Pages

Saturday, March 2, 2013

မြန်မာအစိုးရ နိုဘယ်ဆု ရနိုင်တယ်လို့ ဖင်လန် ၀န်ကြီးချုပ် ဟောင်းပြော

 
ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန် ၀န်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။ဥရောပခရီးစဉ် လှည့်လည်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖင်လန်နိုင်ငံ ကို ရောက်ရှိနေစဉ်အတွင်း မာတီ Martti Ahtisaari နဲ့ တွေ့ဆုံခဲ့ပါ တယ်။

မြန်မာအစိုးရဟာ ကြားဖြတ်အစိုးရလိုမျိုးထက် ပိုပြီးရလဒ်တွေ မြန်မြန်ဆန်ဆန် ရရှိအောင်ဆောင် ရွက်နို င်ကြောင်း၊ အပြောင်းအလဲဟာ အတွင်းအဇ္ဈတ္တက လာတာဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အနေ နဲ့ မြန်မာနိုင်ငံ အသွင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးသာ ပြည့်ပြည့်၀၀ အောင်မြင်အထမြောက်သွားပြီဆိုရင် မြန်မာအစိုးရဟာ ငြိမ်းချမ်းေ ရး နိုဘယ်ဆုရှင်လောင်းစာရင်းမှာ ထိပ်တန်းက ပါဝင်သွားမှာဖြစ်ကြောင်း ဖင်လန် ၀န်ကြီး ချုပ်ဟောင်း ငြိမ်းချမ်းေ ရးနိုဘယ်ဆုရှင် Martti Ahtisaari က ပြောပါတယ်။

ရခိုင် အမျိုးသားနေ့သတ်မှတ်ရေး ကြိုးပမ်းမူ ( ယာယီ ) ကော်မတီ ဖွဲ့စည်း


ရခိုင်တမျိုးသားလုံးနှင့်ဆိုင်သည့် ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရန် အတွက် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မီတီ (ယာယီ) ကို ယမန်နေ့က ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။ အဆိုပါ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မီတီ (ယာယီ)ကို စစ်တွေမြို့ ရခိုင် တိုင်းရင်းသားများ တိုးတက် ရေးပါတီ (ဗဟိုဌာနချုပ်) တွင်  ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက် ခြင်းဖြစ်သည်။ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က နိရဉ္စရာသို့  ယခုလို ပြောသည်။

“တခြားတိုင်းရင်းသားပေါင်းစုံတွေမှာလဲ အမျိုးသားနေ့ဆိုတာ ရှိကြတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာလည်း အမျိုးသားနေ့ဆိုတာ ရှိကြတယ်။ ကျွန်တော်တို့ ရခိုင် လူမျိုးဆိုတာလည်း ကိုယ့်မင်း ကိုယ့်ချင်း နဲ့ နေ ထိုင်လာခဲ့ကြ တဲ့ လူမျိုး တစ်မျိုး ဖြစ်တဲ့ အတွက် အမျိုးသားနေ့ ဆိုတာက  ရှိကို ရှိရမယ်။ ဒီလို ရည်ရွယ် ချက်နဲ့ သမိုင်းပညာရှင်၊ တခြား ပညာရှင်တွေ အားလုံးအပါအ၀င် ရခိုင်တမျိုးသားလုံးကို စုစည်းပြီး အမျိုး သားနေ့ သတ်မှတ်နိုင်ရေး အတွက် စတင်  အကောင် အထည်ဖေါ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်း ကြတာ ဖြစ်ပါတယ်။”

သေဆုံးချိန်အထိ လူသတ်မှု၌ မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည်  အဆိုပါအမှု၌ ပါဝင် ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

စိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

စိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌  စိုင်းနော်ခမ်းက “သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကို တခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေ ကိုပြန် သွားပြုစု စောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်း ဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအော င်မြင်ဘဲ မတ်လ ၁ ရက်၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်း များ က ဖော်ပြသည်။

မအူပင် ORCHARD ကုမ္ပဏီ အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေဟုဆို

 
မအူပင်ခရိုင်အတွင်းရှိ ORCHARD ကုမ္ပဏီ၏ စီမံကိန်းလုပ်ကွက် နေရာများတွင် သဘာဝ အတိုင်း ငါးမွေးမြူခြင်း လုပ်ငန်းနှင့် သီးနှံပင် စိုက်ပျိုးရေး လုပ်ငန်းများကို အမှန်တ ကယ် ဆောင် ရွက်နေကြောင်း ဇန်န၀ါရီ ၂ ရက်နေ့တွင် မီဒီယာများ ခေါ်ယူ၍ ရှင်းလင်း ပြသခဲ့ သည်။ ORCHARD ကုမ္ပ ဏီ သည် မအူပင်ခရိုင် အတွင်းရှိ ရေနက်ကွင်း များကို ရေအောက် ရတနာမြေ ဖော်ထုတ်ရေး စီမံကိန်း အရ ဧ ကပေါင်း ၃၂၅၀ ကို ၁၉၉၆ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လက်ရှိတွင် သဘာဝ အတိုင်း ငါးမွေးမြူသည့် ဧက ၂၃၅၀ ဧကနှင့် စပါးစိုက်ဧက ၉၀၀ ဖြင့် စိုက်ပျိုးမွေးမြူရေး ကို ဆောင် ရွက်ေ နခြင်းဖြ စ်ကြောင်း သိရသည်။ 
 

ချီဖွေ - လောခေါင် နယ်မြေသို့ အစိုးရ ထိုးစစ်ကြောင့် KIA တပ်စခန်း ၂ ခု နောက်ဆုတ်လိုက်ရ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနှင့် လောခေါင်ဇုံ နယ်မြေအတွင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲ အဆက်မပျက်ဖြစ်ပွားနေပြီး KIA တပ်စခန်း ၂ ခုနောက်ဆုတ်လိုက်ရကြောင်းသိရသည်။

အစိုးရတပ်ဖွဲ့ ခလရ တပ်ရင်း ၂၆၀ ၊ ၂၉ တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) တပ်ဖွဲ့တို့ ပူးပေါင်းထားသည့် တပ်ပေါင်းစုတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ ထိုးစစ်ဆင် လာသောေ ကြာင့် နောက်ဆုတ်လိုက်ရခြင်းဖြစ်ပြီး တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့် ကြာ ပြီဖြစ်ကြောင်း KIA အရာရှိက ပြောသည်။

ပုဂ္ဂလိက သတင်းစာ ၈ စောင် ယာယီ ထုတ်ခွင့် ပြုလိုက်ပြီ


ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၁၃)ကို မတ်လ(၁)ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးရုံး၌ ကျင်းပခဲ့ရာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေ ခွင့် လျှောက်လွှာ ၁၇ စောင် လက်ခံ ရရှိခဲ့ခြင်း အနက် စိစစ်ပြီး ၁၄ စောင်ထဲမှ သတ်မှတ် ချက် များနှင့် ပြည့်စုံကိုက်ညီသော အောက်ပါ ၈ စောင်အား ၁၉၆၂ ခုနှစ်ပုံနှိပ်သူများနှင့် မှတ်ပုံတင် ဥပဒေ ပုဒ်မ ၈(၁) အရ ၁၄-၄-၂၀၁၃ ရက်နေ့မှ စ၍ ယာယီထုတ်ဝေ ခွင့်ပြု လိုက်ကြောင်းသိရသည်။

မအူပင်ရိုက်ပွဲအပေါ် သတင်းထောက်များ၏ ပြောကြားချက်များနဲ့ မေးခွန်းနှစ်ခု


ရွှေည၀ါဆရာတော်ကြီးက ရဲတွေဖက်ကမမှားဘူးလို့ မိန့်ပြီးပြီ။ ဦးဝီရသူနဲ့ ရွှေည၀ါနဲ့ ဒဏ်ရာရရဲတွေအတွက် သိန်းနှစ်ဆယ်လှူခဲ့တယ်။

ဟိုနှစ်ပေါင်းများစွာက လာဝယ်တဲ့လူကို ကိုယ့်ဘာသာထိုးရောင်းပစ်ခဲ့တဲ့ လယ်မြေကို ပွင့်လင်းလာတဲ့ခေတ် မှာ ကြား ၀င်မြှောက်ပေးတဲ့ တက်ကြွသူတွေ ကြောင့် ပြန်တောင်းတဲ့အဆင့်ရောက်လာတယ်။ ကိုယ်ရောင်းလိုက်ပြီးမှ ပြန်လုတဲ့သဘောဖြစ်နေတယ်လို့ သွားခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ် အဲဒီ အရေးအခင်းမှာ ဦးဆောင်တဲ့လူက ဟိုတစ်လောတုန်းက လှိုင်သာယာကျုးကျော်တွေက တာဝန်ရှိ သူတွေ  ကို ၀ါးလုံးတွေနဲ့လိုက်ရိုက်တဲ့ကိစ္စမှာ ဦးဆောင်ခဲ့တဲ့လူပဲလို့ သိရပါတယ်။

ကျွန်တော် ဖတ်မိပြီးနောက် တွေးမိသည့် NLD ပါတီ အကြောင်း

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က စတင် ဖွဲ့စည်းပြီး န၀တမှ  ဥပဒေပြဌန်းချက်အရ ၁၉၈၈ ခုနှစ် စက်တင်ဘာလ(၂၇) ရက်နေ့တွင် နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ (ဥပဒေအမှတ်-၄/၈၈) အရ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ခေါင်းဆောင် တစ် ဦး စီ တွင် အဖွဲ့ဝင် ၄ ဦးစီဖြင့် ၁၂ ဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ၄ ဦးမှာ သူမအပါ ဟံသာ ၀တီ ဦးဝင်း တင်၊ ဒေါ်မြင့်မြင့်ခင်နှင့် ရုပ်ရှင်မင်းသား ဦးအောင်လွင် တို့ဖြစ်ကြသည်။(Wiki)
ဤတွင် ယနေ့ဗိုလ်ချုပ်ဓာတ်ပုံများ ကိုယ်ပိုင်အဖြစ် အသုံးချနေခြင်းကို ဗိုလ်ချုပ်ကျဆုံးသည့် ၁၉-၇-၁၉၄၇ နှင့် ၂၄-၉-၈၈ တို့တွင် ဖွဲ့စည်းခဲ့သည့် ပါတီအနေအထားဖြင့် ခွဲခြားနိုင်သည်။ သို့သော် ဗိုလ်ချုပ်၏ သမီး တစ်ေ ယာက် အနေဖြင့် သုံးခြင်းကို သီးခြားဖော်ပြရန်မရှိ။ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရှိစဉ်တွင် Register လုပ် ကြေငြာချက် တစ်ခု ထုတ်ခဲ့သည်မှလွဲ၍ အခြား မူပိုင်ခွင့်များလည်း မရှိပေ။
 

ဆက်သွားချင်သေးတယ် ဆိုရင်