Pages

Monday, March 4, 2013

အပုပ်ချ မဏ္ဍိုင်များ ဖတ်ရန်


မြန်မာနိုင်ငံတွင် Facebook သည် ၀ါဒဖြန့်ချိရေး၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး အာဏာရှင်စန စ်ကို ပြန် လည်အသက် သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများအား Facebook လူမှုကွန်ရက် စာမျက်နှာတွင် အများ အပြား မြင်တွေ့လာရကြောင်း သိရှိရသည်။ ထိုကဲ့သို့ ၀ါဒဖြန့်ချိသူများအနက် Opposit-eyesပလေတိုဒီမို We Love TrueJing Hpaw LandNay MinKo John နှင့် Golden Land Myanmar အစရှိသူ တို့ မှာ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ထင်ရှားသည့် ၀ါဒဖြန့်ချိရေး သမားများ အဖြစ်  မြင်တွေ့နေရကြောင်း သိရသည်။ 
 
=============
 
ကျွန်တော် က ဘာများ ၀ါဒဖြန့်ချိနေလို့လဲ ... ခင်ဗျား တို့လို အပုပ်ချ ဖို့တစ်ခုပဲ အစိုးရ ကိုစော်ကားဖို့ တခုပဲ သိနေတဲ့ သူတွေ ၊ ခင်ဗျားတို့ လို အပုပ်ချ မဏ္ဍိုင် တွေ ရှိနေ လို့ ကျွန်တော်တို့ ရှိနေတာ ..... ခင် ဗျား တို့ မှန်အောင် တင်လေ .... မှန်အောင် လုပ်လေ .... အပြောမခံ ချင်ရင် အပြောမခံရအောင်နေလေ ... ခင်ဗျား တို့ မှန်နေရင် ဘယ်သူ မှ ခင်ဗျား တို့ ကိုမပြောဘူး ... မထောက်ဘူး ... ရှင်းတယ်နော် .... ဒါနဲ့ နေပါဦး ... ခုက ကျွန်တော့် ဘလော့ ကျွန်တော့် page မှာ ဘာတွေလုပ်နေလို့လဲ ..... ကျွန်တော် ခု လုပ်နေတဲ့ အလုပ်ဟာ ပြည်သူ ကို အမှန် ချပြဖို့ လုပ်နေတာပါ .... ကျွန်တော် လုပ်နေ တာ ခင်ဗျားတို့ ကို အမြီး လှန်ချိုး နေသလို ဖြစ်နေပြီ ထင်တယ် .... နာရင်လဲ အော် လိုက်ဗျာ ... ခု ကို အော် တာထင်တယ် နော် ... ခင်ဗျား တိုက ရှက် တတ်ရင် လဲ သေ လိုက်သင့် တယ်ဗျာ ... ဟစ်ဟစ် ..

ထပ်ပြောမယ် ..... ခင်ဗှား တို့ မှန်အောင် တင် .... မှန်အောင် လုပ် .... လူဆိုတာ အပြောမခံ ချင်ရင် အပြောမခံရအောင်နေ ရတယ်  ... ခင်ဗျား တို့ မှန်နေရင် ဘယ်သူ မှ ခင်ဗျား တို့ ကိုမပြောဘူး ... ဒါပါပဲ ...

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မင်းရဲကျော်စွာလမ်းကို ယာယီပြောင်းရွှေ့


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကို ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း မှာ ယာယီစခန်းအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောင်းရွှေ့ဖွင့်လှစ် လိုက်ပါတယ်။အခုလို ယာယီပြောင်းရွှေ့ပေးထားပေမဲ့ အဲ့ဒီနေရာကို သေချာတဲ့ စီမံချက်နေရာ တစ် ခုဖြစ်စေချင်တယ်လို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးမင်းကိုမြင့်က RFA ကို ပြောပါတယ်။

နိုင်ငံခြားသား ဧည့်သည်များအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်စာအုပ် အခမဲ့ပေးမည်

ပြည်ပခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံအတွင်း လည်ပတ်သွားလာပါက လုပ်ဆောင်သင့်သည့် အချက်များနှင့် မလုပ်ဆောင်သင့်သည့် အချက်များကို သိရှိစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ ပါဝင်သည့် စာအုပ်ကို အခမဲ့ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဂျာမနီအခြေစိုက် Hanns seidel foundation မှ အဆိုပါစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၁ ရက်က ပြုလုပ်ခဲ့သည်။ “နိုင်ငံခြားသားတွေက ဒီနိုင်ငံမှာ ဘာေ တွ လုပ်သင့်သလဲ၊ ဘာတွေလုပ်ခွင့် မရှိဘူးလဲ ဆိုတာတွေကို မသိနိုင်ပါဘူး။ သူတို့သိသင့် သိထိုက်တာတွေကို သိရအောင်နဲ့ ရှောင်သင့်တာ ရှောင်ရအောင် ရည်ရွယ်ပြီး ဒီစာအုပ်ထုတ်ဖြစ်တာပါ” ဟု Hanns seidal foundation မှ ဒါရိုက်တာ Dr.Andrea Valentin က ပြောကြားခဲ့သည်။ အဆိုပါ စာအုပ်တွင် ကာတွန်းများဖြင့် ရှောင်ရန်၊ ဆောင်ရန် အချက်များကို ပုံဖော်ထားပြီး ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရုံးခွဲ၌ နိုင်ငံခြားသားများကို အခမဲ့ပေးအပ်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မိုဘိုင်းဖုန်း ငွေဖြည့်ကတ်၌ ကုဒ်နံပါတ် ပါဝင်ခြင်း မရှိသည်ကို ကြုံတွေ့ရ

စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းအတွက် ငွေဖြည့်ကတ်ကို ဝယ်ယူအသုံးပြုစဉ် ငွေဖြည့်ကတ်၏ ခဲသားတည်ရှိရာ နေရာအောက်၌ ကုဒ်နံပါတ်များ ပါဝင်လာခြင်း မရှိသည်ကို ကြုံတွေ့ခဲ့ရသည်ဟု စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ကိုကိုကြီးက ပြောဆိုသည်။ “ကျွန်တော်ဝယ်လာတဲ့ ဆိုင်ကို သွားပြန်ပြောတယ်။ ခဲခြစ်လိုက်တာ လွန်သွားလို့ နံပါတ်ပျောက်သွားတာပါဆိုပြီး ပြန်ပြောတယ်။ မလဲပေးဘူး။ စဉ်းစားကြည့်ဗျာ။ လက်သည်းနဲ့ ခြစ်လိုက်တာ အထဲက နံပါတ်တွေ ဘယ်လိုလုပ်ပြီး ပျက်ကုန် မှာလဲ။ ဒါဆိုင်က တမင်လုပ်ထားတာလည်း မဖြစ်နိုင်ဘူး။ နဂိုကတည်းက မပါလာတာ ဖြစ်နိုင်တယ်” ဟု ၄င်း က ပြောသည်။ 

စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက် မဖြစ်စေရန် သတိပေး နှိုးဆော်မှုများ ပြုလုပ်

ယခုလအတွင်းတွင် ၂၀၁၃ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တစ်ပြိုင်နက်တည်း စစ်ဆေးကျင်းပတော့မည် ဖြစ်ရာ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ဆောင်မှုမျိုး မလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်များတွင် သတိပေး နှိုးဆော်နေပြီး ယင်းနှိုးဆော်ချက်များကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် ကြေညာ အသိပေး ထားကြောင်း သိရသည်။ စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက် မဖြစ်စေရန် စားသောက်ဆိုင်များ၊ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး စသော စားသောက် ဖွယ် ရာများ ရောင်းချသည့် စားဖွယ်စုံဆိုင်များ၊ စီးပွားရေး လုပ်ငန်းများ အပါအဝင် အရောင်းဆိုင်အသီးသီးက ကက် ဆက်သီချင်းသံများ အပါအဝင် ပတ်ဝန်းကျင် ဆူညံမှု မဖြစ်စေရန် လုပ်ဆောင်နိုင် ဖို့ နှိုးဆော်ခြင်းဖြစ်ပြီး အချို့သော ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အရောင်းဆိုင် ပိုင် ရှင် များထံသို့ လိုက်လံအသိပေး ပြောကြားမှုများရှိကြောင်း သိရသည်။ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပပုံကို Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပပုံကို ပြည်တွင်း ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်က မတ် ၁ ရက်တွင် ပြောသည်။ “ညီလာခံ ကျင်းပပုံတွေကို သုံးရက်စလုံး တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာပါ။ 

ကျည်ကာကားငါးစီး အပါအဝင် နောက်ဆုံးပေါ်ကားများ ဝယ်ယူရန် ပြည်ထောင်စုအစိုးရ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် အသုံးပြုမည်

ပြည်ထောင်စုအစိုးရမှ ကျည်ကာကားငါးစီး အပါအ၀င် နောက်ဆုံးပေါ်ကားများ ၀ယ်ယူရန်အတွက် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် အသုံးပြုရန် လျာထားတောင်းခံမှုအား မတ်လ ၁ ရက်နေ့ တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါကားများ ၀ယ်ယူရန်အတွက် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီးဌာနက ကျပ်သန်းပေါင်း ၁၈၄၇၀ ဒသမ ၅၀၄ လျာထား တောင်းခံခဲ့ခြင်းကို ၅၀ ရာခိုင်နှု န်း လျော့ချရန် ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ဆွေးနွေးခဲ့ပြီး မတ်လ ၁ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်၍ မူလတောင်းခံ ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုပေး ခဲ့ခြင်း ဖြစ်သည်။ 

ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်

ဥပဒေနှင့်အညီ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် ဗဟိုအစိုးရ၊ သက်ဆိုင်ရာ ဒေသနှင့် ဆင်းရဲသည့် ဒေသတို့အား အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ 

မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် “Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျွန်တော်တို့ နှစ်ပေါင်းခြောက်ဆယ်လောက် ဖြစ်ခဲ့တာ နာတာရှည် ရောဂါကို ဆေးမြီးတိုနဲ့ သွားကုလို့မရဘူး။ နာတာရှည် ရောဂါကို နာတာရှည်ဆေးနဲ့ပဲ ကုရမယ်။ တိုင်းရင်းသား တွေ ဘာလို့ ဒီလိုဖြစ်တာလည်း။ သူတို့ဖြစ်တယ်ဆိုတာ တန်းတူညီတူ အခွင့်အရေး မရလို့ပေါ့။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရလို့ပေါ့။ အဲဒါကို ကျွန်တော်တို့က သူတို့ကို ပေးရမယ်။ သူတို့ကို ဒါတွေပေးမယ်ဆိုရင် အာဏာ ခွဲဝေတာတွေ၊ သယံဇာတ ခွဲဝေတာတွေဆက်ပြီး စဉ်းစားရမယ်” ဟု ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆွမ်လွတ်ဂမ် ထံသို့ KIA မှ သေဒဏ်ချမှတ်ခြင်း ခံရသော အရာရှိတစ်ဦး၏ ဇနီး မှပေးပို့လာသော အသနားခံတိုင်ကြားစာ


 
ယုံကြည်လေးစားရပါသော KIO ဥက္ကဌကြီးရှင့်
 
ကျွန်မနာမည် ခေါနန်မ်ပါရှင်. ကျွန်မမှာ သားတစ်ယောက်၊ သမီး တစ်ယောက်နဲ့ ကလေးနှစ်ယောက်ရှိပြီး ရှဒူစွပ်ရွာမှာ မိဘများနဲ့အတူေ တာင်ယာအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နေပါ တယ် ရှင်။ ကျွန်မရဲ့ယောက်ျားကတော့ ကချင်ဒေသကြီး လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင်မယ်ဆိုပြီး သူ ယုံကြ ည်တဲ့ KIA ထဲကို ဝင်သွားတာ အခုဆိုရင် (၈)နှစ်ကျော်ရှိသွားပါပြီ။ တစ်နှစ်တစ်ခါလောက် ကျွန်မ တို့ရွာကို ပြန်လာပြီး သားသမီးတွေနဲ့ ပျော်ပျော်ပါးပါးနေပါတယ်ရှင်။ 
 

မြန်မာနိုင်ငံတွင် Facebook သည် ၀ါဒဖြန့်ချိရေး၏ ပစ်မှတ်ဖြစ်လာ၊ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ဝါဒဖြန့်ချိရေးသမားများကို Facebook တွင် အများအပြားမြင်တွေ့လာရ

 
အော် ... ကျွန်တော်ပါ ပါလာပါလား ... ကျွန်တော် က ဘာများ  ၀ါဒဖြန့်ချိနေလို့လဲ ... ကျွန်တော့် ဘလော့ ကျွန်တော့် page မှာ ဘာတွေလုပ်နေလို့လဲ ..... ကျွန်တော် လုပ်နေတဲ့ဘ အလုပ်ဟာ ပြည်သူ ကို အမှန် ချပြဖို့ လုပ်နေတာပါ ....  ကျွန်တော် လုပ်နေ တာ အမြီး လှန်ချိုး နေသလို ဖြစ်နေပြီ ထင်တယ် ....
============

မြန်မာနိုင်ငံတွင် Facebook သည် ၀ါဒဖြန့်ချိရေး၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး အာဏာရှင်စန စ်ကို ပြန် လည်အသက် သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများအား Facebook လူမှုကွန်ရက် စာမျက်နှာတွင် အများ အပြား မြင်တွေ့လာရကြောင်း သိရှိရသည်။ ထိုကဲ့သို့ ၀ါဒဖြန့်ချိသူများအနက် Opposit-eyesပလေတိုဒီမို We Love TrueJing Hpaw LandNay MinKo John နှင့် Golden Land Myanmar အစရှိသူ တို့ မှာ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ထင်ရှားသည့် ၀ါဒဖြန့်ချိရေး သမားများ အဖြစ်  မြင်တွေ့နေရကြောင်း သိရသည်။ 

Myanmar Express ကို ဦးတည် တိုက်ခိုက်ရာမှ အပုပ်ချ မီဒီယာများ လမ်းကြောင်း ပြောင်းလာ


ပြီးခဲ့သည့် လပိုင်းအတွင်း Eleven မီဒီယာ အပါအ၀င် ပြည်တွင်း အပုပ်ချ မီဒီယာများသည် Myanmar Express နှင့် ဒေါက်တာ ဆိတ်ဖွားတို့အား ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ယခုအခါတွင်တော့ Myanmar Express မှ ပြန်လည်တုန့်ပြန်မှု များလာသဖြင့် အခြားစာမျက်နှာများ ဖြစ်သောOpposit-eyes၊ ပလေတို ဒီမို၊ We Love True၊ Jing Hpaw Land၊ Nay Min၊ Ko John နှင့် Golden Land Myanmar အစရှိသည့် Facebook စာမျက်နှာများအား အခြေအမြစ် မရှိ ပုတ်ခတ်စွပ်စွဲကာ Facebook သည် ၀ါဒဖြန့်ချီရေး ပစ် မှတ် ဖြစ်လာကြောင်း သတင်းရေးသား ဖော်ပြခဲ့သည်။
 

လွှတ်တော်တွင် တပ်မတော်ပါဝင်မှု တဖြည်းဖြည်းချင်း လျှော့မည်ဟု သမ္မတပြောကြား


လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (လေးပုံ တပုံ) နေရာရယူထားခြင်းဟာ လွှတ်ေ တ်ာမှာ ဝိုင်းကူညီပေးဖို့ ဖြစ်ပြီး တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါ တယ်။
ဥရောပ ၅ နိုင်ငံ ခရီးထွက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီလ ၁ ရက်နေ့က ဖင်လန်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်း လင်းပွဲမှာဖြေကြား ခဲ့တာဖြစ်ပြီး ဒီလိုနေရာယူထားတာကလည်း လတ် တေ လာ အခြေအနေအရ တိုင်းပြည်ရဲ့ သမိုင်းကြောင်း နောက်ခံတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါ တယ်။
တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံ ကာကွယ်ဖို့ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သူခန့် အပ်တာပါ လို့လည်း သမ္မတက ပြောပါတယ်။
 

ဆက်သွားချင်သေးတယ် ဆိုရင်