Pages

Monday, March 11, 2013

မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ

အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့ မှုများကို ဖြေလျှော့ပြီးသည့် နောက်ပိုင်း အမေရိကန်နိုင်ငံ ကမြန်မာ့   ရေထွက် ကုန်များထဲမှ ရေငန်ပုစွန်များကို စတင်ဝယ်ယူပြီဖြစ်သည်။ “မြန်မာ့ ရေငန်ပုစွန်ကို အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ စတင်ဝယ်ယူနေပါပြီ။ ဒါကြောင့် အိုရှင်းဟားဗက် မြန်မာ ကုမ္ပဏီနဲ့ ရွှေယမုံ ကုမ္ပဏီတို့ကနေ တင်ပို့နေပါပြီ” ဟု ရေထွက်ပစ္စည်း ထုတ်လုပ် သူများနှင့် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ပြောသည်။

ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ရှင်းပြရာတွင် “ကုမ္ပဏီအနေနဲ့ ရေငန်ပုစွန် တန် ၃၀၀ ဆက်တိုက်ပို့ဖို့ ရှိပါတယ်။ မတ်လ ၃ ရက်က ရေငန်ပုစွန် ၂၅ တန် တင်ပို့ပြီးပါပြီ။ ဂျပန်နိုင်ငံ အခြေစိုက် ဟီဂါရှီမာရူး အင်တာနေရှင်နယ် ကုမ္ပဏီကနေ ချိတ်ပြီး တင်ပို့တာပါ” ဟု ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး၊ လာမည့် ဧပြီ ၁၀ ရက်မှစ၍ ယာဉ်များ သွားလာခွင့်ပြုမည်ဟု သိရ

Photo: လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး၊ လာမည့် ဧပြီ ၁၀ ရက်မှစ၍ ယာဉ်များ သွားလာခွင့်ပြုမည်ဟု သိရ

Monday, March 11, 2013

လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လာမည့် ဧပြီ ၁၀ ရက်နေ့မှစ၍ ယာဉ်များ ဖြတ်သန်း သွားလာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး

ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။

"ဧပြီ ၁၀ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်းခွင့် စပြုမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နောက်မှလုပ်မယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လှည်းတန်းခုံးကျော်တံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ပန္နက်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့သည်။

အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင် ကုမ္ပဏီကလည်း ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ်နိုင်မည်ဟု ထုတ်ပြန်ထားသည်။

လှည်းတန်းခုံးကျော်တံတားသည် တန် ၆၀ အထိ ယာဉ်များ ဖြတ်သန်း သွားလာနိုင်ပြီး လေးလမ်းသွားဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊

ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများအား

လေးလအတွင်းအပြီး ဆောက်လုပ်သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကုန်ပိုင်းကတည်းက ထုတ်ပြန်ခဲ့သော်လည်း ဦးဆုံးတည်ဆောက်မှုအဖြစ် လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့သည်။

ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေသော ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများကိုလည်း လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားသည်။

လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအား Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားအား FMI ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်

နေခြင်း ဖြစ်သည်။

လှည်းတန်းခုံးကျော်တံတားနှင့် သက်ဆိုင်သည့် အချက်အလက်များ

တံတားအမျိုးအစား 	သံမဏိယက်မနှင့် သံကူကွန်ကရစ်

တံတားအရှည်(လျာထား) 	- ၂၅၀၇ ပေ

တံတားတွင်ပါဝင်မည့် လမ်း 	- ၄ လမ်းသွား

တံတားအကျယ် 	- ၅၀ ပေ ၈ လက်မ

တံတားအောက်ကင်းလွတ်အမြင့် 	- ၁၈ ပေ

ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် 	- တန် ၆၀

တံတား၏ လူသွားလမ်းအကျယ် 	- တစ်ဖက် ၃ ပေ

ဓာတ်ပုံ - လှည်းတန်ခုံးကျော်တံတား ဆောက်လုပ်မှုအား တွေ့ရစဉ်

Eleven Media Group
လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လာမည့် ဧပြီ ၁၀ ရက်နေ့မှစ၍ ယာဉ်များ ဖြတ်သန်း သွားလာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာေ ရး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။

“ဧပြီ ၁၀ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်းခွင့် စပြုမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နောက်မှလုပ်မယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူ တစ်ဦး က ပြောသည်။

လှည်းတန်းခုံးကျော်တံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ပန္နက်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့သည်။အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင် ကုမ္ပဏီကလည်း ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ်နိုင်မည်ဟု ထုတ်ပြန်ထားသည်။

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

အဲရစ်ရှမစ် (ဓာတ်ပုံ – Reuters)

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။

ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။

ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်းသေးသော်လည်း သတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့် မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းနည်းပညာကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။
ဧရာဝတီ
အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာ မီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီ သို့ ပြော ကြားသည်။

ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားေ သာ နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထား သည့် မြောက် ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင် များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်း ထားေ သာ မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံခေါင်းေ ဆာင် ဒေါ်ေ အာင် ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

တိုင်းပြည်တိုးတက်ရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားကြောင်း ဦးဌေးဦးပြော

NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တက်ရောက်ခဲ့တာဟာ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားတဲ့ အတွက် သွားရောက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ပြောကြားပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

၈ နှစ်သားက ၆၁ နှစ် သမီးနှင့် ဂဟေဆက်

၈ နှစ်သားက ၆၁ နှစ် သမီးနှင့် ဂဟေဆက်
Monday, March 11, 2013

ကွယ်လွန်သူ အဖိုး၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက အဖွားအရွယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက်ခဲ့ခြင်း ဖြစ်သည်။

အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့်
ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင် ၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။

ပွဲပရိတ်သတ် ၁၀၀ ရှေ့မှောက် လက်ထပ်လက်စွပ်လဲလှယ်ခဲ့ကြပြီး လူအများက ယင်းသို့ဂဟေဆက်ခြင်းကို မလိုလားကြသော်လည်း ဆိုင်ရာမိသားစုများကမူ တရားဝင်သဘောလက်ဆက်ခြင်းမဟုတ်၊ ထုံးလမ်းစဉ်လာအတိုင်း လုပ်ခြင်းဟုဆိုသည့် " ဆန်နီအဖိုးက လူလူသူသူ မင်္ဂလာမဆောင်ဘူးပဲ အနိစ္စရောက်သွားခဲ့တယ်။ သူကခု သတို့သမီးကို ချစ်တယ်လေ ဒါကြောင့် သူ့မြေးကို လက်ထပ်ခိုင်းခဲ့တာ" ဟု ၄၆ နှစ်အရွယ် ဆန်နီလီ မိခင်ကဆိုသည်။ " မိဘဘိုးဘွားတွေ လုပ်စေချင်တာ လုပ်ပေးရရိုး အစဉ်အလာ ရှိပါတယ်၊ ဒါမှ လွန်လေပြီးသူတွေ စိတ်ချမ်းသာမှာပေါ့" ဟု၎င်းက ထပ်လောင်းပြောသည် ။

သတို့သမီး၊သတို့သားတို့အနေဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစရာ မလိုကဲ့သို့ အတူတူနေထိုင်ရန်လည်း မလိုဟုဆိုသည်။ " သတို့သမီးတွင် အသက် ၂၇ နှစ်၊ ၃၇ နှစ်အတွင်းရှိ သားသမီး ၅ ဦးရှိပြီး နှစ် ၃၀ ကြာ
ပေါင်းသင်းခဲ့သည့် ခင်ပွန်းသည် ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း သိရသည်။

S.T
Ref: Dailymail online
Popular Myanmar News Journal

ကွယ်လွန်သူ အဖိုး၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ် ခဲ့ကြောင်း သိရသည်။

ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက အဖွားအရွယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက် ခဲ့ခြင်း ဖြစ်သည်။အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင် ၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။

တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးစာချုပ် မြောက်ကိုရီးယားက ဖျက်သိမ်းကြောင်း ကြေညာ

မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံနှင့် ချုပ်ဆိုထားသည့် ကျူးကျော်ရန်မစရေး စာချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ် ၈ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ တောင်ကိုရီးယားနှင့် ထိပ်သီးများ ဆက်သွယ်ပြောဆိုသည့် ဖုန်းလိုင်းကိုလည်းကောင်း၊ နယ်ခြားစစ်ဆေးရေး ဂိတ်ကိုလည်းကောင်း ပိတ်လိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာသည်။ အဆိုပါ ကြေညာချက်သည် ကုလသမဂ္ဂက မြောက်ကိုရီးယားအား ပြီးခဲ့သည့်လက နျူကလီးယား စမ်းသပ်မှုဖြင့် အရေးယူအပြစ်ပေးမှု ဆုံးဖြတ်ချက်အသစ် ချမှတ်လိုက်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စောစောပိုင်းတွင် ပြုံယမ်းက ၄င်းအား ကျူးကျော်ရန်စသူများကို နျူကလီးယားနှင့် တိုက်ခိုက်မှု ပြုလုပ်နိုင်ကြောင်း ပြောကြားသည်။ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် ၂၀၁၀ ခုနှစ်က တောင်ကိုရီးယား ကျွန်းတစ်ကျွန်းကို တိုက်ခိုက်ခဲ့သည့် ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဘီဘီစီ

အမေရိကန်နိုင်ငံ တောင်ဒါကိုတာပြည်နယ်တွင် ကျောင်းဆရာ၊ ဆရာမများအား လက်နက်ကိုင်ဆောင်ခွင့်ပြု

အမေရိကန်နိုင်ငံ တောင်ဒါကိုတာ ပြည်နယ်တွင် ကျောင်းဆရာ၊ ဆရာမများနှင့် အခြားသော ကျောင်းဝန်ထမ်းများကို စာသင်ကျောင်းများတွင် လက်နက် ကိုင်ဆောင်ခွင့်ပြုေ ကြာင်း ပြည်နယ် အစိုးရက ဥပဒေ တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ ဥပဒေအရ စာ သင်ကျောင်း များ၊ ကျောင်းသား ကျောင်းသူများ၊ ၀န်ထမ်းများနှင့် ကျောင်းများ အတွင်း နေထိုင်ခွင့် ပြုထားသည့် ပြည်သူ့ တပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုမှ ခုခံ ကာကွယ်ရ န်နှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုအတွက် ဟန့်တားမှုကို မြှင့်တင်နိုင်ရန် ကျောင်းဘုတ် အဖွဲ့များက ယင်း လက်နက် ကိုင်ဆောင်မှု အစီအမံကို စတင် အကောင်အထည် ဖော်တော့မည် ဖြစ်သည်။ အဆိုပါ ဥပဒေသည် ဇူလိုင်လတွင် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်သည်။ ယင်းဥပဒေသည် ကွန်နက်တီ ကပ် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ဖြစ်ပွားခဲ့သော လူအစုအပြုံလိုက် သေဆုံးခဲ့သည့် အကြမ်း ဖက် ပစ်ခတ်မှုမျိုးကို ကြိုတင် ကာကွယ်နိုင်မည်ဟု ဥပဒေမူကြမ်းကို အားပေးထောက်ခံသူများ ရှိသကဲ့သို့ လက်နက်များကို စာသင်ကျောင်းများ၌သာ ကိုင်ဆောင်ခွင့် ပြုခြင်းသည် ပိုမို အန္တရာယ် များစေကြောင်း ယင်း ဥပဒေကို ကန့်ကွက်သူများလည်း ရှိသည်။

ရိုက်တာ

နေစကြ၀ဠာ၏ အကြီးဆုံးမီးတောင် အင်္ဂါဂြိုဟ်ပေါ်တွင် ရှာဖွေတွေ့ရှိ

နေစကြ၀ဠာအတွင်း အကြီးဆုံးသော မီးတောင်တစ်လုံးကို အင်္ဂါဂြိုဟ်ပေါ်တွင် ရှာဖွေတွေ့ရှိကြောင်း နာဆာ သိပ္ပံပညာရှင်များက ပြောကြားသည်။ အိုလံပတ်စ်မွန်းစ်ဟု အမည်ပေးထားသော အဆိုပါ မီးတောင်သည် အချင်း ကီလိုမီတာ ၅၀၀ ကျော်ရှိပြီး အနီးဝန်းကျင် လွင်ပြင်ဒေသများကို စီးမိုးထားသော အလွန်ကြီးမားသည့် မီးတောင်တစ်လုံး ဖြစ်သည်။ အမြင့် ၁၆ မိုင်ရှိ အဆိုပါ မီးတောင်၏ အရွယ်အစားသည် အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်၏ အရွယ်အစားတမျှ ရှိသည်။ မီးတောင်ကြီး၏ တောင်စောင်း ဆင်ခြေလျှောများတွင် မီးတောင်ထိပ်ဝများ မရှိသလောက် နည်းပါးသဖြင့် ဘူမိဗေဒ သက်တမ်းအရ အလွန်နုပျိုသော မီးတောင်တစ်လုံးဖြစ်သည်ဟု ဆိုသည်။ ထိုမီးတောင်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ဖြစ်သော ဧ၀ရတ်တောင်ထက် သုံးဆ ပိုမို မြင့်မားသည်။ အိုလံပတ်စ်မွန်းစ် မီးတောင်သည် ပေါက်ကွဲသည့်အခါ ပြင်းထန်ခြင်း မရှိဘဲ ချော်ရည်များ တောင်စောင်း တလျှောက် ဖြည်းညင်းစွာ စီးကျကြောင်း၊ အကျိုးရလဒ်အဖြစ် မီးတောင်၏ ဗြတ်မှာ နိမ့်ပြီး တောင်စောင်း ဆင်ခြေလျှော များမှာ မြင့်မားခြင်း မရှိကြောင်း နာဆာ သိပ္ပံ ပညာရှင်များက လေ့လာချက် တွင် ဖော်ပြ သည်။

အင်တာနက်

မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် အရေးယူရန် အမေရိကန်နှင့် တရုတ်သဘောတူညီ

အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ သံတမန်များနှင့် ငွေကြေးလွှဲပြောင်းပေးသူများကို ပစ်မှတ်ထားလျက် အရေးယူပိတ်ဆို့မှုတစ်ရပ် ပြုလုပ်ရေး တရုတ်နှင့် သဘောတူလိုက်ပြီဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ပြင်းထန်သော အရေးယူမှုတချို့ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ၀ါရှင်တန်မှ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဆန်ရိုစ့်က ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံတွင် တတိယနှင့် အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှုအပြီး ပြင်းထန်သော သတိပေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ကုလသမဂ္ဂဆိုင်ရာ သံတမန်လီဘော်ဒေါင်းက ပြောကြားသည်။ စစ်ရေးလေ့ကျင့်မှုနှင့် အရေးယူပိတ်ဆို့မှု၊ ခြိမ်းခြောက်မှုများကြောင့် တောင်ကိုရီးယားနိုင်ငံနှင့် မတ် ၁၁ ရက်တွင် အပစ်အ ခတ်ရပ်စဲရေး စာချုပ် အဆုံးသတ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား စစ်ဌာနချုပ်က ကြေငြာ ထား သည်။

အင်တာနက်

မြန်မာနိုင်ငံကို နိုင်ငံပေါင်း ၁၉၇ နိုင်ငံက အလွယ်တကူ ငွေလွှဲနိုင်တော့မည်

မြန်မာနိုင်ငံကို နိုင်ငံပေါင်း ၁၉၇ နိုင်ငံမှ အလွယ်တကူ ငွေလွှဲနိုင်ရန်အတွက် အင်္ဂလန်နိုင်ငံ အခြေစိုက် Money Gram Limited အပါအဝင် မလေးရှားနိုင်ငံ International Money Express (IME) နှင့် ပူပေါင်းကာ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ သိရသည်။ ယင်းကဲ့သို့ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ မြဝတီဘဏ်၊ ဧရာဝတီဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေါက်တာသန်းထွန်းက “တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက် လုပ်ကိုင်သွားမှာပါ။ ဘယ်လောက် ငွေပမာဏပို့ပို့ ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးသွားမှာပါ။ ငွေလွှဲပို့ပြီးပြီ ဆိုတာနဲ့ ကျွန်တော်တို့ဘက်က အကြောင်းကြားပေးမယ်။ ဒါမှမဟုတ် အိမ်တိုင်ရာရောက် ပို့ပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်” ဟု ယင်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် ချိတ်ဆက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ရာတွင် ကိုယ်စားလှယ် ဌာနများ ရှိသည့် နေရာများတွင် သာ ဆောင်ရွက်ပြုလုပ်မည် ဖြစ်ကြောင်း ယင်းကဆက်လက် ပြောသည်။ ယင်းသို့ အင်္ဂလန်နိုင်ငံ အခြေစိုက် Money Gram Limited နှင့် မလေးရှားနိုင်ငံရှိ International Money Express (IME) နှင့် ချိတ်ဆက်၍ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို အခြားသော ဘဏ်လုပ်ငန်းများ ဖြစ်သည့် သမဝါယမဘဏ်၊ မြဝတီဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များကို မြန်မာအမည်များသာ ပေးရမည်

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များကို မြန်မာအမည်များသာ ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။ မဏ္ဍပ်ဆောက်လုပ်မည့် သူများကို ယင်းကဲ့သို့ ညွှန်ကြားသွားမည် ဖြစ်ပြီး ညွှန်ကြားချက်များ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ရန်ကုန်သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုကို အထူးတလည် ထိန်းသိမ်းတင်းကျပ်မှုတွေ လုပ်မယ်။ လိုအပ်သလို အရေးယူမှုတွေပါ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်မှာ မဏ္ဍပ်တွေရဲ့ နာမည်ကို မြန်မာနာမည်ပဲ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ အခုလို လုပ်ရတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သင်္ကြန်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာမှု မရှိသည့် မဏ္ဍပ်များကို စာရင်းပြုစုကာ ခေါ်ယူသ တိပေးသွားမည် ဖြစ်ပြီး ပုဂ္ဂလိက မဏ္ဍပ်များတွင်လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ယိမ်းအဖွဲ့များ မဖြစ်မနေ ပါဝင်ဖျော်ဖြေရမည် ဖြစ်ကြောင်း သိရသည်။

ဘဏ်အချို့တွင် ငွေစက္ကူအတုများ လက်ခံရရှိနေ

ငွေကြေး အတုအစစ် ခွဲခြားသည့် စက်များဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း ဘဏ်အချို့တွင် ငွေစက္ကူ အတုများ လက်ခံရရှိနေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ စတင်ထုတ်ဝေသည့် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအထိ ကာလအတွင်း ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု စုစုပေါင်း ကျပ်သိန်း ၂၀၀ နီးပါး စစ်ဆေးလက်ခံ ရရှိခဲ့ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဆက်လက် ပြောကြားခဲ့သည်။ ကျပ် ၅၀၀၀ တန်များ စတင်ထုတ်ဝေသည်မှ သုံးနှစ်ကျော် ကာလအတွင်း ၃၇၅၈ ရွက် တန်ဖိုးကျပ် ၁၈,၇၉၀,၀၀၀ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ကျပ် ၅၀၀၀ တန် အတုများသည် ဘဏ်များတွင် မလည်ပတ်သော်လည်း စီးပွားရေး လောကအတွင်း၌ လည်ပတ်သုံးစွဲမှုများ ရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ နီးပါးရရှိရန် လျာထား

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ ခန့် နီးပါး ပိုမိုရရှိရန် လျာထားကြောင်း သိရသည်။ ထိုသို့ တိုးမြှင့်ထားသည့် လျာထားချက်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန တို့ကသာ တိုးမြှင့်ကောက်ခံရန် လျာထားပြီး ရထားပို့ဆောင်ရေး၊ စီးပွား/ကူးသန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်/ဆည် ၀န်ကြီးဌာနတို့မှာ ယခင်နှစ် လျာထား ချက်များအောက် လျှော့ချကောက်ခံရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် စိစစ်ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် လျာထားချက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေနှင့် ကျပ်သန်းပေါင်း ၅၅၅၇၁၃ ဒသမ ၁၆၀ ကိုလည်းကောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနအနေနှင့် ကျပ်သန်းပေါင်း ၁၆၈၂၂ ဒသမ ၄၁၂ ကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း  ၃၃၂ ဒသမ ၈၀၁ တိုးတက် လျာထားခဲ့သော်လည်း ကျန်ဝန်ကြီးဌာနများမှ စီမံခန့်ခွဲ ကောက်ခံသည့် အခွန်များအနေနှင့် တိုးတက်မှု မရှိသည်ကို တွေ့ရှိရပါသည်။

ပါတီဝင်ဟောင်း တစ်ချို့ကို အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း NLD ညီလာခံ မှ ဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်း တစ်ချို့ကိုလက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့မတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်လက်မခံနိုင်ကြောင်း ညီလာခံတက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေ က ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ပြီးချိန်မှ ယနေ့ အချိန်အထိ ပါတီတွင်း စည်းလုံးခြင်းမရှိဘဲ ရှုပ်ထွေးမှုများဖြင့် ရင်ဆိုင် နေရသည့် အပေါ် ပြန်လည် ဆန်းစစ်ချက်

- ပါတီဝင်အင်အား လိုအပ်သည်ထက်များပြားနေခြင်း၊
- ပါတီဝင်များ၏ တစ်ဦးချင်းအလိုက် ပါတီစည်းကမ်းလိုက်နာမှု လျှော့နည်းခြင်း၊
- ပါတီဝင် တစ်ဦးချင်းအလိုက် လုပ်ငန်းတာဝန် စီမံခန့်ခွဲပေးနိုင်မှု မရှိခြင်း၊
- ပါတီဝင်တို့၏ လုပ်ငန်း တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း၊

* ပါတီ လုပ်ငန်းတာဝန်နှင့် ခံစားခွင့်

ကယားပြည်နယ် ၇ မြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အင်အား ၁ သောင်းေ ကျာ် သည် မတ်လ ၈ရက်နေ့တွင် ပါတီဝင်အဖြစ်မှ တပြိုင်နက် နုတ်ထွက်သွားသည်ကို ဦးစောဒယ်နီယ်နှင့် အင်တာဗျူးမှ သိရှိခဲ့ရပါတယ်။

ယခု နုတ်ထွက်သွားသည် ပါတီဝင် အင်အား ၁ သောင်းကျော်နှင့်ပတ်သက်၍ ပါတီအတွက်ဘယ်လို တာဝန်တွေ ယူထားရပါတယ်၊ ပါတီအကျိုး ဘယ်လို သယ်ပိုးနေပါတယ်၊ ပါတီဝင်များရဲ့ ခံစားခွင့် လုပ်ခအနေနဲ့ မည်မျှ ရရှိထားပါတယ်ဆိုသည့် အချက်များအပြင်NLD ပါတီ၏ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ များပြားလှတဲ့ ပါတီဝင်များအနေဖြင့် ပါတီနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များနှင့် ခံစားခွင့်စသည်တို့အပေါ် အတွေးနယ်ချဲ့မိ ပါတယ်။

ဘင်္ဂလား ပင်လယ်အော် အတွင်း အိန္ဒိယ - မြန်မာ ရေတပ်များ ပူးတွဲ စစ်ရေး လေ့ကျင့်မည်

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ဘင်္ဂလားပင် လယ်အော် အတွင်း ပူးတွဲ ကင်းလှည့်ရေးနှင့် စစ်ရေးလေ့ကျင့် ခန်းများပြုလုပ်ရေး ကိုဆောင်ရွက် သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ မြန်မာ့ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် အငယ်စား စစ်သင်္ဘောတစ်စီးတို့သည် အိန္ဒိယမှ ဗီဆက်ခါ ပတ်ထနမ်ဆိပ်ကမ်းသို့ မနက်ဖြန်တွင် ဆိုက်ရောက် မည်ဖြစ်ကာ ထိုနောက်ရက်အနည်းငယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဟု ဆိုသည်။

မြန်မာနှင့် အိန္ဒိယတို့ သည် မကြာမီကပင် စစ်ရေး၊ စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာခဲ့ပြီး ၂၀၁၂  နိုဝင်ဘာနှင့်   ဒီဇင်ဘာလ အတွင်း နိုင်ငံခြား ရေးဝန်ကြီး ဆယ်လ်မန် ခါရှစ်၊လေတပ်ဦးစီးချုပ် အန်၊ အေ၊ကေ ဘရောင်း တို့ လည်းလာရောက်လည်ပတ်ခဲ့ကြသည်။ ယင်းနောက် အိန္ဒိယ သည် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင်ရေး အတွက် မြန်မာလေတပ်ပိုင်းလော့ များ အား အိန္ဒိယသို့ခေါ်ယူကာ ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဉ်များနှ င့် လေ့ကျင့်ပေးေ ရးကို လည်း သဘောတူခဲ့သည်။

အိန္ဒိယသည် မြန်မာသို့ စစ်သုံးလက်နက်များကိုလည်းရောင်းချပေးနေပြီး ယင်းတွင် ကုန်းတွင်းပိုင်း သုံး ရေ တပ် ကင်းလှည့်လေယဉ်များ၊ ရေ တပ်သုံး စက်သေနတ်တင်မော်တော်ဘုတ်များ၊ ၁၀၅ မီလီမီတာ အပေါ့စားသေနတ် များ၊ မော်တာစိန်ပြောင်းများ၊ လောင်ချာများနှင့် ရိုင်ဖယ်သေနတ်များလည်းပါဝင်သည်။ ထို့ပြ င် မြန်မာသည် ၎င်း၏ရေတပ်သင်္ဘောများအတွက် Bharat Electronics Ltd ကထုတ်လုပ်သော ရေဒါ
စနစ် များလည်း ဝယ်ယူရရှိ ထားကြောင်း သိရသည်။

Myanma Age

KIA တပ်ဖွဲ့ဝင်များ အဆက်မပြတ် အလင်းဝင်ရောက်လျက်ရှိ

အစိုးရနှင့် KIA တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများကြောင့် တိုက်ပွဲများရပ်ဆိုင်းနေသော်လည်း ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်ခြင်း တို့ကြောင့် KIA တပ်ဖွဲ့ဝင်များ အဆက်မပြတ် အလင်းဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ တပ်ဖွဲ့ဝင်တစ်ဦးသည် လုပီရှိ အစိုးရစခန်း တစ်ခုသို့ ယမန်နေ့ ညနေ(၅)နာရီခွဲခန့်တွင် ၄င်းကိုင်ဆောင် ထားသော လက်နက်နှင့် လက်ပစ်ဗုံးဖြင့် အလင်းဝင် ရောက်ခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်သူ၏ ပြောပြချက်အရ ၄င်းတို့စခန်းအတွင်း စားသောက်ရန် လုံလောက်မှုမရှိခြင်း၊ ဖျားနာမှုအတွက် ကုသရန် ဆေးဝါးများ မရှိခြင်း များကြောင့် တပ်ဖွဲ့ဝင်များ စိတ်ဓါတ်ကျဆင်းနေကြောင်း၊ အလင်းဝင်ရောက်ချင်သူ အများ အပြား ရှိနေသော်လည်း ဗဟိုမှ အလင်းဝင် ရောက်သူများနှင့် အလင်းဝင်ရန် ကြိုးစားသူများကို သေဒဏ်ပေး ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းကြောင့် စိုးရိမ် ကြောင့်လန့်မှုများရှိ နေကြကြောင်း သိရှိရပါသည်။

www.MyanmarExpress.net

ဗင်နီဇွဲလား ဒုတိယ သမ္မတ လက်စ်မာဒူရို သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်ဇ် ကွယ်လွန် ပြီးနောက် ဒုတိယ သမ္မတ နီကို လက်စ်မာဒူရိုက ယာယီ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ရန် မတ် ၈ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဒီအို့ခ် ဒါဒိုကာဘဲလ်လို ဦးဆောင် ကျင်းပသော ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ကရားကာ့စ် မြို့တွင် မတ် ၈ ရက်က ကျင်းပခဲ့ပြီး မာဒူရိုနှင့် ကာဘဲလ်လို တို့က ချားဗက်ဇ်၏ ဆိုရှယ်လစ် မူဝါဒ ကြီးစိုးသော အစီအစဉ်ကို ဆက်လက် လုပ်ဆောင် သွားမည်ဟု  ကတိပြု ခဲ့ကြသည်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် သည် ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ ဆီဆိုင်မြို့နယ် ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ နှင့် တွေ့ဆုံပွဲကို မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ ၊ မြို့နယ် ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနား တွင် ဆီဆိုင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ဒေသဆိုင်ရာ အချက်အလက် များကို ရှင်းလင်း တင်ပြပြီးနောက် ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် က ဖြည့်စွက် ရှင်းလင်း တင်ပြ၍ ဒေသခံ ပြည်သူများမှ အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြ ကြသည်။ ထို့နောက် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင် က ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့အတွက် ပြည်နယ် အစိုးရ အဖွဲ့မှ လှူဒါန်းသော အလှူငွေ ကျပ် ၁၀ သိန်းစီအား ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက လက်ခံ ရယူ ကြသည်။

ဆက်လက်၍ ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင် က အမှာစကား ပြော ကြားပြီး နောက် ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင် က ဥပဒေ ရေးရာ ကိစ္စရပ် များကို လည်းကောင်း ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ် များကို လည်းကောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု ဓာတ်ပုံများ

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့သည်တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင်ကာတွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့တွင် ကချင်ပြည်နယ်စစ်ဆင်ရေးဆိုင်ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။

စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအား အရေးယူခြင်း၊ လိုအပ်ပါက စီမံကိန်းရပ်ဆိုင်ခြင်း ဆိုင်ရာအချက်များ ထည့်သွင်းရေးဆွဲ ထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ မကြာမီထွက်ရှိမည်

ပြဋ္ဌာန်းပြီးဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွင် ပါဝင်ခြင်း မရှိသည့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များအား အရေးယူခြင်း၊ လိုအပ်ပါက စီမံကိန်းရပ်ဆိုင်း ခြင်းဆိုင်ရာ အချက်များ ပါဝင်ရေးဆွဲထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ မကြာမီထွက်ရှိမည် ဖြစ်ကြောင်း FREDA မှ ဒုဥက္ကဋ္ဌ ဦးအုန်း၏ ပြောကြားချက်အရ သိရှိရသည်။

ကချင်ပြည်နယ် လဂျားယန် ဒေသအနီး ဒေါ့ဖုန်းယန်တွင် ပညာသင် ထောက်ပံ့ ကြေးများ ပေးအပ်

ဘဏ်များ၏အလားအလာ

ဘဏ်တွင် ငွေစာရင်းဖွင့်ကြသူများ

ကမ္ဘာ့ဘဏ်၏ သုတေသန တစ်ခုအရချမ်းသာသောဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဝင်ငွေမြင့်သူရော၊ ဝင်ငွေနိမ့်သူရောဘဏ်စာရင်းဖွင့်ထား ကြသည်။ သို့သော်လည်းဖွံ့ဖြိုးဆဲ နိုင်ငံများ၌မူထိုသို့မဟုတ်ပေ။

ချမ်းသာသော နိုင်ငံများတွင် အရွယ်ရောက်သူများ၏ ၆၂% ခန့် က ဘဏ်စာရင်းဖွင့်ထားကြသော် လည်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၄% သာဖွင့်ကြသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အရွယ်ရောက်သူသန်းပေါင်း ၂၅ဝဝ ခန့် ဘဏ်စာရင်းဖွင့်ထားကြသော်လည်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ်စာရင်းဖွင့် ထားသူ နည်းပါးသည်။

အများအားဖြင့် အနီးအနားတွင် ဘဏ်မရှိ၊ ရှိပြန်လျှင်လည်းမသုံးနိုင် သဖြင့် အနာဂတ်အတွက် လုံခြုံစိတ် ချစွာစုဆောင်းနိုင်ရန် ပညာရေးအတွက်သော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ရန်အတွက်သော် လည်းကောင်းအရေးပါသောရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် အခက်အခဲတွေ့ လျက်ရှိသည်။

ဆက်သွားချင်သေးတယ် ဆိုရင်