Pages

Showing posts with label NLD. Show all posts
Showing posts with label NLD. Show all posts

Friday, January 17, 2014

ဒေါ်စု အတွက် မမျှော်မှန်း နိုင်လောက်အောင် ကို ခက်ခဲ လာတော့မယ်

 
 
ဗုဒ္ဓဘာသာ နိုင်ငံမှာ သံဃာ နဲ့ ထိပ်တိုက် တွေ့ရင် ထိလိမ့်မယ်၊ သံဃာ အင်စတီးကျူးရှင်း ကို အထင် သေးရင် ကွဲပါမယ် ပြောတုန်း က ဒီလောက် တော့ မှုစရာ မလို ပါဘူး။ NLD အနေ အထိုင် ရွေ့သွား စရာ မရှိပါဘူး။ သက်သက် ချောက်ချ နေတာပါ လို့ အပြောခံ ခဲ့ရဖူး တယ်။ အခု သံဃာ့ ညီလာခံ က ကြေညာချက် ထုတ်လိုက်တယ်။ ကြေညာချက် ၂ မှာ တိုက်ရိုက် မဆို ထားပေမယ့် သုံးနှုန်း ထားတဲ့ စကားလုံး ဟာ ၅၉ (စ) ကို ပြင်ဖို့ သံဃာ ဘက်က လက်ခံ တော့မှာ မဟုတ်ဘူး လို့ ငြင်းပယ် လိုက်ပြီ။

Thursday, January 16, 2014

ဦးကိုနီ ကို အကြောင်းပြု ၍ NLD အတွင်း သဘောထား ကွဲ

 
 
ပါတီဝင် အဟောင်းများ နှင့် အသစ်များ အကြား တင်းမာ မှုများ တဖြည်းဖြည်း ချင်း ဖြစ်ပေါ် လာ နေသော NLD ဗဟို ရုံးချုပ် ၌ တရား လွှတ် တော် ရှေ့နေ ဦးကိုနီ ကို အကြောင်းပြု ၍ သဘောထား ကွဲလွဲ မှုများ ဖြစ်ပေါ် လာ နေကြောင်း သိရှိရသည်။ NLD ပါတီ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး တွင် မူဝါဒ အသစ်များ ရေးဆွဲရန် ဆောင်ရွက် ကြရာ၌ လွှတ်တော် အမတ် ဦးဝင်းမြင့် က တစ်ဆင့် ပြင်ဆင်ရေး ဆိုင်ရာ ဆောင်းပါး များ ရေးသား လျက် ရှိသော တရား လွှတ်တော် ရှေ့နေ ဦးကိုနီ ကို CEC အတွင်း ထည့်သွင်း ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

Saturday, April 20, 2013

ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီး ဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန် တိုက်ခိုက်

 
ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီးဦး သိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တိုက်ခိုက် ကာ စည်းမရှိကမ်း မရှိ ပြော ဆိုခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည်က မနေ့က ဝေဖန်ပြောဆိုခဲ့သည်။

မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန် အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က   ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါ ဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲ မှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အ ထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက် သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ ကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” လို့ ပြောခဲ့သည်။

ပြီးခဲ့သည့် ဟာဝိုင်ယီ နှင့် ကိုရီးယား ခရီးစဉ်တုန်းကလည်း က "ကျွန်မခွေးလေးလောက် လူတွေရိုး သားကြရင် ငြိမ်ချမ်းရေးရပြီ" ဟု ပြောဆိုခဲ့သည်။ အသက်အရွယ်နှင့် မလိုက်အောင် စည်းမဲ့ကမ်းမဲ့ ပြောဆိုမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ လူထုက စိတ်ပျက်လျှက် ရှိကြောင်း သိရသည်။


ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်သည်  တဖက်တွင် သမ္မတ၊ အစိုးရ နှင့် စစ်တပ်ကို အပြစ်တွေ ပုံချပြီး တဖက်တွင် သမ္မတ ဖြစ်လိုကြောင်း၊ အထောက်အပံ့တွေပေးလျှင် သူမကို လည်း ပေးစေ လိုကြောင်းများ ပြောဆိုခဲ့သည်။ အမေရိကန် နှင့် ဥရောပခရီးစဉ်များကလည်း အစိုးရကို အကောင်းမမြင်ဖို့ နှင့် စီးပွားပိတ်ဆို့မှုများကို ရုတ်သိမ်းမည်ဆိုပါက သေသေချာချာ စဉ်းစားဖို့  ဒေါ်အောင် ဆန်းစုကြည်မှ တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မှ ဝေဖန်တိုက် ခိုက် ပြော ဆိုနေသော်လည်း ယနေ့ သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့၏ ထူးချွန်အောင်မြင်မှုများ ကို မြန်မာလူထု နှင့် ကမ္ဘာက အသိမှတ် ပြုလျှက်ရှိကြောင်း သိရသည်။

ME

Friday, April 19, 2013

မွတ်ဆလင်များအတွက် အလွန် အင်မတန် ဝမ်းနည်းကြောင်း ဒေါ်စု ပြောကြားသော်လည် ၊ မူဆလင်တို့၏ ရက်ရက်စက်စက် သက်ဖြက်ခြင်း ခံရသော ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ် အသတ်ခံရမှု အတွက် ဝမ်းနည်းကြောင်း မပြောခဲ့

မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာ ကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြ ပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက် သွားအောင် ဖန်တီးနေတာက တကယ် စိတ်မ ကောင်း စရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်း စရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မ တို့အနေနဲ့ ဒီအရေး အရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့ လာရ ပါလိမ့်မယ် ”။

http://www.rfa.org/english/news/burma/muslim-04172013204636.html


Suu Kyi 'Very Sad' Over Muslim Plight in Burma
 

Opposition leader Aung San Suu Kyi expressed sadness Wednesday that some of Burma's Muslim leaders whom she met recently felt as if they did not belong to the country.

In rare comments on sectarian violence at a news conference during her Japan visit, she said Buddhist-majority Burma must learn to accommodate divergent views and that the minority Muslim community must be made to feel secure.

"I've met some Muslim leaders very recently," she said of her talks last week with representatives from the country’s leading Islamic groups following deadly March violence between Muslims and Buddhists in central Burma.

"It is very sad, because none of them has been to any other country apart from Burma. They did not feel that they belonged anywhere and it was sad for them that they were made to feel that they didn't belong in our country either," Aung San Suu Kyi said.

"This is a very sad state of affairs. We must learn to accommodate those with different views from ours."

Speaking separately Wednesday to students at Tokyo University, Aung San Suu Kyi said she was "not a magician" to make deep-rooted ethnic disputes disappear instantly, in an apparent reference to criticism from rights and other groups against her for being largely silent over the communal clashes and minority rights.

At least 43 people were reported dead and thousands, mostly Muslims, driven from their homes and businesses in the latest violence in central Burma.

"They wanted me to talk about how to make these communal differences disappear ... I'm not a magician. If I were, I'd say 'disappear' and they would all disappear. Differences take a long time to sort out," she said, according to Reuters news agency.

Citizenship

She also said that the government of President Thein Sein should review Burma's citizenship laws, although she again failed to directly answer a question on whether she considered the Muslim Rohingyas, who had lived for generations in the country, to be citizens.

Burma, she said, is entitled to abide by its own laws, such as its citizenship law, but it also has to assess those laws to ensure they comply with international standards.

"This is what the Burmese government should do, to face the issue of citizenship fairly," she was quoted saying by the Associated Press.

"I have said that any violation of human rights and any acts of violence are inimical to a united and peaceful society and I stand by that," said Suu Kyi, a Nobel laureate who was locked up for 15 years by Burma's former military junta.

Last year, clashes between Muslim Rohingyas and Buddhist Rakhines occurred twice in Burma's Rakhine state, leaving at least 180 dead and tens of thousands homeless. Rights groups said Rohingyas bore the brunt of the violence.

Around 800,000 Muslim Rohingyas live in Rakhine state but most of them, according to rights groups, have been denied citizenship as they are considered by most Burmese and the government to be illegal immigrants from neighboring Bangladesh.

The stateless Rohingyas have been described by the U.N. as one of the world's most persecuted minorities.

Aung San Suu Kyi defended her conciliatory political style, saying her focus was on building a more unified society rather than making headlines, Agence France-Presse reported.

She said she has been addressing the plight of minority groups albeit in ways that people may consider "boring."

"In fact, I have been speaking all the time about ethnic nationalities. But the point was that my statements were not colorful enough to please everybody," she told the press conference.

The recent violence in central Burma has been linked to radical monks and triggered international concerns. Rights groups accused the security forces of standing by while the attacks, which appeared to be well organized, took place.


Monday, March 11, 2013

ပါတီဝင်ဟောင်း တစ်ချို့ကို အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း NLD ညီလာခံ မှ ဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်း တစ်ချို့ကိုလက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့မတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်လက်မခံနိုင်ကြောင်း ညီလာခံတက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေ က ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ပြီးချိန်မှ ယနေ့ အချိန်အထိ ပါတီတွင်း စည်းလုံးခြင်းမရှိဘဲ ရှုပ်ထွေးမှုများဖြင့် ရင်ဆိုင် နေရသည့် အပေါ် ပြန်လည် ဆန်းစစ်ချက်


- ပါတီဝင်အင်အား လိုအပ်သည်ထက်များပြားနေခြင်း၊
- ပါတီဝင်များ၏ တစ်ဦးချင်းအလိုက် ပါတီစည်းကမ်းလိုက်နာမှု လျှော့နည်းခြင်း၊
- ပါတီဝင် တစ်ဦးချင်းအလိုက် လုပ်ငန်းတာဝန် စီမံခန့်ခွဲပေးနိုင်မှု မရှိခြင်း၊
- ပါတီဝင်တို့၏ လုပ်ငန်း တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း၊

* ပါတီ လုပ်ငန်းတာဝန်နှင့် ခံစားခွင့်
 
ကယားပြည်နယ် ၇ မြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အင်အား ၁ သောင်းေ ကျာ် သည် မတ်လ ၈ရက်နေ့တွင် ပါတီဝင်အဖြစ်မှ တပြိုင်နက် နုတ်ထွက်သွားသည်ကို ဦးစောဒယ်နီယ်နှင့် အင်တာဗျူးမှ သိရှိခဲ့ရပါတယ်။

ယခု နုတ်ထွက်သွားသည် ပါတီဝင် အင်အား ၁ သောင်းကျော်နှင့်ပတ်သက်၍ ပါတီအတွက်ဘယ်လို တာဝန်တွေ ယူထားရပါတယ်၊ ပါတီအကျိုး ဘယ်လို သယ်ပိုးနေပါတယ်၊ ပါတီဝင်များရဲ့ ခံစားခွင့် လုပ်ခအနေနဲ့ မည်မျှ ရရှိထားပါတယ်ဆိုသည့် အချက်များအပြင်NLD ပါတီ၏ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ များပြားလှတဲ့ ပါတီဝင်များအနေဖြင့် ပါတီနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များနှင့် ခံစားခွင့်စသည်တို့အပေါ် အတွေးနယ်ချဲ့မိ ပါတယ်။

Friday, March 8, 2013

ထုတ်ပယ်မှုက NLD ပြိုကွဲရေး လမ်းစလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများကို ပြုလုပ်မှုကြောင့်ဟု ဆိုကာ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံတက်ခွင့် ရပ်ဆိုင်း အရေးယူမှုသည် ပါတီပြိုကွဲရေးကို အားပေးရာရောက်ကြောင်း ပါတီနာယက ဦးဝင်းတင်က ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေးကော်မရှင်က အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှု ပြုလုပ်သည်ဟု ခိုင်မာသော အထောက်အထားများ ရရှိထားသဖြင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ဖြစ်ကြသော လမ်းမတော်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ ဦးသန့်ဇင်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်၊ စစ်ကိုင်း ကောလင်းမြို့နယ် ဥက္ကဋ္ဌ ဒေါ်မိမိကြီးတို့ကို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းသည်ဟု မတ်လ ၅ ရက်နေ့တွင် တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့သည်။
 

Thursday, March 7, 2013

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံရမှုအပေါ် ဦးခင်မောင်ရှိန် ပြန်လည်ရှင်းလင်း


 
NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရမှုနှင့် စပ်လျဉ်း၍ ရပ်စဲခံရသူ တစ်ဦးဖြစ်သူ ဦးခင်မောင်ရှိန်က ရန်ကုန်မြို့တွင် မတ် ၆ ရက်က ပြန်လည်ရှင်းလင်းခဲ့သည်။ဦးခင်မောင်ရှိန်က ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်၏ စွပ်စွဲမှုများမှာ မှန်ကန်မှုမရှိကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသဖြင့် ဦးခင်မောင်ရှိန် အပါအ၀င် ကိုယ်စားလှယ်လေးဦးအား နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း NLD ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က မတ် ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 

အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများပြုလုပ်သော သူများအား NLD ပါတီ ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆဲ


Saturday, February 23, 2013

တောင်ကြီး NLD ညီလာခံမှာ စာအုပ်ရောင်းတဲ့ ဖြစ်စဉ် ရဲ့ တရားခံ ခင်ဥမ္မာဟု NLD ပါတီဝင်များပြော

တောင်ကြီးမြို့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှမ်းပြည်နယ် ညီလာခံတွင် မိတ္တူ ကူး ထားသည့် စာပေခွင့်ပြုချက် မရှိသော ဆင်ဆာမဲ့ စာအုပ်များကို NLD ပါတီ ရုံးချုပ်ကို အသိပေးခြင်း မရှိဘဲ ရောင်းချသွားကြောင်း ဧရာဝတီ ဘလော့တွင် ဖေါ်ပြခဲ့ပါသည်။
အဆိုပါ စာအုပ်များသည် ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက်လုပ်နေသော အစိုးရ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအပေါ် စာဖတ်သူများမှ အထင်အမြင် လွဲမှားစေရန် အ တွက် ပြည်ပနိုင်ငံများ၏ ထောက်ပံကြေးငွေနှင့် ရပ်တည်နေရသော NDD အဖွဲ့နှင့်တပ်မတော် မှ ရာ ဇ၀ တ်မှြု့ ဖင့် ထွက်ပြေး တိမ်းရှောင်နေသာ သူများ ပူးပေါင်း ရေးသားထားသော စာအုပ်များဖြစ်ကြောင်း သိ ရ သည်။
 

NLD ပါတီ သည် မွတ်ပါတီ ဖြစ်နေပြီလို့ ဆရာတော် အရှင် ၀ီရသူ ပြောပြီ

 
ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ် လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။

အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။
 

Monday, February 11, 2013

NLD ပါတီဝင်များ သည် အလိုလိုက် အကြိုက်ဆောင် ခိုင်းတာလုပ် အရည်အချင်း မရှိသောသူများသာ ဖြစ်ကြောင်း ဦးဝင်းတင် မှ သွယ်ဝိုက်၍ ပြော

ဟံသာဝတီ ဦးဝင်းတင် က ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနား တွင် "ကျနော်တို့  ပါတီမှာလုပ်တယ် ဆိုတာ နွားလိုလုပ် တယ်၊ နွား လို ပဲ နောက်ေ နပြီးေ တာ့ ဖြောင့်ဖြောင့် လိုက်တယ်၊ ဒါ ကျနော်တို့ စိတ်ကူးပဲ၊သို့သော် ကျနော်တို့ ဟာ နွား မဟုတ် ဘူး၊ နွားလို ကျင့်ဖို့မလိုဘူး " ဟု ဦးဝင်းတင် ကဆိုသည်။

အဆိုပါ စကားအရ NLD ပါတီဝင်များ သည် ဒေါ်စု၏ စကား ကိုသာ နားထောင်ပြီး ခိုင်းတာသာ လုပ် တ တ်ေ သာ ၊ မည့်သည့် အကြံဥာဏ် ခံယူချက် စဉ်းစားတတ်သော ဦးနှောက် မရှိသော၊ အလိုလိုက် အကြို က်ေ ဆာင် ခိုင်းတာလုပ် အရည်အချင်း မရှိသောသူများ ဖြစ်ကြောင်း သွယ်ဝိုက်၍ ပြော သကဲ့ သို့ ဖြစ်နို င်ပြီး နောက်တစ်ချက် မှာ ဒေါ်စု၏ ငါတကောကော လုပ်ဆောင်မှူများ ကို အမြင်မကြည် လင်တော့ေ သာေ ကြာင့်  ငေါ့တော့တော့ ပြောခြင်းလား ဟု သုံးသပ် ရပါ သည် ။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ခေါင်းစဉ်တပ် ကျင်းပသော NLD ၏ ကရင် အမျိုးသား ယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲ


( ၆၆ ) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်နှင့် တိုင်းဒေသကြီး ကရင် အမျိုးသား ယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲ အား ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်း တော်ဝင်နှင်းဆီ စားသောက် ဆိုင် တွင်ကျင်းပခဲ့ကြောင်း သိရှိရသည် ။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ခေါင်းစဉ်တပ် ကျင်းပေ သာ် လည်း မည်သည့်အတွက်ကြောင့် ကျန် တိုင်းရင်းသား ရိုးရာ အက များ ထည့်သွင်း ယှဉ်ပြိုင်ခြင်း မရှိသ န ည်းဟု မေးမြန်းရာ အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးမှ အမေစု ၏ စီစဉ်မှုအ ရ ဖြစ်ပေါ် လာေ သာ ပွဲ ဖြစ်ကြောင်း နှင့် အချိန်မရသောကြောင့် ဖြစ်နိုင်ပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားသွားကြောင်း သိရှိရသည်။

Tuesday, February 5, 2013

ဒေါ်အောင်ဆန်းစုကြည်၏ စကားအတွက် မြန်မာလူမျိုးများ ဂျပန်လူငယ် အား တောင်းပန်


ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ အပေါ် ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိ ရှင်ကြား ပြန်တောင်း ပန်သင့် တယ် လို့ ပြောခဲ့ တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် လေးစားမြတ်နိုး ပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ် ချုပ်ေ အာင်ဆန်းတဦးတည်း တည်ထောင်ခဲ့တာမဟုတ်ဘဲ  မြန်မာမျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူ ညီ နဲ့ တည်ထောင်ခဲ့တာပါ တဲ့။

Monday, February 4, 2013

ဂျပန် တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလားဟု youtube တွင် ဗီဒီယိုဖိုင် တင်၍ မေးခဲ့သည့် ဂျပန်လူငယ်



ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည် က ယူဂျိရို တာနိယာမ။သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေး ပညာသင်ယူ နေကတည်း က ဒေါ်အောင် ဆန်းစုကြည် ကို ဒီမိုကရေစီ ခေါင်းဆောင် တယောက် အနေနဲ့ လေးစား အားကျတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတခု မေးချင်လို့ ဒီ Youtube ဗီဒီယိုကို လုပ်ပါသတဲ့။

စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက - ဒေါ်အောင်ဆန်းစုကြ ည်ေ တာင် ကို ရီး ယား ရောက် တုန်း က ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံ အပေါ် ကျူး လွန်ခဲ့ တဲ့ နှိ ပ်စ က် ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန် သင့်တယ်လို့ ပြောခဲ့ တယ် လို့ေ တာင် ကိုရီးယား သတင်းစာက သတင်း ရေးပါတယ်တဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့ ပါသလား တဲ့။ ဒီလိုတ ကယ် ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက် မိပါ တယ် တဲ့။

ဒုတိယ ကမ္ဘာစစ် အတွင်း ပြုလုပ်ခဲ့သည့် အမှား အယွင်း များအတွက် ဂျပန် နောင်တ ရရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား တွင် ပြောကြား


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အစိုးရသည် ဒုတိယကမ္ဘာစစ်အတွင်း ၎င်း၏အိမ်နီးချင်းနိုင်ငံများအား ကျူး ကျော်သိမ်းပိုက်စဉ် ပြုလုပ်ခဲ့သည့် အမှားအယွင်းများ အတွက် နောင် တ ရရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

Friday, February 1, 2013

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ


ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြ ည် သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Thursday, January 31, 2013

Eleven ဂျာနယ်က တိုက်ခိုက်လိုက်ပြီ ဖြစ်တဲ့ မေဇင်အေး (ခေါ်) ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်


Eleven ဂျာနယ်တွင်ရေးသားထားသည့်အကြောင်းကို ဖော်ပြရမည်ဆိုလျှင်-

ဒီမိုဖက်တီးရဲ့ အကောင့်ခွဲေ တွကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာေ ငွပေး သွ င်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ေ ကြာင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှု များ ပြု လုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊

သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမို ဖက် တီးအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်း အ ထန် ပြု လုပ် လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည် ကို လေ့ လာေ တွ့ ရှိရကြောင်း၊

Tuesday, January 29, 2013

မနောဖြူလူလှ ဒီမိုကရေစီဘုရင်မ ၏ ပါတီ အကွဲအပြဲများ စုစည်းမှု



NLD ပါတီ သည် လက်ရှိအချိန်တွင်  အာဏာရှင် စနစ် ကျင့် သုံးနေ ခြင်း ၊ ဒီမိုကရေစီ ပါတီ အမည်ခံ ထားသော်လည်း ဒီမိုကရေစီ နည်းလမ်းမကျ သော ရွေးကောက် တင်မြောက်မှုများ ရှိနေ ခြင်း ၊ ပါတီ ခေါင်းဆောင် ၏ နည်းလမ်း မကျသော အပြောအဆိုနှင့် ထိန်းသိမ်း ကွပ်ကဲနိုင်မှု စွမ်းရည် ( အုပ်ချု့ပ်မှု စွမ်းရည် ) ညံ့ဖျင်း ခြင်း ၊ ဘာသာရေး ခုတုံးလုပ်အသုံးချနေခြင်း ၊အမှန်တကယ် နှစ်ရှည်လများ ပါတီ အတွက် ဆိုးတူ ကောင်းဘက် ကိုယ်ကျိုးစွန့်လုပ်ကိုင် လာသော သူများထက် အသက် အရွယ် ငယ်ရွယ် သူ  များ သာ ပိုမိုနေရာ ရရှိလာခြင်း ၊ ပြည်သူ့ အတွက် ဟု အကြိမ်ကြိမ် ပြောဆို နေသော်လည်း လက်တွေ့ တွင် မိမိ တိုင်းရင်းသား ပြည်သူများ ဘက်မှ အမှန် တကယ် ရပ်တည်မှု မရှိကြော င်း တွေ့ရှိသိ မြင်လာကြခြင်း ၊ ငြိမ်းချမ်းရေး စကား အမြဲပြောသော်လည်း လက်ေ တွ့ ငြိမ်း ချမ်းရေး ဆောင်ရွက်နိုင်မှု မရှိသေး ကြောင်း ပါတီ ၀င်များ မှ သိမြင်လာကြခြင်း တို့ကြောင့် ပါတီ တွင်း အကွဲ အပြဲများ ၊ ဆန္ဒ ထုတ်ဖော်မှုများ ၊ ဆိုင်းဘတ် ဖြုတ်ချပွဲများ ဖြစ်ပေါ် လျက်ရှိနေေ ကြာင်း တွေ့ ရှိရ သဖြင့် တွေးတော ဆင်ခြင်နိုင်ရန် အလို့ငှာ စုစည်း တင်ပြ လိုက်ရပါသည်  .....

ဆက်သွားချင်သေးတယ် ဆိုရင်