(က)
အစိုးရကလည်း ပြောချင်တာလေးရှိရင် ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
မြန်မာ့တပ်မတော်ကလည်း လိုချင်တာလေးတွေကို ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
နိုင်ငံရေးသမားတွေကလည်း ကိုယ်ပြောချင်တာတွေကို ဟိုတစ်စဒီတစ်စ ထုတ်နုတ်ကိုးကားပြောကြတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
လမ်းဘေးကကောင်ကလည်း သူသောက်တလွဲလုပ်သမျှ အမှန်ဖြစ်ကြောင်း အကိုးအကားလေးနဲ့ ပြောရှာတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
အခုနောက်ဆုံး... စတုတ္ထမဏ္ဍိုင်ဆိုတာကြီးတွေကပါ ကျန်တဲ့မဏ္ဍိုင်တွေကို
တစ်ခုခုဝေဖန်ချင်ရင် ထုတ်နုတ်ကိုးကားလေးနဲ့ သာသာနဲ့နာနာ နှက်ကြတယ်...
ဒါပေမယ့် အပြည့်အစုံတော့ မပြောကြဘူး။
ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်တော့လည်း အကိုးကားခံရပြန်တာပဲ...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
...............................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
.......................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
...............................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
တောက်... တော်သေးတာပေါ့ကွာ...
ငါတို့ဗိုလ်ချုပ်၊ ငါတို့အောင်ဆန်း၊ ငါတို့တေဇ၊ ငါတို့ထိန်လင်း အသက် ၃၂
နှစ်မှာ သေသွားရှာလို့။ အခုခေတ်လူတွေ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက်
ဗိုလ်ချုပ် ပြောခဲ့တဲ့စကား ကိုးကားလိုက်ပုံများ ဘုရားရှင် ဟောပြောခဲ့တဲ့
တရားဓမ္မတွေကိုတောင် ဘေးဖယ်ထားတဲ့အထိ။ မသိရင် အောင်ဆန်းဆိုတဲ့ လူကပဲ
ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး အမျိုးမျိုး ပြောခဲ့သလို ဖြစ်ဦးမယ်။
ကျွန်တော်တို့ ငယ်ငယ်က သင်္ချာတွက်တာကို ပြန်သတိရမိတယ်။ မေးထားတဲ့သင်္ချာပုစ္ဆာက
အဖြေဘယ်လောက်ဆိုတာ သိနေတဲ့ အချိန်မျိုးပေါ့။ လူတိုင်း မဟုတ်ပေမယ့်
ကျွန်တော့်လိုမျိုး အချို့အချို့သော လူလည်ကျောင်းသားများက သင်္ချာကို
ပြောင်းပြန်တွက်ကြတယ်။ သူ့အဆင့်နဲ့သူ အဆင့်ဆင့် တွက်လာလို့ရှိရင်
သိနေတဲ့အဖြေ မရမှာစိုးတဲ့အတွက် သိထားတဲ့အဖြေကနေ နောက်ပြန်
ပြန်တွက်တာမျိုးပါ။ အကြောင်းတိုက်ဆိုင်တဲ့လူတွေ ကျွန်တော်ပြောချင်တာကို
နားလည်ပါလိမ့်မယ်။ အခုလည်း ကျွန်တော်ငယ်ငယ်ကလိုမျိုး လူစားတွေ
အများကြီးပါလားဆိုတာ တစ်နေ့တစ်ခြား သိလာရတယ်။ သွယ်ဝိုက်မပြောတော့ဘူး....
တဲ့ထိုးပြောမယ်။ ဗိုလ်ချုပ်က ဒီလိုပြောခဲ့လို့၊ ဒီလိုလမ်းညွှန်ခဲ့လို့
လုပ်နေကြတဲ့လူတွေ ရှိကောင်းရှိနိုင်တယ်... ဒါပေမယ့် သိပ်ရှားတယ်။
အားလုံးနီးပါးဟာ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ်ပြောတဲ့ဟာတွေကို
ပြန်ကိုးကားပြီး တရားခံရှာနေကြတယ်။ ဗိုလ်ချုပ်ပြောတဲ့အတိုင်း
လုပ်ကြတာမဟုတ်၊ ကိုယ်လုပ်ချင်တာကို ဗိုလ်ချုပ်စကားနဲ့ ကာဗာလုပ်ကြတာပါ။
မျက်နှာဘေးကဖြတ်သွားတဲ့ ခဲလုံးကိုမြင်ပြီး အား..... ဟု အော်မည့်သူများ၊
ဆွာရက်ဇ်ကဲ့သို့ အခြားကစားသမား၏ ခြေထောက်မြင်လိုက်ရုံနှင့် လဲကျမည့်သူများ၊
လက်နှင့်တောင် မတို့ရသေးဘဲ ဟီးခနဲ ငိုချင်နေသည့် ကလေးစိတ်မကုန်သေးသူများ
အားလုံးအားလုံး ပေါက်ကွဲနိုင်ကြပါပြီ။ ကျွန်တော်ရေးခဲ့သည်များကြောင့်
တည့်တည့်တကယ်ထိမှန်၍ နာသွားသောသူများကိုမူ အားနာပါကြောင်း ပြောပါရစေ။