Pages

Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

Friday, January 17, 2014

ပို့ဆောင် ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆပ် ကော်မတီ (Delivery Unit) သို့ မေးမြန်း အကြံပြု ချက်များ အပေါ် သက်ဆိုင်ရာ ဌာန များ ၏ ဆောင်ရွက် ချက်များ အား ထုတ်ပြန် ကြေညာ ခြင်း

ရန်ကုန် - မန္တလေး အမြန် လမ်းမ ပေါ်တွင် တိုးဂိတ်များ ရှိ ကတ္တားများ သည် ဂိတ်တစ်ခု နှင့် တစ်ခု တူညီမှု မရှိပါ သဖြင့် ကတ္တား ချိန်တွယ် ရာတွင် တစ်ဂိတ် တစ်မျိုး ဖြစ်နေ ကြောင်း၊ ယာဉ်များ သွားလာရာ ၌ ဒဏ်ကြေး ပေးဆောင် ရမှုများ ရှိနေ ပါသဖြင့် ဂိတ် အသီးသီး ရှိ ကတ္တားလမ်း ကို မှန်ကန် မှု ရှိစေရေး ဆောင်ရွက် ပေးပါရန် တင်ပြ ချက်နှင့် ပတ်သက် ၍ ရန်ကုန် - မန္တလေး (အမြန် လမ်း) လမ်းမကြီး ပေါ်ရှိ တိုးဂိတ် ကြီးများ တွင် တပ်ဆင် ထား သော ကတ္တားများ သည် အကျယ် ၁၂ ပေ၊ အလျား ၅၇ ပေ ရှည် ၍ တန်ချိန် ၁၀၀ အထိ ချိန်တွယ် နိုင်သော ကတ္တားကြီး များ ဖြစ်ကြောင်း၊ အမြန် လမ်း တွင် ကုန်တင် ယာဉ်များ ဖြတ်သန်း မောင်းနှင် ခွင့် မပြုဘဲ ကတ္တား ချိန်တွယ် ရသော ယာဉ်များ သည်လည်း ဆောက်လုပ် ရေး ဝန်ကြီး ဌာန မှ သီးခြား ခွင့် ပြု ရသည့် ဌာန ဆိုင်ရာ ယာဉ်များသာ ဖြစ်ပြီး တန်ပို ယာဉ်များ ဖြတ်သန်း ခွင့် မပြု သဖြင့် သတ်မှတ် တန်ချိန် အတိုင်း တင်ဆောင် ဖြတ်သန်း စေ လျက် ရှိကြောင်း၊ ကတ္တား ချိန်တွယ် သည့် ယာဉ်များ ကိုလည်း ခရီး အစ တိုးဂိတ် တွင်သာ တစ်ကြိမ် ချိန်တွယ် ပြီး လမ်း ခရီးဂိတ် များ သည် ခရီးအစ တွင် ချိန်တွယ် သော ဖြတ်ပိုင်း အတိုင်း စေလွှတ် ပေးလျက် ရှိပါကြောင်းနှင့် လက်ရှိ ကတ္တား များ သည် ကောင်းမွန် လျက် ရှိပါ ကြောင်း ဖြေကြား အပ်ပါ သည်။

ပို့ဆောင် ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆပ် ကော်မတီ

Thursday, January 16, 2014

အတုမရှိ သံဃာ့ ညီလာခံ ကြီး၏ သဘောထား ကြေညာချက် ၁၀ ချက်



မန္တလေး တွင် ပြုလုပ် သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက် မြန်မာ ပြည်) ဖွဲ့စည်း ခြင်း နှင့် သြ၀ါဒ ခံယူပွဲ အခမ်း အနား အတု မရှိ သံဃာ့ ညီလာခံကြီး တွင် အောက်ပါ သဘော ထား ကြေညာ ချက် ၁၀ ချက် ကို ထုတ်ပြန် ကြေညာ ခဲ့သည်။

၁။ မြန်မာ နိုင်ငံတော် နှင့် နိုင်ငံ သူ နိုင်ငံသား များ အကျိုး စီးပွား အတွက် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ ကို ဆက်လက် ကာကွယ် စောင့်ရှောက် ရန် တိုက်တွန်း သည်။

၂။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင် ရေးဆွဲရာ ၌ ပုဂ္ဂလ ဓိဌာန်နှင့် လက်တလော အခြေအနေ ကို မကြည့် ဘဲ နိုင်ငံ နှင့် နိုင်ငံသား များ ၏ ရှေရှည် အကျိုးစီးပွား ကိုသာ ကြည့်ရှု ဆောင်ရွက် ရန် တိုက်တွန်း သည်။

Tuesday, January 14, 2014

ဝင်ငွေခွန် ပေးဆောင် ရန် လိုအပ် သူများ အား အသိပေး

ဖော်ပြပါ ဝင်ငွေ ရရှိပါသော ပုဂ္ဂိုလ်များ သည် ဝင်ငွေ ခွန်ထမ်း ဆောင်ရန် လိုအပ် ပါကြောင်း အသိပေးအပ် ပါသည်။ အဆိုပါ ပုဂ္ဂိုလ် များမှာ -

(၁) လစာ ခေါင်းစဉ် တွင် အကျုံးဝင် သော လစာ၊ လုပ်ခ၊ နှစ်စဉ် ကြေး၊ ပင်စင်၊ ကရုဏာ ကြေး၊ လစာ လုပ်ခ အစား သို့မဟုတ် ယင်း တို့ အပြင် ထပ်ဆောင်း ရရှိ သည့် အခ ကြေးငွေ၊ ကော်မရှင် နှင့် အကျိုး ခံစားခွင့် တစ်နှစ် စုစုပေါင်း ဝင်ငွေ ၁၄၄ဝဝဝဝ ကျပ် အထက် ရရှိသူ၊
(၂) အသက် မွေးဝမ်း ကျောင်း ပညာ လုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ ပစ္စည်း နှင့် အခြားရ လမ်းများ မှ စုစုပေါင်း ဝင်ငွေ ကျပ် ၁၂ဝဝဝဝဝ အထက် ရရှိသူ၊
(၃) သမဝါယမ အသင်း၊ သမဝါယမ အသင်းစု၊ သမဝါယမ အသင်းစု ချုပ် သို့မဟုတ် ဗဟို သမဝါယမ အသင်း များ ဖြစ်ပါ က စုစုပေါင်း ဝင်ငွေ ကျပ် ၁၂ဝဝဝဝဝ အထက် ရရှိသူ
(၄) နှစ်တစ်နှစ် အတွင်း တစ်ခု သို့မဟုတ် တစ်ခု ထက် ပိုသည့် အခြေ ပစ္စည်း ကို ရောင်းချ ခြင်း၊ လဲလှယ်ခြင်း၊ အခြား တစ်နည်းနည်း ဖြင့် လွှဲပြောင်း ခြင်း ပြုလုပ် သည့် တန်ဖိုး သည် ကျပ် ၅ဝဝဝဝဝဝ ထက် ပို၍ မြတ်စွန်းငွေ ရရှိသူ ။

ကြေးမုံ သတင်းစာ

ကချင် ဒီမိုကရက်တစ် ပါတီ အား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုခြင်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
နေပြည်တော်
ကြေညာချက် အမှတ် ( ၃/၂၀၁၄ )
၁၃၇၅ ခုနှစ်၊ ပြာသို လဆန်း ၁၃ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်)

ကချင် ဒီမိုကရက်တစ် ပါတီ အား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုခြင်း

အမှတ် ၁၂၊ ၅ လွှာ (အေ)၊ မြ၀တီ လမ်း၊ မြေနီ ကုန်း (မြောက်) ရပ်ကွက်၊ စမ်းချောင်း မြို့နယ်၊ ရန်ကုန် တိုင်း ဒေသကြီး တွင် ပါတီ ရုံးချုပ် ဖွင့်လှစ် ထားရှိ သော ကချင် ဒီမိုကရက်တစ် ပါတီ အား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်နေ့ မှ စ၍ နိုင်ငံရေး ပါတီ များ မှတ်ပုံတင် ခြင်း ဥပဒေ ပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင် ခွင့် ပြုလိုက် ကြောင်း ကြေညာ အပ် ပါသည်။ ကချင် ဒီမိုကရက်တစ် ပါတီ ၏ မှတ်ပုံတင် အမှတ်မှာ (၇၂) ဖြစ်ပါ သည်။

အမိန့် အရ
( အောင်မြင့် )
အဖွဲ့ဝင်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

Sunday, March 17, 2013

နိင်ငံကူးလက်မှတ် လျှောက်ထားရာ တွင် ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် မလိုတော့

လက်ပံတောင်းတောင် ကြေနီ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်အား အပြည့်အဝ ထောက်ခံကြောင်း မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူမှ ထုတ်ပြန်

ရက်စွဲ။ ။ ၁၃၇၄-ခု၊ တပေါင်းလ္ဆန်း(၅)ရက် (၁၆-၃-၂၀၁၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်၊ ကြေနီစီမံကိန်းနှင့် ပတ်သက် ၍၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏၊ (၁၂-၃-၂၀၁၃-)ရက်စွဲပါ အပြီးသတ်အစီရင်ခံစာကို အပြည့်အဝထောက်ခံကြောင်း သဘောထားကြေညာချက်ကို အတိအလင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဦးပဉ္စင်းဝီရသူသည် ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့၊ (မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့ အပါအဝင် ရွာသူ(၁၂)ယောက် အဖမ်းခံရသည့်နေ့) ဆည်တည်းကျေးရွာတွင် “ပြည်သူပျော်သော အသုဘ”တရား ကို ဟောကြားသည့် အချိန်မှ စ၍၊ ၂၀၁၂-ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ (သပိတ်စခန်း ဖြိုခွင်းခံရ၍ သံဃာတော်များနှင့် ရွာသူရွာသားများ ဒဏ်ရာရသည့်နေ့)အလည်၊ ယခု နောက်ဆုံးအချိန်ထိ လက် ပံတောင်းနေတောင်အရေးတွင် ကိုယ်အားဉာဏ်အား ငွေအားနှင့် သံဃာအင်အားပါမကျန် စိတ်အားထက် သန်စွာ ပါဝင်ကူညီဆောင်ရွက်နေသူ ဖြစ်ပါသည်။

ထိုသို့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရသည်မှာ ရွာသူရွာသားတို့ နစ်နာဆုံးရှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၊ သာသနိကအဆောက်အဦးတို့ ပျက် စီးပျောက် ကွယ်မှုများ၊ တိုင်းဒေသ ကြီးအစိုးရ၏ အကိုင်အတွယ်ညံ့ဖျင်းမှုများကို မခံမရပ်နိုင်ဖြစ်၍ ဆန္ဒပြပြည် သူများနှင့်အတူ ပါဝင်ကူညီဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။

၁၂-၃-၂၀၁၃-ရက်နေ့၌ ထုတ်ပြန်သော စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရွာသူရွာသား တို့ နစ်နာဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းပေးထားသည်ကို လည်းကောင်း၊ သဘာဝပတ် ဝန်းကျင် မထိခိုက်စေရန် ကာကွယ်ပေးထားသည် ကိုလည်းကောင်း၊ နိုင်ငံတကာ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ကို လမ်းဖွင့်ပေးထားသည်ကိုလည်ကောင်း၊ နိုင်ငံတော်ဘဏ္ဍာ တိုက်ထဲသို့ ငွေကြေး အမြောက် အများ ရောက်ရှိစေရန် စီမံပေးထားသည်ကိုလည်းကောင်း၊ သာသနိကအဆောက် အဦးများ၊ ပျက်စီးမှုမရှိစေရန် စောင့်ရှောက်ပေးထားသည်ကိုလည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းဝေးစေရန် စီစဉ်ပေးထားသည်ကိုလည်းကောင်း၊ တောင်သူလယ်သမားများ၏ အခြားလိုအပ်ချက်ကို ကိုယ်အား ဉာဏ်အားရှိသမျှ ကူညီဖြည့်စွက်ထားသည်ကိုလည်းကောင်း၊ မီးခိုးဗုံး(သို့)မီးလောင်ဗုံး အသုံးပြုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ပေးထား သည်ကိုလည်းကောင်း၊ တွေ့ရှိရသောကြောင့် ဤအပြီးသတ်အစီရင်ခံစာသည် အလုံးစုံပြည့်စုံသော အစီရင်ခံစာဖြစ်သည်ဟု ရှုမြင်ပါသည်။

(က) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းတွင် ပါဝင်သော ကျေးရွာပေါင်း(၂၆)ရွာရှိ ရွာသူရွာသားများအနေဖြင့် မိမိတို့နစ်နာဆုံးရှုံးခဲ့ရသည်များ အပြည့်အဝရရှိရေး၊ သဘာဝပတ်ဝန်းကျင် လုံးဝမထိခိုက်ရေး၊ သာသနိကအဆောက် အဦးများ အဓွန့်ရှည်တည်တံ့ရေး၊ အလုပ်အကိုင် အခွင့်လမ်း အပြည့်အဝ ရရှိရေး၊ ပြည်သူ့ဘဏ္ဍာတိုက်ထဲသို့ ငွေအလုံးအရင်း ရောက်ရှိစေရေး၊ လူ့အခွင့်ရေး ချိုးဖောက်သည့် တရားခံများ၊ မီးခိုးဗုံး(သို့)မီးလောင်ဗုံး အသုံးပြုရာတွင် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူရေးတို့ကို ရဲဝံ့ပြတ်သားစွာ တောင်းဆိုရမည် ဖြစ်ပါသည်။ ထိုသို့ တောင်းဆိုရာတွင် အကောင်အထည် ဖော်ဆောင်ရေးကော်မတီက အပြည့်အဝ လိုက်လျောခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိမှသာလျှင် ဆန္ဒထုတ်ဖော်သင့် သည်ဟု ရှုမြင်ပါသည်။

(ခ) ၁၃-၃-၂၀၁၃-ရက်နေ့နှင့် ၁၄-၃-၂၀၁၃-နေ့များတွင် ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကန့်ကွက် သူများ ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံသူများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။ ထိုသို့ ကိုယ့်အလိုဆန္ဒတစ်ခုတည်းဖြင့် လူထုခေါင်းဆောင်ကို ကန့်ကွက်ဆန့်ကျင် နေခြင်းသည် အနာဂတ် နိုင်ငံ့ရေးရာများတွင် ဦးဆောင်ဖြေရှင်းပေးမည့် လူထုကိုယ်စားပြု   နိုင်ငံ့ခေါင်းဆောင် များ ပေါ်ပေါက် မလာနိုင်အောင် ပိတ်ဆို့တားမြစ်ရာ ရောက်ပါသည်။

(ဂ) ထို့အပြင် ဝမ်ပေါင်ကုမ္ပဏီလုံးဝ ရပ်ဆိုင်းရေးကို တောင်းဆိုနေကြခြင်းဖြင့် အနာဂတ်ဒီမိုကရေ စီ နိုင်ငံတော်ကြီး တွင် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသလို နိုင်ငံတကာ စီးပွားရေးကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံမှုများကို နှောက်ယှက်ဟန့်တားရာ ရောက်ပါသည်။ ထို့ကြောင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဆင်းရဲစေရန် တမင်ရည်ရွယ်ချက် ရှိရှိဖြင့် ပြုမူနေသည်များနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောက်ယှက် နေခြင်းများကို ယခု ချက်ချင်း ရပ်ဆိုင်းပေးပါရန် တိကျပြတ်သားစွာ တောင်းဆိုလိုက်သည်။

(ဃ) ရွာသူရွာသားများ အနေဖြင့် ကြိုးကိုင်သူလူတစ်စု၏ စကားကို နားယောင်ပြီး တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးမှုများ ဆက်လက်လုပ်ကိုင်နေပါက မိမိတို့လိုအင် ဆန္ဒနှင့် ဆန့်ကျင်ဘက် အနိဋ္ဌာရုံကိုသာ ရရှိခံစားရမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(င) အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေဖြင့် စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အ စီရင်ခံစာပါ အကြံပြုချက်များကို တစ်ပြားသားမှ မလျော့စေဘဲ အပြည့်အဝလိုက်နာ ဖော်ဆောင်ပေးရန်နှင့် ရွာသူရွာသားများ အမြင်ရှင်းစေရေး အတွက် ပြန်ကြားရေးဌာန တစ်ခုဖွင့်ပြီး နေ့စဉ်ဆောင်ရွက်ချက်များ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တရားဝင်ချပြကာ ထင်သာမြင်သာရှိအောင် ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ထုတ်ပြန်ကြေညာအပ် ပါသည်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
မစိုးရိမ်တိုက်သစ်
ဓမ္မသဟာယကျောင်းနာယက
မဟာအောင်မြေမြို့နယ်
မန္တလေး။
၁၆-၃-၂၀၁၃

Friday, February 8, 2013

သူရသတ္တိ ရဲဝံ့ထူးချွန်ပြောင်မြောက်သည့် အတွက် သမ္မတ၏ ဆုတံဆိပ် ချီးမြင့်ခြင်း ခံရသည့် တပ်မတော်သားများ စာရင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၃
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)
နိုင်ငံတော်သမ္မတက အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်
ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို အပ်နှင်းလိုက်သည်
သူရဘွဲ့

၁။ ကြည်း ၅၇၉၇၉ ဗိုလ် ကျော်ဇေယျ အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂။ ကြည်း ၅၇၅၁၆ ဗိုလ် သန့်ဇင်ဦး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၃။အမှတ် ၅ဝ၉၅၆၉ တပ်ကြပ်ကြီး သန်းနွဲ့ အမှတ် (၇၇)ခြေလျင်တပ်ရင်း

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်



တပ်မတော် ဂုဏ်ဆောင် စွမ်းရည်ဘွဲ့ရ OTS ကျောင်းဆင်း အရာရှိများ


*** ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၁၁၃) မှ ကျောင်းဆင်း ညီအစ်ကိုတစ်ဦးဖြစ်သော ကြည်း - ၅၇၉၇၉ ဗိုလ်ကျော်ဇေယျ ၏ ရဲစွမ်းသတ္တိအတွက် နိုင်ငံတော်သမ္မတက ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် “သူရ” ဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းသည့်အတွက် လှိုက်လှဲစွာဖြင့် လေးစားဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

Monday, February 4, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ကေအိုင်အို တို့၏ ပူးတွဲ ကြေညာချက်



ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ သည့် ပြည်ေ ထာင်စုငြိမ်း ချမ်းရေး ကော်မတီနှင့် ကေအိုင်အို၊ ကေအိုင်အေ တို့မှ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာ ချက်တွင် အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံမှ သံအမတ်ကြီး ၊ ကေအန်ယူ ဥက္ကဌ၊ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး၊ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေနှင့် အခြားသက်သေ တစ်ဦးတို့ တက်ရောက်ကြကြောင်း ဖော်ပြထားပြီး တပ်မတော်အရာရှိကြီး တစ်ဦးမှ မဖော်ပြထားသည် ကိုေ တွ့ရသည်။

Friday, February 1, 2013

ကေအိုင်အိုမှ 1.2.2013 ရက်စွဲဖြင့် ကြေငြာ ချက် တစ်ခုထုတ်ပြန်



တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ အစိုးရမှ ၄င်းတို့အား တစ်ဖက်သတ် အပြစ်ပုံချထားကြောင်း၊ ဂွမ်မော် မလာသဖြင့် စစ်ရေးအရ တိုက်ပွဲများ ရပ်ဆိုင်းရန် ဆွေးနွေးမှု မဖြစ်ခဲ့သည်ကို ယခင်ဆွေးနွေးပွဲများ တက် ထားကြောင်း၊ ကေအိုင်အိုမှ နိုင်ငံတကာသို့ အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း စသည့် အ ချက် များကို ဖော်ပြပြီး ကေအိုင်အိုမှ 1.2.2013 ရက်စွဲဖြင့် ကြေငြာ ချက် တစ်ခု ထုတ်ခဲ့သည်။

Wednesday, January 30, 2013

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်


ရခိုင်ကမ်းလွန်မှ ဂက်စ်နှင့် ရေနံစိမ်းများကို မေလ ၁ ရက်နေ့တွင် တရုတ်ပြည်သို့ စတင်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေ သည့်အပေါ် မြန်မာ- တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ မှ ဂက်စ် ပိုက်လိုင်းဖြတ် သန်းသည့် မြို့ရွာမှ ဒေသခံများထံမှ စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် ကန့်ကွက် မည်ဟု ဆိုသည်။
 

Saturday, January 19, 2013

တပ်မတော်နှင့် လူထုပေါင်းပြီး၊ KIO / KIA ကို အပြီးသတ် ချေမှုန်းကြမည်ဟု ဆိုသည့် ရှမ်းမျိုးနွယ် တို့၏ ကြေညာချက်


၁။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုး (၁၀၀) ကျော်ဖြင့် ဖွဲ့စည်း ထား သည့် နိုင်ငံဖြစ်ပါသည်။

၂။ အလားတူ ကချင်ပြည်နယ် သည်လည်း ကချင်လူမျိုး တစ်မျိုးတည်း နေထိုင်သည် မဟုတ်ပဲ၊ ရှမ်းမျိုးနွ ယ် စုများ အပါအဝင် တိုင်းရင်းသား လူမျိုး အများအပြား အတူတကွ ပူးပေါင်း နေထိုင်လျက် ရှိပါသည်။

တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေသည့် KIO မှ မြန်မာ့ တပ်မတော်အနေဖြင့် စစ်လှုပ်ရှားမှုများ ရပ်ဆိုင်းရာတွင် ကချင် ဒေသအနှံ့ဖြစ် သင့်ကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်



KIO မှ ထုတ်ပြန်ကြေညာချက် တစ်ရပ်ကို ဇန်န၀ါရီ ၁၉ နေ့စွဲဖြင့်ထုတ်ပြန်လိုက်ရာ မြန်မာ့ တပ်မတော်အေ နဖြင့် စစ်လှုပ်ရှားမှုများ ကိုရပ်ဆိုင်းသည် ဆိုရာတွင် လဂျားယန် တွင်သာမက ကချင် ဒေသ အနှံ့ဖြစ် သင့်ေ ကြာင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့၏ သတင်း ထုတ်ပြန် ချက် မှ တဆင့် ရှေ့အလားလာ ကောင်းများ ဖော်ဆောင် သွား နိုင်မည်ဟု မျှော်လင့်ကြောင်း စသည့်အချက်များ ပါရှိသည်။

Popular Myanmar News Journal

ဆက်သွားချင်သေးတယ် ဆိုရင်