Pages

Tuesday, September 17, 2013

ပြည်တွင်း ကား ဈေးကွက် ကျဈေး ဖြင့် ငြိမ်



ပြည်တွင်း မော်တော် ယာဉ် ဈေးကွက် အတွင်း ရောင်းလို သည့် ယာဉ်များ နေ၍ အရောင်း အဝယ် အေးပြီး ကျဈေး ဖြင့် ငြိမ်သက် လျက် ရှိကြောင်း ရန်ကုန် မော်တော်ယာဉ် ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

“ဝယ်လိုအား နဲ့ ရောင်းလို အားက မမျှဘူး ဖြစ်နေ တာ။ နောက်ဆို ကားဈေး က ကျဖို့ပဲ များတယ်” ဟု ဟံသာဝတီ ယာဉ် ရောင်းဝယ်ရေး စခန်း မှ ဝယ်ရောင်း ဦးကျော်စိုး က ပြောဆို သည်။ ပြည်တွင်း မော်တော် ယာဉ် လိုအပ်ချက် လျော့ကျ လာခြင်းနှင့် လမ်းကျပ်ခြင်း မှာလည်း ကားဈေးကွက် အေး နေသည့် အကြောင်း အရင်း တစ်စိတ် တစ်ပိုင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “(ကျပ်) သိန်း တစ်ရာ အောက် ကားတွေ ဆို မဝယ်ရဲ ဘူး။ ပြန်ရောင်း မရ ဖြစ်ပြီး အရှုံး ပေါ်လို့။ အရာင်း အဝယ် ကတော့ ကားမျိုးစုံ ကို အေးနေ တာ” ဟု သီရိ မင်္ဂလာ ယာဉ် ရောင်းဝယ် ရေး စခန်းမှ ဝယ်ရောင်း ဦးဇော်ဇော် က ပြောကြားသည်။


လတ် တလော မော်တော် ယာဉ် ဈေးကွက် အတွင်း လင်ခရူဇာ၊ လပ်ဇပ် ( ၂၀၀၇ မော်ဒယ်လ် ) တစ်စီး လျှင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင် ခန့်၊ တိုယိုတာ ဘယ်တာ၊ ဘစ်၊ ဟွန်ဒါဖစ်နှင့် ကိုရိုလာ ( ၁၉၉၉ မော်ဒယ်လ် ) တစ်စီးလျှင် ကျပ် သိန်း တစ်ရာ ဝန်းကျင် ခန့်၊ GE-6 ( ၉ဃ မှ 5F ) ယာဉ်များ မှာ ကျပ် ၁၁၅ သိန်း ခန့်၊ အပ်ဘဆန့် ( UG seletion ၂၀၁၁−၂၀၁၂ မော်ဒယ် ) ယာဉ်များ မှာ ကျပ်သိန်း ၂၃၀ ဝန်းကျင် ခန့် ပေါက်ဈေး ရှိကြောင်း ပြည်တွင်း မော်တော် ယာဉ် ဈေးကွက် အတွင်း မှ သိရသည်။

The Voice Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်