Pages

Wednesday, January 30, 2013

အမှားက အမှန်ဖြစ်ပြီး အမှန်ကအမှား ဖြစ်နေ ပါတယ် သမ္မတကြီး ခင်ဗျား


ဝန်ထမ်း မှာ မှ အစိုးရ ၀န်ထမ်း ၊အစိုးရ၀န်ထမ်းမှာမှ အောက်ခြေ၀န်ထမ်း များ ၏ ဒုက္ခ များ ဖြစ်ပါသည်။ ၀န်ထမ်းများလဘ် စားပါက လဘ်စား သဖြင့် အရေးယူ ပါသည်။ အမှန် မှာ ၀န်ထမ်းများလဘ်စားအောင် တိုက်တွန်း သူများမှာ မိမိ၏အထက်လူကြီးများသာလျှင် ဖြစ်သည်မှာ သွယ်ဝိုက်သောအားဖြင့် မှန်ကန် ပါသည်။

အဘယ့်ကြောင့်ဆိုသော် …

ဌာနအချို့ ၏၀န်ထမ်းများမှာ တာဝန်ထမ်းဆောင်ရာတွင် မိမိစရိတ် ဖြင့်အကုန်အကျခံကာ တာဝန်ထမ်းေ ဆာင်ေ နရပါသည် ။ မှန်ကန်သန့်ရှင်းသော ၀န်ထမ်းတွင် လစာ သာခံစားခွင့် ရှိပါသည်။ထို လစာ ထဲမှာ ထို စ ရိ တ် များကျခံကုန်ကျနေသောအခါ မိမိ ၏လစာဆိုသည် မှာ ဘာမှမကျန်ပါ ။ ၀န်ထမ်းသည် တိုင်းပြည် ကို ချစ် သည်ဆိုသော် လည်း အငတ် ခံ ကာမချစ်နိုင်ပါ ။

ထိုအခါ ထို ၀န်ထမ်းများမှာ လဘ်စားရပါသည်။ လဘ်မစားပါက မိမိကိုယ်တိုင် ထမင်းငတ်ယုံမက မိမိ မိသားစုပါ ငတ်မည့်အပြင်မိမိအထက်လူကြီး များကို မကန်တော့နိုင်ပါ ။သူများ ကန်တော့သလို မကန်တော့နိုင် လျှင် ချောင်အကျဆုံးနေရာ ၊ အလုပ်အများဆုံးနေရာ ၊ သူများမသွားချင်သည့်နေရာ များကို သွားရပါသည် ။ ထိုအခါမျိုးတွင် ခံစားရသည်မှာ အောက်ခြေ ၀န်ထမ်းသာဖြစ်ပါသည် ။

ဥပမာ ။ ။ သစ်တောဌာန တစ်ခု၇ှိ ၀န်ထမ်း တစ်ယောက် သည် တာဝန်အရ တရားမ၀င်သစ်များ ဖမ်းဆီးမိ ပါကဖမ်းဆီးရရှိသော သစ် ကို သက်ဆိုင်ရာ နေရာ သို့ သယ်ဆောင် ရန် အတွက် သယ်ယူစရိတ် များကို မိမိ စရိတ်ဖြင့်သာလျှင် သယ်ဆောင်ရသည်။ သစ်တစ်လုံးကို လူ ခုနှစ်ယောက်လောက် မ ရပါသည် ။ ကားပေါ် တင် ၊ချရန် လူ ငှားရပါသည် ။သယ်ယူရန် ကားငှားခမှာ 50000 ကျပ် အနည်းဆုံးရှိပါသည်။ သစ်တစိခါဖမ်းမိလို့  တခါသယ် ယူလျှင် ပင် ကားခ ၊ကားဆီဖြည့် ၊အလုပ်သမား ခ ပေါင်းလိုက်လျှင် 1သိန်း ခန့် ကုန်ပါသည်။သစ်တစ်ခါဖမ်းမိယုံဖြင့် ၀န်ထမ်းလစာ ပြုတ်သွားပါပြီ ။တစ်ခါတစ်လေ တစ်လ ထဲနှင့် 2 ခါ ၊3 ခါ ဖမ်းဆီးမိသည့် အခါ ဒီဝန် ထမ်း မည် သည့် ငွေဖြင့် သယ်ယူရမည်နည်း ။မသယ် ပါက လည်း ၄င်း ဖမ်းဆီးသစ်ထဲမှ သစ်တစ်လုံးပျောက် ပါက ထိုဝန်ထမ်း ထောင်ကျ ပါအုံးမည် ။ ၀န်ထမ်းများ လဘ်စား သည် မှာ ထို အချက်အလက်များက ၀န်ထမ်း များ လဘ်စားခြင်းကို တွန်းပို့ နေခြင်း ဖြစ်ပါသည်။

ရဲဌာ န အနေဖြင့်လည်း အမှု့ တစ်ခု ဖြစ်မှာကို ရဲဝန်ထမ်းများ ကြောက်ပါသည် ။အဘယ့်ကြောင့် ဆိုသော် ရဲကားဆိုသည် မှာ မြို့ လိုနေရာမျိုးတွင်သာရှိပါသည်။အမှု့ တစ်ခု ဖြစ်လို့ ထို အမှု့ သည် အမှု့ ကြီးဖြစ်ပါက သက်ဆိုင်ရာ နယ်မြေ သို့ အဆင့်ဆင့် တင်ရပါသည် ။ထို အမှု့ ဖြစ်ပါက ပြစ်မှု့ ကျူးလွန်သူ ကို သက်ဆိုင်ရာ မြို့ နယ် ၊ခရိုင်၊တိုင်း သို့ ပို့ ရာတွင် ဖမ်းဆီ ရသူရဲဝန်ထမ်းမှ မိမိ ဆိုင်ကယ် မိမိဘာသာ ဆီဖြည့် ပြီးသော် ၄င်း ၊ ပြစ်မှု့ ကျူးလွန်သူ ၏ကိစ္စ အ၀၀ ကုန်ကျစရိတ်ကို သော် ၄င်း ၀န်ထမ်းမှ ခံရပါသည် ။ပြစ်မှု့ ကျူးလွန်သူ လွတ်သွားလျှင် ထောင်ကျ အလုပ်ပြုတ်သည်မှာ ၀န်ထမ်းပင် လျှင် ဖြစ် ပါ သည် ။မဖမ်း ဆီး လျှင် လည်း မိမိ အပြစ်သာလျှင် ဖြစ်ပါသည်။ အမှု့ တစ်ခုဖြစ်လျှင် ရဲဝန်ထမ်း ၏ လစာ ပြုတ် ပါသည် ။

နောက်တစ်ခုက မှန်သူက မှားနေပြီး မှားသူကမှန်နေ ခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ -

ဥပမာ အနေဖြင့် သစ်တောဌာန အနေဖြင့် ဥပမာပြ ချင်ပါတယ် ။ဌာန မှ နယ်မြေခံဝန်ထမ်းသို့  အပင်စိုက်ရန် ငွေကျပ် 100 ဖိုးချပေးသည် ဆိုပါစို့ ။ထို ငွေကျပ် 100 မှာ တာဝန်ယူစိုက်ရသော ၀န်ထမ်း ထံသို့ အပြည့် မရောက်ပါ ။တာဝန်သာလျှင် အပြည့်ရောက်ပါသည်။ ထို 100 ကျပ် ထဲမှာမှ ညွန်မှူး 20 ကျပ် ၊ရုံးစရိတ် 15ကျပ် ၊ ဦးစီး 5 ကျပ် ဖြတ်ပါသည် ။ ဖြတ်ပြီး ငွေ 40 ကျပ် သာလျှင် အမှန်တစ်ကယ် စိုက်မည့် ၀န်ထမ်းလက်သို့ ရောက်ရှိပါသည်။သို့ သော် ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးသည့် အခါ ငွေကျပ် 100 ရေးထားပါသည် ။ကျန် ငွေ 40 ကျပ် လျှော့ မှန်းသိသော် လည်း ပြောခွင့် မရှိပါ ။ဒါပေမယ့် တာဝန်ကတော့ 100 ကျပ် အပြည့် ယူရပါသည်။စိုက်ပျိုးသည့် အပင် 100 ကျပ်ဖိုးချပေးပြီးလာစစ်သည့် အခါ 100 ကျပ်ဖိုးမရှိပါက ၀န်ထမ်းတာဝန်သာ ဖြစ်ပါသည် ။

ဆေးရုံအနေဖြင့်လည်း ထိုနည်းအတိုင်းသာပင် ဖြစ်ပါသည် ။ဥပမာ အားဆေး အလုံး 100 ထိုဆေးရုံအတွက် ပို့ လိုက်သော်လည်း လက်ခံရရျိသည်မှာ အလုံး 60 သာဖြစ်ပေသည်။စာရင်းတွင်လည်း 100 လုံးဖြစ်ပြီး ပါကင် ပိတ်များဖြစ်နေသော်လည်း 60 သာရရှိပါသည် ။အဆင့်အဆင့် ဖြတ်ယူပြိးမှသာ အမှန်တစ်ကယ် တာဝန်ယူ သူလက်သို့ ရောက်ရှိခြင်းဖြစ်ပါသသည် ။ဆေးအလုံး 100 မှာ 60 သာ ရပါသည် ဟု မည်သူ့ ကို သွားပြောရမည်နည်း ။ပြောသောသူသည်လည်း မိမိ သေတွင်း မိမိ တူးသလို ဖြစ်ပေလိမ့်မည် ။ထို့ ကြောင့် အမှန်တစ်ကယ် 60ဖိုးလုပ်ထားသော ၀န်ထမ်းသည် မှားနေပြီး 40 ဖိုးယူထားသော သူများမှာ မှန်နေပါသည် ။ထို ကိစ္စများကိုသက်ဆိုင်ရာမှ ပြေလည်အောင် ဖြေရှင်းမပေး ပါက လဘ်စားခြင်း ကိုတိုက်ဖျက်ခြင်း သည် မအောင်မြင်နိုင်သည့် အပြင် ၀န်ထမ်းများကို သတ်ခြင်း နှင့် သာတူပါသည် ။အမှန် ကို အမှန်သာ ဖြစ်စေချင်ပါသည် ခင်ဗျား ..........



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်