေး အခြေအနေများကြောင့် ၄င်းနိုင်ငံ၏ အချုပ်အခြာ အာဏာ နဲ့ အမျိုးသားစရိုက် လက္ခဏာ များကို ထိပါးရိုက်ခတ်မှု များကြုံတွေ့ရနိုင်ပါသည်။သို့ ကြောင့် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ် ထိန်းသိမ်းရန်နှင့်အမျိုးသား အကျီုးစီးပွား ကိုဖော်ဆောင်ရန်အတွက် ပထ၀ီဝင် ဆိုင်ရာ အချက်အလက်များ ၏ အရေးပါမှုကို လေ့လာသိရှိရန် လို အပ်ပါသည်။

ပထ၀ီအခြေခံ သဘောနဲ့ နိုင်ငံရေးကိုလေ့လာမယ်ဆိုပါက -

(၁) နိုင်ငံရေးပထ၀ီဝင် (Political Geography)

(၂) ပထ၀ီဝင်နိုင်ငံရေး (Geopolitics) ဟုနှစ်မျိုးလေ့လာတွေ့ရှိရပါသည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်မည်


အသား၊ငါး နှင့်ဥများ ပိုမို ထုတ်လုပ် နိင်ရန် မည်သူမဆို နိုက်ထရိုဂျင် အရည် အခမဲ့ လာရောက် ထုတ်ယူနိုင်ပြီ


မန်း အလှူ တစ်ခုတွင် လူ ၁၅၆ ဦး အစာအဆိပ်သင့်

မန္တလေးတိုင်းဒေ သကြီး၊ပုသိမ်ကြီးမြို့နယ် တွင်အလှူတစ်ခုတွင် မတ်၉ရက်က အစာ အဆိပ်သင့်မှု တစ် ခုဖြစ် ပွားခဲ့ပြီးမည့်သည့်အကြောင်းကြောင့်ဖြစ်သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အစာအဆိပ်သင့်မှုတွင် ပါဝင်သူ ၁၅၆ဦးရှိပြီး အစာအဆိပ်သင့်လက္ခဏာရှိသူ ၈၉ဦးကို ကွင်းဆင်းကု သပေးခဲ့ပြီး အဆိုပါ ၈၉ဦးမှ ၂၀ဦးအား ပုသိမ်ကြီးဆေးရုံသို့ တက်ရောက်ကုသစေ ခဲ့ကြောင်း၊ ၁၄ ဦးအား ပြင်ပလူနာအ နေဖြင့် ကုသပေးနေပြီး ၆ဦးအား အတွင်းလူနာအဖြစ် ကုသပေးနေကြောင်း လက် ရှိ ဆေးရုံတွင် အစာအဆိပ်သင့်သူ ၆ဦးသာ ကျန်ရှိတော့ပြီးစိုးရိမ်ရသည့်အခြေနေတွင်မရှိဘဲ ကျန်လူနာများမှာ ပြန်ဆင်းသွားပြီဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်ဆေးရုံမှ မြို့ နယ်ဆရာဝန်က ပြောသည်။ အ ခုကုသပေးနေတဲ့ လူတွေက အစာအဆိပ်သင့်တာပါ။ အားလုံးကို ဆေးရုံကနေ အခမဲ့ကုသပေးနေ ပါ တယ်။ လူနာတွေက စိုးရိမ်စရာမရှိပါဘူး ဟု အဆိုပါမြို့နယ်ဆရာဝန်က ပြောသည်။


နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါ

 
တပ်မတော် သားမှ မဟုတ် ဒီမြေမှာမွေး ဒီရေ ကိုသောက် ဒီမြေမှာကြီး ပြင်း လာကြသော မည်သူမဆို ဒီမြေ ဒီရေ ဒီနိုင်ငံ ကို သစ္စာစောင့် သိရမည် ဖြစ်သည်။ အရိပ်နေနေ အခက် ချိုးချိုး ၊ သားရေ ပေါ်အိပ် သားရေ နားစား ဟူသော ကျေးဇူး ကန်းမှု များသည် လွန်စွာမှ စပ်ဆုတ် ရွံ့ ရှာဖွယ်ရာ ကောင်းလှပေ သည်။ မြန်မာ တို့သည် သူထူး၏ ကျေးဇူး တရားကို တန်ဖိုးထား လေးစား လိုက်နာကြသူများဖြစ်သည် ဟု ကျွန်တော်ပြောလျှင် မှားအံ့ မထင်။ ငခင်ညို ၏ တလုတ်စားဖူးသူ့ကျေးဇူး ကိုသိရှိပြီးဖြစ်ရာ ငယ်စဉ်မှ ယနေ့ ယခု အချိန်ထိ တိုင်ရင်သားညီ အကိုမောင်နှမ အာလုံး တို့အား စားဝတ်နေရေး အတွက် ကောက်ပဲသိးီနှံ ဆန်စပါးတို့ ကို ထုတ်လုပ်ပေးနေသော အမိ နိုင်ငံတော် ၏ ကျေးဇူးကို မူ ပြောဖွယ်ရာပင် မရှိတော့ပေ။

တစ်ခါ အားသွင်း ရုံဖြင့် တစ်လကြာ အသုံးပြု နိုင်မည့် ဟန်းစက် Nokia ထုတ်လုပ်

 
 
ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင် ရှိ ဈေးနှုန်း သတ်မှတ် ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရ သည်။ 
 
အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင် မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာပြောနိုင်အောင် ဘက်ထရီ အနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေ အနေ များတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်း က မည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အ ချက်ဖြစ်ကြောင်း ပြောကြားထားသည်။ 
 
လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း ရောင်းချရန် စီစဉ် သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် အထိ ထိုးဖောက်ရန် ရည်ရွယ်ထား နေကြောင်း သိရသည်။
Yoyarlay

ငြိမ်းချမ်းရေး အတွက် လိုင်ဇာအထိ လမ်းလျှောက်သူများကြောင့် တကယ်ငြိမ်းချမ်းမှာလား

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်စေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးကို လိုလားသည့် လူ ငယ်များ စုပေါင်းကာ မိုင် ၇၀၀ ကျော် ဝေးသည့် လိုင်ဇာသို့ လမ်းလျှောက်ချီတက်ခဲ့ကြသည်။  အဆိုပါ ခရီး စဉ် သည် ဇန်န၀ါရီလ ၂၁ ရက် နံနက် ၇ နာရီတွင် စတင်ခဲ့ပြီး ယနေ့တွင်တော့ ရက်ပေါင်း ၅၀ ခန့် ရှိပြီ ဖြစ် သည်။ မိုင်ပေါင်း ၇၀၀ ကို တစ်နေ့ ၇ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း ၁၀၀ လျှောက် ရမည်ဖြစ်ပြီး တစ်ေ န့ ၁၀ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း ၇၀ လျှောက်ရမည် ဖြစ်ကာ ယနေ့တွင် ရောက်မည် ဆိုပါ က တစ်နေ့လျှင် ၁၄ မိုင် လမ်းလျှောက်ရမည် ဖြစ်သည်။ ဒါတောင် ကြားတွင် ပျော်ပွဲရွှင်ပွဲ အနားယူပွဲများ မပါမှသာ တစ်နေ့ ၁၄ မိုင်ဖြင့် ရက်ပေါင်း ၅၀ အတွင်း လိုင်ဇာရောက်မည်မို့ ယခု လမ်းလျှောက်ခရီးသည် မည်သို့ ရောက်ရှိသွားသလဲ ဆိုတာ ကျွန်တော် မပြောလိုတော့ပေ။
လေးစား ချီးကျူးရမည်ကား တစ်လခွဲကျော် မိသားစု ထောက်ပံ့ရန်မလို၊ ကိုယ်တိုင် စားဝတ်နေရေး လုပ်ေ ဆာင် ရန် မလို ပင်ကိုယ်ကြွယ်ဝသည့် မြန်မာများ လမ်းလျှောက်နိုင်ကြခြင်းပင် ဖြစ်သည်။ ကတ္တီပါ ဖိနပ် စီးသော ဘုန်းကြီးများ၊ ခြေညှပ်ဖိနပ်၊ အားကစားဖိနပ် စီးသူများ၊ ဂျင်းဘောင်ဘီလေး များဖြင့် လမ်းေ လျှာက်ေ သာ မမ များ အားလုံး တစ်ပြိုင်ထဲ ရောက်နိုင်မှု သည်ကား ပို၍ ချီးကျူးဖွယ်ဖြစ်သည်။ တပ်မတော် ၏ ခံနိုင်ရည် စံနှုန်း ထက်ပင် ကျော်လွန်သော စွမ်းရည်များ ပိုင်ဆိုင်သည့် အဖွဲ့ဖြစ်သဖြင့် ချီးကျူးရမည်ကား အမှန်ပင်။
 

ကင်တားနားရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ မှန်ကန်မှုမရှိ

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မတ်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့ တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ အစီရင်ခံစာဟာ မှန်ကန်မှုမရှိကြောင်း မြန်မာအစိုးရက တုံ့ပြန်ခဲ့ပါတယ်။လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ မှာ မြန်မာနိုင်ငံက ယုံကြည်ချက်ကြောင့် အဖမ်းခံရသူများ ကိစ္စ၊ ကချင် နဲ့ ရခိုင်ပြည်နယ်ဘက်က အခြေ အနေများ လက်ပန်းတောင်းတောင် ဖြစ်စဉ်များအပြင် အကျဉ်းထောင်နဲ့ ရဲစခန်းတွေအတွင်းက လူ့ အခွင့်အရေး ချိုး ဖေါက်မူတွေကို ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရဘက်က ရှင်းလင်းရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မှာ အဖမ်းခံရတဲ့ ဒေါက်တာထွန်းအောင်အမူကို ဥပမာပေးရှင်းလင်းတယ်လို့ အာရှလူ့အခွင့် အရေး အဖွဲ့က ဦးမင်းလွင်ဦးကပြောပါတယ်။

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ပြုလုပ်

 
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က   ပြုလုပ် ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီ များ သာ   ဖြစ်ကြောင်း    ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြော ကြားခဲ့ သည်။

ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။
 

တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းတွင် ကျပ်ငါးထောင်တန်ငွေစက္ကူအတုများပျံ့နှံ့နေ

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ယခု တစ်ပတ်အတွင်း ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ နေရာတိုင်း ပျံ့နှံ့နေကြောင်း စုံစမ်းသိရှိရသည်။

“ကျနော့် ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက်က သစ်ခုတ်သမား ၂ ယောက်က ဆိုင်ကယ်လာဝယ်တာ။ ငါးထောင်တန် အတု ငါးရွက်ပါလာတာ။ ၀ယ်တဲ့သူပြန်သွားမှ တွေ့တယ်။ လာဝယ်တုန်းက ငွေရေစက်နဲ့ ပဲရေတွက်တာ ဆိုတော့လေ။ ရွက်ရေပြည့်၊ မပြည့်လောက်ဘဲ ဂရုစိုက်မိတာကိုး။ ခါတိုင်းဆို အတုမှမရှိတာ ။ အခု တစ်ရွက်ချင်း စီပြန်စစ် ကြည့်မှ အတုဖြစ်မှန်း သိတော့တယ်” ဟု နမ့်ခမ်းမြို့မှ ဆိုင်ကယ် အရောင်း ဆိုင် ပိုင်ရှင်တစ်ဦး က ပြောသည်။

တရုတ်နယ်စပ် မူစယ်၊ နမ့်ခမ်းတွင် ကျပ်ငါးထောင်တန်ငွေစက္ကူအတုများပျံ့နှံ့နေ

တရုတ်ဖြစ် ငွေစက္ကူ ရေတွက်သည့်စက်မှာ တရုတ်ငွေအတု ကိုသာ စစ်ဆေးသိရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်ငွေစက္ကူသည် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသောေ ကြာင့် ဖြစ်ကြောင်း၊ မြန်မာငွေစက္ကူများ ကိုမူ အဆိုပါတရုတ်စက်များမှ အတုအစစ် မစစ်ဆေးနိုင်ကြောင်း ၄င်းက ဆိုသည်။

ဆက်သွားချင်သေးတယ် ဆိုရင်