Pages

Friday, March 8, 2013

၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထ အကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပ ပြုလု ပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ် ချုပ်ကြီး ရာပြည့်၊ စစ်ဦးစီး အရာရှိချုပ် (ရေ)ဗိုလ်မှူးချုပ် တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူး ချုပ် လွင်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တပ်မတော် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ် ဦးစီးဌာနတို့မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
 

စစ်တွေအပါအ၀င် ၆ မြို့နယ်မှ ပြည်သူများ နိုင်ငံသားမဟုတ်သူများအား အခွင့်အရေးမပေးရန် ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၆)မြို့နယ်မှ ရခိုင်တိုင်းရင်းသားပြည်သူများအနေဖြင့် နိုင်ငံသား မဟုတ်သူများအား   နိုင်ငံသားအခွင့်အရေး မပေးရန် အပါအ၀င် ဘင်္ဂလီအရေး ပွင့်လင်းစွာဆောင်ရွက်ရန်၊ တိုင်းရင်းသားဆန္ဒ မပါပဲ ဒေသအရေးမဆောင်ရွက်ရန်စသည့်အချက်များအတွက် မတ်လ(၇)ရက်နေ့က မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်ခဲ့သည်။ အဆိုပါဆန္ဒထုတ်ဖော်မှုမှာ၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူ၊ သံတွဲ၊ မြေပုံ၊ တောင်ကုတ်၊ ကျောက်တော်မြို့နယ် များ၌ ယနေ့ မတ်လ(၇)ရက်နေ့တွင် မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

အိန္ဒိယရေတပ်ရွက်သင်္ဘောတစ်စင်း စစ်တွေသို့ ဆိုက်ကပ်

 
အိန္ဒိယ-အာဆီယံ ပူးပေါင်းမှု  အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ ရေတပ်ရွက်သင်္ဘော STS Sudarshini  မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မတ်လ ၆ရက်နေ့  နေ့လည်ပိုင်းက  ဆိုက်ကပ်ခဲ့သည်။

အဆိုပါ ရေတပ်သင်္ဘောတွင်  လူ(၆၀)ပါဝင်ပြီး   အကြိမ် (၂၀)မြောက် အိန္ဒိယနိုင်ငံ အာဆီယံဆွေးနွေးမှု အထိမ်းအမှတ်အဖြစ်    မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 

နိုင်ငံခြားသို့ သစ်သီးတင်ပို့ငွေ ၂၅ % ကျော် တိုးလာ

 


 
 
 
 
 
 
 
 
 
 
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိင်ငံခြားသို့ သစ်သီး တင်ပို့မှု့မှ ရရှိသော ၀င်ငွေမှာ လွန်ခဲ့သော နှစ်များကထက် ၂၅ %ကျော်အထိ တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် (၂) နှစ်လုံးထက်စာရင် ဒီနှစ်ကပိုရလာတယ်လို့ပြောလို့ရတယ်။ တရုတ်ကိုပို့တဲ့ နယ်စပ်ကုန်သွယ်ရေး စာရင်းအရဆို မနှစ်ကထက်ဒေါ်လာ ၄ သန်းလောက် ဒီနှစ်ပိုရတယ်။ ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 

ခေတ်မီ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အကျိုးဆက် အဖြစ် နိုင်ငံသားတိုင်း လွယ်လင့်တကူ ၀ယ်ယူ အသုံး ပြုနိုင်မည့် တန်ဖိုးနည်းဖုန်း လာပြီ


ထုတ်ပယ်မှုက NLD ပြိုကွဲရေး လမ်းစလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများကို ပြုလုပ်မှုကြောင့်ဟု ဆိုကာ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံတက်ခွင့် ရပ်ဆိုင်း အရေးယူမှုသည် ပါတီပြိုကွဲရေးကို အားပေးရာရောက်ကြောင်း ပါတီနာယက ဦးဝင်းတင်က ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေးကော်မရှင်က အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှု ပြုလုပ်သည်ဟု ခိုင်မာသော အထောက်အထားများ ရရှိထားသဖြင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ဖြစ်ကြသော လမ်းမတော်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ ဦးသန့်ဇင်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်၊ စစ်ကိုင်း ကောလင်းမြို့နယ် ဥက္ကဋ္ဌ ဒေါ်မိမိကြီးတို့ကို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းသည်ဟု မတ်လ ၅ ရက်နေ့တွင် တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့သည်။
 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြန်ရောက်ပြီ

ဖဖော်ဝါရီ ၂၅ ရက်နေ့မှ စတင်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယားနှင့် အီတလီနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ်လ ၈ ရက်နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်အပြည်ပြည် ဆိုင်ရာေ လဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ပြည်သူများနှင့် အသင်းအဖွဲ့များမှ လာရောက်ကြိုဆို ကြကြောင်း သိရသည်။

 

ရွှေကြာပင်လေး UAV



ခုတလောနိုင်ငံပိုင်သတင်းစာတွေထဲမှာ ပုဂ္ဂလိက စာစောင်တွေဂျာနယ်တွေမှာ ခပ်စိပ်စိပ် ရေးသား ဖော်ပြလာကြတဲ့ သတင်းအချက်အလက်တချို့ကို သတိထားမိမယ် ထင်ပါတယ်။ အကြောင်းအရာက တော့ မောင်းသူမဲ့လေယာဉ်လို့ခေါ် တဲ့ ယူအေဗွီဆိုသော အဝေးထိန်း လေယာဉ်တွေနဲ့ ပတ်သက်တာတွေ ပါပဲ။ နောက်ဆုံးအနေနဲ့ Hot အဖြစ်ဆုံးသတင်းကတော့ တရုတ် အစိုးရအနေနဲ့ မြန်မာ့ဝေဟင်ပိုင်နက်ထဲ ယူအေဗွီ လွှတ်ပြီး ဗုံးကြဲ တိုက်ခိုက်ဖို့အထိ စီမံချက်တွေပြုလုပ် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သတင်း။ တရုတ်နိုင်ငံထုတ်  ‘Global Times’ သတင်းစာမှာ ဖော်ပြချက်အရ အတိအကျပြောရရင် နော်ခမ်းဆိုတဲ့ မြန်မာနိုင်ငံသား မူးယစ်ရာဇာတစ် ယောက်ကို သူပုန်းအောင်းနေတဲ့ တောင်ကြားတစ်နေရာမှာ လက် စတုံး ဗုံးကြဲပစ်ဖို့စီမံ ဆောင်ရွက် ခဲ့ဖူးတယ်လို့ ဖော်ထုတ်ဖွင့်ဟပြော ဆိုခဲ့တာပဲဖြစ်ပါတယ်။ တချို့သော ဂျာနယ်တွေမှာ ဖော်ပြသလို အခု လတ်တလောဝင်ပြီး တိုက်ခိုက်မယ့် အခြေအနေမျိုးမဟုတ်သလို ကီလို ၂ဝ ဗုံးတွေနဲ့ ကြဲချမယ့်ပုံမျိုးမဟုတ်ဘဲ TNT ဆိုတဲ့ပေါက်ကွဲအား ပြင်း ထန်တဲ့ ကီလို ၂ဝ လေးတဲ့ ဗုံးနဲ့ သတ်ဖြတ်ဖျက်ဆီးဖို့ ကြံစည်ခဲ့ ကြောင်းရေးသား ဖော်ပြထားတာ ပါ။

အာဇာနည် ဂူဗိမာန်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို နိုင်ငံတော်အဆင့်နဲ့အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ပြင်ဆင် မွမ်းမံမှုများ ဆောင်ရွက်လျက် ရှိတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်မှ ယနေ့ လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်ကို အများပြည်သူ ဂါရဝပြုရန်အတွက် နေ့စဉ်ဖွင့်လှစ်ထားရန်နဲ့ နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများရှိ မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို လှည်းကူးမဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိမ်းက ယနေ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။ ဦးဖြိုးမင်းသိမ်းက ‘လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခေါင်းဆောင်ကြီးတွေရဲ့ ခရီးစဉ်မှာ အာဇာနည် ဂူဗိမာန်ကို လာရောက်ဂါရဝပြုမှု အစီအစဉ်တွေကို ချစ်ကြည်ရေး ခရီးစဉ်တွေမှာ ထည့်သွင်းဖို့ အစီအစဉ် ရှိ မရှိ သိရှိလိုပါတယ်’ ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း မေးမြန်းခဲ့ပါတယ်။ 

နေပြည်တော်၌ ကျင်းပမည့် အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အဓိက ဆွေးနွေးမည်

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ စည်းရုံးဆော်သြသူများက ယင်းအစည်းအဝေးသည် အားလုံးအကျုံးဝင်သည့် လူ့အဖွဲ့အစည်း တစ်ရပ်နှင့် မြန်မာနိုင်ငံ ဒေသတွင်း ပေါင်းစည်းရန် တိုင်းပြည်၏ စီစဉ်ထားသော အပြောင်းအလဲကိစ္စအပေါ် အဓိက ဆွေးနွေး မည်ဟု ပြောကြားသည်။ ဇွန် ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည့် (၂၂)ကြိမ်မြောက် ဖိုရမ်၏ အဓိက ဆောင်ပုဒ်မှာ “အားလုံး အကျုံးဝင် ပေါင်းစည်းရေးအတွက် သတ္တိရှိရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ 

မန္တလေးမှာ ပြည်သူ့ရင်ပြင် ရှိလာဖို့ ဒေသခံတွေ ဆန္ဒရှိ


ပြည်သူလူထု အခမ်းအနား၊ အစည်းအဝေးတွေ၊ ပြပွဲပြိုင်ပွဲေ တွ ပြုလု ပ်နိုင်မယ့် ပြည် သူ့ ရင်ပြင်လိုမျိုး နေရာကျယ်တစ်ခု ရှိလာဖို့ မန္တလေးမြို့ခံတွေက ဆန္ဒရှိနေကြပါတယ်။ “နိုင်ငံေ တ်ာပွဲေ တွတောင် ဗထူးအားကစားကွင်းလိုမျိုး၊ မန္တလေးတောင် အားကစားကွင်းတွေမှာ လုပ်ကြရတာ၊ ဒါကြောင့် လက်ရှိ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြည်သူ့ရင်ပြင်လိုမျိုး ပြည်သူတွေ လွတ်လွတ်လပ်လပ် တွေ့ဆုံလို့ရမယ့် နေရာတစ်ခု ဖန်တီးပေးဖို့ လိုနေပါပြီ” လို့ ဝန်ကြီးဌာနတစ်ခုမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိ အရာထမ်းတစ်ဦးက ပြောပါတယ်။ 
 

ဆက်သွားချင်သေးတယ် ဆိုရင်