Pages

Saturday, January 26, 2013

အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက် အား နိုင်ငံတော် အစိုးရမှ ပြင်းထန်စွာ ကန့်ကွက် ပယ်ချပြီး အသုံး အနှုံးများ အတွက် သတိပေး


အမေရိကန် သံရုံးမှ ကေအိုင်အေ၏ အကြမ်းဖက် လုပ်ရပ်များကို ဖော်ပြခြင်း မရှိသည့် သတင်းဖော်ပြချက် များ အတွက် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် ထိုရေးသားဖော်ပြမှုများကို ပြင်း ထန် စွာ ကန့်ကွက် ပယ်ချလိုက်သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

ထို့ အပြင် အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာဟု သုံးနှုံးခဲ့သော်လည်း အမေရိကန် သံရုံးမှ Burma, Burmese government, Burmese military စသဖြင့် နိုင်ငံတကာ လိုက်နာကျင့်သုံးရမည့် ကျင့် ၀တ်နှ င့် ညီညွှတ်မှု မရှိသည့် အသုံးအနှုံးများကိုလည်း ပြင်းထန်စွာကန့်ကွက်ကြောင်း၊ နောင်တွင် မပြုလုပ် ရန် မျှော်လင့်ကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။
 


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်