Pages

Wednesday, January 30, 2013

KIO/KIA တို့၏ အပစ်မရပ်ရေး လမ်းစဉ်နှင့် လုပ်ရပ်များ


ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ ဒုက္ခမျိုးစုံ   တွေ့ ကြုံ နေ လျက်ရှိပြီး ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ကချင်ပြည်နယ်ကြီးမှာ စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ကြဖို့ တောင်းဆိုနေကြလျက်ရှိသည်။ ရန်ကုန်ကနေလိုင်ဇာ အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြသလို ဒေသခံပြည်သူတွေကိုယ်နှိုက်ကလဲ စာတမ်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြောင်းသိရှိရသည်။ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလဲ ငြိမ်းချမ်းရေး လုပ်ဆောင်ကြဖို့တောင်းဆိုနေ ဒါကြောင့် လဲ နိုင်ငံတော် သမ္မတက တပ်မတော်အနေနဲ့ ထိုးစစ်တွေ ရပ်ဆိုင်းထားဖို့အမိန့်ထုတ်ပြန်လိုက်ပါသည်။

စစ်ပွဲဆိုတာ တစ်ဖက်သတ်ထဲရပ်ဆိုင်းထားလို့မရသလို အဲလိုရပ်ဆိုင်းခဲ့ရင်လဲ ကိုယ့်စစ်သားတွေ ကို သေတွင်းထဲ ပို့လိုက်သလို ဖြစ်နေမှာပါ။ ထိုးစစ်တွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတဲ့   နောက် ပိုင်း မှာ KIA တပ်တွေအနေနဲ့ ရဲစခန်း၊ တပ်စခန်းနဲ့ပြည်သူတွေသွားလာတဲ့ကားရထားတွေကို မိုင်းခွဲ   ဖောက်ခွဲမှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဘက်က ကျဆုံး ဒဏ်ရာရ မှုတွေရှိနေပြီး တိုက်ပွဲ တွေရပ်ဆိုင်းခြင်းမရှိဘူးဖြစ်နေပါသည်။ နိုင်ငံတော်အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ KIO/KIA အဖွဲ့ရဲ့ ပြန်ကြားချက်အဖြေကိုစောင့်နေလျက်ရှိပါသည်။ KIO ကတော့ သူတို့အနေနဲ့ အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှာမဟုတ်ဘဲ UNFC အနေနဲ့ဆွေးနွေးဖို့   ပြန်ကြား ခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စနဲ့ပတ်သက်လို့ ဇန်န၀ါရီ ၂၈ ရက်နေ့က KIA တပ်မဟာ(၅) ခန်းမဆောင် မှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အက်စ်ဂွမ်မော်က `` မိမိတို့ အနေနဲ့UNFC ကိုဦးဆောင်ဆွေးနွေးခိုင်းမှာဖြစ်ပေမယ့် UNFC ကလဲ KIA ကိုယ်စားလှယ်တွေ မတက် ရောက်ဘဲ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြန်ကြားထားပါတယ်။ KIA မတက်ဘဲ UNFCက ဦးဆောင်ဆွေးနွေးခဲ့လို့ ပြဿနာရှိလာခဲ့ရင် သူတို့တရားခံအဖြစ်မခံနိုင်ဘူးလို့ပြောနေပါတယ်။ ဒါကြောင့် KIA အဖွဲ့ကခေါင်းဆောင်တွေ တက်ရောက်ရမှာ ဖြစ်လို့ဖေဖော်ဝါရီ ၅ ရက်နေ့မတိုင်မီ အစိုးရတပ်တွေ ကို ပြန်တိုက်ကြရပါမယ်။ဒါကြောင့် အစည်းအဝေး တက်ရောက်လာသူခေါင်းဆောင်အားလုံးက လူသစ်တွေစုဆောင်း၊ ရိက္ခာတွေရှာဖွေထားပြီး အမာခံတပ်ဖွဲ့ဝင်   တွေ ရွေးချယ် ထားကြ ဖို့´´  ပြောဆို ညွှန်ကြားခဲ့ကြောင်း ဌာနချုပ်သတင်းရပ်ကွက်မှရရှိသည်။

KIC ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လက သူ့ရဲ့အမြင်ကိုပြောဆိုခဲ့ရာမှာတော့ `လိုင်ဇာဌာနချုပ်ဟာ KIAရဲ့ ဂုဏ်သိက္ခာဖြစ်တာမို့ လိုင်ဇာမကျဆုံးရေးသက်စွန့်ကြိုးပမ်းကာကွယ်ကြပါ။ ဖေဖော်ဝါရီ ၅ ရက်နေ့ ဟာ ကချင် တွေရဲ့တော်လှန်ရေးနေ့ဖြစ်တဲ့အတွက် အဲဒီနေ့မတိုင်မီ အစိုးရတပ်တွေ သိမ်းထားတဲ့ စခန်းမှန်သမျှ ပြန်တိုက်ကြ ပါ။ လက်ရှိအစိုးရတပ်တွေ သိမ်းထားတဲ့တောင်ကုန်းတွေဟာ အရေးပါတဲ့   တောင်ကုန်းတွေ ဖြစ်နေတာမို့ ကချင် တွေရဲ့ သိက္ခာ၊ KIAရဲ့ နာမည် မကျအောင်ပြန် တိုက်ကြပါစို့`` လို့ ပြောကြားခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရသိရှိသည်။

ကချင်ပြည်နယ်အတွက် အစိုးရနဲ့KIO/KIA ဆွေးနွေးပွဲတွေဟာ အမည်ခံသက်သက်သာဖြစ်နေပြီး ဆုံးဖြတ်ချက်၊သဘောတူညီချက်ထွက်ပေါ်မလာမှာကိုကချင်ငြိမ်းချမ်းရေးအကျိုးဆောင်နဲ့ခရစ်ယာန် ဘုန်းတော် ကြီးတွေက ပူပန်စိုးရိမ်နေကြပါတယ်။ ဦးအင်ဘန်လ အနေဖြင့် သတင်းမီဒီယာတွေကတစ်ဆင့် KIA တပ်ဖွဲ့တွေ အတွက် ၀ါဒဖြန့်ချီမှုတွေလုပ်နေပေမယ့် ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ ကချင် တိုင်းရင်းသား   ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအင်ဇော်နော်ကတော့ KIA အနေနဲ့ စစ်တပ်နဲ့မဆိုင်နဲ့ အရပ်ဘက်ပစ်မှတ်တွေ မတိုက်ခိုက်သင့်ဘူးလို့ပြောဆိုပါတယ်။ ဒီလိုမျိုးတိုက်ခိုက်နေတာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ပြန်ဖျက်ဆီးနေ သလိုဖြစ်နေတယ်လို့ထောက်ပြ ပြောဆိုထားပါတယ်။

KDN

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်