Pages

Wednesday, January 30, 2013

KIA မှ ဆက်လက် ရပ်တည်နိုင်ရေးအတွက် တရုတ်-မြန်မာနယ်စမပ်ကို ခွပြီးနေရာ တပ်စခန်းချနေ

KIA ရဲ့စခန်းဖြစ်တဲ့ Hka Ya Bum တိုက်ပွဲမှာ KIA ရဲ့ ထိခိုက် ကျဆုံးမှု အနေနဲ့ အရာရှိနှစ်ဦး အပါအဝင် စစ်သည် ၃၀ ကျော် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။ ကျန် KIA စစ်သည်များမှာလဲ ကစဉ်ကလျား ထွက်ပြေးခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ KIA ဘက်က စစ်သည်များဟာ အတင်းအဓမ္မစုဆောင်းထားသော စစ်သည်များဖြစ်သောကြောင့် တိုက်ရည်ခိုက်ရည် မရှိကြောင်း၊ စခန်းကို ဆုပ်ခွာပါက သေဒဏ်ပေးမည်ဟု အမိန်ပေးထားသော်လည်း မရကြောင်းသိရသည်။ သိုသော် KIA ခေါ်င်းဆောင်များက အခွင့်သာပါက လူအင်အားပြန်လည်စုစည်းကာ ၄င်းတို့၏ သိက္ခာပြန်ဆယ် ရန်အတွက် တန်ပြန် တိုက်စစ်နှင့် လည်ကောင်း၊ ပျောက်ကြား စစ်နည်းဗျူဟာကို အသုံးပြုပြီး အမှဲ့ချွှေစ နစ်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင့် ကချင်ပြည်သူလူထုအားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 
ယခုအခါ KIA လက်ကျန် စခန်းများ အနေနဲ့ လိုင်စင်ဘုန် အပါအဝင် အမည်နာမ မပေးထားတဲ့ စခန်းများ ရှိသေးကြောင်း၊ စခန်းအများစုမှာ တရုတ်နယ်စပ်နှင့် ခွထိုင်ပြီးခြေကုတ်ယူထားကြောင့် တပ်မတော်မှ လက်နက်ကြီး များဖြင့် ပစ်ရင် တရုတ်နိုင်ငံနှင့် ပြဿနာ တက်လာအောင် စီစဉ်ထားကြောင်း သို့မှသာ အစိုးရတပ်မှ ဆက်လက် မတိုက်နိုင်တော့မှာဖြစ်ကြောင်း၊ သိရသည်။ သို့သော် ၂၈-၂၉ ရက်နေ့ နှစ်ရက်လုံးမှာတော့ ထူးခြား..စွာ စစ်မြေပြင်မှာ တိတ်ဆိတ် နေကြောင်း သတင်းများ ရရှိပါတယ်။ KIA မှ ၄င်းတို့ကျဆုံးသွားသော စခန်းများကို ပြန်လည်တိုက်ခိုက်ရန် လူအင်အားစုစည်းခြင်းပြုလုပ်နေပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မတိုင်ခင် ပြန်လည်တိုက်ခိုက်မည်းဟု သတင်းရရှိပါသည်။
Kachin Daily News
 
 

1 comment:

  1. ခုတော့လဲ လေအရမ်းကြီးတဲ့ ကေအိုင်အေ ခွေးပြေးနွားပြေး ပြေးနေရပါလား....

    ReplyDelete

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်