Pages

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, January 16, 2014

ဘယ်သူ သမ္မတ လုပ်မလဲ

သမ္မတ ဆိုတာက နိုင်ငံတော် ရဲ့ အထွတ်အထိပ် ဆိုတော့ သမ္မတ ဖြစ်လို သူများ အစစ အရာရာ ကြိုတင် ဖြည့်ဆည်း ထားနိုင်လေ တိုင်းပြည် ဂုဏ် တက်နိုင်လေ လို့ ပြောရင် မှားမယ် မထင်။ အခုအခါ မှာ သမ္မတ ရာထူး အတွက် ရည်မှန်းချက် ထားပြီး နိုင်ငံရေး လုပ်နေသူ များ အလျှို အလျှို ပေါ်ပေါက် လာနေ ပါတယ်။ သမ္မတ ဖြစ်လို ကြောင်း လူသိ ရှင်ကြား ထုတ်ဖေါ် ပြောဆို သူများ ရှိကြ သလို လူမသိ သူမသိ ကြိတ်ပြီး ကြိုးစား နေကြ သူများလည်း ရှိမှာ မုချပါ။

Wednesday, January 15, 2014

ပုဒ်မ (၁၈) နဲ့ ပုံပျက် ပန်းပျက် ဒီမိုကရေစီ




ပုဒ်မ (၁၈) ဖျက်သိမ်းရေး အန္တရာယ်

ငြိမ်း စီ လှည့် ဥပဒေရဲ့ ပုဒ်မ (၁၈) ကို ပြင်ဆင်မယ် ဆိုတဲ့ လွှတ်တော်တွင်း အဆို တစ်ရပ် အတည်ပြု လိုက်တာ ကို ကြားသိ ရတော့ အထူးပဲ စိုးရိမ် ပူပန် မိပါတယ်။ သူရ ဦးအောင်ကို ရဲ့ ရှင်းလင်းချက် အရ ဆန္ဒ ပြမယ့် နေ့၊ နေရာ၊ အချိန်၊ လူအင်အား ကို အသိပေး ရုံပဲ ဆိုတဲ့ သဘော မျိုး နားလည် မိ ပါတယ်။ ပုဒ်မ (၁၈) ပြဌာန်း ချက် အရ နိုင်ငံသား တွေရဲ့ မူလ အခွင့်အရေး ကို ပိတ်ပင် ရာ ရောက်နေ ပြီး အခြေခံ ဥပဒေ နဲ့ သွေဖီရာ ရောက်နေ တယ် ဆိုတာ လည်း မှန်သင့် သလောက် မှန်ပါ တယ်။ ဒီအပေါ် မှာပဲ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပုဒ်မ (၁၈) ကို ပယ်ဖျက် မယ် ဆိုရင် ဥပဒေ တစ်ခုလုံး ပယ်ဖျက် ပစ်ရမှာ ဖြစ် တယ်၊ ဥပဒေ ဆိုတာ ပြစ်မှုနဲ့ ပြစ်ဒဏ် ကို သတ်မှတ် ပေးထား တာ ဖြစ်ပြီး အဓိက ကျတဲ့ ပြစ်မှု နဲ့ ပြစ်ဒဏ် ကို ပယ် ဖျက်မယ် ဆိုရင် ဥပဒေ တစ်ခုလုံး မလိုအပ် တော့ဘူး ဆိုတဲ့ သဘော မျိုး ပြောသွား ခဲ့တာ လည်း တွေ့ရပါ တယ်။

သန်းခေါင် စာရင်း ရည်ညွှန်းချိန် နှင့် သန်းခေါင် စာရင်း ထည့်ကောက် ရမည့် သူများ သန်းခေါင် စာရင်း ထည့်မကောက် ရမည့် သူများ ဆိုင်ရာ သိကောင်း စရာများ

မြန်မာ နိုင်ငံတွင် သန်းခေါင် စာရင်း မကောက် ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိခဲ့ပြီ ဖြစ်၍ မြန်မာ ပြည်သူ လူ ထု အနေဖြင့် သန်းခေါင် စာရင်း ကောက်ယူ ခြင်း လုပ်ငန်းစဉ် နှင့် ပတ်သက် ၍ အလှမ်း ဝေးကွာ နေပြီ ဖြစ်သည်။ သန်းခေါင် စာရင်းဟု ဆိုလျှင် လည်း မိဘ ပြည်သူ တို့ လက်ထဲ တွင် ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်း ကိုသာ သန်းခေါင် စာရင်း ဟု အမှတ်စွဲ နေကြသည် က များပါ သည်။ နိုင်ငံ အများစု တွင် သန်းခေါင် စာရင်း ဟု အမှတ်စွဲ နေကြ သည်က များပါ သည်။ နိုင်ငံ အများစု တွင် သန်းခေါင် စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူ လေ့ ရှိကြ ပါသည်။ ကမ္ဘာ့ ကုလ သမဂ္ဂ အနေ ဖြင့် ဖွံ့ဖြိုးမှု နှင့် လူဦးရေ တိုးတက်မှု ကို တိုင်းတာ နိုင်ရန် အတွက် ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင် စာရင်း ကောက်ယူ ရန် အကြံပြု ထားပါသည်။ ကမ္ဘာ့ သန်းခေါင် စာရင်း ကောက်ယူ မှု အစီအစဉ် အရ ၂၀၁၀ round အနေဖြင့် ၂၀၀၅ ခုနှစ်က စတင်ပြီး နိုင်ငံ ပေါင်း ၂၀၀ ကျော် တွင် သန်းခေါင် စာရင်း ကောက်ယူ ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ နိုင်ငံ တွင် ယခု လာမည့် ၂၀၁၄ ခုနှစ် မတ်လ ၃ ရက် နေ့၌ ပြည်လုံး ကျွတ် လူဦး ရေနှင့် အိမ် အကြောင်း အရာ သန်းခေါင် စာရင်း ကောက်ယူ မည် ဖြစ်ပါသည်။ ကြုံတောင့် ကြုံခဲ လုပ်ငန်းကြီး ဖြစ်၍ မိဘ ပြည်သူ များ၏ အကျိုး၊ နိုင်ငံတော် ၏ အကျိုး ဖြစ်၍ ယခု ကောက်ယူ မည့် သန်းခေါင် စာရင်း အကြောင်း ကို မိဘ ပြည်သူ များ ဗဟုသုတ အလို့ငှာ တင်ပြ အပ် ပါသည်။

Tuesday, January 14, 2014

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၅)

(၁၈)

၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက် ရဲ့ နံနက်ခင်း ဟာ ရန်ကုန် မြို့ ၉ မိုင်ခွဲ မှာ ရှိတဲ့ တပ်မေ တာ် ထော က် လှမ်းရေး တပ် က တပ်ရေး ဗိုလ်ကြီး အတွက် တော့  သာမန် ရက် တွေ အတိုင်းပဲ သိပ် ထူးခြား လှ တယ် မဟုတ် ပါဘူး …..။ နံနက် တန်းစီ အလေးပြု သစ္စာဆို ပြီးတာ နဲ့ ရှုပ်ထွေး များမြောင် လှတဲ့ တပ်ရေး ဗိုလ်ကြီး တစ်ဦး ရဲ့ တာဝန် ဝတ္တရား တွေက စတင်လို့ နေ ပါပြီ ….။
 


တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၄)

(၁၅)

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် နေ့  ညနေ ၃နာရီ လောက် မှာ နမ့်စန် လေတပ် စခန်းရဲ့ ပြေးလမ်း ထိပ် မှာ အသင့် ဖြစ်နေ တဲ့ တပ်မတော် (လေ)ရဲ့ Super Galeb G4 အမျိုး အစား တိုက် လေယာဉ် အုပ်စု ဟာ လက်နက် အပြည့် အစုံ နဲ့  လေထဲ ကို တဟုန် ထိုး ပျံတက် သွားပါ တယ်။

 
ဒီ တိုက် လေယာဉ် အုပ်စု ဟာ လွန် ခဲ့တဲ့ မိနစ်ပိုင်း ကပဲ ကက (ကြည်း) ရဲ့ တိုက်ပွဲဝင် အသင့် အမိန့် ကို လက်ခံ ရရှိ ခဲ့ပြီး ထပ်ဆင့် ဆိုသလို ကက (လေ) ရဲ့ စစ်ဆင်ရေး အမိန့် ကိုပါ ရရှိ ခဲ့ပါ တယ်။ လေ သူရဲ အားလုံး ဟာ မြေပုံခန်း က အထွက် မှာတော့ သူ တို့ တိုက်ခိုက် ရမယ့် ပစ်မှတ် ကို ရှင်းရှင်း လင်းလင်း သိခဲ့ပြီး ပါပြီ။ သူတို့ ဟာ ယိုးဒယား မြန်မာ နယ်စပ် အို 7 တောင်ကုန်း တစ်ဝိုက် မှာ ရှေ့ တန်း အမှတ် ၃၅၉ ခြေလျင် တပ်ရင်း နဲ့  တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတဲ့  ယိုးဒယား တင့်ကား တွေ ကို လေကြောင်း ပစ်ကူ နဲ့ ၀င်ရောက် တိုက်ခိုက် ရတော့မှာ ပါ။

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၃)

(၁၁)

၁၉၉၁ ခုနှစ် အောက်တိုဘာ လ ၁၄ ရက် နေ့ မှာ နော်ဝေး နိုင်ငံ က ကော်မတီ တစ်ခု ဟာ သူတို့ ရဲ့ လုပ်မြဲ တာဝန် အတိုင်း ကြေငြာ ချက် တစ်ရပ် ကို ထုတ်ပြန် လိုက်ပါ တယ်။ အမှန် ကတော့ ဒီ ကြေငြာချက် ဟာ ၁၉၀၁ ခုနှစ် ထဲက နှစ်စဉ် ထုတ်ပြန် နေကျ ကြေငြာ ချက် ဖြစ် ပေမယ့် ဒီ တစ်ကြိမ် မှာတော့ အရှေ့ တောင် အာရှ က လူသိပ် မသိ လှတဲ့ နိုင်ငံ တစ်ခု ရဲ့ ရှေ့ ခရီး ကို အတော် ကို ဂယက် ရိုက်ခတ် သွားစေ ခဲ့ ပါတယ် ……။

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၂)

(၆)
 
 
၁၉၈၈ ခုနှစ် အောက်တိုဘာ လဆန်း ပိုင်း ရဲ့ သာမန်နေ့ တစ်နေ့ မှာ တပ်မတော် (လေ) တိုက် လေယာဉ် တစ်စီး ဟာ ထိုင်း မြန်မာ နယ်စပ် တောတွင်း စခန်း တစ်ခု ပေါ်ကို တစ်ပတ် ပျံဝဲရင်း စာရွက် အတော် များများ ကို ပလူပျံ အောင် ကျဲချ သွား ပါတယ်။ စာရွက် ထဲမှာ ဖော်ပြ ထားတာ ကတော့ ထွက်ပြေး သွားတဲ့ ကျောင်းသား တွေ အိမ်ပြန် လာဖို့ နဲ့  အရေးယူ ခြင်း တစ်စုံ တစ်ရာ ပြုလုပ် မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပါ။ ကြိုဆိုရေး စခန်း ဖွင့်ထား တဲ့ နယ်စပ် မြို့ ၂၇ မြို့ ရဲ့ အမည်တွေ ကိုပါ ဖော်ပြ ထားပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ထိ ဖွင့်လှစ် ထားမယ် ဆိုတဲ့ အကြောင်း၊ ထိုင်း နိုင်ငံ တပ်ခ်မြို့ မှာ ဖွင့်ထား တဲ့ စခန်း ကို ၀င်လာ မယ် ဆိုရင် တော့ တပ် မတော် (လေ) အထူး လေယာဉ် နဲ့ လာရောက် ခေါ်ယူ ပေးမှာ ဖြစ်ကြောင်း ဖော်ပြ ထားခဲ့ ပါတယ် …။
 

တပ်မတော် ဘာလဲ …. ဘယ်လဲ အပိုင်း (၁)

ကျွန်တော် အခုရေး တဲ့ ဆောင်းပါး ဟာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ကို ချီတက် တဲ့ လမ်းခရီး မှာ စစ်တပ် ရဲ့ သဘောထား အမြင် ကို စစ်သားဟောင်း တစ်ယောက် အနေနဲ့ သုံးသပ် ကြည့်တာ ဖြစ်ပါတယ် …။ တပ်မတော် ရဲ့  မူဝါဒ လို့ အတိ အကျ မဆိုနိုင် ပေမယ့် အပြင် အရပ်သား တစ်ယောက် ထက်တော့ တပ်ရဲ့  အနေ အထား နဲ့ စဉ်းစားပုံ ကို နီးစပ် အောင် ချဉ်းကပ် နိုင်မယ် လို့  ယူဆ ပြီး ရေးမိ တာ ဖြစ် ပါတယ် ....။

အပိုင်း သုံးလေး ပိုင်း ခွဲရေးရမယ် ထင်ပြီး ဖက်ဒရယ် စနစ်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ နဲ့  တပ်မတော် ရဲ့ ရပ်တည် မှု အနေ အထား အထိ ရေးမယ် လို့ ရည်ရွယ် ပါတယ်။ စစ်သား ဟောင်း လို့ စကားခံ ခဲ့ တဲ့ အတိုင်း ပညာရှင် မဟုတ် တဲ့ အတွက် လိုအပ် ချက် တွေ အများကြီး ရှိနေမှာ ပါ ..။ ဒါပေမယ့် စစ်တပ် နဲ့ ပြည်သူ ကြား နားလည် မူ တည်ဆောက် တဲ့ နေရာ မှာ အုတ် တစ်ချပ် သဲတစ်ပွင့် ဖြစ်မလား လို့ ဒီစာ ကို ကျွန်တော် ရေး ပါ တယ် ...။

၂၀၁၄ ကမ္ဘာ့ စီးပွားရေး



ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှင့် ပတ်သက်သော သတင်းကောင်းများ ကြောင့် အန္တရာယ် နှစ်ခု နှင့် ရင်ဆိုင် ရ နိုင် ပါသည်။ အန္တရာယ် တစ်ခု မှာ အတိုးနှုန်း တက်မည့် အန္တရာယ် ဖြစ်ပြီး အခြား တစ်ခုမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ကို အရှိန်လျှော့ မည့် အန္တရာယ် တို့ ရှိနေ သည်။ ကမ္ဘာ့ ဘဏ္ဍာရေး အကြပ် အတည်း ပြီးဆုံး ချိန်မှ စ၍ အမေရိကန် လေ့လာ သုံးသပ် တွက်ချက် သူများက နှစ်စဉ် နှစ်တိုင်း အလား အလာကောင်း တွေကို တွက်ဆ ကာ နှစ်တစ်နှစ် ကို စလေ့ ရှိကြ သည်။ ယခုနှစ် တွင်လည်း ထို့အတူ ပင် ဖြစ်သည်။ စတော့ ရှယ်ယာ ဈေးကွက် ၏ အခြေအနေ တွေက ခိုင်မာ ပီပြင် နေသည်။ စားသုံးသူ များ၏ ယုံကြည် စိတ်ချမှု ကလည်း ကောင်းမွန် လာနေပြီး ၂၀၁၄ ခုနစ်တွင် ပိုမို မြင့်မား သော စီးပွားရေး တိုးတက် မှု နှုန်းတွေ ရရှိ နိုင်သည် ဟု တွက်ဆ နေသည်။ အမေရိကန် စတန်းဒတ် အင် ပူးဝါး (S&P) စာရင်းဝင် ထိပ်တန်း ကုမ္ပဏီ ၅၀၀ တို့၏ ရှယ်ယာ အညွှန်းကိန်း သည် ၂၀၁၃ ခုနစ် တွင် ၃၀% တက်ကာ အနှစ် နှစ်ဆယ် အတွင်း နှစ်စဉ် တိုးတက်မှု အမြင့်ဆုံး ရရှိပြီး နောက် စံချိန် သစ် တင်လျှက် ရှိသည်။ အမေရိကန် နိုင်ငံ ၏ စီးပွားရေး တိုးတက်မှု ကြောင့် ကမ္ဘာ့ စီးပွားရေး သည် ၀ယ်နိုင် စွမ်းအား (PPP) ကို အခြေခံ ပြီး တွက်လျှင် ၄% ခန့် တိုးတက် မည့် အလား အလာ ရှိသည်။ ထို တိုးတက်မှု နှုန်း သည် ၂၀၁၃ ထက် ၁% ပိုမို မြင့်မား ပြီး နှစ်ပေါင်း များစွာ အတွင်း အကောင်းဆုံး ဖြစ်သည်။

Saturday, April 20, 2013

မြန်မာ စစ်သား တစ်ယောက်ဖြစ်ဖို့ သင်ကိုယ်တိုင် အဆင်သင့် ဖြစ်ပါရဲ့လား


ဒီမေးခွန်းကို လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလက မေးခဲ့လျှင်တော့ အခြေအနေက တစ်မျိုးဖြစ်ပေလိမ့်မည်။ သို့ သော် ယနေ့တပ်မတော်ကို လူဟောင်းများက ဦးဆောင်နေခြင်း မဟုတ်တော့။ ခိုင်မာသည့် စည်းကမ်း စည်းမျဉ်းများဖြင့် အသစ်အသစ်သော ခေါင်းဆောင်များက ပြောင်းလဲ အုပ်ချုပ်နေကြပြီ ဖြစ်သည်။ နိုင်ငံ သား တိုင်း သည် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပေသည်။ နိုင်ငံတကာမှ အ သက် အရွယ် ပြည့်ပြီး သူတိုင်း စစ်မှုထမ်းဖူးကြသည်။ သို့ပါဆိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်ပြီး အသက်သာ တဖြည်းဖြည်းကြီးလာ ကာ စစ်မှုမထမ်းဖူးသည့် သင့်အတွက် မြန်မာစစ်သား တစ်ယောက်ဖြစ်ဖို့ အဆင် သင့်ဖြစ် ရဲ့လား ဆိုသည့် အမေးကို ဖြေကြည့်ဖို့ လိုအပ်ပေသည်။

စစ်သား တစ်ယောက်ဖြစ်ဖို့ သင်သည် အသက် ၁၈ နှစ်ပြည့်ပြီး ပြည်ထောင်စု နိုင်ငံသား ဖြစ်ရမည် ဖြစ် သည်။ ကလေး စစ်သား ပြဿနာသည် အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်သည်။ တပ်သားစုဆောင်းရေး ကို စနစ် တကျ လေ့ ကျင့်ထားခြင်း မရှိသူများ၏ လုပ်ဆောင်ချက်ကြောင့် ကလေးစစ်သားများ ရှိခဲ့ရသည်။ ယနေ့ အချိန် တွင်တော့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေ သည် မို့ အသက် ၁၈ နှစ် မပြည့် သည့် စစ်သား မလိုအပ်တော့။ အဖေက ဒုက္ခသည်၊ အမေက ဒုက္ခသည် ကျွန်တော်လည်း ဒုက္ခသည် ဆိုပါက ဒီစာကို ဆက်မ ဖက်တာက အကောင်းဆုံး ဖြစ်ပေလိမ့်မည် ဖြစ်သည်။

ကျန်းမာသန်စွမ်းရမည်။ နေရာဒေသ မရွေးတာဝန် ထမ်းဆောင်နိုင်ရမည် ဖြစ်သည်။ ကိုယ်လက်အင်္ဂါ အစုံ အလင် ရှိရမည်။ ရာသီမရွေး ကြမ်းတမ်းသော တာဝန်ထမ်းဆောင်ရမည်မို့ ကျန်းမာ သန်စွမ်းဖို့လည်း လို အပ် သည်။ တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တာဝန်ပေးရာ နေရာတွင် တာဝန်ထမ်းဆောင်ရမည်မို့ အမေ့ ရင် ခွင်မှ မခွဲ နိုင်သူ ဖြစ်ပါက အဆင်ပြေမည် မဟုတ်ပါ။

အထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသား၊ ငါ့ တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ တို့ပါဝင်သည့် သစ္စာလေးချက်ကို ဦး ထိပ် ရွက်ရမည် ဖြစ်သည်။ မတရားသော အမိန့်ကို လက်မခံနိုင်ပါဟု သင်စောဒက တက်နိုင်သည်။ သင့် အား ၁၉၅၉ တပ်မတော် အက်ဥပဒေကို သင်ကြားလေ့ကျင့်ပေး မည် ဖြစ်သည်။ ထို ဥပဒေအား ဖတ်ပြီး သည့် အခါ တပ်မ တော်တွင် မတရားသော အမိန့်ဆိုသည်မှာ ဘယ်အရာကို ဆိုလိုသည်နှင့် မည်သို့ ဖြေရှင်း ရမည် ဆိုသည်ကို နားလည်ပါလိမ့်မည်။

ပုဂ္ဂိုလ်ရေး စစ်ဆေးချက်များနှင့် ကျန်းမာရေး စစ်ဆေးချက်များ အောင်မြင်သည့် အခါတွင်တော့ သင်သည် သင် တန်းကျောင်း တစ်ခုခုသို့ တက်ရောက်လေ့ကျင့်ရမည် ဖြစ်သည်။ မနက် ၅ နာရီ အိပ်ရာထကာ ၃ မိုင် အပြေး လေ့ကျင့်ရမည်။ အခြေခံ စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပညာရပ်များကို သင်ကြား ရမည်။ ညနေ တွင် လုပ်အားပေး(သို့မဟုတ်) ကြံ့ခိုင်ရေး ထပ်လုပ်ရမည် ဖြစ်သည်။ စားရေးသောက်ရေး ကေ တာ့ မပူပါနှင့်။ တစ်နေ့ကို ၃၅၈ ကျပ်နှုန်း စားသုံးခွင့် ရလာသည့် သင့်အတွက် ၃၅၈ ကျပ်ဖိုး စားရိပ် သာက ချက်ကျွေးပါလိမ့် မည်။

ရဲဘော်တော့ မလုပ်နိုင်ဘူး။ စစ်ဗိုလ်တော့ လုပ်နိုင်တယ်ဟု ပြောချင်ပြောနိုင်ပါသည်။ ဒါပေမယ့် ရဲဘော် သစ်(၆) လ သင်တန်းတက်ရလျှင် စစ်ဗိုလ်ဖြစ်ဖို့ကတော့ ရဲဘော်သစ်သင်တန်းထက် ပို၍ ထူးခြားမှု မ ရှိသော သင်တန်း ကာလ(၄)နှစ်ကို တက်ရမည် ဖြစ်သည်။ တက်ခွင့်ရဖို့အတွက်ကလည်း ခေါ်သည့်နှစ်တွင် ဆယ် တန်းအောင်မှ၊ ဆယ်တန်းအောင်ပြီးရင်လည်း ၀င်ခွင့်အဆင့်ဆင့်အောင်မှ၊ ၀င်ခွင့်အဆင့်ဆင့် အောင်ပြီး ရင်လည်း (၄)နှစ် ဆို သည့်ကာလကို စွန့်လွှတ်နိုင်မှသာ ဖြစ်မည်ဖြစ် သည်။ အပင်ပန်းခံပြီး တစ်ချိန် တွင် ဗိုလ်ချုပ်ကြီး ဖြစ်ပါက အိုကေ ပြီဟု တွက်ပါကလည်း တွက်နိုင် သည်။ သို့သော် ဒဏ်ရာရ၊ သေ ဆုံး၊ အမှုဖြစ်ပြီးနောက် တပ်မတော်မှ နှုတ် ထွက်ရသည့် အရာရှိများ နှစ်စဉ်ရှိသည့်အထဲ သင်မပါ ဖို့ေ တာ့ လိုပါသည်။

အထက်အောက် အုပ်ချုပ်ပုံများကို လက်မခံနိုင်ဟု သင်ပြောကောင်းပြောနိုင်ပါသည်။ နိုင်ငံတကာ စစ်တပ် များ တွင်လည်း ထိုသို့အုပ်ချုပ်သည်သာ ဖြစ်သည်ကို လေ့လာကြည့်ပါက သင်တွေ့ပါ လိမ့်မည်။ သင်သည် ပညာ အရည်အချင်းရှိသူ၊ အဆင့်ဆင့် စစ်ဆေးချက်များကို အောင်မြင်သူ၊ ၄ နှစ်ကာလကို အပင်ပန်းခံကာ ဖြတ် သန်းနိုင်သူ  ဖြစ်ပါက တစ်လလုံးအတွက် လစာ ၁ သိန်းကျော် ရမည်ဖြစ်ပါသည်။ ၄ နှစ်လျှင် တစ် ကြိမ် ၀တ်စုံ စရိတ် ၁ သိန်းရပါသည်။ ယူနီဖောင်း အညံ့စား တစ်စုံလျှင် ၂ သောင်းကျော် ကျသည်မို့ သင့်အ ဆင့်နှင့် တန် အောင် ၀တ်မည်ဆိုပါက စွန်းထင်း၊ပေါက်ပြဲ၊ညစ်ပေ မှုများ မရှိစေရန် လစာထဲက ၀ယ်ရမည် ဖြစ် သည်။ အား ငယ်စရာတော့ မရှိပါ။ သင့်ကို ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်စရိတ်အတွက် လစဉ် ၅၀၀၀ ကျပ်ထောက်ပံ့ကာ တောတောင်ထဲတွင် တာဝန်ထမ်းဆောင်စေရခြင်းကြောင့် အ၀တ်အစား သိပ် လို မည် မဟုတ်ပါ။

တစ်ချိန်တည်းတွင်တော့ သင်တည်ဆောက်မည့် မိသားစု ဘ၀၊ ပျော်ပွဲရွှင်ပွဲများတွင် ပျော်ရွှင်ခွင့်၊ မိဘ ရင်ခွင် သို့ ပြန်လည် အနားယူခွင့်၊ ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်တို့တွင်လည်း အပြင်အရပ်သား တစ် ဦးနှင့် မတူညီသည်များကို တွေ့ရပါအုံးမည်။

မြို့ပေါ်မှ အရာရှိများကို ကြည့်၍ သူတို့လို မနေရဘူးလားဟု မေးနိုင်ပါသည်။ အဆိုပါ အရာရှိ စစ်သည် များကို ကပ်ပြီး မေးကြည့်ပါ။ သူတို့သည် သူတို့တိုင်း၊တပ်မတို့၏ ၁ ရာခိုင်နှုန်း၊ တပ်မတော် ၁ ရပ်လုံး၏ ၁ ရာခိုင်နှုန်း သာ ရှိသည်မို့ သင်လည်း တစ်ချိန်ချိန်တွင် ရောက်နိုင်ပါသည်။ သို့သော် ကံ၊ဥာဏ်နဲ့ ၀ီရိယ တို့ေ တာ့ လိုအပ် ပါ သည်။

တပ်မတော်နေ့တွင် ပြခဲ့သော လက်နက်များကို ကြည့်ပါ။ မြန်မာနိုင်ငံအတွက် စစ်သည်အင်အား တစ်သန်း လို ပါသည်။ ယနေ့တွင် စစ်မှုမထမ်းမနေရ စနစ်ကို ပြဌန်းရအောင် တိကျသည့် သန်းခေါင်စာရင်း မရှိသလို အသေး စိတ်အတွက် ပြင်ဆင်ထားမှုများ မရှိသေးပါ။ ထိုအတွက်ကြောင့် ကမ္ဘာပေါ်တွင် ရှိသည် ကြေးစား တပ် မတော်၊ အမြဲတမ်းတပ်မတော်နှင့် မျိုးချစ် တပ်မတော် ဆိုသည့် တပ်မတော် အမျိုးအစား(၃)မျိုးအနက် မျိုးချစ် တပ်မတော် အဖြစ် စာရင်းဝင်နေဆဲ ဖြစ်ပါသည်။

လစာ ၄ သောင်း၊ ထောက်ပံ့ ၃ သောင်း ၊ စုစုပေါင်း ၇ သောင်းကျော် လစာစားပြီး နိုင်ငံအတွက် အသက် စွန့်ဖို့ သင်အဆင်သင့် ဖြစ်ပါပြီလား။ သင်စဉ်းစားတွေးခေါ်နေချိန်တွင် အကြောင်းအမျိုး မျိုးကြောင့် တပ် မတော် ထဲ ၀င် ရောက် ခဲ့သူများက သင်စဉ်းစားနေသည့် အဆင့်များကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်သည်။ ယေ န့ခေ တ်သည် ယခင် ခေတ် မဟုတ်တော့သည်ကိုလည်း ယနေ့တပ်မတော် ဗိုလ်ချုပ် နာမည်(၃) ခုကို သင် မသိသည်က ဖော်ပြ နေပါ သည်။ စဉ်းစားကြည့်ပါ။ မြန်မာ စစ်သားတစ်ယောက်ဖြစ်ဖို့ သင်ကိုယ်တိုင် အဆင် သင့်ဖြစ် ပါရဲ့လား။

လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသား ဆိုပဲ



အခုတစ်လော ဖြစ်ပေါ်နေတဲ့ ကျုပ်တို့မြန်မာပြည် အခြေအနေတွေကြောင့် စာတိုပေစလေးတွေ တစ်ကြောင်းတစ်လေ ရေးရမှာကို လက်တွန့်နေမိတယ်။ ကျုပ်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တွေကိုယ်စီ ပြည့်ပြည့်ဝဝ ရှိနေခဲ့ကြပါတယ်။ နှလုံးခုံသံကို နားထောင်ကြည့်ရင်တောင် မျိုးချစ် မျိုးချစ်လို့ မြည်ဟိန်းနေတာ အတိုင်းသား ကြားနေရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေကလည်း မျိုးချစ်သွေးတွေပါပဲ။ ဒီတော့ဗျာ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာကို ဖောက်ကြည့်ဖောက်ကြည့် မျိုးချစ်သွေးတွေပဲ ထွက်လာမှာပါ။ ရင်နှင့်မဆန့်အောင်ခံစားရတဲ့ ခံစားချက်စာပေတွေရေးတဲ့အခါမှာလဲ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ စာပေတွေပဲဖြစ်လာမှာပါ။

အဲဒီလို မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းတဲ့စာပေတွေ ရေးမိရင် ကျုပ်တို့ကို မျက်ကန်းမျိုးချစ် (သို့) အကြမ်း ဖက် ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်သူလို့ ဝိုင်းပြီးကင်ပွန်းတပ်ကြဦးမယ်။ တစ်ချို့ကျတော့ ရက်ရက် စက်စက်ကြီးကို နာဇီလက်သစ်နာမည်တပ်လိုက်ကြသေးတယ်။ ဖေ့စ်ဘုတ်မှာ ကွန်မန့်လေး တစ်ချက်ရေး မိရင်ေ တာင် အဖွကောင်၊ ဖေ့စ်ဘုတ်လူသတ်ကောင်လို့ အစွပ်စွဲခံရဦးမယ်။ ဒီတော့ ဘာမှမရေး တာ ပဲကောင်း ပါတယ်ဆိုပြီး အသာလေးငြိမ်နေမိတာ။

“ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား …” ဆိုင်းဘုတ် စတစ်ကာတွေကို လိုက်ဝေနေကြ တယ် ၊ ဈေးဆိုင်တိုင်း ကားတိုင်းမှာ စတစ်ကာတွေ လိုက်ကပ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကြည့်လိုက်ရတော့ ရင်ထဲ မှာ အပ်နဲ့ဆွသလို ခံစားလိုက်ရတယ်။ အံမယ် သူတို့က နောက်က အဆစ်ကလေးကပါသေးတယ်ဗျာ “ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေးပဋိပက္ခ မဖြစ်စေရ …” တဲ့။

လူမြင်ကောင်းအောင် လှုပ်ရှားနေတာက တစ်ခြား တကယ်တမ်း လုပ်နေတာက တစ်ခြားဆိုတာ အသိဉာဏ်ရှိကြတဲ့သူတိုင်း သိကြမှာပါ။ အဲဒီလို အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ အဆီအငေါ် မတည့်တာ တွေကို တွေ့တွေ့နေရတော့ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်။ ဘာ့ကြောင့် ရယ် ချင်ရ တာလဲ ဆိုတော့ ဒီအဖွဲ့ကို ဦးဆောင် ပါဝင်နေကြတဲ့သူတွေကကော တကယ့်ကို လူမျိုးဘာသာမခွဲခြားဘဲ ဗုဒ္ဓဘာသာတွေရဲ့ ဈေးဆိုင်တွေမှာ ဝယ်ယူအားပေးနေကြလို့လား။ လူမျိုးရေး ဘာ သာရေးပဋိပက္ခဖြစ်အောင် ကော ဘယ်သူတွေက ဖန်တီးနေတာလဲ။ ကမ္ဘာအရပ်ရပ်ကို လှမ်းကြည့်လိုက် တစ်ကမ္ဘာလုံး လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဆူပူအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဖန်တီးနေကြ တာလဲ မှန်မှန်ဖြေကြပါ၊ သေသေချာချာ မြင်အောင်ကြည့်ကြပါ။ အဲဒီလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အရှက်မရှိတဲ့ မျက်နှာတွေကို မြင်ရလို့ကိုပဲ တစ်ကမ္ဘာလုံးကြားအောင် ဟားတိုက်ရယ်မောပစ်လိုက်ချင်တာ။

ဘာ့ကြောင့် ငိုချင်ရတာလဲဆိုတော့ ကိုးခြောက်ကိုးဆိုတဲ့ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မျိုးချစ်အဖွဲ့တွေကို ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်တဲ့အဖွဲ့လို့ စွပ်စွဲလိုက်ကြလို့ပါပဲ။ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ ချစ်မြတ်နိုးတတ်လာအောင်၊ အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပညာတွေပေးနေတဲ့ မျိုးချစ်အဖွဲ့ကို အခုလို မတရားပုတ်ခတ် စော်ကားခံနေရတာကို ဘယ်သူတွေကမှ ပြန်လည်ချေပ ထောက်ပြဝေဖန်တာမျိုး မရှိခဲ့တာဟာလည်း ဝမ်းနည်းဖို့ အင်မတန်ကောင်းပါတယ်။

သူတို့ကတော့ လူမျိုးဘာသာမခွဲခြား မြန်မာနိုင်ငံသား – လို့ နာမည်လှလှလေးပေးလိုက်တဲ့အခါမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်ကိုပဲ အားပေးကြဖို့ စည်းရုံးတဲ့ “ကိုးခြောက်ကိုး” အဖွဲ့ကို နာမည်ဆိုး ထွက်သွားအောင် ထိုးနှက် လိုက်တာပါပဲ။ ဒါကို မြန်မာလူငယ်တွေက မသိရှာကြဘူး။ သူတို့ အဖွဲ့တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။

တစ်နည်းအားဖြင့်ဆိုရင် ကိုးခြောက်ကိုးလှုပ်ရှားမှုတွေ အောင်မြင်သွားရင် သူတို့တစ်တွေဈေးဆိုင်တွေ မှာ မြန် မာတွေ အားမပေးကြတော့ဘူး။ အဲဒီလို အားမပေးကြတော့ဘူးဆိုရင် မြန်မာအမျိုးသမီးတွေကို တစ်ယောက်ပြီး တစ်ယောက် သိမ်းပိုက်ပြီး လူလူချင်းမြိုမည့် စီမံကိန်းကြီးတွေ ကျဆင်းကုန်လိမ့်မယ်ဆိုတာ သိလို့ ကိုးခြောက်ကိုး နာမည်ပျက်အောင် အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သူတို့ကိုယ်တိုင်ဖန်တီးပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါမှာ ကိုးခြောက်ကိုးအဖွဲ့ရဲ့ လှုံ့ဆော်မှုကြောင့် ဒီလိုဖြစ်ရတာပါလို့ နာမည်ဆိုးတပ်ကြတော့မယ်လေ။ အဲဒီအခါမှာ လူတွေကလည်း နားယောင်ပြီး ကိုးခြောက်ကိုး တံဆိပ်ကြီးက အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ပေးတတ်တယ်တဲ့ – ဆိုပြီး ကြောက်လန့်ပြီး သိမ်းထားကြတော့မယ်။ လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသားဆိုတဲ့ ဆိုင်းဘုတ်ကလေးက လှပါတယ်။ ဒါလေးပဲ ကပ်ထားတာကောင်းပါတယ်ဆိုပြီး လူမျိုးခြားတွေရဲ့ လှည့်ကွက်ထဲကို ပြန်ရောက်သွားကြတော့မယ်။

ကျုပ်တို့ မြန်မာလူမျိုးတွေက အရမ်းအရမ်းကို သဘောထားကောင်းခဲ့ကြပါတယ်။ သူတို့ ဘာသာဝင် တံဆိပ်တွေ တပ်ထားတဲ့ဆိုင်တွေမှာ လူမျိုးဘာသာ မခွဲခြားပဲ အားပေးခဲ့ကြဘူးပါတယ်။ အဲဒီတုန်းကထဲက သူတို့လူမျိုးတွေကတော့ သူတို့ဘာသာဝင်ဆိုင်တွေမှာ အားပေးခဲ့ကြတာပါ။ မြန်မာဆိုင်ဆိုရင်တော့ အငတ်သာခံမယ် လုံးဝမစားဘူးဆိုတာမျိုး မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ဘူးပါတယ်။ သူတို့ဘက်ကျတော့ သိ တတ် လိုက်ကြတာ။

လူ့အခွင့်အရေးတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ပေါက်လာတဲ့ ဒီကနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေ၊ ယဉ်ကျေးလိမ္မာမှုတွေရှိအောင် သိမ်းသွင်းမှုတွေ မလုပ်ရင် မဖြစ်တော့လို့ ကိုးခြောက်ကိုးလှုပ်ရှားမှုကို မျိုးချစ်လူငယ်တွေ ကိုယ့်အသက်ကို ပဓာနမထားပဲ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေက မဖြစ်မနေ လိုအပ်ပါသလဲဆိုတော့ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေ ခေတ်စားလာတဲ့ ဒီနေ့လို အင်တာနက်ခေတ်မှာ ကမ္ဘာကြီးတစ်ခုလုံးမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါင်းစည်းဆက်သွယ်ထားတဲ့ လမ်းတံတားကြီးများ တောက်ေ လျှာက် ဖွင့်ထားလိုက်ပါပြီ။ ယဉ်ကျေးမှုချင်း လူမျိုးဘာသာချင်းမတူလို့ ပိတ်ကာထားခဲ့တဲ့ လူ့စည်း လူ့ဘောင်တံခါးကြီးဟာလည်း ဟင်းလင်းပွင့်သွားပါပြီ။ လူမျိုးခြား တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ ကလည်း မြန် မာနိုင်ငံထဲကို ဒလဟော စီးဝင်လာနေပါပြီ။

ဒီတော့ အပျော်အပါး လောင်းကစား အာရုံခံစားမှုတွေကလည်း ဒလကြမ်း ကြောက်ခမန်းလိလိ ဖြစ်လာပါပြီ။ ဒီတော့ အာရုံခံစားမှုအတွက်ဆိုရင် လူမျိုးပျောက်မှာကိုလည်း မကြောက်ဘူး၊ ဘာသာစွန့်ရမှာလည်း ဝန်မလေးဘူးဆိုတာတွေက ဖြစ်လာနေပါပြီ။ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်သာ နေရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ငရဲလည်းမကြောက် ထောင်လဲမမှုတဲ့ မိုက်ရူးရဲတွေကလည်း များလာနေပါပြီ။ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်မချောက်ခင် ကိုယ့်သားငယ်သမီးငယ် လေးများကို စောစောစီးစီး ကြိုကြိုတင်တင် သွန်သင်ဆုံးမကြဖို့ အမျိုးဘာသာ သာသနာအတွက် လှုပ်ရှားမှုတွေ မဖြစ်မနေ လိုအပ်လာပြီဆိုတာကို ပြောခဲ့တာပါ။

ကိုးခြောက်ကိုးရဲ့ အဓိပ္ပါယ်ကတော့ ကိုးဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ ခြောက်ဆိုတာက တရား ဂုဏ်တော် ခြောက်ပါး၊ ကိုးဆိုတာက သံဃာ့ဂုဏ်တော်ကိုးပါးကို ဆိုလိုတာပါ။ နောက်ခံ ဘက်ဂရောင်းကို လည်း ကြည့်လိုက်ဦး၊ သာသနာ့အလံတော်၊ နှစ်ဆယ့်လေးပစ္စည်းစက်ဝိုင်း၊ အသောကကျောက်တိုင်တွေပါ။ ဒီလို စိတ်ကူးကောင်းကောင်းနဲ့ တီိထွင်ကြံဆထားတဲ့ အမြတ်ဆုံးရတနာသုံးပါး အမြတ်ဆုံးထားတဲ့ တံဆိပ်တွေကို ကိုယ့်အိမ် ကိုယ့်ဆိုင် ကိုယ့်ယာဉ်တွေမှာ အမြတ်တနိုး ချိတ်ဆွဲထားခြင်းဖြင့် ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုး တွေ ကင်းဝေးပြီး စည်းစိမ်ချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမှာပါ။ ဤတံဆိပ် ကို အိမ်မှာ ကပ်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ရတနာသုံးပါး အမြတ်ဆုံးထားပြီး အမျိုးဘာသာ သာသနာ ကို ချစ်မြတ်နိုးသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ထို့ကြောင့် ဤအိမ် ဤဆိုင်သို့ ရောက် လာသူတိုင်း ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာမင်္ဂလာ ရှိကြပါစေ-ဆိုတဲ့ အဓိပ္ပါယ် ကို ဆောင်နေ ပါတယ်။

လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ လူမျိုးခြား ဘာသာခြားတွေက ဒီအခွင့်အရေးတွေကို လက်တွေ့အသုံးချနေကြတယ်။ ဗုဒ္ဓဘာသာ မြန်မာတွေကတော့ ဖဲ့စားတာကိုလည်းခံရ လှီးစားတာကိုလည်းခံရ ဝါးမြိုတာကိုလည်း ခံနေကြရပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ် မရှိရင် မဖြစ်တော့လို့ ကိုးခြောက်ကိုး လှုပ်ရှားမှုတွေကို ဘုရားသားတော် သံဃာတော်တွေနဲ့ မျိုးချစ်လူငယ်တွေ စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်ပါတယ်။

ကိုးခြောက်ကိုးအဖွဲ့ရဲ့ ရည်ရွယ်ချက်က

(က) ဗုဒ္ဓဘာသာ အချင်းချင်း စည်းလုံးညီညွတ်ကြရန်၊
(ခ) ဗုဒ္ဓဘာသာ အချင်းချင်း ရိုင်းပင်းကူညီသောအားဖြင့် ဗုဒ္ဓဘာသာဈေးဆိုင်တွေမှာပဲ ဝယ်ယူအားပေး ကြ ရန်၊
(ဂ) ဗုဒ္ဓဘာသာ အချင်းချင်းသာ ထိမ်းလက်ထပ်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေပါပဲ။ ဘယ်သူ့ကိုမှလည်း အ ကြမ်း မဖက်ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် ဘယ်သူ့ကိုမှလည်း မလှုံ့ဆော်ပါဘူး။

ကျုပ်တို့မြန်မာလူမျိုးတွေဟာ သမိုင်းအဆက်ဆက်ကထဲ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်ဘာသာ သာသနာနဲ့ အေးအေး ချမ်းချမ်းနေလာခဲ့ကြတဲ့သူတွေပါ။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ မိသားစု အချင်းချင်း၊ ရွာသားအချင်းချင်း၊ မြို့သားအချင်းချင်း၊ နိုင်ငံတော်သားအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် အေးအတူပူအမျှ နေလာခဲ့ကြခဲ့ကြတဲ့သူတွေပါ။

လူမျိုးခြား ဘာသာခြား တိုင်းတပါးကကောင်တွေ ဝင်လာမှ ကိုယ့်ယဉ်ကျေးမှုတွေ ကိုယ့်ဘာသာ သာသနာတွေကို အဖျက်အဆီးခံရ၊ ကိုယ့်လူမျိုးတွေ အဖျက်အဆီးခံရနဲ့ လူလိမ္မာလူယဉ်ကျေးေ လးတွေ ကနေ လူကြမ်းကြီးတွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒါတောင် ကျုပ်တို့မြန်မာလူမျိုးတွေက သည်းခံစိတ်တွေ သနားညှာတာစိတ်တွေ သိပ်လွန်ကဲခဲ့ကြပါတယ်။

အဲဒီလို သည်းခံစိတ် သနားညှာတာစိတ်လွန်ကဲခဲ့ကြလို့လဲ လူမျိုးခြားတွေက ကိုယ့်လူမျိုးကို တစ်ဖြည်းဖြည်း ဝါးမြိုလာရာကနေ အခုတော့ သူတို့လူမျိုးတွေက ကြောက်ခမန်းလိလိ ဒုနဲဒယ်နဲ့ဖြစ်လာပါပြီ။ ကိုယ့်လူမျိုးတွေကလည်း ကျောချမှ ဓားပြမှန်းသိကြတာမို့လား၊ ကိုယ့်သားသမီးကို မျိုးချစ်စိတ်ဓာတ် ထက် သန်အောင် ကြိုကြိုတင်တင် သွန်သင်ဆုံးမတာမျိုး မလုပ်ကြဘူးလေ။ အဲဒီတော့ တစ်ေ ယာက်ပြီး တစ်ယောက် လူမျိုးခြားတွေ ဘာသာခြားတွေရဲ့ သွေးဆောင်ဖြားယောင်း မှုနောက် ကို ကောက်ေ ကာက် ပါအောင် လိုက်သွားကြတာတွေ့နေရတယ်။ လူမျိုးခြား ဘာသာခြားတွေက နည်းလမ်းအမျိုးမျိုးတွေကို သုံးပြီး မြန်မာလူမျိုးတွေကို ဖဲ့စားလှီးစား ဝါးမြိုလာခဲ့တာ အခုဆိုရင် ဘယ်အခြေအေ န ထိရောက်ေ နပြီလဲ ဆိုတာ အားလုံးသိကြမှာပါ။

အဲဒါတွေကို မြင်တွေ့နေရတဲ့ မျိုးချစ်ဘုရားသားတော်တွေ၊ မျိုးချစ်လူငယ်တွေက ကိုယ့်လူမျိုး ကိုယ့်ဘာ သာဝင်တွေ မသိသေးတာတွေကို သိရှိနားလည်အောင် သွန်သင်ဆုံးမရမည့်တာဝန်ရှိပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေအပေါ် သူတို့တစ်တွေ သမိုင်းအဆက်ဆက်က ရက်စက်ယုတ်မာခဲ့ကြ တာ တွေ ကို ဟောပြောဆုံးမမိခဲ့ရင် အကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်သူလို့ ကင်ပွန်းတပ်ကြမှာလား ? ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ မတရား အနိုင်ကျင့်ခံရတာကို မတရားအနိုင်ကျင့်ခံရပါတယ် လို့ ပြန်ပြောပြခွင့် မရှိတော့ဘူးလား။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးလို့ ကိုယ့်ညီမတွေ ကိုယ့်သမီးတွေ လူမျိုးခြားနဲ့ ယဉ်ပါးနေရင်လည်း မသိချင်ယောင်ဆောင်နေရမှာလား ? ကိုယ့်ညီမတွေ ကိုယ့်သမီးတွေကို လူမျိုးခြားက မတရားစော်ကားသွားရင်ကော ကိုယ့်ဘာသာကျိတ်ခံစားနေရမှာလား? ကိုယ့်လူမျိုးကို လူမျိုးခြားတွေက အုပ်စုလိုက် ဝိုင်းသတ်နေကြရင်တောင် မမြင်ချင်ယောင်ဆောင်နေ ရမှာ လား? တရားဥပဒေကကော အမှန်တရားဘက်ကနေ ရပ်တည်ပြီးတော့ အကာအကွယ်ပေးမှာလား ? ဆိုတာကို သမာသမတ်ကျလှပါတယ်ဆိုတဲ့ ဆရာကြီးများကို မေးကြည့်လိုက်ချင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အုပ်စုလိုက် ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်တော့ အခြေအနေတွေ လက်မလွန်ခင် ထိန်းသိမ်းပေးရမှာက အစိုးရနဲ့ တရားဥပဒေရဲ့တာဝန်ပဲဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူများအဖွဲ့ကတော့ သူ့အလုပ်သူ လုပ်ပေးနေကြရမှာပါ။ ဆူပူမှု အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ကြောက်လို့ ဘယ်လူမျိုးခြားက ကိုယ့်လူမျိုးကို ဘယ်လောက်ပဲ ဝါးမြိုဝါးမြို၊ ဘယ်လောက်ပဲ လှီးစားဖဲ့စား မတရားစော်ကားနေနေ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် ငါးနှစ်အ တွင်းမှာ ပဲ မြန်မာနိုင် ငံမှာ အလွန်လှပတင့်တယ် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံလှပါတယ် ဆိုတဲ့ စေတီ ပုထိုးတွေ ကျောင်းတော်ကြီးမျိုးစုံ ရိပ်သာဓမ္မာရုံတွေ ပြာပုံဘဝရောက်သွားနိုင်ကြောင်း ကို ကောင်းကောင်း သိကြမှာပါ။

အဲဒီတော့ ကျုပ်တို့က ဘာလုပ်ကြရမှာလဲဆိုရင် ဘာသာခြားလူမျိုးခြားတွေနဲ့ သူတို့ အဆောက်အအုံတွေ ပစ္စည်းတွေကို လက်ဖျားလေးနဲ့တောင်သွားတို့စရာ မလိုပါဘူး။ ကျုပ်တို့လူမျိုးအချင်း ချင်း ရှေး က ထက်ပိုပြီးတော့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ဝင်ဆိုင်မှာပဲ ဈေးဝယ်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ်ကြရမယ်-ဆိုတဲ့ ကိုယ့်လူမျိုးရဲ့ သံမဏိအတွင်းစည်းကမ်းတွေကို ကိုယ့်မိသားစု အချင်းချင်း၊ ကိုယ့်ဆွေမျိုး ညီအစ်ကို မောင်နှမအချင်းချင်း နားလည်သဘောပေါက်အောင် သွန်သင်ညွှန်ပြ ဆိုဆုံးမပေးကြရပါမယ်။ ကိုယ့်သားသမီးလေးများကို ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းကျောင်းများသို့ မဖြစ်မနေ (အချိန်ပိုင်းလေး ပဲဖြစ်ဖြစ်) ပို့ပေးကြရမှာပါ။ လူတိုင်းလူတိုင်း ဗုဒ္ဓတရားတော်ကို နားလည်အောင် လေ့လာ သင်ကြား မှတ် သား နာယူကြရမှာပါ။

ကျုပ်တို့ မြတ်စွာဘုရားက သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲတာတွေ၊ သူတစ်ပါး သားမယားကို မတရားစော်ကားတာတွေ၊ သူတစ်ပါး ပစ္စည်းလုယက်ဖျက်ဆီး ခိုးယူတာတွေ၊ လိမ်ညာလှည့်ဖြားတာတွေ၊ မူးယစ်ဆေးဝါး သောက်သုံးမှီဝဲတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲဆို၊ ဂုန်းတိုက်၊ မိုက်မိုက်ရိုင်းရိုင်း ညစ်ညမ်းယုတ်မာတဲ့ အပြောအဆိုတွေ အလုပ်တွေကို အမြဲတမ်း ရှောင်ကြဉ်ကြဖို့ မိန့်တော်မူခဲ့ပါတယ်။

အဲဒီတော့ ဗုဒ္ဓဘာသာပီပီ ဘယ်သူတွေက ဘယ်လောက်ပဲ ယုတ်မာနေနေ ကိုယ်ကတော့ သူတော်ကောင်း တရားလက်ကိုင်ထားပြီး စိတ်ကောင်းမွေးကာ ဘယ်သူတော်တော် မတော်တော် ကိုယ်တိုင် က တော်အောင် ကြိုးစားကြပါ။ ဘယ်သူတွေက ကောင်းကောင်း မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင် ကြိုးစားကြ ရမှာပါ-ဟု မေတ္တာဖြင့် ရေးသားတင်ပြလိုက်ပါတယ်။

အရှင်ဇဝန (ကုန်းဇောင်း)

နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြု

ထိုစကားလုံးကို စတင်ကြားဖူးခဲ့သည့် ကာလသည်ကား ၁၉၉၅ ခုနှစ် အမျိုးသား ညီလာခံကြီး ကျင်း ပနေ သည် ဆိုသည့်ကာလ။ ထိုကာလ၏ မတိုင်ခင် အရှေ့ပိုင်း တွင် ၈၈ အရေးအခင်း၊ အမေရိကန် စစ်သဘောင်္ များ မြန်မာ့ ရေပိုင်နက်ထဲ တရားမ၀င် ရောက်ရှိနေသည့် အခြေအနေ။ မြန်မာ့ ပြည်တွင်းရေးတွင် နိုင်ငံခြား တိုင်းပြည် များမှ အပြိုင်အဆိုင် ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေသည့် အခြေအနေ ဖြစ်သည်။

တစ်နိုင်ငံလုံး ဆူပူမှုဖြစ်ပွားခဲ့သည့် ၈ လေးလုံး အရေးအခင်းပြီးနောက် စင်ပေါ်ရောက်လာသူ ကတော့ ဗိုလ် ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပင် ။ ၈ လေးလုံး ဆူပူမှုကြောင့် တပ်မတော်က အာ ဏာ သိမ်းသည်။ ဆူပူမှုများဖြင့် ဆက်စပ်သူ၊ အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့များ ခိုအောင်း အခြေ ပု ရာ စံအိမ်ကြီး၏ အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ် ကျသည်။ သို့သော် အမျိုး သား ပြန် လည် သင့်မြတ် ရေး အကောင်အထည် ဖော်ရာတွင်တော့ သူမကို ဖိတ်ခေါ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ၀င်ပြိုင်ရန် ကြိုးစား ခဲ့သော်လည်း ယှဉ်ပြိုင်အရွေးခံသူ တိုင်းရင်းသား ဦးလဘန်ဂရောင်က ရွေးကောက်ပွဲ ဥပဒေနှင့် ငြိ စွန်းကြောင်း ကန့်ကွက်သဖြင့် ၀င်ပြိုင်ခွင့်မရခဲ့။ ဤတွင်တော့ အနောက်နိုင်ငံများ၏ အပြည့်အ၀ ထောက်ခံ အားပေး မှုမှာ အစိုးရနှင့် ပြင်ပမှ တိုက်ခိုက်မည့်သူ၊ ဂုဏ်ပုဒ်အထပ်ထပ် ဖြည့်ဆည်းပေးနိုင်သူ တစ်ယောက် အဖြစ် သူမကို ရွေးချယ်လိုက်ကြသည်။

၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံကြီး ကျင်းပသည်။ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပါတီ ကိုယ်စား လှယ် ကြီးများ စုံလင်စွာ တက်ရောက်ကြသည်။ သံသယရှိသည့် အဖွဲ့အစည်းများကပင် လေ့လာသူ အဖြစ် တက် ရောက်ခဲ့သည်။ ထို ညီလာခံကြီးမှ အခြေခံမူများ ချမှတ်ခဲ့ရာတွင်တော့ အထက်ဖော်ပြပါ နိုင်ငံတော် အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့် မပြု ဆိုသည့် အခြေခံမူ တစ်ချက်ပါဝင်ခဲ့သည်။

ထိုမူကို မြန်မာတိုင်းရင်းသားများ အနေဖြင့် လက်မခံနိုင်စရာ မရှိ။ သို့သော် ပြည်တွင်းနိုင်ငံရေး ပါတီတစ် ခုနှင့် လူတစ်ဦး အပေါ် အပြည့်အ၀ ထောက်ပံ့ပေးထားပြီး တပ်များ နေရာချရန်၊ မရိန်းတပ်ဖွဲ့များ စေလွှတ် ရန် စီစဉ် ထားသည့် အမေရိကန်နိုင်ငံအတွက်မူ အလွန်အထိနာစေသော မူတစ်ချက် ဖြစ်ခဲ့သည်။ ကုလ သ မဂ္ဂ ကို တံဆိပ် ကပ်၍ အမေရိကန်သံအမတ်ကြီး မယ်ဒလင်းအော် ဘရိုက် မြန်မာနိုင်ငံသို့ ရောက်လာ သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်ပင်သည်။ ၄င်း ပြန်ပြီး မကြာမီတွင်တော့ အန်အယ်လ်ဒီ ကိုယ် စားလှယ် အားလုံး အမျိုးသား ညီ လာခံကြီးမှ နှုတ်ထွက်ရန် စေခိုင်းခြင်း ခံရလေတော့သည်။ ထိုအပြုအမူ ထို လုပ်ဆောင်ချက်သည် မြန်မာ နိုင်ငံ ကြီးအား နှစ်ပေါင်းများစွာ ထပ်မံနောက်ကျသွားစေခဲ့သည့် မေ့မ ရသော အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့လေသည်။

တပ်မတော်ဟူသည် မည်သည့်အစိုးရ တက်တက် တပ်မတော် အဖြစ်သာ ရှိနေမည် ဖြစ်သည်။ အစိုးရ အ ဆက် ဆက် ပြောင်းလဲခြင်းကိုလည်း ကြုံဆုံခဲ့ရပြီးပြီ ဖြစ်သည်။ ယနေ့အချိန်တွင်တော့ နိုင်ငံတော်အတွင်း မည် သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့် မပြုသည့် မြန်မာနိုင်ငံအတွက် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ သည့် အင်အား တစ်သန်းရှိသော တပ်မတော်ကြီး လိုအပ်နေပြီ ဖြစ်သည်။ မကျေနပ်နိုင်စရာ အတိတ်ေ ဟာင်း မှ ပုဂ္ဂိုလ်များ လည်း တပ်မတော် အတွင်း မရှိကြ။ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးမှုကို ဆောင်ရွက် ရာမှ အာဆီယံ ဒေသ တွင်း ဦးဆောင်နိုင်သည့် အခန်းကဏ္ဍ တစ်ရပ်တွင် မြန်မာ့တပ်မတော် ပါဝင် လာနိုင်ရေး နိုင်ငံသား အားလုံးတွင် တာဝန် ရှိလာပြီ ဖြစ်သည်။

သင်သည် မြန်မာဆိုသည့် နိုင်ငံကို ချစ်ပါသလား။ အတိတ်ဟောင်းမှ ပုဂ္ဂိုလ်များ မရှိတော့သည့် မြန်မာ့ တပ်မတော် ထဲကို ၀င်ပြီး အင်အားတိုးအောင် ဆောင်ရွက်ပါ။

သင်သည် ဗိုလ်ချုပ်အောင်ဆန်း စကားကို နားထောင်ပါသလား။ လူငယ်လူရွယ် တစ်ယောက်ဖြစ်သည့် သင့် အတွက် အင်အားတစ်သန်းပြည့်မှီဖို့ လိုအပ်သော တပ်မတော်တွင် သင့်အတွက် နေရာ ရှိပါသည်။

သင်သည် ဒီမိုကရေစီကို နှစ်ခြိုက်သူ ဖြစ်ပါသလား။ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တပ်တွင်း ဒီမိုကရေစီ စနစ်ကို လာရောက် ဖော်ဆောင်ဖို့ တပ်မတော်က ကြိုဆိုနေပါသည်။

သင်သည် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လိုပါသလား။ တပ်တွင်းသို့ ၀င်၍ ကိုယ်တိုင် အားထုတ်မှုများ ဖြင့် ဆောင်ရွက်ပါ။

နိုင်ငံတကာမှ နိုင်ငံသားတိုင်းသည် မိမိတို့ နိုင်ငံ၏ တပ်မတော်တွင် စစ်မှုထမ်းဖူးကြသည်။ မည်သည့် နိုင်ငံခြား တပ်မှ ခြေချခွင့် မရှိသည့် မြန်မာနိုင်ငံ၏ တပ်မတော်တွင် စစ်မှုထမ်းခြင်းဖြင့် သင်၏ အတွေးများ ကို ပြုပြင်ပါ။

အထက်ပါ အချက်များကို လက်မခံနိုင်ဆိုပါက မည်သည့်အချက်ကို လက်မခံနိုင် ဖြစ်သည်ကို မှတ်ချက်ပြု ပါ။ သို့သော် ကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခွင့် ရှိပါလျှက် ဘေးထိုင်ဘုပြောခြင်းများ ဆက်လုပ်နေ ပါက သင် မကောင်းလျှင် ကျွန်ုပ်ဆိုးပါလိမ့်မည်။



Wednesday, April 10, 2013

နှစ်သစ်၊ ပြည်သူ့အစိုးရသစ် ( ဧပြီလ ၁၀ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ ပါ Editorial )

 
နိုင်ငံတော်တစ်ရပ် တည်ရှိနေခြင်းမှာ ထိုနိုင်ငံတွင် မှီတင်းနေထိုင်သော နိုင်ငံသူနိုင်ငံသား ပြည်သူလူထု တည်ရှိနေသောကြောင့် ဖြစ်သည်။ ပြည်သူလူထုမရှိပါက နိုင်ငံတော် တစ်ရပ် ပေါ်လာစရာအကြောင်း မရှိပေ။ ထို့အတူ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်သည် လည်း ပြည်သူလူထုမရှိဘဲ ၊ လက်မခံဘဲ အသက်ဝင်စရာ မရှိနိုင်ပေ။ ဤအချက်သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတို့တွင် မဖြစ်မနေ ရှိနေသည့် ရေခံမြေခံ သဘောတရားဖြစ်သည်။

ဒီမိုကရေစီ အသွင်ပြောင်းလုပ်ငန်းများ အကောင်အထည် ဖော်နေသော မြန်မာနိုင်ငံ တွင်လည်း အာဏာသုံးရပ်ရှိသည့် အနက် ဥပဒေပြုအာဏာနှင့် အုပ်ချုပ်မှုအာဏာ နှစ်ရပ်သည် ပြည်သူလူထု၏ အရေးပါ အရာရောက်မှုကို ကောင်းစွာနားလည် သဘောပေါက်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်သူလူထု အခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တသီးတသန့်တွေ့ဆုံကာ လူထုအကြား ကူညီဆောင်ရွက်နေမှုများ၊ လူထု၏ လိုအပ်ချက်၊ လိုလားချက်များ၊ အခက်အခဲများကို လက်တွေ့ နားထောင် မှတ်သားကာ အစိုးရအနေနှင့် ကူညီဆောင်ရွက် ပေးနိုင်သည် များကို ပြန်လည်ဆွေးနွေးသွားခဲ့သည်။ ထို့နောက် ယခုထက် ကျယ်ပြန့်သော နယ်ပယ်အသီးသီးမှ လူထုကိုယ်စားပြု အဖွဲ့အစည်းများနှင့် ထပ်မံ တွေ့ဆုံဦးမည်ဟု ဆိုခဲ့သည်။

လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး မကြာခင် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကို ထမ်းေ ဆာင်ေ တာ့မည့် သူရဦးရွှေမန်း သည်လည်း ရန်ကုန်လူထုနှင့် ယနေ့တွင် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ ဆုံရာတွင် မည်သူမဆို၊ မည်သည့် အကြောင်းအရာကိုမဆို တင်ပြဆွေးနွေးနိုင်ကြောင်း တံခါးဖွင့် ပေးခဲ့သည်။ သူရဦးရွှေမန်း၏ ပြည်တွင်းခရီးစဉ် များတွင်လည်း ဒေသခံ အုပ်ချုပ်ရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပြည်သူ့ အခြေပြုအဖွဲ့အစည်းများနှင့် အခါအားလျော်စွာ တွေ့ဆုံလေ့ ရှိသည်။

အဆိုပါတွေ့ဆုံမှုတို့သည် နှစ်ပေါင်းများစွာ လျစ်လျူရှု ခံထားခဲ့ရသည့် မြန်မာပြည်သူလူထု အတွက် များစွာ အားတက်ဖွယ်ရာ အခြေအနေကောင်းများဖြစ်သည်။ ယခင်ကမူ လာဘ်စားခြင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင် မှုများ နားမလည်ခြင်း၊ အာဏာရှင်စရိုက် ကဲလွန်းခြင်း၊ လစာရိက္ခာ နည်းပါးခြင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော် အညမညသဘောကို မသိခြင်း၊ စီမံခန့်ခွဲမှု လွဲမှားခြင်းတို့ကြောင့် အာဏာသုံးရပ်ကို တစ်စု တစ်စည်းတည်း ကိုင်စွဲသူတို့ ပြည်သူလူထုကို အလေးထားရ ကောင်းမှန်း မသိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ အမေ့လျော့ခံ၊ အဖိနှိပ်ခံ၊ အောက်ခြေအ ဆင့် ပြည်သူလူထုနှင့် နိုင် ငံတော်အဆင့် တာဝန်ရှိသူများ ယခုကဲ့သို့ တွေ့ဆုံစကားပြောခြင်း၊ ခံစားချက် များ၊ လိုလားချက်များ နားထောင်ပေးခြင်းမှာ မကြာမီ ကူးပြောင်းတော့မည့် မြန်မာနှစ်သစ်အတွက် မင်္ဂလာရှိသော သတင်း များဖြစ်ပါ သည်။ ဤအခြေအနေအတိုင်း ပြည်သူလူထု ကို အလေးထား၊ လေးစား၊ တန်ဖိုးထားလာပါ က ပြည်သူလူထုက လည်း ထိုအရာများနှင့် ညီမျှသည့် တုံ့ပြန်လေးစားမှု ပြန် လည် ပေးအပ်မည် မှာ သေချာလှပေသည်။ ထို့ထက်အလေးအနက် ပြောရပါ က ပြည်သူလူထု က ရွေးချယ်တင်မြှောက်ေ သာ ပြည် သူ့ ကိုယ်စားလှယ်များက ပြည်သူလူထုနှင့် နိုင်ငံတော်ကို စီမံခန့်ခွဲ အုပ်ချုပ်သည့် ပြည် သူ့ အစိုးရအဖြစ် မင်္ဂလာရှိသောနှစ်သစ်ကို ကြိုဆိုခြင်း ဖြစ်ပါကြောင်း။

အယ်ဒီတာ ( ၉-၄-၂၀၁၃ )

Tuesday, April 9, 2013

လင်းယုန် နဂါး မာဖီးယား ကစားတဲ့ကွင်း မြန်ပြည် ဖြစ်နေခြင်း

မြောက်ကိုးရီးယား ပဋိပက္ခသည် ဘယ်သူကစပြီး ဘယ်သူက ကြိုးကိုင်နေသလဲ ထဲထဲ ၀င်ဝင် ဘယ်သူတွေး သလဲ ပြောရရင် ကြောင်ကိုဘယ်သူခြူဆွဲပေးနေသလဲ ကိုပွကြီးရဲ့ အာရှပစ္စိဖိတ် ခြေဆန့် လက်ဆန့် မ ဟာ ဗျူဟာ အခင်းအကျင်းအတွက် ကင်စမောလ်လေး ကို တိုက်ချင်းပစ် ဒုံးစမ်းလာအောင် ကုလနဲ့တည်ပေးပြီး ပူတင်တို့ ရှီကျင့်ဖျင်တို့ကိုလည်း မငြင်းသာ ခွာပြဲ တောင်ဘက်က မမတို့ဆီက ပိုက်ဆံလည်းရ မဟာ ဗျူဟာ လည်းဂွင်အကျ စစ်ရေးလေ့ကျင့်မှုကို ရန်စသလိုဖြစ်အောင်လုပ်ပြ ဒါသေချာကြည့်ရင် calendar ကျ ရိုက် ကွက် ဆို တာ မြင်လာရသလိုပါပဲ။

ကိုကြီးပွရဲ့ ကမ္ဘာ့အဆင့် ၁ ကလျှောမကျရေးနောက်ဆုံးဆေးလည်းဖြစ် ပေါက်ဖော်နဂါးကြီးကို ၂၀၅၀ မှာကျော်တက်မလာအောင် ဒီမတိုင်မီ ဆွဲချထားနိုင်ဖို့ နဂါးခြေနဂါးလက်တွေကိုချုပ်ထားနိုင်ဖို့ ဆိုရင်အာရှပစ္စိဖိတ် နဂါးထိန်းချုပ်ရေးမဟာဗျူဟာအတွက် ကင်စမောလ်လေးဟာ အစပျိုးဖို့အကောင်းဆုံး hard. attack ဖန်တီးမှုတစ်ခုဆိုတာပေါ်လာသလို သေချာပြန်စဉ်းစားရင်သူများတွေကိုဘေးဘီ ပဲကြည့်နေေ တာ့ ကိုယ့်ကိုကိုယ်မမြင်သလိုဖြစ်နေတြယ်လို့ ထင်ပါတယ်။ ပြန်ကြည့်ရင် ကိုကြီးပွ စခဲ့တာ မြန် မာနိုင်ငံ လို့ဆိုရင် မလွဲနိုင်ဟုဆိုရမည့် Soft power ဖြင့် စတင်နေခြင်း ဟုဆိုပါမည်။

ဘာကြောင့်ပါလဲ။မြန်မာနိုင်ငံ အပြောင်းအလဲဟာ ဘပြောင်တကယ်လုပ်နေသလို ကိုကြီးပွ ဟာ ၂၀၀၈ ကစလို့ ၂၀၁၀ အရွေ့ ဒီနေ့ထိ အရင်အနေအထားနဲ့ပြောရရင် ကိုကြီးပွကျေနပ်လက်ခံမှာမဟုတ်ပါ။ဒါပေမဲ့ ကိုကြီးဟာ မထင်မှတ်လောက်အောင်ပဲ strategy ပြောင်းပြီး ခြင်္သေ့ခေါင်းထွက် အာဏာစက်ရလာတာကို အားပေးကူထောက် မာမီစုပါ လွှတ်တော်ထဲရောက်အောင်တွန်းပို့ခဲ့တာ ဒါ အိုဘားမားရဲ့ Smart. Power အခင်း အကျင်းလို့ မြင်မကြည့်သင့်ဘူးလား စဉ်းစားကြပါ။ ဒီနေရာမှာ မဟာဗျူဟာ ထဲမှာ  မြစ်ဆုံကစလို့.  ကေအိုင်အေနဲ့လုံးနေရတာ ကျောက်ဖြူပိုက်လိုင်း  လက်ပံတောင်း  ဒီအပြောင်း ဒီအတောင်းတွေ ဟာ ဖြုတ်သာသာ အကာလောက်ပဲရှိတဲ့ ရှစ်ပူး ဗကသ ဘက ဒီငပွတွေရဲ့ ဦးဏှောက်က ထွက်နေ တာ ထင်ရင်မှားမယ်လို့ထင်ပါတယ်။

ပြန်ကြည့်ပါ ကိုကြီးပွဟာ မဟာဗျူဟာ တစ်ချက်မှားသွားလို့ ကုလားနဲ့စပေးခဲ့တဲ့မီးကြောင့် ဒီနိုင်ငံဒီလောက် တည်ငြိမ်နေတာပါ။အကယ်လို့များ  ကုလားနဲ့မမဟုတ်ဘဲ တရုတ်နဲ့သာမီးမွှေးပေး လိုက်ရင် ကေအိုင်အေ နဲ့တောင်ဖြစ် ချိန်မရဘဲ နဂါးနဲ့ ၂ ပါးသွားနေရလောက်တာကြာပေါ့။

နောက်ထပ်စဉ်းစားစရာ၂ခုလောက်ပြောချင်ပါသေးတယ်။ဂျော့ခ်ျဆိုးရော့ မပါဘဲ ကမ္ဘာ့ဘဏ်ပြဿနာ မပြေနိုင်ပါ ထို နည်းတူစွာ ဂျော့ခ်ျဆိုးရော့ မကူဘဲ  ဆူတာလှူတာ ပွင်လင်းတာတွေ လိုက်မဟောနိုင်ပါ။ ဒါကြောင့် tiger ယောင်ဆောင်နေတဲ့ pond ကလေးတွေဖြစ်တဲ့ ဟော ပြော ဖွ ဆွ ပြ လုပ်နေကြတာဟာ ရိုးသားပါသလား ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဘယ်လိုကြိုးကိုင်နေတာလဲ ဆိုတာ သာမြင်ကြည့်ကြမယ်ဆိုရင်-----

ကဲမေးပြီဗျာ ခင်ဗျားတို့. ((((  ပါတီများ အမတ်များ နိုင်ငံရေးသမားဆိုသူများ  လက်နက်ကိုင်အဖွဲ့များ  ဟိုအော် ဒီအော် များ ကိုထောင်ထွက်များ ဟိုအဖွဲ့ ဒီအဖွဲ့များ   ၀ါဝါမြင်တိုင်းရွှေမဟုတ်သူများ  ---ပြည် တွင်းပြည် ပပြည်ချစ်သူများ ----စသော )))) ဒါတွေစဉ်းစားပြီးပြီလား ဘာဆက်လုပ်ကြမှာလဲ? ???

နောက် ၁ ချက် ---ပါးရိုက်ခဲ့တဲ့ ဂျပန်၊  စောင့်ကန်ခဲ့တဲ့ဂျပန်၊   လက်သည်းခွံ ခွာခဲ့တဲ့ဂျပန်၊ ကိုကြီးပွကို မလှန် ရဲ တဲ့  ဂျပန်  တစ်ဖန်ပြန်ပြီးကူညီနေပြန်ပြီ။ ပြန်စဉ်းစား ဗိုလ်ချုပ်တို့ အင်္ဂလိပ်ကိုတော်လှန်ဖို့. စစ်ပညာ သင်ပေး ထောက်ပံ့ပေးခဲ့တဲ့ဂျပန် ခုတစ်ဖန်ပြန်ပြီး ထောက်ပံ့ပေးပြန်ပါပြီ ကျေးဇူးတင်စရာ ထင်ရပေ မဲ့ မြင်ရတာ ရဲ့နောက်ကွယ်က မမြင်ရ သောလက်များလို့ဆိုရမဲ့ ကိုကြီးပွရဲ့ လက်ပွားတွေ များမဖြစ်နိုင် ဘူး လား သူကလည်း နဂါးကိုတွယ်ချင်သူပဲလေ သေချာတွေးလေ. ဟုတ်သလိုဖြစ်လေပါပဲ။

ဘပြောင်ကို အကြွေးတွေဆပ်ပေးပြီး ကျေးဇူးတင်မျက်နှာနာအောင်လုပ်ပီး တစ်ဖက်မှာ UNFC. ကိုစင်တင်ပေး အကုန်ထောက်ပံ့ပေးနေတာ စစ်ရေးက ကိုကြီးပွ နဲ့တစ်မျိုး ကိုယ်တိုင်တစ်ဖုံ  ကေအိုင်အေ. နဲ့  UNFC. ကို ရဲဘော်သုံးကျိတ်စတိုင် မြန်မာပြည် ပြည်ထောင်စုကခွဲထွက် အသက်ဆက်ပေးနေတာ ဗိုလ်တို့အင်္ဂလိပ်ကိုတော်လှန်ဖို့ ကြိုးစားခဲ့တဲ့ပုံစံနဲ့ သဏ္ဍန်တူနေတာဟာ ခဲတစ်လုံး ငှက် ၂ကောင် ဗမာ ၁ကောင် နဂါး ၁ကောင် ပစ်တာများလား ။

စဉ်းစားကြည့်သင့်သလားလို့ပါ။

လင်းယုန်နဲ့ မာဖီးယား ပေါင်းထားတဲ့ဆေးခါး မှားမသောက်မိစေဖို့ ဘပြောင် ဘအောင် တို့အခင်းအကျင်း ဘမန်းတို့ ဆွဲသွင်းကာရှင်းပါမှ သာယာလှပခြင်းဆိုတာတွေ မြန်ပြေမှာ ရနိုင်သလို စစ်တပ်ကို ပဲဗျင်းနေကြတာဟာလည်း Smart. Power. အခင်းအကျင်းလို့ပဲထင်မိတာမို့။

ဒီတစ်ခါ  KIA.ရဲ့  C4U+S. အခင်းအကျင်းနဲ့ဆွေးနွေးမဲ့အရေး မတိုင်မီ လွှတ်တော် --- ဗျို့.လွှတ်တော်လို့ လွှတ်အော်ပြီးဇွတ်ခေါ်ကာ မြန်ပြည်အနာဂတ်အရေး လေးလေး နက်နက်တွေး အပြေးတက်ကလေးနဲ့

အရေးကြီးအဆို---
အရေးကြီးအဆို---

C4U + S တောင်ပါသေးတာ လွှတ်တော်ဟာဘာမို့ချန်ထား ပြည်သူ့ ကိုယ်စား လှယ် ပြည် သူ့ ဆန္ဒ ပြည်သူ့သဘောထား ပြည်သူ့ လိုအပ်ချက် C4U + S အထက်မှာ လွှတ်တော် မပါရင် မြန်ပြေ တစ်ပိုင်းတစ်စ စတောင်းကြခွဲကြမဲ့ အရေးထာဝရငြိမ်းချမ်းရေး လွှတ်တော်ပါဝင်ရေး အရေးပေါ်ခေါ်. တင် သွင်းတော် မူကြပါဗျို့.

မောင်မြန်မာ

ဖွံ့ ဖြိုးရေးအတွက် ဘွဲ့

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လူအများစုရဲ့ ပညာရေးအရေးကြီးတယ် ဆိုတဲ့အေ ကြာင်း ကို အပြော များကြ၊ အမြင်များကြ ပြီးသား ပါ။ စီးပွားရေးပညာရှင်တွေကတော့ ပညာရေးက စီးပွားရေးကို နည်းလမ်း သုံးသွယ် နဲ့ အထောက်အကူပြုတယ် လို့ ပြောကြပါတယ်။

ပညာရေးကြောင့် လုပ်သားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားကို မြင့်မားစေပြီးကုန်ထွက်တိုးစေတယ်။ ပ ညာရေးကြောင့် တီထွင်ဆန်းသစ်မှုတွေကို ဖြစ်စေတယ်။ သွင်းအားစုတွေ ပိုကောင်းလာအောင်၊ ထုတ်လုပ် ပုံထုတ်လုပ်နည်းတွေ ပိုကောင်းလာအောင်၊ ထွက်ကုန်တွေ ပိုကောင်းလာအောင် လုပ်ပေးကြတယ်။

အသိပညာတွေ ပြန့်ပွားအောင် နည်းပညာအသစ်အဆန်းတွေ အသုံးချရာကစီးပွားရေးတိုးတက်မှုရအောင် လုပ်ပေးတယ်။ ဒီဆက်သွယ်မှုတွေကိုဘယ်သူကမှ ပြန်ပြီးမငြင်းကြ၊ မေးခွန်းမထုတ်ကြတော့ပါဘူး။

ဒါပေမဲ့လည်းပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဆက်နွယ်မှုကိုအပြတ်မပြောနိုင်သေးပါဘူး။ ပညာရေးနဲ့ ပတ်သက် လို့ သေသေချာချာမတိုင်းတာနိုင်သေးဘူး။ ပညာရေး လို့ပြော ရင် ကျောင်းတက်တဲ့နှစ် ကို ပဲပြော ကြတာ များတယ်။ ကျောင်းတက်တဲ့နှစ်ဆိုတာအရေအတွက်ပဲရှိတာလေ။ အရည်အချင်းမ ဟုတ်သေး ဘူး။

ပညာရေးဆိုတာတကယ်ကသိရှိနားလည်နိုင်စွမ်းရည်လိုပြောမှပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဆက်စပ်မှု ကပိုပြီးအဓိပ္ပာယ်ရှိတယ်။ နိုင်ငံအားလုံးမှာ စီးပွားရေးတိုးတက်မှုရဖို့ အရေးအတွက် နိုင်ငံတော်က အဓိက ကျတဲ့နေရာမှာရှိတယ်။ အစိုးရရဲ့ ရိုးရိုးသားသားထက်ထက် မြက်မြက် အုပ်ချုပ်နိုင်စွမ်းဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးတယ်။

အစိုးရရဲ့ စွမ်းရည်ကိုပြောရာမှာလူအများရဲ့ ပညာအရည်အချင်းကိုအရေအတွက်နဲ့ပဲပြောပြော၊ အရည် အ ချင်းနဲ့ပဲပြောပြော၊ ပြောလို့မရဘူး။ လူအများစုရဲ့ ပညာရေးနဲ့ ပြည်သူ့ဝန်ထမ်းရဲ့ ပညာရေးမတူဘူးလေ။ သုတေသီတွေကခေါင်းဆောင်မှုနဲ့ပတ်သက်လို့ လေ့လာဆန်းစစ်မှုပြုလုပ်ရာမှာထိပ်ပိုင်းရဲ့ ပညာအရည်အ ချင်း ဟာ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ အကြောင်းတွေ့ရတယ်။ ဒါပေမယ့် ခေါင်းဆောင်ေ တွ ဟာအစိုးရရဲ့ ရပ်တည်ချက်နဲ့ လမ်းကြောင်းကိုချပေးတာမှန်ပေမယ့် တကယ်အစိုးရ ယန္တရားကို လည် ပတ် တာကခေါင်းဆောင်တွေမဟုတ်ဘူး။

ဒီအခါ ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်း၊ နေ့စဉ်မူဝါဒချမှတ်အကောင်အထည်ဖော် သူတွေရဲ့ ပညာရေးအဆင့်အတန်း၊ ပညာရေးအရည်အချင်းဟာစိတ်ဝင်စားစရာဖြစ်လာတယ်။ ပြည်သူ့ဝန် ထမ်းေ တွ ရဲ့ ပညာရေးအဆင့်အတန်း မြင့်မားရင် သူတို့ရဲ့ အုပ်ချုပ်နိုင်စွမ်း မြင့်မားလာမယ်။ ဆုံးဖြတ်ချက်တွေ ပိုကောင်းလာမယ်။ ဒါဆိုရင် စီးပွားရေးပိုမိုတိုးတက်ဖွံ့ဖြိုးလာမယ်။

နိုင်ငံတစ်ခုနဲ့တစ်ခုဝန်ထမ်းတွေရဲ့ ပညာအရည်အချင်းခြားနားမှုတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးပုံ၊ ဖွံ့ဖြိုးနည်းလမ်းကြောင်းတွေကိုပိုမိုသိရှိနားလည် သဘောပေါက်လာတယ်။ တချို့နိုင်ငံတွေမှာဝန်ထမ်းတွေရဲ့ ပညာအရည် အချင်းဘာကြောင့်မြင့်မားနေသလဲ၊ လုပ်ရည်ကိုင်ရည်နဲ့ ပညာအဆင့်အတန်းပေါ်မူတည်ပြီးလစာပေးတဲ့စနစ်ဟာပညာတတ်တွေ ဝင်ရောက် လာအောင် ဘယ်လိုဆွဲဆောင်နေကြသလဲဆိုတာ သဘောပေါက်လာကြတယ်။

ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်းဟာအများပြည်သူရဲ့ ပညာရေးအဆင့်အတန်းနဲ့ သိသိသာ သာ ကွဲပြားခြားနားမှုရှိနေတာကိုလည်းတွေ့ရတယ်။ လက်တင်အမေရိကတို့၊ အာဖရိကဆာဟာရဒေသ ခွဲ တို့မှာအများပြည်သူရဲ့ ပညာရေးအဆင့်အတန်းနိမ့်ကျပေမယ့် အဲဒီဒေသတွေက ပြည်သူ့ဝန်ထမ်းအများစု ဟာ ဘွဲ့ရတွေဖြစ်နေတာတွေ့ရတယ်။

လေ့လာချက်အရ ပြည်သူ့ဝန်ထမ်းတွေ ပညာတတ်လေ၊ စီးပွားရေးတိုးတက်မှုမြန်ဆန်လေဖြစ် တာကိုေ တွ့ ရတယ်။ နိုင်ငံ ၄၈ နိုင်ငံကို နှိုင်းယှဉ်လေ့လာကြည့်လိုက်တဲ့အခါ အမေရိကန်ကပထမ၊ ယူကေကဒုတိယ၊ ကနေဒါကတတိယ၊ အင်ဒိုနီးရှားကနံပါတ် ၄၈ ချိတ်တာတွေ့ရတယ်။

ပြည်သူ့ဝန်ထမ်းတွေ ဘယ်ကဘွဲ့ရလာကြတယ်ဆိုတာလိုက်ကြည့်ပြန်တော့ အရှေ့အာရှ၊ ဗဟိုဥရောပနဲ့ အရှေ့ ဥရောပက အရာရှိအတော်များများဟာ ပညာရည်မြင့်မားတဲ့ နိုင်ငံခြား တက္ကသိုလ်တွေမှာ ပညာ ဆည်းပူး ခဲ့ကြ တာတွေ့ရတယ်။အစိုးရကအကျင့်ပျက်မှုတွေကိုမထိန်းနိုင်၊ ဥပဒေတွေအတိုင်း ဖြစ်အောင် အကောင် အထည်မဖော်နိုင်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုတဲ့ ပတ်ဝန်းကျင် မဖန်တီးနိုင် တဲ့အခါမျိုးမှာ စီးပွားရေးဖွံ့ဖြိုးမှုအလားအလာနည်းတာတွေ့ ရတယ်။ ပြည်သူ့ဝန်ထမ်းတွေ ပညာပိုတတ်ရင် အကျင့်ပျက်တာနည်းမယ်။ အခွန်တွေပိုရမယ်၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုကောင်းမယ်၊ ပြီးတော့ ပုဂ္ဂလိကဈေးကွက်တွေ တိုးတက်ဖွံ့ဖြိုးအောင် ပိုပြီးလုပ်နိုင်မယ်။

တစ်နည်းပြောရရင်တော့ ပြည်သူ့ရန်ပုံငွေကိုတလွဲသုံးတာနည်းမယ်။တကယ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာအ ခွန် အကောက် မှန်မှန်ကန်ကန် ရရှိရေးဆိုတာဧရာမစိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ အခွန်အကော က် မြ င့်မြ င့် မားမားရအောင် ဆောင်ရွက်နိုင်တယ်ဆိုတာ နိုင်ငံတော်ရဲ့ စွမ်းရည်မြင့်မားမှုကို ပြသနေေ သာ ဖြစ် ပါတယ်။

နိုင်ငံတည်ဆောက်ရေးစွမ်းရည်မြင့်မားတာကိုလည်း ပြသရာရောက်ပါတယ်။ပညာ တတ်ပြည်သူ့ ဝန်ထမ်းေ တွ ဟာအခွန်စီမံခန့်ခွဲမှုကောင်းမယ်။ အခွန်ကိုပေးချင်အောင်ဆောင်ရွက်နိုင်စွမ်း မြင့်မားတယ်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိုနားလည်သဘောပေါက်ပြီးအကူအညီပေးတယ်။ အစိုးရရဲ့စွမ်းရည် ဘယ်ေ လာက် ထိရောက်တယ်၊ ထက်မြက်တယ်ဆိုတာ ကြည့်ရာမှာပုဂ္ဂလိကဈေးကွက်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းထိန်းချုပ်ရေးဆိုင်ရာစွမ်းရည်တွေလည်းပါတယ်။အထူးသဖြင့် ပြည်တွင်းဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုး တက် အောင် လုပ်ပေးဖို့လိုပါတယ်။

ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတိုးတက်မှု ကိုလည်း အေ ထာက် အကူပေးနိုင်ပါတယ်။ပညာရေးလား၊စည်းမျဉ်းစည်းကမ်းလားဒီနေရာမှာ ပြည်သူ့ဝန်ထမ်းတွေ ရဲ့ပ ညာေ ရး အဆင့်အတန်းကြောင့် အုပ်ချုပ်မှုတွေ ကောင်းမွန်တာလား၊ ဒါမှမဟုတ် အပြန်အလှန် ထိန်းေ ကျာင်း မှုတွေ၊ လွတ်လပ်တဲ့ တရားရေး မဏ္ဍိုင်တို့လိုစည်းမျဉ်းစည်းကမ်းနဲ့ အဖွဲ့အစည်းတွေ ကောင်းမွန်လို့ ပ ညာရည်အဆင့် အတန်းမြင့်မားရတာလားဆိုတာစဉ်းစားစရာဖြစ်ရပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကပညာရည်မြင့်မားမှုကိုအထောက် အကူပြုတယ်ဆိုရင် အဲဒီစည်းမျဉ်း စည်းကမ်းေ တွ ခိုင်မာဖို့၊ အားကောင်းဖို့၊ မူဝါဒတွေ ချမှတ်ပေးရပါမယ်။ အစွမ်းအစရှိတဲ့သူတွေ၊ ပြည်သူ့ ဝန်ထမ်း အလုပ်ကိုရွေးချယ်ချင်လာဖို့ ပညာရေးစနစ်ကဝန်ထမ်းတွေရဲ့ အရည်အချင်းမြင့်မားလာအောင် လုပ်ပေးဖို့ေ တွ ကိုပါ အာရုံစိုက်ရပါ မယ်။ တကယ်လည်းကောင်းမွန်တဲ့ စီးပွားရေးရလဒ်တွေ ထွက်ပေါ်လာဖို့ ဆိုတာ ကစည်းမျဉ်းစည်းကမ်းတွေ အပေါ်မှာအများကြီးမူတည်ပါ တယ်။

ပညာတတ်ပြည်သူ့ဝန်ထမ်းတွေရဲ့အရည်အချင်းဟာ ပြည်သူ့ ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ကိုအေ ထာက် အကူပြုပြီး စီးပွားရေးတိုးတက်မှု ကိုဖြစ်စေနိုင် ပါတယ်။ ထူးခြား တာက ပြည် သူကို ဝန် ဆောင်မှု ပြုလိုစိတ်ရှိတဲ့သူတွေ (တကယ်လို့သာစည်းမျဉ်းစည်းကမ်းတွေ ခိုင်ခိုင်မာမာ ပီပီပြင်ပြင် ရှိနေမယ်ဆိုရင်) ပုဂ္ဂလိကကဏ္ဍမှာထက်ပြည်သူပိုင်ကဏ္ဍမှာ တာဝန်ထမ်းဆောင်လိုစိတ်ကြီးမားတာတွေ့ရ ပါတယ်။ဆိုလိုတာ ကစည်းမျဉ်းစည်းကမ်းတွေကောင်းေ န ရင်အကျင့်ပျက်ခွင့် နည်းတယ်၊ အကျင့်ပျက်လို့ ဆိုပြီးဖယ်ရှားရ တဲ့ ပြည်သူ့ဝန်ထမ်းနည်းပါးမယ်။

ပညာတတ်တွေဟာ ပြည်သူ့ဝန်ထမ်း စိတ်ပါဝင် ပိုမိုကြီးမးပြီးသူတို့ရဲ့ကျွမ်းကျင်မှုနဲ့ဝန်ဆောင်မှု ပိုကောင်းေ အာင်ေ ဆာင်ရွက်ေ ပးနိုင်တယ်။ဘ ယ်နေရာ ဘယ်အချိန်မှာဆိုပုဂ္ဂလိက ကိုလွှတ်ပေးထားရမလဲ ဆိုတာ နားလည်တယ်။ ဒီ့အပြင်ပညာ တတ်တွေရမယ့်လစာကလည်းလူ့အဖွဲ့အစည်းရဲ့အကျိုးအတွက်အရေး ပါပါ တယ်။

ထိရောက်တဲ့တရားရေးစနစ်ဟာဥပဒေတွေ ကိုပီပြင်အောင်အကောင်အထည်ဖော်ေ ဆာင်ရွက်နိုင်ပြီး ပြည် သူ့ဝန်ထမ်းေ တွကဥပဒေကိုလိုတစ်မျိုး မလိုတစ်မျိုး လုပ်တဲ့နည်းနဲ့ ကိုယ်ကျိုးရှာမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။

ကိုယ်ကျိုးရှာတယ်ဆိုတာဟာအများပြည်သူရဲ့အကျိုးကို ဒါကြောင့်လည်းပညာ အဆင့်အတန်း အလိုက်ခန့် ထားပြီး ထိုက်တန်တဲ့လစာရရှိဖို့အရေးကြီးတဲ့အကြောင်းပြောနေတာပါ။နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ ဆို တာ ပြည် သူ့ဝန်ထမ်း နယ်ပယ်ကို ပညာတတ်တွေဝင်ရောက်လာအောင် ဆွဲဆောင်နိုင်ရပါမယ်။ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆွဲဆောင်ဖို့ပိုပြီးလိုအပ်ပါတယ်။အသိသာဆုံးသာဓကကတော့ စင်ကာပူနိုင်ငံ ပါတဲ့။ စွမ်း ရည်အလိုက်လစာပေး၊လစာကလည်းကောင်းလေတော့အရည်အချင်းရှိသူတွေကိုဆွဲဆောင်နိုင်တယ်။

အစိုးရရဲ့ဆောင်ရွက်လုပ်ကိုင်မှုတွေ ဟာထိရောက်မှု ရှိတယ်။ ကျွဲကူးရေပါ ဆိုသလိုနောက်ဆုံး မတော့နိုင်ငံ ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့ရတယ်။

မောင်ရန်အေး


RavahArezki + Mark Quintyn “Degree of Development” in Finance and Development, march 2013, Vol.50, No.1

ခေတ်လူငယ်

Wednesday, April 3, 2013

အမုန်းတရားမဲ့၊ အကြမ်းဖက်မှုမဲ့၊ မျက်ရည်မဲ့ဘဝများ ဤမြေတွင် ပွင့်ပါစေသား

 
 
ရန်ကုန်က ရန်ကုန်မဟုတ်တော့။ ရန်ကုန်၏ ညများသည်လည်း အရင်လို ရန်ကုန်ညမျိုးမဟုတ်။လမ်းပေါ်မှာ လူတွေရှင်းနေသည်။ မိုးအလင်းဖွင့်တတ်သော လမ်းဘေး ဆိုင်များလည်း ဆိတ်သုဉ်းလျက်။ တဝေါဝေါဖြတ်သွားသော အငှား ကားများနှင့် ကိုယ်ပိုင်ကား တချို့ သာ မရှိလျှင်ရန်ကုန်ညသည် နယ် မြို့တစ်ခုနှင့် မခြား။ ညသည် လူများအိပ်စက်အနား ယူချိန်မို့ တိတ်ဆိတ်နေသည် ဆို သော်ငြား အခုတိတ်ဆိတ်ခြောက် သွေ့နေပုံက သမားရိုးကျမဟုတ်ပါ။ အထူးသဖြင့် ရန်ကုန်ညသည် ရန် ကုန် ညစတိုင်မှ ကွဲပြားကာ ညှိုး ရော် ချောက်ချားဖွယ်ကောင်းနေ ခြင်းကိုတော့ ဤရက်များအတွင်း သိသိသာသာ ခံစားနေရသည်က အသေအချာ ဖြစ်သည်။     ထိုခံစားမှုတွင် အဖြေရှိပါ သည်။ တကယ်တော့ရန်ကုန်၏ ညများက စိုးထိတ်မှု၊ ကြောက်ရွံမှု နှင့် ခြောက်အိပ်မက်များကြောင့် အနံ့အရသာ ပျောက်နေခြင်းပင် ဖြစ်သည်။ ထိုသို့သော နွေနေ၏ ရက် စက်သော အပူရှိန်မပြေသေးသည့်  ဧပြီလ ၂ရက် နံနက် ၃ နာရီအချိန် တွင် ဝမ်းနည်းဖွယ်ကောင်းသော ကံကြမ္မာဆိုးတစ်ခုက ရန်ကုန်ကို အလစ်အငိုက် တိုက်ခိုက်လိုက်သည်။

Tuesday, April 2, 2013

မေတ္တာ အရင်းခံ ကိုယ်ချင်းစာ တရား လက်ကိုင်ထား အမြင်ကျယ်ကျယ် သတိ ကြီးကြီးဖြင့် ပူးပေါင်း ဆောင်ရွက်

လောက နီတိကျမ်းတွင် အားကိုးရာ လေးမျိုးပြဆို ထားရာ ကောင်းကင်သည် ငှက်တို့၏ အားကိုးရာ၊ ရေသည် ငါးတို့၏ အားကိုးရာ၊ မင်းစိုးရာဇာသည် အရှိန်အဝါ မရှိသူတို့၏ အားကိုးရာ၊ငိုခြင်းသည် ကလေး သူငယ် တို့၏ အားကိုးရာဟူ၍ ဖြစ်သည်။ လောကနီတိ ဟူသည်မှာ ပါဠိစကား ဖြစ်၍ မြန်မာ ဘာသာနှင့် ဆိုသော် လူ့ဘောင် လောက၏ ရှေ့ဆောင် လမ်းပြဟု ဆိုရမည် ဖြစ်သည်။
 
လောက နီတိကျမ်း ပြုစုခဲ့သော ပုဂ္ဂိုလ်မှာ ပင်းယခေတ်က စတုရင်္ဂ ဗလဘွဲ့မည်ရသော စွယ်စုံ ပညာရှင်ကြီးဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာတို့ ရင်းနှီး ကျွမ်းဝင်ခဲ့သော ကျမ်းတစ်စောင် ဖြစ်သည်။
 
သို့သော် ထိုခေတ် အခြေအနေဖြင့် ရေးသား ပြုစုခဲ့သော လောက နီတိကျမ်း ထဲတွင် ယခုခေတ် အမြင်၊ ယခုခေတ် အခြေအနေ များနှင့် အံမဝင် တော့သည့် အချက် အနည်းငယ် ရှိကြောင်း လေ့လာ တွေ့ရှိရသည်။ ဥပမာ- မင်းစိုးရာဇာသည် အရှိန်အဝါ မရှိသူတို့၏ အားကိုးရာ ဖြစ်၏ ဆိုသည်မှာ ပြည်သူ့အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့ အစိုးရက နိုင်ငံတော် တာဝန် အရပ်ရပ်ကို ထမ်းဆောင်နေသော ယခုခေတ်နှင့် မကိုက်ညီတော့ပါ။ ဤသို့ ဆိုရသော်လည်း အစိုးရဟူသည် တိုင်းနိုင်ငံကို အုပ်ချုပ်သော အဖွဲ့ အစည်းဟု မြန်မာ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ထားရာ အစိုးရသည် ပြည်သူတို့၏ အားထား ရာပင် ဖြစ်သည်။
 

Saturday, March 30, 2013

အလိုလိုက်အမိုက်မဆော်ကားကြဖို့






၂၀၁၃ခုနှစ် မတ်လ ၁၇ရက်ထုတ်    မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈  ၌ ပြည်သူလွှတ်ေ တာ် ဥက္ကဋ္ဌ သူရဦးရွှေမန်း    က ဒလမြိုနယ်မှဒေသခံများနှင့်တွေ့ဆုံ    စဉ် ““ဥပဒေနှင့်မညီညွတ်””သည့်မင်းမဲ့စ ရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ဒီမိုက ရေစီအနိုင်ကျင့်မှုများကို လစ်လျူရ့လျှက် တိုင်းပြည်နစ်နာ မည်ဖြစ်ကြောင်းပြော ကြားခဲ့သည့် စကားမှာဒီကနေ့အချိန်အခါ   မှာ ““ပြည်သူများအားလုံးအနေနဲ့အထူး (အထူး)ဂရိုက်စိုက်အလေးအနက်ထားရ မည့်စကားဖြစ်ပါသည်။


မြန်မာမှုနယ်ပယ်တွင်ရှေးလူကြီးများ    က လူတွေကိုစကားပုံ များနဲ့ဆိုဆုံးမလမ်း  ညွှန်လမ်းခင်းပေခဲ့ ပါ သည်။““အလိုလိုက် အမိုက်စော်ကား””မျက်နှာသာပေးရွှေရေး  ပန်ကန်တက်သောစကားအတွက် ဆေး တစ်ပါးသဖွယ်ဖြစ်မည်ထင်ပါသည်။

အားလုံးသိကြပါသည်။ ယခင်ကနဲ့ စာလျှင် ယနေ့များစွာ(များစွာ)မှ လွတ်  လပ် စွာပြောရေး ဆိုခွင့်တွေ ရလာပါပြီ၊ လူ့ အခွင့်အရေးနှင့်ပတ်သက်လျှင်လည်း အတန်အသင့်ရလာနေပါပြီ။ဒီနေရာမှာ   လူ့ အခွင့်ရေး ဆိုသည်မှာလူသားတိုင်း၏     မွေးရာပါအခွင့်အရေးဆိုသည်ကို လူတိုင်း    မပြောဘဲသိပါသည်။ လူများစု အတွက် လူ့အခွင့်အရေးကသီးခြားအခွင့်ထူးခံဖို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မဟုတ် တာ   တော့ သေ ချာပါသည်။

အချိန်မှီထိန်းသိမ်းပြုပြင်သင့်ပြီဖြစ်သောမြန်မာ့ယဉ်ကျေးမှု



နံနက် စောစော(၄)နာရီခန့်တွင်   လမ်းလျှောက်ထွက်ရန်အိပ်ယာမှနိုးခဲ့ သည်။ ရောက်မိေ ရာက် ရာ တွေးတော နေစဉ် ဟိုးအတော်ဝေးဝေးမြို့ဆင်ခြေ ဖုန်း သစ်ကြီးဝါးကြီးများရှိရာအရပ်ဆီမှ   ဥသြ ငှက်လေးတစ်ကောင်၏ ချွဲချွဲနွဲ့နွဲ့ တွန်ကြူးလိုက်သော တိုးတိုးသဲ့သဲအသံ  လေးကို ကြားခဲ့ ရာ သြော်နွေ ရာသီ သို့   တခေါက်ရောက်ခဲ့ပြန်ပါပြီကောဟု ရေ   ရွတ်မိသည်။

ရောက်ရှိလာသော နွေဦးနှင့်အတူ    မြန်မာတို့၏ ယဉ်ကျေးမှုနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကြီးလည်းဆင်နွှဲရန် နီးခဲ့  ပါပြီကော။ဒီအတွေးနှင့်အတူ ငယ်စဉ်က    ပျော်မြူးဆင်နွှဲခဲ့ရသော သင်္ကြန်ပွဲများကို     စိတ်အတွေးတွင် အိပ်မက်ပမာအစီအရီ    ပေါ်ခဲ့ရပေသည်။

Friday, March 29, 2013

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE)၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Evan Greenberg ဦးဆောင်သည့်အဖွဲ့ လာရောက်တွေ့ဆုံ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE)၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Evan Greenberg ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော် ရှိပြည်သူ့ လွှတ်ေ တာ် ကော် မ တီဆောင် အမှတ် (၁)၊ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE) အနေဖြင့် အာမခံလုပ်ငန်းများတွင် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား နှစ်ဦးနှစ်ဖက် ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ စီမံကိန်းများနှင့် ဘဏ္ဍရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်၊ ပြည်သူ့လွှတ်တော် ဒုတိယညွှန် ကြားရေး မှူးချုပ် ဦးတင်ဝင်းအောင်နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်

ဆက်သွားချင်သေးတယ် ဆိုရင်