Pages

Showing posts with label KIA. Show all posts
Showing posts with label KIA. Show all posts

Tuesday, April 9, 2013

KIA နယ်မြေအတွင်း အမေရိကန်များ ၀င်ရောက်ခဲ့ခြင်း ကြောင့် တရုတ် အစိုးရ က KIA ကို ဖြေရှင်းချက်တောင်း

KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့ တရုတ်မှတဆင့် အမေရိကန်နိုင်ငံ မှလူများ ၀င်ရောက်လာသောကြောင့် KIA ကို တရုတ်အစိုးရမှ ဖြေရှင်းချက်တောင်းထားကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံခြားရေးဌာန၊ အာ ရှဒေ သ တိုင်းရင်းသား လူမျိုးစုရေးရာဌာနမှ အထူးအကြံပေးအဖွဲ့ဝင်များသည် ပြီးခဲ့သောလအတွင်းက လိုင်ဇာသို့ ၀င်ရောက်ခဲ့သည်။ အဆိုပါအဖွဲ့အား တရုတ်နိုင်ငံ မန်ရှီမြို့မှ လိုင်ဇာသို့သွားလာနိုင်ရေးအတွက် ကူညီခဲ့သော တရုတ်နိုင်ငံသား၊ ကချင်လူမျိုး ၂ ဦးအား ယူနန်ပြည်နယ်အစိုးရမှ ဖမ်းဆီး ထားကြောင်း သတင်း များထွက်ပေါ်လာပြီးနောက် KIO အဖွဲ့ အား ယူနန်ပြည်နယ် အစိုးရက လာရောက်ဖြေ ရှင်းရန် တောင်းဆို ထားကြောင်းသိရှိရသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့လိုင်ဇာ ကချင်ဌာနချုပ်သို့ တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ၀င်ရောက်ခဲ့မှုကြောင့် KIO အဖွဲ့အပေါ် တရုတ်ခေါင်းဆောင်ပိုင်းက အမြင်မကြည်မှုများ ပိုမိုတိုးပွား လာခဲ့သည်။ KIO အနေဖြင့်လည်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ နီးနီးကပ်ကပ် ဆက်ဆံနေမှု များကြောင့် အမေရိကန်ထံတဖက် လှည့်ချဉ်းကပ်ခြင်းဖြစ်သည်။ အမေရိကန် အထူးအကြံပေး အဖွဲ့ဝင်ရောက်ခဲ့သည့် လမ်းကြောင်းအား ယူနန်ပြည်နယ် အစိုးရက ပြန်လည် စစ်ဆေး မေးမြန်း မှုများ ပြုလုပ်လျက်ရှိပြီး KIO အဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့်လျက် ရှိကြောင်း ဌာနချုပ် ရှိ တပ်ဖွဲ့ဝင် တစ်ဦး ပြောဆိုမှုအရ သိရှိရ ပါသည်။

ကေအိုင်အေ ဧ။် C4U +S. မဟာဗျူဟာအခင်းအကျင်း

ထူးခြားသောသတင်းလား ? ဦးအောင်မင်းရဲ့ ထာဝရငြိမ်းချမ်းရေးမဟာဗျူဟာကို ကေအိုင်အေမှ C4U ( China, UN,US,UK,UNFC) နိုင်ငံရေး မဟာဗျူဟာအခင်းအကျင်း အသစ်ဖြင့် နှစ်သစ်တွင် စီအိုင်အေ အဖွဲ့ နောက်ကွယ်မှ  Invisible  Hand အဖြစ် ဂျပန်အစိုးရကို အသုံးချပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ထူးခြားစွာ မထင်မှတ်ဘဲကေအိုင်အေအတွင်းစည်းမှ အလွန်ရင်းနှီးသော ကျောင်းနေဖက် တစ်ဦး မှ ပြောသည်ဟု နမ့်ခမ်းသစ်ကုန်သည် တစ်ဦးထံမှကြားသိရသလို ပိုပြီးထူးဆန်းသည်မှာ ၄င်းတိုက်ကွက်တွင် အမေစု ကို အတွင်းစည်းမှပါဝင်ပေးဖို့ညှိနှိုင်းမှုပြုလုပ်နေသည်ဟု သိရပါသည်။ အမေစု က လည်းဂျပန် ခရီးစဉ်ရှိနေသလို ဆွေးနွေးဖို့ရက်နောက်ဆုတ်ထားတယ်ဟု ကိုလနန် ကပြောတာကြောင့် သို့လော သို့လောဖြစ် စရာဟုထင်ရသည်။ကေအိုင်အေမှ အရှေ့တီမော စတိုင် C4U+S (စု) ကိုတိုင် တည်တောင်း ဆိုပြီး လက် ရှိအစိုးရပြုတ်ကျသည်အထိ မဟာဗျူဟာရည်မှန်းချက်ဖြစ်တယ်လို့ ထူးထူးခြားခြား ကြားမိသည့် အတွက် စိတ်ဝင်စားစရာကောင်းလာသော ကစားပွဲဖြစ်လာမည်ဟု ထင်ရသည့် အတွက် မဖြစ်မနေစောင့် ကြည့်သင့်သော နှစ်သစ်ပွဲတစ်ပွဲဖြစ်လာနိုင်သလို ကေအိုင်အေ နဲ့ ဦးအောင်မင်း ဘယ်သူ သာမ လဲစောင့်ကြည့်ကြရအောင်။ ခရီးသွားဖို့ရှိ သဖြင့် အကျယ် မဆွေးနွေးနိုင်တော့ပါ။ သိတတ် ထင်မြင် ကြား သိသူများဆက်ဆွေးနွေးကြပါရန်။


Friday, March 29, 2013

KIO ခေါင်းဆောင်ပိုင်းများအား KIA စစ်ဦးစီးချုပ်မှ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်


ဦးဇောင်းဟရာ၊ ဦးအင်ဘန်လနှင့် KIO ခေါင်းဆောင်များကို ဌာနချုပ်နှင့် လိုင်ဇာမြို့ထဲတို့တွင် မတွေ့ရ၍ KIA စစ်ဦးချုပ် အမိန့်နှင့်ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း လိုင်ဇာမြို့တွင် သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရပါသည်။ KIO ရုံးနှင့် ဌာနချုပ် တွင်လည်း KIA တပ်ဖွဲ့ဝင်လုံခြုံရေးများသာ တွေ့ရှိရပြီး KIO ခေါင်းဆောင်းပိုင်း များနှင့် အရေးပါသော ကော်မတီ ၀င်များလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးကတည်းက တွေ့ရှိမှုမရှိကြောင်း၊ ၎င်းတို့ နေအိမ်များကိုလည်း ကန့်သတ် နေရာများဖြင့် သတ်မှတ်ကာ KIA က လုံခြုံရေး ပေးထားသော တပ်ဖွဲ့ဝင် များမှအပ မည်သူမှမ၀င်ရဟုလည်းသိရှိရပါသည်။


တိုက်ပွဲများအတွင်း တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှုများခြင်းနှင့် စခန်းများကို ထွက်ပြေးမှုများခြင်း တို့ကြောင့် KIA စစ်ခေါင်း ဆောင်များနှင့် KIO ကော်မတီဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သတ်ပြီး KIO ဗဟိုကော်မတီဝင်များအကြား အမြင်ကြည်လင်မှု များ ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။ KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် ဗဟိုကော်မတီဝင် အများအပြားမှာ ငြိမ်းချမ်းရေးကို ရယူပြီးကချင်ပြည်နယ်ကို တိုးတက်အောင် လုပ်ဆောင်မည်ဟုပြောဆိုမှုများကို KIA စစ် ခေါင်းဆောင်များမှ အစိုးရနှင့် ပူးပေါင်းကာ ကချင်လူမျိုးများအပေါ် သစ္စာဖောက်သူများ၊ သူရဲဘောကြောင် သူများ အဖြစ် အမြဲလိုလိုပြောဆိုမှုများရှိကြောင်းသိရှိရသည်။

Sunday, March 17, 2013

မူးယစ်ဆေး လုပ်သည် တရားခံများ ကို ဖမ်းသည့် ရဲတပ်ဖွဲ့ဝင် ( ၉ ) ဦးကို KIA မှ ဖမ်းဆီးသွား

 
မူးယစ်ဆေးဝါးတရာခံများကို လိုက်လံဖမ်းဆီးသောမိုးညှင်းမှ ရဲတပ်ဖွဲ့ဝင်များ ကို KIAမှ အင်းအားသုံး ပြီး မတ်လ ၁၂ရက်နေ့ ညနေ၄နာရီတွင် နမ့်မချီမှော် အနီးတွင် ပြန်ပေးဆွဲခဲ့ကြောင်းသိရှိရပါသည်။
မိုးညှင်းမြို့ ရဲစခန်းမှရဲ(၇)ဦးနှင့် မော်ဟန်ရွာရဲကင်းမှ ရဲ(၂)ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် (၉)ဦးပါဝင်သည့် အဖွဲ့ဟာ မတ်လ၁၂ရက်နေ့က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့တရားခံတွေကို ဖမ်းဆီးဖို့ နမ့်မချီမှော်ကို သွားရောက် ခဲ့ ပြီး အပြန်တွင် တရားခံများဖမ်းဆီးပြီးနောက် အပြန်လမ်းမှာ KIA တပ်ဖွဲ့ဝင် (၆၀)ကျော်က လမ်းမှာ ၀န်း ရံ ပိတ် ဆို့ပြီး ရဲတပ်ဖွဲ့ဝင်နဲ့ မူးယစ်ဆေးဝါး တရားခံများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
The Voice Weekly

Monday, March 11, 2013

KIA တပ်ဖွဲ့ဝင်များ အဆက်မပြတ် အလင်းဝင်ရောက်လျက်ရှိ

အစိုးရနှင့် KIA တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများကြောင့် တိုက်ပွဲများရပ်ဆိုင်းနေသော်လည်း ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်ခြင်း တို့ကြောင့် KIA တပ်ဖွဲ့ဝင်များ အဆက်မပြတ် အလင်းဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ တပ်ဖွဲ့ဝင်တစ်ဦးသည် လုပီရှိ အစိုးရစခန်း တစ်ခုသို့ ယမန်နေ့ ညနေ(၅)နာရီခွဲခန့်တွင် ၄င်းကိုင်ဆောင် ထားသော လက်နက်နှင့် လက်ပစ်ဗုံးဖြင့် အလင်းဝင် ရောက်ခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်သူ၏ ပြောပြချက်အရ ၄င်းတို့စခန်းအတွင်း စားသောက်ရန် လုံလောက်မှုမရှိခြင်း၊ ဖျားနာမှုအတွက် ကုသရန် ဆေးဝါးများ မရှိခြင်း များကြောင့် တပ်ဖွဲ့ဝင်များ စိတ်ဓါတ်ကျဆင်းနေကြောင်း၊ အလင်းဝင်ရောက်ချင်သူ အများ အပြား ရှိနေသော်လည်း ဗဟိုမှ အလင်းဝင် ရောက်သူများနှင့် အလင်းဝင်ရန် ကြိုးစားသူများကို သေဒဏ်ပေး ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းကြောင့် စိုးရိမ် ကြောင့်လန့်မှုများရှိ နေကြကြောင်း သိရှိရပါသည်။

www.MyanmarExpress.net

Saturday, March 9, 2013

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည်ဟု ကော်မတီခေါင်းဆောင် တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

၎င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Saturday, March 2, 2013

ချီဖွေ - လောခေါင် နယ်မြေသို့ အစိုးရ ထိုးစစ်ကြောင့် KIA တပ်စခန်း ၂ ခု နောက်ဆုတ်လိုက်ရ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနှင့် လောခေါင်ဇုံ နယ်မြေအတွင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲ အဆက်မပျက်ဖြစ်ပွားနေပြီး KIA တပ်စခန်း ၂ ခုနောက်ဆုတ်လိုက်ရကြောင်းသိရသည်။

အစိုးရတပ်ဖွဲ့ ခလရ တပ်ရင်း ၂၆၀ ၊ ၂၉ တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) တပ်ဖွဲ့တို့ ပူးပေါင်းထားသည့် တပ်ပေါင်းစုတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ ထိုးစစ်ဆင် လာသောေ ကြာင့် နောက်ဆုတ်လိုက်ရခြင်းဖြစ်ပြီး တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့် ကြာ ပြီဖြစ်ကြောင်း KIA အရာရှိက ပြောသည်။

Friday, March 1, 2013

KIA တပ်ဖွဲ့မှ စစ်သည်များ စစ်မြေပြင်မှ ထွက်ပြေးမှုများပြား


ငြိမ်းချမ်းရေး ဆွေးနွေးတာ အဆင်မပြေရင် အစိုးရတပ်တွေကို တန်ပြန်ခုခံတိုက်ခိုက်မယ်ဆိုတဲ့ သတင်း ကြောင့် KIA စစ်သည်တွေဟာ မကြာခဏဆိုသလို ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးသမှုများ ရှိနေကြောင်း KIA  တပ်မှ ထွက်ပြေးလာသူတစ်ဦးက ပြောပြပါတယ်။ 

တကယ်တော့ ကျနော်တို့က KIA တပ်ထဲကို ၀င်ချင်လို့ ၀င်ခဲ့ တာမဟုတ်ဘူး။ သူတို့က အဓမ္မလာခေါ်တယ်၊ အေးအေးဆေးဆေးခေါ်တာ မလိုက်ရင် သတ်ပစ်မယ်လို့လဲ ပြောမယ်။ မင်းတို့က ကချင်လူမျိုးဖြစ်လို့ KIA ထဲ ၀င်ကို ၀င်ရမယ်။ ကချင်လူမျိုးမဟုတ်လဲ ကချင်ပြည်နယ်မှာ နေရင် KIA တပ်ထဲကို ၀င်ရမယ်။ အစိုးရ တပ်ကို တိုက်ရမယ်ဆိုပြီး ပြောတယ်။ စစ်ပညာလဲ ကောင်းကောင်း မသင်ရဘူး။ တောထဲကို ပို့ပြီး အစိုးရ တပ်ကို တိုက်ခိုင်းတော့လဲ စားစရာက လုံလုံလောက်လောက် မပေးဘူး။ စခန်းကနေ ထွက်ပြေးရင်လဲ သတ်ပစ်မယ်လို့ ပြောတယ်။
 

Monday, February 25, 2013

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင် ဒုက္ခသည် စခန်းတွင် ကေအိုင်အေမှ တပ်သားသစ် အဖြစ် ၀င်ရောက်ဖမ်းဆီး

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြားရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက်တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေကြ ရေ ပမဲ့ KIA တပ်တွေက သူတို့တပ် အင်အားဖြည့်ဖို့လိုတယ်။ မင်းတို့တွေ တပ်ထဲဝင်ရမယ် ဆိုပြီး အဓမ္မလူ သစ်စုေ ဆာင်း ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ 
 

Tuesday, February 19, 2013

လမ်းများပေါ်တွင် အရပ်ဝတ်များဖြင့် KIA တပ်ဖွဲ့ဝင်များ ဆက်ကြေးတောင်းခံ

မိုးညှင်းမြို့နယ်၊ လုံးတုံ- ဟဲပန်- ဆယ်ဇင်း ကားလမ်းကြောင်း ပေါ်ရှိ မိုင်းပုတ် ကျေးရွာ အုပ်စု၊ သိန့်စန့် ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းရွှေ၏ နေအိမ် ဈေးဆိုင်တွင် မောင်းတံဝါးတန်းဖြင့် ၀င်/ ထွက် ဖြတ်သန်းသွားလာ နေသော ခရီးသည်တင် ယာဉ်နှင့် ကုန်တင်ယာဉ် များအား ခရီးသည်တင် ယာဉ် ၁ စီးလျှင် ငွေကျပ် ၂ သိန်း၊ ကုန်တင်ယာဉ် ၁ စီးလျှင် ငွေကျပ် ၅ သိန်းတို့အား ပွင့်လင်း ရာသီ ဖြတ်သန်းခ ခွန်အဖြစ် အရစ်ကျ စနစ်ဖြင့် ရပ်တန့် ပေးသွင်းခဲ့ကြ ရာမှ ၄င်းရက် နောက်ပိုင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ၄င်း မောင်းတံအား ဖြုတ်သိမ်း ထားရှိခဲ့ သော်လည်း ရံဖန်ရံခါ သိန့်စန့်ေ ကျး ရွာ တောင်ဘက် ၂ မိုင်ခန့် အကွာတွင် အရပ်ဝတ်ဖြင့် ယာဉ်ကြီး/ ယာဉ်ငယ်များ အား ငွေတောင်းခံမှုများ ရှိကြောင်း သိရှိရသည်။ အဆိုပါ ကားလမ်းကြောင်း တွင် ငွေတောင်းခံ သည့်အဖွဲ့မှာ KIA အကြမ်း ဖက် သောင်းကျန်းသူ အဖွဲ့မှ အရပ်သား အသွင်ယူထား သူ မဒန်လဂျာနှင့် အဖွဲ့ဝင် ၂ ဦးသည် သိန့် စန့် ကျေးရွာရှိ မူကြိုကျောင်း အနီးရှိ လူနေတဲ ၁ လုံးတွင် အရပ်ဝတ်ဖြင့် နေထိုင် အခြေပြု ငွေကောက်ခံ လျက် ရှိကြောင်း သတင်းရရှိပါသည်။

Singapore Feel

Saturday, February 16, 2013

KIA နယ်မြေတွင်း အစိုးရတပ် လွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကို ဖမ်းဆီးရမိဟု ကေအိုင်အေ ဆို


ရှမ်းပြည်မြောက်ပိုင်း မုံကိုးဒေသရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ MHH ခေါ် အရပ်သားတပ်ဖွဲ့ တပ် ခွဲ (၅)နယ်မြေတွင် မြန်မာအစိုးရတပ်မှ လွှတ်ထားသည့် ထောက်လှမ်းရေး ၂ ဦးကို KIA ဖမ်းဆီး လိုက် သည်။
အဆိုပါ အစိုးရတပ်မှလွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ခွဲချိန်တွင် ဖိုင်ကောင်း (Hpai Kawng) ကျေးရွာရှိ ဈေး (Gat Pa)တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မိထ္ထီလာ တပ်မ (၈၈)မှ တပ်ကြပ် ထွန်းမျိုးလှိုင် နှင့် ခလရ တပ်ရင်း (၆၉) မှ ဒု-တပ်ကြပ် ကိုငယ် ဆိုသူဖြစ်ကြောင်း MHH တပ်ခွဲ (၅) မှ အရာရှိပြောသည်။
“အဲဒီနှစ်ယောက်ကို ကောင်းကောင်းမွန်မွန်စွာမေးတာ မဖြေဘူးလေ။ ဒါကြောင့် ကြိမ်တုတ်နဲ့ ၄၊ ၅ ကြိမ် ရိုက် တယ်။ ရိုက်တာလည်း ခေါင်း၊ မျက်နှာထဲ ရိုက်တာ မဟုတ်ဘူး၊ နည်းစနစ်တကျ စစ်ဆေးမေးမြန်း တယ်။ ခြောက်လန့်စစ်ဆေးလိုက်တာနဲ့ ၀န်ခံလာတယ်။”
၎င်းတို့သည် ဖိုင်ကောင်း (Hpai Kawng) မှ ၂၅ မိနစ်ခန့်သွားရသည့် ကောင်းဂွေ (Kawng Gwi) မြန်မာ အစိုးရ တပ်စခန်းမှ ဖြစ်ပြီး စခန်းမှူးက တိုက်ပွဲများခေတ္တငြိမ်နေစဉ်အတွင်း KIA နယ်မြေအတွင်း ဈေးေ ရာင်းစေ ကာ KIA တပ်လှုပ်ရှားမှုများကို အချိန်ပြည့်လေ့လာ၍ သတင်းပို့ခိုင်းနေခြင်းဖြစ်သည်ဟု ဝန်ခံ ခဲ့ကြောင်းသိရသည်။
 

ပြည်တွင်း ပြည်ပ မီဒီယာများ မသိဟန်ဆောင်သည့် KIA ၏ လူသစ်ဖမ်းပွဲအား မြ၀တီ မီဒီယာမှ သတင်း မီဒီယာ ကောင်စီနှင့် ဂျာနယ်များသို့ အကြောင်းကြား

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓ မ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းအား ပြည်တွင်း ပြည်ပ မီဒီယာများမှ ဖော်ပြခြင်း မရှိသည့် အတွက် မြ၀တီ မီဒီယာမှ အဆိုပါ မီဒီယာများသို့ ပေးစာ တစ်စောင် ပေးပို့ခဲ့ကြောင်း မြ၀တီ ၀က်ဆိုဒ်တွင် ဖော်ပြ ထားပါသည်။
သတင်းဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ နယ် မြစ်ဆုံ၌ ရိုမန် ကတ်သ လစ် အသင်းတော် တန်ဖဲ ဘုန်းတော်ကြီးမှ ဦးစီး၍ မြစ်ဆုံ မယ်တော် ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲတော် သို့ ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားအင်အား ၁၀၀၀ ခန့် ပါဝင် ဆင်နွဲခဲ့ကြပြီး ည ၈နာရီ အထိ ကျင်းပ ခဲ့ကြောင်း သိရှိရ ပါသည်။
 

Thursday, February 14, 2013

အစိုးရတပ် နောက်ဆုတ် လိုက်သော ရှေ့တန်း စခန်းတခုကို KIA ပြန်လည် ရယူ


မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စခန်း တစ်ခုဖြစ်သော ဂျော်မော် (Jaw Maw) စခန်းကို အစိုးရ တပ်ဖက်မှ ဆုတ်ခွာ သွားသောေ ကြာင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ  ပြန်လည် နေရာ ယူလိုက်ကြောင်း သိရသည်။

KIA ၏ ဂျော်မော် (Jaw Maw) ရှေ့တန်း စခန်းအား အစိုးရ၏ ခြေမြန် တပ်ရင်း ခမရ (၄၃၈၊ ၃၂၀) မှ စုပေါင်း အင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ KIA တပ်မှ ၁ ဦးကျကာ ၃ ဦး ဒဏ်ရာရှိပြီးနောက် ဆုတ်လိုက် သည့် စခန်းဖြစ်သည်။

၎င်းစခန်းသည် မဟာဗျူဟာ ကျသည့် စခန်း မဟုတ်သော်လည်း KIA အတွက်မူ အချက်အချာ ကျသည့် နေရာတခု ဖြစ်ကြောင်း သိရသည်။

အစိုးရ တပ်ဖွဲ့များနှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ ပစ်ခတ်မှု မဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ  ပစ်ခတ် တိုက် ခိုက်မှု မဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး လဒွဲ ဦးဆောင်သော KIA တပ်ခွဲ (၅) တပ်ဖွဲ့များနှင့် အင်အား ၁၀ ဦးခန့်ရှိသော အစိုးရတပ်ဖွဲ့ တို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ဖားကန့်မှ မိုင်(၂၀) အကွာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

Wednesday, February 13, 2013

KIA မှ အစိုးရတပ် တွေ အပြင် စစ်ပွဲနှင့် မသက်ဆိုင်သော နေရာများကိုပါ တိုက်ခိုက်လာ

၂၀၁၃ ကချင်ပြည်နယ်မှာ အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုေ တွ ပြုလုပ်ခဲ့ပါ တယ်။ ဖေဖော်ဝါရီလ (၄) ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့မှာ မဏာမတွေ့ဆုံမှုပြုလုပ် ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲသံတွေ ရပ်စဲသွားခဲ့ပါတယ်။

ဒါပေမဲ့ KIA တပ်တွေအနေနဲ့ တစ်ချို့နေရာတွေမှာ အစိုးရတပ်တွေကို အလစ်အငိုက်ဝင်ရောက် တိုက် ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ အစိုးရတပ်တွေကတော့ ပေးထားတဲ့ အမိန့်အတိုင်း ထိုးစစ်ပြု လုပ်ခြင်း မရှိဘဲ ရောက်ရှိတဲ့ နေရာတွေမှာ အေးအေးဆေးဆေး နေနေတာကို KIA တပ်တွေက လာရောက် ပစ်ခတ်မှုတွေ ရှိနေပါတယ်။ တစ်ခါတစ်ရံ စစ်တပ်မဟုတ်တဲ့ ရဲတပ်ဖွဲ့တွေကိုပါဝင်ရောက် ပစ်ခတ်မှုတွေ ပြု လုပ်နေပါတယ်။

Friday, February 8, 2013

ကေအိုင်အေ မှ တာလောကြီးရွာ လူငယ်တစ်ဦးအား ပစ်ခတ် ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်

၅-၂-၂၀၁၃ နေ့၊ နံနက် (၁၁)နာရီခန့်အချိန်၌- မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ရပ်ကွက်(၄)နေ အဘ ဦးစိုင်မန်း ၏ သား မောင်အောင်ထွန်းလင်း (ခ) မောင်စီးမောင် အသက်(၃၂) နှစ်သည် တာလောကြီးကျေး ရွာ၏ အရှေ့တောင်ဘက် (၁၀) မိုင် ကျော်ခန့်အကွာ ဒေသအခေါ် ခါးကျောတောသို့ သူငယ် ချင်းများဖြစ်သော (၁) မောင်ဝေစိုး (၂)မောင်ဝေမိုး (၃) မောင်ညွှန့်ဝင်း (၄) မောင်ဖိုးခင်း တို့နှင့် အတူ သစ်ခွပင် သွားခူးရာမှ KIA ၏ ခြိမ်းခြောက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။

KIA အဖွဲ့ မြန်မာ စစ်တပ်မှ အပစ်အခတ် ရပ်စဲ ထားသော်လည်း မြန်မာ အစိုးရ စစ်ကြောင်းများ အား ခြုံခို တိုက်ခိုက်မှု များရှိနေ

KIA အဖွဲ့နှင့် မြန်မာစစ်တပ်တို့သည် (၄)ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြု လုပ် ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ပူတွဲကြေငြာချက် ၅ချက်ကိုထုတ်ပြန်ခဲ့ကြပြီး ခုခံစစ်မှအပ တိုက် ခိုက်ခြင်း မပြုရန် သဘောတူထားကြပါသည်။ မြန်မာစစ်တပ်က စတင်ပစ်ခတ် မှုတွေမရှိဘဲ စခန်း တစ်ခု နှင့် တစ်ခုရွေ့ပြောင်းမှုနှင့် ရိက္ခာပို့ဆောင်မှုတွေ လုပ်ဆောင်နေသည်ကို KIA အဖွဲ့များက လမ်းမှာ ခြုံခို တိုက်ခိုက် ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်နေကြောင်းသိရှိရပါသည်။
 

အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ

ရှမ်းပြည်မြောက်ပိုင်း ဟူးဖြတ်- ကတုန်ခဆန် (Kadung Hka San) ရွာအနီး အစိုးရခြေလျင်တပ်ရင်း ခလရ (၂၄၁) နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) ကြား ယမန်နေ့ ညနေ ၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။၎င်းအစိုးရတပ်များသည် နန့်ဖတ်ကာ အခြေစိုက်တပ်များဖြစ်ပြီး အင် အား ၈၀ ကျော်ဖြင့် KIA တပ်ရင်း (၉) နယ်မြေသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းေ ကြာင့် နှစ်ဘက်တပ်မှ ထိပ် တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မဟာ (၄)မှ အရာရှိတ ဦး က KNG ကချင် သ တင်း ဌာနသို့ ပြောသည်။

ဆက်သွားချင်သေးတယ် ဆိုရင်