Pages

Sunday, January 27, 2013

ဟင်းသီး ဟင်းရွက်များ၌ အဆိပ်ပါ သည်ဟု ရခိုင်၌ သတင်းများ ပြန်လည် ထွက်ပေါ်



စစ်တွေမြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်များပါဝင်နေသည်ဟု ထွက်ပေါ်ခဲ့သည့် သတင်းများမှာ ကောလဟာလ သာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါ အဆိပ်သတင်းမှာ ထပ်မံထွက်ပေါ်နေကြောင်း သိရသည်။

 ဒေသခံအများ၏ ပြောပြချက်အရ သဲချောင်း၊ ဘုမေဘက်မှ ဒေသခံဈေးသည်အချို့ တင်သွင်းရောင်း ချသော ခရမ်းသီး၊ဘူးသီး၊မုန်လာဥ စသည့် ဟင်းသီးဟင်းရွက်များတွင် စားသုံးသူများအတွက် အန္တ ရာယ်ဖြစ်စေနို င်သော ဓါတုဆေးဝါးများနှင့် အဆိပ်ဓါတ်ပါဝင်နေသည် ဟုဆိုသည့် သတင်းများ ဆက်တိုက် ထွက်ပေါ်လာရာ လူထု အများစုမှာ စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါဒေသ၌ ဟင်းသီး ဟင်းရွက် စားသုံးမှုအား အထူးသတိပြုစားသုံးနေရကြောင်း ဒေသခံတို့က ဆိုသည်။ “ မနေ့ကတော့ ကြားတယ်။

 ဆင်ကူးလမ်းရပ်ကွက်၊ ဂြစ်ချေကျောင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ ဒုက္ခသည် တစ်ဦးက ဈေးက ဝယ်လာတဲ့ ကြက်ဥတစ်လုံးကိုကြော်တဲ့အခါ ပုံမှန်မဟုတ်ဘူး အဆိပ်ပါတဲ့ အနေအထား တွေ့ရတယ်လို့ သတင်းတွေကတော့ ထွက်လာတာဘဲ။”ဟု စစ်တွေဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ ဟင်းသီး ဟင်းရွက် များတွင် အဆိပ်ပါသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စစ်တွေ ဒေသခံ များမှာ အစား အသောက် ဝယ်ယူ စားသုံးရာတွင် စိုးရိမ်ပူပမ်မှုများ ရှိနေခြင်းဖြစ်သည်။

 လက်ရှိတွင် ဟင်းသီးဟင်းရွက်များကို စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်အနေဖြင့် သက်ဆိုင်ရာမှ တစ်ပတ်တစ်ကြိမ်နှုန်းဖြင့် အလျဉ်းသင့်သလို စစ်ဆေးဆောင်ရွက်မှုများရှိနေကြောင်းလည်း သိရသည်။

 မြစ်မခ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်