Pages

Monday, March 18, 2013

ကျွန်တော်ပြော ပြချင်ပါသည် ( ၄ )

 
လစာ ၂၀၀၀၀ တိုးတဲ့ကိစ္စ မှာ ကွန်မန့် တစ်ခုကြောင့် ဒါလေး ကို ရေး ဖြစ်တယ်ဗျာ ။ လူငယ် တွေကြားထဲမှာ မကောင်းမြင် စိတ်တွေ ကြီး စိုးနေကြတဲ့ အတွက် စိတ် မကောင်းလဲ  ဖြစ်မိတယ်။ လူတယောက် အတွက် တော့ ၂၀၀၀၀ ဘာလုပ်လို့ရမှာလဲ တဲ့ ။ ဟုတ်ကဲ့ပါ ။ကျွန်တော်တို့ နိုင်ငံမှာ စစ်ဘက် နယ်ဘက် ၀န်ထမ်းဦးရေ ၁.၃ သန်းခန့် ရှိပါတယ်။ တယောက် ၂၀၀၀၀ နှန်းနဲ့ မြောက်ကြည့်ပေါ့ဗျာ ။  လက် ရှိ သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက် မှာ လစာ တိုးတာ ၃ ကြိမ် ရှိပါပီ။ ပထမ တကြိမ် လစာ အနေနဲ့ ၂၀၀၀၀ တိုးပေးပါတယ်။ ဒုတိယ အကြိမ် ရှားပါးစရီတ် အနေနဲ့ ၃၀၀၀၀ ထပ်တိုး ပေးပါတယ်။ ယခု တတိယ အကြိမ် ၂၀၀၀၀ ထပ်တိုးပေးပါတယ်။ ပြောရရင်တော့ သမ္မတ သက်တမ်း တစ်ခု အတွင်းမှာ အစိုးရ သက်တမ်း တစ်ခု အတွင်းမှာ ဒီလောက်ထိ ၀န်ထမ်းတစ်ဦးကို အသားတင် တိုးပေးငွေ ( ၇၀၀၀၀ ) တိုးပေးထားတာ ဖြစ်ပါတယ်။ ခုနပြောတဲ့ စစ်ဘက်နယ် ဘက် ၀န်ထမ်းအင်အား ၁.၃ သန်း နဲ့ ၇၀၀၀၀ မြောက်ကြည့် လိုက်ပေါ့ဗျာ ။ အသားတင် တိုးပေးတာနဲ့ တင် တလကို လစာ ဘယ်လောက်တောင်မှ အစိုးရက တိုးပေးခဲ့ တဲ့ ငွေ အမောင့် လဲ ဆိုတာ။ လက်ရှိ အစိုးရနဲ့ သမ္မတကြီးရဲ့ စေတနာနဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်ဆောင်နေမှုတွေ ထဲ က တခု နေနဲ့ အနည်းဆုံးတော့ အကောင်းမြင်လေးနဲ့ ကြည့်စေချင်ပါတယ်။
 

ကုလကန့်သတ်မှု ရုတ်သိမ်းပေးဖို့ သမ္မတဦးသိန်းစိန်တောင်းဆို

 

မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ကန့်သတ်မှုတွေကိုရုတ်သိမ်းပေး ဖို့အတွက် သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေစဉ် အတွင်း တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။သြစတြေးလျနိုင်ငံကိုလည်း ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကန့်သတ်မှုတွေကို ရုတ်သိမ်းပေးဖို့ အတွက် ကုလသမဂ္ဂကို တိုက်တွန်းပေးဖို့ လည်းပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ သြစတြေးလျနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံရေး အတွက် မြန်မာနိုင်ငံ ထဲ ကို သြစတြေးလျ စစ်သံမှူးထားရှိဖို့ အစီအစဉ်ရှိကြောင်း ဝန်ကြီးချုပ် ဂျူလီယာဂေးလ်လဒ်က သတင်းစာ ရှင်းလင်း ပွဲပြုလုပ်စဉ် အတွင်း သတင်းထောက်တွေ ရဲ့ မေးမြန်း ချက်ကို ဖြေကြားစဉ် ပြောသွားခဲ့ပါတယ်။

တရားမဝင် စားသောက်ကုန်အများစုမှာ ထိုင်းနိုင်ငံမှ တင်သွင်း

 
 
ကျန်းမာရေး အစားအေသာက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန လက်မှတ်မပါဘဲ နယ်စပ်ကတဆင့် ၀င်ရောက်နေ တဲ့ စားသောက်ကုန်တွေ အများစုဟာ ထိုင်းနိုင်ငံထဲက ဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက သိရပါတယ်။

စီးပွားကူးသန်းဝန်ကြီးရုံးညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက “ဖမ်းမိတဲ့ ကိန်းဂဏန်းတွေအရပြန်ကြည့်ရင်တော့ အဲဒါက ရာခိုင်နှုန်းအများကြီးတော့ မဟုတ်ပါဘူး။ ဖမ်းမိတဲ့ အသား၊ ငါး ဆိုတာထက် FDA အသိအမှတ်ပြု လက်မှတ်မပါတဲ့ စားသောက်ကုန်ပစ္စည်းတွေဆိုရင် ပိုကောင်းမယ်ထင် တယ်။ FDA အသိအမှတ်ပြု လက်မှတ် မပါဘဲ တရားမ၀င်သွင်းလာတဲ့ စားသောက်ကုန်တွေထဲမှာ ဆီလိုဟာမျိုးတွေ၊ အသားအစိုလိုဟာ မျိုးတွေ နဲ့ ခေါက်ဆွဲခြောက်၊ မုန့်အခြောက်လို တာရှည်ခံလုပ်ထားတဲ့ စားသောက်ကုန်တွေ ဒီလို ၃ မျိုးတော့ ကွဲနေတယ်။ အဓိကအေနနဲ့ ထိုင်းနိုင်ငံက ၀င်နေတာများတယ်။ တရုတ်ဘက်ကလည်း အထက်မြန်မာပြည် လမ်းကြောင်းအနေနဲ့ ၀င်နေတာ ရှိတယ်။ ကိန်းဂဏန်းအနေနဲ့ ထိုင်းနယ်စပ် မြ၀တီလမ်းကြောင်းဘက်က ပိုများတယ်” လို့ ပြောပါတယ်။
 

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

 
အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကိုဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။

အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံ ခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေ ရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင်အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံကလပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။
 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေအပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေးမည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများ ပြောကြား

Weeklyeleven-1-march17
 
ဒေါ်အောင်ဆန်းစုကြည်အား ဆည်တည်းရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ဒေသခံများနှင့်အတူ မတ် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟိန်းမင်းထက်(မုံရွာ))

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေအပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေးမည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း ဧရိယာသည် ၇၈၆၇ဒ သ မ ၇၈ ဧကရှိပြီး အဆိုပါ စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာလေးရွာဖြစ်သော ၀က်မှေး၊ ကံတော၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ အိမ်ခြေ ၄၀၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
 

အစိုးရ၊ သမ္မတကြီး နှင့် တပ်မတော်ကို တိုက်ခိုက် အပုပ်ချမှုများ ပြုလုပ်နေသော်လည်း အရေးယူ မခံရသေးသည့် The Ladies ၈ျာနယ် အယ်ဒီတာ အကြောင်း

ခွန်ဒီးယမ်း (ခေါ်) ဒီမိုဖက်တီး...... ကျွန်တော် တတ်နိုင်သလောက် မရေးပါဘူး..... သူ့ရဲ့ ဒုက္ခိတ ဘ၀ကို စာ နာ တာရယ်၊ တစ်ချိန်မှာတော့ ပြောင်းလဲလာမယ်လို့ ယူဆပြီး ရှောင်ခဲ့တယ်.... ဒါပေမယ့် တဖြည်ြး ဖည်းနဲ့ ကျွန်တော့်ကို ဘိုင်နိမ်းတတ်ပြီး အညှိုးအတေးကြီးစွာနဲ့ မဟုတ်တာတွေ ရေးတာ များလာတဲ့ အတွက် တစ်ခုခုတော့ တုံ့ပြန်သင့်တယ်လို့ မြင်မိတဲ့အတွက် ဒီစာကို ရေးဖြစ်တာပါ.....
တကယ်တော့ ဒီမိုဖက်တီးဆိုတာ ဘယ်သူလည်း အထူးအထွေ ပြောစရာမရှိပါဘူး.... လူအများ သိပီး သားဖြစ်တဲ့ မေဇင်အေးပါပဲ...... သူ့ရဲ့ အညှိုးအတေးကြီးမှုက အခုမှ မဟုတ်ပါဘူး.... အရင်ကတည်း ကပါပဲ .... သူ့ရဲ့ M3WI ကုမ္ပဏီ ကြေငြာကိစ္စနဲ့ ပါတ်သက်ပြီး Weekly Eleven အုပ်စုနဲ့ အကြီးအကျယ် ငြိခဲ့ ပါတယ်..... အဲ့ဒိအတွက် အခွင့်သာတိုင်းမှာ ဒီမိုဖက်တီးအကောင့်နဲ့ ကြုံရင်ကြုံသလို အညှိုးတကြီး တိုက် ခိုက်လေ့ ရှိပါတယ်..... ဒီအတွက်လည်း Eleven က ဆတ်ဆတ်ထိမခံတဲ့ အယ်ဒီတာ ဝေဖြိုးနဲ့ တွေ့ ချိန်မှာ ဝေဖြိုးက ဒီမိုဖက်တီးကို တရားစွဲမယ်လို့ ကြေငြာပီးတဲ့နောက်ပိုင်းမှာ တော်တော်လေး ငြိမ်သွား ခဲ့ပါတယ်....

လက်ပံတောင်းတောင် သပိတ်စခန်းများ ပြန်လည် ရုပ်သိမ်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေနီစီမံကိန်း အတွင်းရှိ သပိတ်စခန်းများကို ပြန်လည် ရုပ်သိမ်း သွားပြီ ဖြစ်သည်။ (16.3.2013)လိပ်ခွံတောင်နှင့် အင်ကြင်းတောင် သပိတ်စခန်းနှစ်ခုကို ယမန်နေ့ ည-( 7း00 ) နာရီခန့်တွင် ပြည်လည် ရုပ်သိမ်းသွား ကြကြောင်း၊ ယင်းစခန်း နှစ်ခုကို မိုးကြိုးပြင်ရွာသူ၊ ရွာသားများက နေရာယူ တပ်စွဲထားခဲ့ကြခြင်း ဖြစ်ကြောင်း၊ တုံရွာ သပိတ် စခန်းကို ယနေ့(17.3.2013) ညနေ(4း00) နာရီခန့်တွင် ရုပ်သိမ်းသွားကြကြောင်း၊ ယင်းသပိတ်စခန်းကို ဆည်တည်းရွာနှင့် တုံရွာတို့မှ ရွာသူရွာသားများက တပ်စွဲထားခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။

ဒေသခံများနှင့်သာ အဆက်အသွယ်ရပြီး ပြန်လည်ရုပ်သိမ်းရာရွာများနှင့် အဆက်အသွယ်မရ၍ ရွာသူရွာ သားတို့ သဘောထားနှင့် ရည်ရွယ်ချက်ကို မသိရသေးပေ။ ဒေါ်အောင် ဆန်းစု ကြည် ၏ စေတ နာမေတ္တာကို နားလည်ခံစားမိသွား၍လော၊ အစီရင်ခံစား၏ အနက် အဓိပ္ပါယ်ကို အလေးအနက် သိရှိသွား ၍လော၊ မဆိုသာသော်လည်း အပြု သဘောဆောင်သော ရုပ်သိမ်းခြင်းမျိုး ဖြစ်ပါက သာဓု ခေါ်ရ မည် ဖြစ် သည်။ ကောင်းချီး သြဘာ ပေးရမည်ဖြစ်သည်။

ရှေးခါသော်က၊ သီဟနွားလား၊ နှစ်ကောင်ကြားဝယ်၊
တောသားဒုစရိုက်၊ မြေခွေးမိုက်က၊ ရန်တိုက်သောအခါ၊
ခြင်္သေ့နွားတို့၊ ခိုက်ပွားရန်ဖြစ်၊ ဖြစ်၍မကြာ၊ သေကြစွာ၏။ (မဃဒေ၀)

သန္ဓိဘေဒ ဇာတ်တော်လာ နောက်ကွယ်ကကြိုး။
မြေခွေးဆိုးမျိုးနှင့် အစဉ်ထာဝရ ကင်းဝေးကြပါစေ။
Wira Thu

ဆက်သွားချင်သေးတယ် ဆိုရင်