Pages

Friday, April 19, 2013

OIC ကိုယ်စားလှယ် လာရောက်ဆွေးနွေးမှာကို လက်မခံ


မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ OIC ခေါ် အစ္စ လာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံး ကို အကြောင်း ကြားထားတဲ့ကိစ္စကို မကွေးတိုင်းမြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံ ဃာတော်တွေက ကန့်ကွက်ေ ကြာ င်း သ မ္မတရုံးကို စာပေးပို့လိုက်ပါတယ်။

ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း စတဲ့ မြို့နယ် ၈ မြို့ နယ်က သံဃာထုတွေ စုပေါင်းပြီး အဲဒီလို တညီတညွှတ်ထဲ ကန့်ကွက်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ် ရှင်မတောင်ဆရာတော် ဦးကဝိန္ဒော ဘာသက မိန့်ကြားပါတယ်။

အခုလို ကန့်ကွက်ရတာဟာလည်း အစိုးရက ပြည်သူ့ဆန္ဒလေးစားပြီး တရားသဖြင့် စီမံကွပ် ကဲဆောင် ရွက် မယ်ဆိုရင် ဘယ်အဖွဲ့အစည်းမှ လာစရာမလိုပဲ ငြိမ်းချမ်းလာလိမ့်မယ်လို့ ယူဆ တာကြောင့် ဖြစ်တယ်လို့ ရှင်မတောင်ဆရာတော်က မိန့်ကြားပါတယ်။

တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးမှာ မြန်မာနိုင်ငံ မိတ္ထီလာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံ ကို လာရောက် ခွင့်ပြုပါ လို့ မြန်မာအစိုးရကို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

www.mmdailystar.com

ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင် လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်
 
ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်။ လက်ခံသော သူမည် မျှ ရှိသည် ကို Like & Share ဖြင့် ဆုံးဖြတ် မည် ဆို လျှင် ရခိုင်လူမျိုးများ နှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသာများ မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဤကဲ့သို့ Like & Share ကို သော်မှ လုပ်ရန်ဝန်လေး ကြလျှင် သင် သည် မည်သို့သော မျိုးချစ် ပုဂ္ဂနည်း ဆိုသည်ကို အဖြေ ထုတ်နိုင်ပေပြီ ..

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကို မှ ပြော လို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင် ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့်ေ ဒါက် တာအေးချမ်းက ပြောသည်။

ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ် ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင် ရှင်း လင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်း အတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ် သို့ ရောက် ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။

"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။

 

ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူး သီးေ တာင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသ တင်း စာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင် ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘော ပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာ သည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာေ အး ချမ်း က ဆက်ပြောပါသည်။

"ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။

ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင် "ဒီလိုမျိုးပွဲ မျိုး များများလုပ်ပေးမှ သမိုင်းအမှန်ကို ကိုယ့်ရခိုင်လူမျိုးတွေလည်း သိမယ်။ ကျန်တဲ့ တိုင်းရင်း သားေ တွလည်း သိမယ်။ ကျွန်တော့်ကို မေးပါတယ်။ ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို ပိုကြီးစေ ချင်လို့လားတဲ့။ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုး လုပ်တဲ့အတွက် ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော် မွတ်စလင် လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊ သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။ သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကို ထင်နေတာ။ အဲဒီမှာ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ သမိုင်းအထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့က ဧည့်သည်လိုနေရင် ငါတို့က အိမ်ရှင်လို မနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့က မှားနေတာ။ အဲတော့ ဒီလိုနားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း ပြောကြားသွားသည်။


ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့

မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။

ဖြေ - Primary Source ပါ။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။

ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ်ပါတယ်။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။

ဖြေ - အာနန္ဒာ့ဆန္ဒ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ စကားဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ သက္ကတဘာသာစကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ တူတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။

မေး - မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီခေတ်သုံး စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။

ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့ ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက် ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။ ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။

မေး - ၁၇၉၉ ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။
ဖြေ - အဲဒီမေးခွန်းဟာ နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့ ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန်ရေးထားတယ်။ ဒီလူတွေ မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာ ပါလဲ။ ပြောနိုင်တဲ့သူ အခုထပြောပါ။ ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။

မေး - ဖရန်စစ်ဘူချနန်သည် ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။

ဖြေ - ရိုဟင်ဂျာဆိုတဲ့ စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။ ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။ ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့ လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကား နဲ့ ပြောတယ်။ သူတို့ နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော် ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့ ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ မလိမ်ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။

မေး - ၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊ ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။

ဖြေ - သိတာပေါ့။ ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။ ဂျက်လိုင်ဒါက ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။ ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။

မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။

ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။

မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။

ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။

မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။

ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။ ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက် နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက် ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။ အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ။


မွတ်ဆလင်များအတွက် အလွန် အင်မတန် ဝမ်းနည်းကြောင်း ဒေါ်စု ပြောကြားသော်လည် ၊ မူဆလင်တို့၏ ရက်ရက်စက်စက် သက်ဖြက်ခြင်း ခံရသော ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ် အသတ်ခံရမှု အတွက် ဝမ်းနည်းကြောင်း မပြောခဲ့

မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာ ကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြ ပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက် သွားအောင် ဖန်တီးနေတာက တကယ် စိတ်မ ကောင်း စရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်း စရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မ တို့အနေနဲ့ ဒီအရေး အရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့ လာရ ပါလိမ့်မယ် ”။

http://www.rfa.org/english/news/burma/muslim-04172013204636.html


Suu Kyi 'Very Sad' Over Muslim Plight in Burma
 

Opposition leader Aung San Suu Kyi expressed sadness Wednesday that some of Burma's Muslim leaders whom she met recently felt as if they did not belong to the country.

In rare comments on sectarian violence at a news conference during her Japan visit, she said Buddhist-majority Burma must learn to accommodate divergent views and that the minority Muslim community must be made to feel secure.

"I've met some Muslim leaders very recently," she said of her talks last week with representatives from the country’s leading Islamic groups following deadly March violence between Muslims and Buddhists in central Burma.

"It is very sad, because none of them has been to any other country apart from Burma. They did not feel that they belonged anywhere and it was sad for them that they were made to feel that they didn't belong in our country either," Aung San Suu Kyi said.

"This is a very sad state of affairs. We must learn to accommodate those with different views from ours."

Speaking separately Wednesday to students at Tokyo University, Aung San Suu Kyi said she was "not a magician" to make deep-rooted ethnic disputes disappear instantly, in an apparent reference to criticism from rights and other groups against her for being largely silent over the communal clashes and minority rights.

At least 43 people were reported dead and thousands, mostly Muslims, driven from their homes and businesses in the latest violence in central Burma.

"They wanted me to talk about how to make these communal differences disappear ... I'm not a magician. If I were, I'd say 'disappear' and they would all disappear. Differences take a long time to sort out," she said, according to Reuters news agency.

Citizenship

She also said that the government of President Thein Sein should review Burma's citizenship laws, although she again failed to directly answer a question on whether she considered the Muslim Rohingyas, who had lived for generations in the country, to be citizens.

Burma, she said, is entitled to abide by its own laws, such as its citizenship law, but it also has to assess those laws to ensure they comply with international standards.

"This is what the Burmese government should do, to face the issue of citizenship fairly," she was quoted saying by the Associated Press.

"I have said that any violation of human rights and any acts of violence are inimical to a united and peaceful society and I stand by that," said Suu Kyi, a Nobel laureate who was locked up for 15 years by Burma's former military junta.

Last year, clashes between Muslim Rohingyas and Buddhist Rakhines occurred twice in Burma's Rakhine state, leaving at least 180 dead and tens of thousands homeless. Rights groups said Rohingyas bore the brunt of the violence.

Around 800,000 Muslim Rohingyas live in Rakhine state but most of them, according to rights groups, have been denied citizenship as they are considered by most Burmese and the government to be illegal immigrants from neighboring Bangladesh.

The stateless Rohingyas have been described by the U.N. as one of the world's most persecuted minorities.

Aung San Suu Kyi defended her conciliatory political style, saying her focus was on building a more unified society rather than making headlines, Agence France-Presse reported.

She said she has been addressing the plight of minority groups albeit in ways that people may consider "boring."

"In fact, I have been speaking all the time about ethnic nationalities. But the point was that my statements were not colorful enough to please everybody," she told the press conference.

The recent violence in central Burma has been linked to radical monks and triggered international concerns. Rights groups accused the security forces of standing by while the attacks, which appeared to be well organized, took place.


တမူးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား


သဘာဝ ဘေး အန္တရာယ်ကြောင့် မကွေးတွင် ပျက်စီးမှုများဖြစ်

၁၆-၄-၂၀၁၃ ရက်နေ့ ၁၆၄၅ အချိန်မှ ၁၇၁၅ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းရပ်ကွက်ရှိ တောင်ခမောက်အပေါ် ဘုန်းကြီးကျောင်း ရှိ ၁၂ ပေသွပ်(၇၆)ချပ်ခန့် လေလွင့်ပျက်စီးခဲ့ပြီး သုံးဆယ်ခြောက်ကျေးရွာရှိ အမှတ်(၃၅) အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ၄ ခန်းတွဲကျောင်းေ ဆာင် သစ်မှ ၁၂ ပေ သွပ်(၁၂၀)ချပ်၊ ၈ ပေသွပ်(၅)ချပ်၊ ပေါင်း(၁၂၅)ချပ်နှင့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ ၃ ခန်း တွဲကျောင်းေ ဆာင်ေ ဟာင်းမှ ၁၂ ပေသွပ်(၇၅)ချပ်တို့ လည်း လေလွင့် ပျက်စီး ခဲ့သောကြောင့် တန် ဖိုးငွေ ကျပ်(၂၄) သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တွင်းကုန်းရပ်နေ ဦးဇော်ခင်၏ (၃x၄)ပင် ထရံကာ၊ ကြမ်းခင်း၊ သွပ်မိုး ၁ ထပ်နေအိမ်မှ ၈ ပေ သွပ်(၂၀)ချပ်လေလွင့်ခဲ့သဖြင့် တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)၊ ဦးမြ၀င်း၏ လူမနေသည့် (၃x၄)ပင် သက်္ကယ်မိုး၊ ထရံကာ နေအိမ်မှာလဲပြိုပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်(၅၀၀၀၀၀ိ/-)ခန့်၊ ၁၅၃၀ အချိန်ကလည်း ချော က်မြို့ နယ်၊ နရွဲတောရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မူလတန်းဆောင် အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ၊ ၈ ပေသွပ် (၉၆)ချပ်၊ (၃x၁)လက်မ သစ်သားချောင်း ၁၈ ပေ(၁၁)ချောင်း၊ (၄x၁) လက်မ ၁၈ ပေ ၁ ချောင်း၊ တန်ဘိုးငွေကျပ်(၂၅၀၀၀၀ိ/-)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးဌာနတို့မှ ပူးပေါင်းဆောင်ရွက် ကူညီပေးလျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ ယင်းနေ့ ၁၅၂၀ အချိန်မှ ၁၅၃၀ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အရှေ့တောင်ဘက်၊ ဖောင်းလင်းအရှေ့ရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်းလူနေတဲ ၂ လုံး၊ (၃x၃)ပင်သက်္ကယ်မိုး၊ ထရံကာ မြေစိုက်တဲ လူနေအိမ် ၂ လုံး၊ ပေါက်လေးပင်ကျေးရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်း လူနေတဲ ၂ လုံး၊ ခြောက်ပင် ကျွန်း ကျေးရွာ တွင် (၃x၃)သက်္ကယ်မိုး၊ ထရံကာကြမ်းခင်း လူနေတဲ ၁ လုံး၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၃x၃)ပင် သက်္ကယ်မိုး၊ ထရံကာမြေစိုက်တဲ ၂ လုံး၊ စုစုပေါင်းလူနေအိမ် ၉လုံးပြိုလဲခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် လမ်းပန်းဆက် သွယ်ေ ရးပြတ်ေ တာက်မှု မရှိ ကြောင်း၊ လေဘေးသင့်ပြည်သူ အိမ်ထောင်စု ၉ စု၊ လူဦးရေ ကျား ၂၁ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း ၃၈ ဦး တို့အား ၎င်းင်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် နေရာချထားပေးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဆက်သွားချင်သေးတယ် ဆိုရင်