Pages

Showing posts with label ဆက်ကြေး ကောက်ခံမှုများ. Show all posts
Showing posts with label ဆက်ကြေး ကောက်ခံမှုများ. Show all posts

Tuesday, February 19, 2013

လမ်းများပေါ်တွင် အရပ်ဝတ်များဖြင့် KIA တပ်ဖွဲ့ဝင်များ ဆက်ကြေးတောင်းခံ

မိုးညှင်းမြို့နယ်၊ လုံးတုံ- ဟဲပန်- ဆယ်ဇင်း ကားလမ်းကြောင်း ပေါ်ရှိ မိုင်းပုတ် ကျေးရွာ အုပ်စု၊ သိန့်စန့် ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းရွှေ၏ နေအိမ် ဈေးဆိုင်တွင် မောင်းတံဝါးတန်းဖြင့် ၀င်/ ထွက် ဖြတ်သန်းသွားလာ နေသော ခရီးသည်တင် ယာဉ်နှင့် ကုန်တင်ယာဉ် များအား ခရီးသည်တင် ယာဉ် ၁ စီးလျှင် ငွေကျပ် ၂ သိန်း၊ ကုန်တင်ယာဉ် ၁ စီးလျှင် ငွေကျပ် ၅ သိန်းတို့အား ပွင့်လင်း ရာသီ ဖြတ်သန်းခ ခွန်အဖြစ် အရစ်ကျ စနစ်ဖြင့် ရပ်တန့် ပေးသွင်းခဲ့ကြ ရာမှ ၄င်းရက် နောက်ပိုင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ၄င်း မောင်းတံအား ဖြုတ်သိမ်း ထားရှိခဲ့ သော်လည်း ရံဖန်ရံခါ သိန့်စန့်ေ ကျး ရွာ တောင်ဘက် ၂ မိုင်ခန့် အကွာတွင် အရပ်ဝတ်ဖြင့် ယာဉ်ကြီး/ ယာဉ်ငယ်များ အား ငွေတောင်းခံမှုများ ရှိကြောင်း သိရှိရသည်။ အဆိုပါ ကားလမ်းကြောင်း တွင် ငွေတောင်းခံ သည့်အဖွဲ့မှာ KIA အကြမ်း ဖက် သောင်းကျန်းသူ အဖွဲ့မှ အရပ်သား အသွင်ယူထား သူ မဒန်လဂျာနှင့် အဖွဲ့ဝင် ၂ ဦးသည် သိန့် စန့် ကျေးရွာရှိ မူကြိုကျောင်း အနီးရှိ လူနေတဲ ၁ လုံးတွင် အရပ်ဝတ်ဖြင့် နေထိုင် အခြေပြု ငွေကောက်ခံ လျက် ရှိကြောင်း သတင်းရရှိပါသည်။

Singapore Feel

Tuesday, February 5, 2013

တပ်မတော်မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့  ပြည်သူ့စစ် ဆက်ကြေး ကောက်ခံသူ ၁ ဦးအား ဖမ်းဆီးရမိ


မိုးညှင်းမြို့၊ နမ့်မချီကျောက်မှော်တွင် လှုပ်ရှားလျက်ရှိသည့် ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ ၂ လက်အောက်ခံ အင်အား ၉၀ ဦး ခန့်သည် ဆဲလ်ဗင်းစတားကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့ပြီး တပ်ရင်း ၅ မှ ဗိုလ်မှူးအဆင့်ရှိ လဆန် ဦးစီး အင်အား ၆၀ ဦးခန့်သည် အရပ်ဝတ်များဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဒီပါမင်းကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဆုတ်ခွာ သွားခဲ့ကြောင်း ကိုနမ့်မချီကျေးရွာ သူကြီး ဦးလျှန်ပေါင် ကမြန်မာ့ မျိုးချစ်တပ်မ တော်အား သတင်းပေးပို့ ခဲ့သည်။
            

KIA ရင်း ၂၆ အဖွဲ့ သစ်စက်များမှ ဆေးဝါးနှင့် အခွန်များကောက်ခံ


KIA ရင်း ၂၆ မှအဖွဲ့သည် ယမန်နေ့က မိုးညှင်းမြို့နယ်အတွင်းရှိ၊ ညောင်ပင်ရွာနှင့်ပတ်ဝန်းကျင်မှာ ရှိသည့် သစ်စက်များသို့ရောက်ရှိလာပြီး သစ်စက်များမှ ဆေးဝါး ရိက္ခာများကို အကူအညီတောင်းခဲ့ကြောင်း သိရှိရသည်။ ၎င်းအနီးအနားပတ်ဝန်းကျင်တွင် သစ်စက် ၁၀လုံး ခန့ရှိကြောင်း၊ သစ်စက်ပိုင်ရှင်များထံမှ သစ်စက်တစ်လုံးလျှင် အရင်တုန်းက ၃သိန်းသာ ကောက်ခံခဲ့ပေမယ့် ယခုအချိန်မှာ လိုအပ်ချက်အရ ၁၀သိန်း နှင့် ဆေးဝါးရိက္ခာများကို ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။ ငွေများနှင့် ဆေးဝါရိက္ခာများကို ၆ရက်နေ့မှ ၁၀ရက် နေ့ အတါင်း အပြီး ပေးဆောင်ရမည်ဖြစ်ကြောင်း သစ်စက်ပိုင်ရှင် တစ်ဦးမှ   ပြောပြခဲ့ ပါသည်။
 

Monday, February 4, 2013

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မှော်များ တွင် ဆက်ကြေးငွေ များကောက်ခံ


ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နမ့်မချီ ကျောက်မှော်အတွင်း ရှိ ကျောက်စိမ်းကုမ္ပဏီ၊ ဒီပါ ကုမ္ပဏီ၊ ဆဲဗင်းစတားကုမ္ပဏီ၊ ဒိုင်းပင်ကြီးမှော်နှင့် စကောမှော် အတွင်း ပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး ၄င်းနေရာမှ ထုတ်နှုတ်အင်အား ၅ ဦးခန့်ဖြင့်ေ မှာ် သွားရာလမ်းကြောင်း တွင်း ဂိတ်စခန်းများအဖြစ် ထားရှိပြီး မှော် အတွင်းလုပ် ကိုင် သွားလာ သူများအား စစ်ဆေး လျက်ရှိကြောင်းသိရှိရသည်။ ထိုသို့စစ်ဆေးရာတွင် ကချင် လူမျိုးများ အား ကချင် ဘာသာဖြင့် လည်းကောင်း၊ ရှမ်းလူမျိုးများအား ရှမ်းဘာသာဖြင့်လည်းကောင်း စစ်ဆေးချက် ရှိ ပြီး ကေအိုင်အေ လက်အောက်ငယ်သားများက ၄င်းတို့ လိုအပ် သော ရိက္ခာ၊ ဆက်ေ ကြးေ ငွနှင့် ဆေးဝါးများအား မှာယူ လျက် ရှိကြောင်း သိရှိရသည်။
       

Friday, January 25, 2013

မောင်းတံနှင့် တရားဝင် ဆက်ကြေး ကောက်နေသော ကေအိုင်အေ


မိုးညှင်းမြို့နယ်၊ ဟဲပန့်-ဆယ်ဇင်း ကားလမ်းကြောင်း ပေါ်ရှိ မိုင်းပုတ်ကျေးရွာ အုပ်စု၊ တိန့်စန့်ကျေးရွာမှ ရာအိမ်မှူး ဦးဝင်းရွှေ၏ ဈေးဆိုင် ရှေ့၌ ၀င်/ထွက် ဖြတ်သန်း သွားလာလျက် ရှိသည့် ယာဉ်ကြီး/ယာဉ်ငယ် များအား မောင်းတံဖြင့် လမ်းဖြတ်သန်းခ အခွန်ငွေ အဖြစ် ယာဉ်ကြီး ၁၂ ဘီးယာဉ်တစ်စီးလျှင် ငွေကျပ် ၁၀ သိန်း၊ ကုန်တင်ယာဉ် ၁၀/၆ ဘီးယာဉ် တစ်စီးလျှင် ငွေကျပ် ၅ သိန်း၊ လူစီးယာဉ်ငယ် တစ်စီးလျှင် ငွေကျပ် ၂ သိန်းတို့အား ပွင့်လင်းရာသီ လမ်းအသုံးပြုခအဖြစ် အရစ်ကျစနစ်ဖြင့် ရပ်တန့်ပေး သွင်း နေရကြောင်း သိရှိရသည်။
      

Wednesday, January 23, 2013

ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူများ ရဲ့ တိုက်နယ်ရုံးရံပုံငွေ ရှာပုံတော်



ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ ဌာနချုပ်မှ တပ်ရင်း ၅ လက်အောက်ခံနှင့် ဂျာနောင် အဖွဲ့ဝင် ၅ ဦးတို့သည် ဇန်န၀ါရီလ ၂၁ ရက်ေ န့ က လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ စီသော်ကျေးရွာအတွင်းရှိ တရားမ၀င်သစ် လုပ်ကိုင်သူ ၁၁ ဦး ထံမှ တ စ်ဦး ချင်း ငွေငါးသောင်းကျပ်အား တိုက်နယ်ရုံးရံပုံငွေဟု ပြောဆိုတောင်းခံကာ လမိုင်း ယန် တိုက် နယ် ရုံး ဘက်သို့ တောလမ်းကြောင်းအတိုင်း ပြန်သွားကြောင်းသိရှိရသည်။ ကေအိုင်အေတို့သည် စစ်ရေး အရ အရေးနိမ့်ပြီး ပြိုကွဲနေသဖြင့် အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်ခြင်း၊ အရပ်သား များ အား နှိပ်စက်ခြင်း အကြောင်းတရားများဖြင့် နယ်မြေစိုးမိုးနိုင်အောင် လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရ သည်။

Tuesday, January 22, 2013

မံကင်း ကျေးရွာနေ ဒေသခံ ပြည်သူများ အား KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ က ဆက်ကြေးကောက်


KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့  တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ မှ ဗိုလ်ကြီးအင်ဘန်ဂေါင် အင်အား (၁၆) ဦးဖြင့် ဆင်ဘိုမြို့နယ်ခွဲ မံကင်းကျေးရွာ အနီးတွင်ဇန်နဝါရီလ (၁၆)ရက်နေ့ မှ စပြီး စခန်း ချနေ ထိုင်လျှက်ရှိရာ ဇန်န၀ါရီလ(၂၁) ရက်နေ့ နံနက် ၇ နာရီ အချိန် ခန့်က မံကင်းကျေးရွာ၏ တောင် ဘက် ၁ မိုင်ခန့်အကွာရှိ နကတ်ချောင်းသို့ တပ်ကြပ်ကြီးရွိုင်မော်ဦးစီးအင်အား(၇)ဦးဖြင့် နေရာဖြန့် ခွဲ စခန်း ချခဲ့ကြောင်း သိရှိ ရသည်။ဇန်နဝါရီလ(၂၂)ရက် ယနေ့ မွန်းလွဲပိုင်းက ၄င်းအဖွဲ့ မှ နကတ်ချောင်းတွင် တရား မ၀င်ရွှေတူးနေသော ဦးအယ်ခွန်နောင်၊ အသက်(၄၆)နှစ်၊ (ဘ)ဦးအယ်ခွန်ဆိုင်း နှင့်အဖွဲ့ ဝင်(၅)ဦး တို့  အား  ရွှေတူးရာတွင် အသုံးပြုသော တစ်လုံးထိုး စက်ဆိုင်း  ၅ ဆိုင်း အတွက် စက်ဆိုင်း တစ်ဆိုင်းလျှင် ဆက်ကြေးငွေ နှစ်သောင်းနှုန်း ကောက်ခံခဲ့ပြီး မံကင်း ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အ ကွာ ချောင်းဆုံ နေရာတစ်ဝိုက် ရှိ ၄င်းတို့နောက်ချန်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ပြန်လည်ထွက်ခွာ သွားေ ကြာင်း ဦးအယ်ခွန်နောင်ကပြောသည်။  

ကေအိုင်အို တိုက်နယ်မှူးမှ သစ်လုပ်ကိုင် သူများထံမှ ငွေကောက်ခံ


KIO လမိုင်ယန် တိုက်နယ်မှူးနှင့် အဖွဲ့သည် စီသော်ရွာတွင် သစ်လုပ်ကိုင်သူများထံမှ (၁၉) ရက်နေ့ တုန်းကငွေကောက်ခံခဲ့ကြောင်း သိရှိရသည်။ တိုက်နယ်မှူးနှင့် အဖွဲ့သည် သေနတ်ကိုယ်စီနှင့် စီသော်ရွာ သို့ ရောက် ရှိလာပြီး အနီးပတ်ဝန်းကျင်တွင် သစ်လုပ်နေသူ တစ်ဦးကို (၅) သောင်းနှုန်းကောက်ခံခဲ့ကြောင်း သိရှိရသည်။

ဆက်သွားချင်သေးတယ် ဆိုရင်