Pages

Tuesday, January 14, 2014

( ၇ ) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား တိုက်ရိုက် ထုတ်လွှင့် လျက် ရှိ

မြန်မာနိုင်ငံ တွင် ပထမဆုံး အကြိမ် အဖြစ် လက်ခံ ကျင်းပသော ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကို ယနေ့ ညနေ ၅း၁၅ နာရီ တွင် စတင် ကျင်းပ လျက် ရှိနေပြီ ဖြစ်ပါ သည်။ ၄င်း အခမ်း အနား ကို မြန်မာ့ ရုပ်မြင် သံကြား မှ တိုက်ရိုက် ထုတ်လွှင့် ပြသ လျက် ရှိရာ Online မှ တစ်ဆင့် ကြည့်ရှု လို သူများ www.mrtv.gov.mm ၏ MRTV Live Streaming တွင် လည်းကောင်း https://www.facebook.com/mrtvwebmediaportal ၏ Live Stream တွင် လည်းကောင်း ကြည့်ရှု နိုင်ပါ ကြောင်း သတင်း ကောင်း ပါး အပ်ပါ သည်။

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၅)

(၁၈)

၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက် ရဲ့ နံနက်ခင်း ဟာ ရန်ကုန် မြို့ ၉ မိုင်ခွဲ မှာ ရှိတဲ့ တပ်မေ တာ် ထော က် လှမ်းရေး တပ် က တပ်ရေး ဗိုလ်ကြီး အတွက် တော့  သာမန် ရက် တွေ အတိုင်းပဲ သိပ် ထူးခြား လှ တယ် မဟုတ် ပါဘူး …..။ နံနက် တန်းစီ အလေးပြု သစ္စာဆို ပြီးတာ နဲ့ ရှုပ်ထွေး များမြောင် လှတဲ့ တပ်ရေး ဗိုလ်ကြီး တစ်ဦး ရဲ့ တာဝန် ဝတ္တရား တွေက စတင်လို့ နေ ပါပြီ ….။
 


တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၄)

(၁၅)

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် နေ့  ညနေ ၃နာရီ လောက် မှာ နမ့်စန် လေတပ် စခန်းရဲ့ ပြေးလမ်း ထိပ် မှာ အသင့် ဖြစ်နေ တဲ့ တပ်မတော် (လေ)ရဲ့ Super Galeb G4 အမျိုး အစား တိုက် လေယာဉ် အုပ်စု ဟာ လက်နက် အပြည့် အစုံ နဲ့  လေထဲ ကို တဟုန် ထိုး ပျံတက် သွားပါ တယ်။

 
ဒီ တိုက် လေယာဉ် အုပ်စု ဟာ လွန် ခဲ့တဲ့ မိနစ်ပိုင်း ကပဲ ကက (ကြည်း) ရဲ့ တိုက်ပွဲဝင် အသင့် အမိန့် ကို လက်ခံ ရရှိ ခဲ့ပြီး ထပ်ဆင့် ဆိုသလို ကက (လေ) ရဲ့ စစ်ဆင်ရေး အမိန့် ကိုပါ ရရှိ ခဲ့ပါ တယ်။ လေ သူရဲ အားလုံး ဟာ မြေပုံခန်း က အထွက် မှာတော့ သူ တို့ တိုက်ခိုက် ရမယ့် ပစ်မှတ် ကို ရှင်းရှင်း လင်းလင်း သိခဲ့ပြီး ပါပြီ။ သူတို့ ဟာ ယိုးဒယား မြန်မာ နယ်စပ် အို 7 တောင်ကုန်း တစ်ဝိုက် မှာ ရှေ့ တန်း အမှတ် ၃၅၉ ခြေလျင် တပ်ရင်း နဲ့  တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတဲ့  ယိုးဒယား တင့်ကား တွေ ကို လေကြောင်း ပစ်ကူ နဲ့ ၀င်ရောက် တိုက်ခိုက် ရတော့မှာ ပါ။

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၃)

(၁၁)

၁၉၉၁ ခုနှစ် အောက်တိုဘာ လ ၁၄ ရက် နေ့ မှာ နော်ဝေး နိုင်ငံ က ကော်မတီ တစ်ခု ဟာ သူတို့ ရဲ့ လုပ်မြဲ တာဝန် အတိုင်း ကြေငြာ ချက် တစ်ရပ် ကို ထုတ်ပြန် လိုက်ပါ တယ်။ အမှန် ကတော့ ဒီ ကြေငြာချက် ဟာ ၁၉၀၁ ခုနှစ် ထဲက နှစ်စဉ် ထုတ်ပြန် နေကျ ကြေငြာ ချက် ဖြစ် ပေမယ့် ဒီ တစ်ကြိမ် မှာတော့ အရှေ့ တောင် အာရှ က လူသိပ် မသိ လှတဲ့ နိုင်ငံ တစ်ခု ရဲ့ ရှေ့ ခရီး ကို အတော် ကို ဂယက် ရိုက်ခတ် သွားစေ ခဲ့ ပါတယ် ……။

တပ်မတော် ဘာလဲ … ဘယ်လဲ အပိုင်း (၂)

(၆)
 
 
၁၉၈၈ ခုနှစ် အောက်တိုဘာ လဆန်း ပိုင်း ရဲ့ သာမန်နေ့ တစ်နေ့ မှာ တပ်မတော် (လေ) တိုက် လေယာဉ် တစ်စီး ဟာ ထိုင်း မြန်မာ နယ်စပ် တောတွင်း စခန်း တစ်ခု ပေါ်ကို တစ်ပတ် ပျံဝဲရင်း စာရွက် အတော် များများ ကို ပလူပျံ အောင် ကျဲချ သွား ပါတယ်။ စာရွက် ထဲမှာ ဖော်ပြ ထားတာ ကတော့ ထွက်ပြေး သွားတဲ့ ကျောင်းသား တွေ အိမ်ပြန် လာဖို့ နဲ့  အရေးယူ ခြင်း တစ်စုံ တစ်ရာ ပြုလုပ် မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပါ။ ကြိုဆိုရေး စခန်း ဖွင့်ထား တဲ့ နယ်စပ် မြို့ ၂၇ မြို့ ရဲ့ အမည်တွေ ကိုပါ ဖော်ပြ ထားပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ထိ ဖွင့်လှစ် ထားမယ် ဆိုတဲ့ အကြောင်း၊ ထိုင်း နိုင်ငံ တပ်ခ်မြို့ မှာ ဖွင့်ထား တဲ့ စခန်း ကို ၀င်လာ မယ် ဆိုရင် တော့ တပ် မတော် (လေ) အထူး လေယာဉ် နဲ့ လာရောက် ခေါ်ယူ ပေးမှာ ဖြစ်ကြောင်း ဖော်ပြ ထားခဲ့ ပါတယ် …။
 

တပ်မတော် ဘာလဲ …. ဘယ်လဲ အပိုင်း (၁)

ကျွန်တော် အခုရေး တဲ့ ဆောင်းပါး ဟာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ကို ချီတက် တဲ့ လမ်းခရီး မှာ စစ်တပ် ရဲ့ သဘောထား အမြင် ကို စစ်သားဟောင်း တစ်ယောက် အနေနဲ့ သုံးသပ် ကြည့်တာ ဖြစ်ပါတယ် …။ တပ်မတော် ရဲ့  မူဝါဒ လို့ အတိ အကျ မဆိုနိုင် ပေမယ့် အပြင် အရပ်သား တစ်ယောက် ထက်တော့ တပ်ရဲ့  အနေ အထား နဲ့ စဉ်းစားပုံ ကို နီးစပ် အောင် ချဉ်းကပ် နိုင်မယ် လို့  ယူဆ ပြီး ရေးမိ တာ ဖြစ် ပါတယ် ....။

အပိုင်း သုံးလေး ပိုင်း ခွဲရေးရမယ် ထင်ပြီး ဖက်ဒရယ် စနစ်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ နဲ့  တပ်မတော် ရဲ့ ရပ်တည် မှု အနေ အထား အထိ ရေးမယ် လို့ ရည်ရွယ် ပါတယ်။ စစ်သား ဟောင်း လို့ စကားခံ ခဲ့ တဲ့ အတိုင်း ပညာရှင် မဟုတ် တဲ့ အတွက် လိုအပ် ချက် တွေ အများကြီး ရှိနေမှာ ပါ ..။ ဒါပေမယ့် စစ်တပ် နဲ့ ပြည်သူ ကြား နားလည် မူ တည်ဆောက် တဲ့ နေရာ မှာ အုတ် တစ်ချပ် သဲတစ်ပွင့် ဖြစ်မလား လို့ ဒီစာ ကို ကျွန်တော် ရေး ပါ တယ် ...။

ဗန်ကောက်မြို့ ကို ပိတ်ဆို့ ဖြတ်တောက်မှု ထိုင်း အတိုက်အခံ ဆန္ဒပြသမား များ စတင် ပြုလုပ်



ထိုင်း အစိုးရက ထုတ်ပြန် ကြေညာ ထားသည့် အတိုင်း ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲ များ ကျင်းပ နိုင်ခြင်း မရှိမီ လက်ရှိ အစိုးရ အား ဖြုတ်ချ နိုင်ရေး အတွက် အတိုက် အခံ ဆန္ဒပြ သမားများ က ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်း မှ စ၍ မြို့တော် ဗန်ကောက် ရှိ လမ်းမများ ကို ပိတ်ဆို့ မှု စတင် ပြုလုပ် ကြောင်း ဇန်နဝါရီ ၁၃ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ အဓိက အရေးပါ သော လမ်းဆုံ လမ်းခွများ ကို အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြ သမားများ က သိမ်းယူ ခဲ့ပြီး အတား အဆီး များ တည်ဆောက် ခဲ့ကြ သည်။ ၄င်း တို့၏ လိုလားချက် မှာ လက်ရှိ အစိုးရ ကို ဖယ်ရှား ပြီး ရွေးကောက် တင်မြှောက် ခံရခြင်း မရှိ သည့် ပြည်သူ့ ကောင်စီ တစ်ရပ် ဖြင့် အစားထိုး သွားရန် ဖြစ်သည်။

ဂျပန် က တရုတ် ငါးဖမ်း စည်းမျဉ်းသစ် ကို ရှုတ်ချ ၍ ပိုင်နက် ရေပြင် ကို ကာကွယ်မည် ဟု ဆို



တရုတ် နိုင်ငံ က တောင် တရုတ် ပင်လယ် အတွင်း ငါးဖမ်းခြင်း အား ကန့်သတ် ချုပ်ချယ် သည့် စည်းမျဉ်း အသစ် ထုတ်ပြန် ခြင်းကို ဂျပန် နိုင်ငံ က အမေရိကန် ပြည်ထောင်စု နှင့် အတူ တနင်္ဂနွေ နေ့ တွင် ဝေဖန် လိုက်သည်။ ယမန်နှစ် က လေကြောင်း ရန် ကာကွယ်ရေး ဇုန် အသစ် သတ်မှတ် ခြင်း နှင့် ငါးဖမ်းခြင်း ကို ကန့်သတ် ချုပ်ချယ်ခြင်း တို့သည် နိုင်ငံ တကာ အသိုက်အဝန်း ကို တုန်လှုပ် သွားစေ သည်ဟု ဂျပန် က ဆိုသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ ၏ လေထီး တပ်က ဝေးလံ သော အရပ်ရှိ ကျွန်းများ အား ပြန်လည် သိမ်းပိုက်ခြင်း၊ ကာကွယ်ခြင်း တို့ အတွက် စစ်ရေး လေ့ကျင့် နေ သည်ကို ကာကွယ်ရေး ဝန်ကြီး အီဆူနိုရီ အိုနိုဒီရာ က သွားရောက် ကြည့်ရှု ပြီးနောက် ယင်း ကဲ့ သို့ ဝေဖန်ခြင်း ဖြစ်သည်။ 

တရုတ် နိုင်ငံ၌ ကျည်ဆန် ရထား အမျိုးအစား သစ် ပြည်တွင်း နည်းပညာ ဖြင့် ထုတ်လုပ် မည်



တရုတ်နိုင်ငံ သည် ကျည်ဆန် ရထား အမျိုးအစား သစ်ကို ပြည်တွင်း နည်းပညာ ဖြင့် ထုတ်လုပ် သွားနိုင်ရန် သုတေသန လုပ်ငန်း များ ကို လုပ်ကိုင် သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရထား လုပ်ငန်း ကုမ္ပဏီက ပြောကြား သည်။ ယခုနှစ် အတွင်း ကျည်ဆန် ရထား ထုတ်လုပ်မှု နည်းပညာ အတွက် သုတေ သန လုပ်ငန်း များကို အရှိန် အဟုန် မြှင့်တင် သွားမည် ဖြစ်ပြီး ကျည်ဆန် ရထား တည်ဆောက်ရာ တွင် အဓိက အသုံး ပြုရန် လိုသော စက် ပစ္စည်း အစိတ်အပိုင်း များကို ပြည်တွင်း ၌ ဒီဇိုင်း ပုံစံ ထုတ်လုပ် ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူ အစ္စရေး ဝန်ကြီးချုပ် ဟောင်း အတွက် နိုင်ငံတော် ဝတ်ပြု ဆုတောင်းပွဲ ကျင်းပ



ကွယ်လွန်သူ ဝန်ကြီးချုပ် ဟောင်း အာရီယယ် ရှာရွန် အတွက် နိုင်ငံတော် ဝတ်ပြု ဆုတောင်းပွဲ အခမ်း အနား ကို အစ္စရေး နိုင်ငံ မြို့တော် ဂျေရု ဆလင် ၌ ကျင်းပလျက် ရှိကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာနများက ဇန်နဝါရီ ၁၃ ရက် တွင် သတင်း ထုတ်ပြန် သည်။ ကြီးမြတ် သော စစ် ခေါင်းဆောင် နှင့် နိုင်ငံ့ အကြီးအကဲ တစ်ဦး အဖြစ် အစ္စရေး ပြည်သူများ ၏ လေးစားမှု ကို ခံယူ ရရှိသူ ရှာရွန် သည် ရှစ်နှစ် ကြာမျှ သတိ လစ် မေ့မျော နေခဲ့ပြီး နောက် အသက် ၈၅ နှစ် အရွယ် တွင် ကွယ်လွန် ခဲ့သည်။

၂၀၁၄ ကမ္ဘာ့ စီးပွားရေး



ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှင့် ပတ်သက်သော သတင်းကောင်းများ ကြောင့် အန္တရာယ် နှစ်ခု နှင့် ရင်ဆိုင် ရ နိုင် ပါသည်။ အန္တရာယ် တစ်ခု မှာ အတိုးနှုန်း တက်မည့် အန္တရာယ် ဖြစ်ပြီး အခြား တစ်ခုမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ကို အရှိန်လျှော့ မည့် အန္တရာယ် တို့ ရှိနေ သည်။ ကမ္ဘာ့ ဘဏ္ဍာရေး အကြပ် အတည်း ပြီးဆုံး ချိန်မှ စ၍ အမေရိကန် လေ့လာ သုံးသပ် တွက်ချက် သူများက နှစ်စဉ် နှစ်တိုင်း အလား အလာကောင်း တွေကို တွက်ဆ ကာ နှစ်တစ်နှစ် ကို စလေ့ ရှိကြ သည်။ ယခုနှစ် တွင်လည်း ထို့အတူ ပင် ဖြစ်သည်။ စတော့ ရှယ်ယာ ဈေးကွက် ၏ အခြေအနေ တွေက ခိုင်မာ ပီပြင် နေသည်။ စားသုံးသူ များ၏ ယုံကြည် စိတ်ချမှု ကလည်း ကောင်းမွန် လာနေပြီး ၂၀၁၄ ခုနစ်တွင် ပိုမို မြင့်မား သော စီးပွားရေး တိုးတက် မှု နှုန်းတွေ ရရှိ နိုင်သည် ဟု တွက်ဆ နေသည်။ အမေရိကန် စတန်းဒတ် အင် ပူးဝါး (S&P) စာရင်းဝင် ထိပ်တန်း ကုမ္ပဏီ ၅၀၀ တို့၏ ရှယ်ယာ အညွှန်းကိန်း သည် ၂၀၁၃ ခုနစ် တွင် ၃၀% တက်ကာ အနှစ် နှစ်ဆယ် အတွင်း နှစ်စဉ် တိုးတက်မှု အမြင့်ဆုံး ရရှိပြီး နောက် စံချိန် သစ် တင်လျှက် ရှိသည်။ အမေရိကန် နိုင်ငံ ၏ စီးပွားရေး တိုးတက်မှု ကြောင့် ကမ္ဘာ့ စီးပွားရေး သည် ၀ယ်နိုင် စွမ်းအား (PPP) ကို အခြေခံ ပြီး တွက်လျှင် ၄% ခန့် တိုးတက် မည့် အလား အလာ ရှိသည်။ ထို တိုးတက်မှု နှုန်း သည် ၂၀၁၃ ထက် ၁% ပိုမို မြင့်မား ပြီး နှစ်ပေါင်း များစွာ အတွင်း အကောင်းဆုံး ဖြစ်သည်။

အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီး များ ပထမဆုံး အစည်း အဝေး စတင်



အာဆီယံ ဥက္ကဋ္ဌ ရာထူး လက်ခံ ရယူ ထားသော မြန်မာ နိုင်ငံ တွင် ၂၀၁၄ ခုနှစ် အတွက် အာဆီယံ စီးပွားရေး ဆိုင်ရာ အစည်း အဝေးများ ၏ ပထမဆုံး အစည်း အဝေး ဖြစ်သော အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီး များ အစည်း အဝေး ကို ဇန်နဝါရီ လ ၁၃ ရက်နေ့ တွင် နေ ပြည်တော် ၌ စတင် ပြုလုပ် လျက် ရှိသည်။ အဆိုပါ အစည်းအဝေး သည် (၄၅) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီး များ အစည်း အဝေး အတွက် အကြို ညှိနှိုင်း စည်းဝေးပွဲ ဖြစ်ပြီး အာဆီယံ ဥက္ကဋ္ဌ မြန်မာ နိုင်ငံ က ဦးဆောင် ကာ ၂၀၁၄ ခုနှစ် တွင် လုပ်ဆောင် မည့် ဦးစားပေး ဆောင် ရွက် ချက် များကို ဆွေးနွေး မည် ဖြစ်ကြောင်း နိုင်ငံခြား စီးပွား ဆက်ဆံရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြား ရေးမှူး ချုပ် ဒေါက်တာ သန်းထွဋ် က ပြောကြား သည်။

ကမ္ဘောဒီးယား အလုပ်သမား ပြဿနာ မြန်မာ ဝင် ဖြေရှင်း ပေးရန် တောင်းဆို



၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် မြန်မာ အစိုးရ အနေနှင့် ကမ္ဘောဒီးယား နိုင်ငံ တွင် ဇန်နဝါရီ လဆန်းပိုင်း က စတင် ဖြစ်ပွား နေသည့် အလုပ်သမား ဆန္ဒပြ မှုများ ကို ကမ္ဘောဒီးယား အစိုးရက အင်အား သုံး ဖြေရှင်းမှု အပေါ် ညှိနှိုင်း ဖြေရှင်း ပေးရန် ကမ္ဘောဒီးယား နှင့် အရှေ့တောင် အာရှ အခြေ စိုက် လူမှု အဖွဲ့အစည်း အချို့က တောင်းဆို လိုက်သည်။ ရန်ကုန် မြို့ ကမ္ဘာအေး စေတီ လမ်းရှိ Micasa ဟိုတယ် တွင် ဇန်နဝါရီ လ ၁၃ ရက်နေ့ က ပြုလုပ် သည့် ကမ္ဘောဒီးယား အလုပ်သမား ပြဿနာ နှင့် အထွေထွေ မပြေလည် မှုများ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် နှင့် မြန်မာ နိုင်ငံ တို့မှ လူမှု အဖွဲ့အစည်း အချို့က အထက်ပါ အတိုင်း တောင်းဆိုခြင်း ဖြစ်သည်။ 

ဝင်ငွေခွန် ပေးဆောင် ရန် လိုအပ် သူများ အား အသိပေး

ဖော်ပြပါ ဝင်ငွေ ရရှိပါသော ပုဂ္ဂိုလ်များ သည် ဝင်ငွေ ခွန်ထမ်း ဆောင်ရန် လိုအပ် ပါကြောင်း အသိပေးအပ် ပါသည်။ အဆိုပါ ပုဂ္ဂိုလ် များမှာ -

(၁) လစာ ခေါင်းစဉ် တွင် အကျုံးဝင် သော လစာ၊ လုပ်ခ၊ နှစ်စဉ် ကြေး၊ ပင်စင်၊ ကရုဏာ ကြေး၊ လစာ လုပ်ခ အစား သို့မဟုတ် ယင်း တို့ အပြင် ထပ်ဆောင်း ရရှိ သည့် အခ ကြေးငွေ၊ ကော်မရှင် နှင့် အကျိုး ခံစားခွင့် တစ်နှစ် စုစုပေါင်း ဝင်ငွေ ၁၄၄ဝဝဝဝ ကျပ် အထက် ရရှိသူ၊
(၂) အသက် မွေးဝမ်း ကျောင်း ပညာ လုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ ပစ္စည်း နှင့် အခြားရ လမ်းများ မှ စုစုပေါင်း ဝင်ငွေ ကျပ် ၁၂ဝဝဝဝဝ အထက် ရရှိသူ၊
(၃) သမဝါယမ အသင်း၊ သမဝါယမ အသင်းစု၊ သမဝါယမ အသင်းစု ချုပ် သို့မဟုတ် ဗဟို သမဝါယမ အသင်း များ ဖြစ်ပါ က စုစုပေါင်း ဝင်ငွေ ကျပ် ၁၂ဝဝဝဝဝ အထက် ရရှိသူ
(၄) နှစ်တစ်နှစ် အတွင်း တစ်ခု သို့မဟုတ် တစ်ခု ထက် ပိုသည့် အခြေ ပစ္စည်း ကို ရောင်းချ ခြင်း၊ လဲလှယ်ခြင်း၊ အခြား တစ်နည်းနည်း ဖြင့် လွှဲပြောင်း ခြင်း ပြုလုပ် သည့် တန်ဖိုး သည် ကျပ် ၅ဝဝဝဝဝဝ ထက် ပို၍ မြတ်စွန်းငွေ ရရှိသူ ။

ကြေးမုံ သတင်းစာ

အာဆီယံ ဂုဏ်ပြုတေး သီချင်း ပြိုင်ပွဲ အတွက် ဖိတ်ခေါ်



မြန်မာနိုင်ငံ သည် ၂ဝ၁၄ ခုနှစ် အတွင်း အာဆီယံ ဥက္ကဋ္ဌ တာဝန်ဖြင့် အာဆီယံ ထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်း အဝေးများ ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ရမည် ဖြစ်ရာ အဆိုပါ ထိပ်သီး အစည်းအဝေး ၏ ဆက်စပ် အခမ်း အနားများ တွင် ဖျော်ဖြေ တင်ဆက် ရန် အာဆီယံ ဂုဏ်ပြု တေး သီချင်း ရေးသား ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ် ထားသည်။ ထိုသို့ ရေးသား ရာတွင် အာဆီယံ ၏ ဦးတည်ချက် (one vision, one identify, one community)၊ ၂ဝ၁၄ ခုနှစ် မြန်မာ နိုင်ငံ တွင် လက်ခံ ကျင်းပ မည့် အာဆီယံ ဆောင်ပုဒ် (Moving Forward in Unity to a peaceful and prosperous Community) (ရှေ့သို့ တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်း ဝေစည် အာဆီယံ အသိုက် အဝန်း ဆီ) နှင့် အာဆီယံ အမှတ် တံဆိပ် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် တို့ကို ဖော်ညွှန်း ပေါ်လွင် စေရမည်။

ဈေးသည် ကြီး အွန်လိုင်း စတိုး ကို ယခုလ ဒုတိယပတ် တွင် ဖွင့်လှစ် မည်



My Space International Co.,Ltd. ၏ စနစ် နှစ်မျိုး ဖြင့် ပစ္စည်း မျိုးစုံ ဝယ်ယူ နိုင်သော ဈေးသည်ကြီး အွန်လိုင်း စတိုး ကို ယခုလ ၁၆ ရက် တွင် စတင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်း အွန်လိုင်း စတိုးမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဇာဖြူ က ၁၁-၁-၂၀၁၄ ရက် က ပြောသည်။ အဆိုပါ အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်း တစ်ခု ဖြစ်သော ဈေးသည် ကြီး ဒေါ့ကွန်း (www.zaythegyi.com) အွန်လိုင်း စတိုး Show room ကို လသာ လမ်း နှင့် အနော်ရထာ လမ်းထောင့် တွင် ဖွင့်လှစ် သွားမည် ဖြစ်သည်။ အဆိုပါ အွန်လိုင်း စတိုး တွင် မိုဘိုင်းဖုန်း နှင့် ဆက်စပ် ပစ္စည်းများ၊ အိုင်တီ နှင့် ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင် နှင့် အလှကုန် ပစ္စည်းများ အပါ အဝင် အခြား ပစ္စည်း များစွာ ကို အွန်လိုင်း မှ တစ်ဆင့် အလွယ် တကူ ဝယ်ယူ နိုင်မည် ဖြစ်ကြောင်း သိရ သည်။

ကမ္ဘာ့ အကြီးဆုံး Sea Food Show ပွဲ ၌ မြန်မာ့ ရေထွက်ကုန် များ သွားရောက် ပြသမည်

 
 
မတ်လ တွင် အမေရိကန် နိုင်ငံ၌ နှစ်စဉ် ကျင်းပ သော ကမ္ဘာ့ အကြီးဆုံး Sea Food ပြပွဲကြီး ဖြစ်သည့် Sea Food Export America Show ပွဲ၌ မြန်မာ နိုင်ငံမှ ထုတ်လုပ် သော ရေထွက်ကုန် ပစ္စည်းများ ကို သွားရောက် ပြသမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ် မှ ၉-၁-၂၀၁၄ ရက်က သိရ သည်။ အဆိုပါ ပြပွဲကြီး သို့ နိုင်ငံ တကာမှ ရေထွက် ကုန် ပစ္စည်းများ လာရောက် ပြသ၍ မြန်မာ နိုင်ငံ မှ ပြသ ခြင်း မှာ ပထမ ဆုံး အကြိမ် ဖြစ်ကြောင်း၊ မြန်မာ့ ရေထွက်ကုန် များမှာ တရုတ် ဈေးကွက် တစ်ခု ကိုသာ အား ကိုး နေ ရသော ကြောင့် ပြည်ပ ဈေးကွက် အသစ် ရှာဖွေရန် အတွက် ပြသ ရခြင်း ဖြစ်ကြောင်း မြန် မာ နိုင် ငံ ရေ ထွက် ပစ္စည်းများ အသင်း ထံမှ သိရ သည်။

မြန်မာနိုင်ငံ ကုမ္ပဏီ များ အက် ဥပဒေ သစ် မေလ တွင် လွှတ်တော် တင်မည်

 
 
ခေတ်နှင့် လျော်ညီခြင်း မရှိသော မြန်မာ နိုင်ငံ ကုမ္ပဏီ များ အက် ဥပဒေ ကို အသစ် ပြင်ဆင်ရေး ဆွဲ နေပြီး မေလ တွင် လွှတ်တော် တင်မည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူး ချုပ် ဦးအောင်နိုင်ဦး က ပြောကြား သည်။ ယခု ဥပဒေ သစ်ကို အာရှ ဖွံ့ဖြိုးရေး ဘဏ် (Asia Development Bank-ADB) အကူ အညီ ဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာ လ မှ စတင် ၍ ပြင်ဆင် ရေးဆွဲ နေခြင်း ဖြစ်သည်။ “ဒီ ဥပဒေ က ၁၉၁၄ ခုနှစ် ကတည်း က ဥပဒေ ဆိုတော့ ဘယ်လို မှကို ခေတ်နဲ့ မလျော်ညီ တော့တာ။ အဲဒါကြောင့် အသစ် ပြင်ဆင် ရေးဆွဲ နေတာ။ လုံးဝ အသစ် နီးပါးကို ပြင်လိုက် တာ” ဟု ၄င်းက ဆိုသည်။ အဆိုပါ ဥပဒေ အတည်ပြု ပြီးပါက ကုမ္ပဏီ မှတ်ပုံတင် ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ကို နိုင်ငံတကာ အဆင့်မီ လွယ်ကူ ရှင်းလင်း စွာ ဆောင်ရွက် နိုင်ပြီး အသေးစား နှင့် အလတ် စား လုပ်ငန်းရှင် များ အတွက် ပိုမို အထောက် အကူ ဖြစ်စေ မည့် အချက် များ ထည့်သွင်း ရေးဆွဲ ထားကြောင်း ပုဂ္ဂလိ က ကဏ္ဍ ပြောင်းလဲ ဖွံ့ဖြိုး တိုးတက် ရေး ဆပ် ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မြန်မာ နိုင်ငံရှိ လူငယ် များ ဦးဆောင် ပြီး အာဆီယံ လူငယ် တွေ့ဆုံပွဲ ကျင်းပ မည်



မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် နေပြီ ဖြစ်သည့် အတွက် မြန်မာ နိုင်ငံ ရှိ လူငယ် များ ဦးဆောင်ပြီး အာဆီယံ လူငယ် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ကွန်ရက် ချိတ်ဆက် ရေး တာဝန်ခံ မသဉ္ဇာရွှန်းလဲ က ၉-၁-၂၀၁၄ ရက်တွင် ပြောကြားသည်။ “၂၀၁၄ ခုနှစ် မှာ ကျွန်မတို့ နိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျ လာပြီ ဖြစ်တဲ့ အတွက် ကျွန်မ တို့မှာ လည်း တာဝန်ရှိ လာတယ်၊ ဒီပွဲ ကို မတ်လ လောက်မှာ လုပ်ဖြစ် မယ်၊ လုပ်တဲ့ အခါမှာ လည်း Asean Youth Forum၊ Asean People Forum တွေနဲ့ လည်း ချိတ်ဆက် ထားသလို Asean Summit မှာ လည်း ကျွန်မတို့ လူငယ် အသံတွေ၊ လူထု အသံဆိုပြီး ပေါင်းစပ် ပြီးတော့ အာဆီယံ အစိုးရ ခေါင်းဆောင် ပိုင်းတွေနဲ့ တွေ့ဆုံပြီး တင်ပြ သွားမှာ ဖြစ်ပါတယ်။ ဖိုရမ် မှာ အဓိက လုပ်တာ ကတော့ လူငယ် နဲ့ တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ သက်ရောက် နေတဲ့ အကြောင်း အရာတွေ ကို အဓိက ဦးစား ပေးပြီး ဆွေးနွေး မယ်။ ကျွန်မ တို့က အာဆီယံ ဥက္ကဋ္ဌ တာဝန် ကို ရထားတဲ့ အတွက် ဘယ်လို အခွင့်အရေး ရမလဲ ဆိုရင် မြန်မာ နိုင်ငံရဲ့ အကြောင်း အရာတွေ ကို များများ တင်ပြခွင့် ရမယ်” ဟု ယင်းက ပြောကြား သည်။

ဟံသာဝတီ အဝိုင်း ကို ဖျက်၍ မီးပွိုင့် တပ်ရန် စစ်တမ်း ကောက်

ရန်ကုန် မြို့တော်၏ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး လမ်းဆုံ တစ်ခု ဖြစ်သော ပြည်လမ်း ဟံသာဝတီ အဝိုင်း နေရာ ကို ဖျက်သိမ်း ၍ မီးပွိုင့် ထားရှိ နိုင်ရန် ဇန်နဝါရီ လ ပထမ ပတ် အတွင်းက စတင် ၍ ယာဉ်သွား လာမှု စစ်တမ်းများ ကို သုံးလ ကြာ ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း နှင့် တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြား သည်။ အဆိုပါ အဝိုင်း နေရာ မှာ လှည်းတန်း ခုံးကျော် တံတား ဖွင့်လှစ် ချိန်မှ စတင်ကာ ယာဉ်ကြော ပိတ်ဆို့မှု များပြား လာသော ကြောင့် ဟံသာဝတီ အဝိုင်း နေရာတွင် မီးပွိုင့် စနစ် အစားထိုး နိုင်ရန်၊ မီးပွိုင့် စနစ် ထားပါက ယာဉ်သွား လာမှုနှင့် ကိုက်ညီသော အချိန် သတ်မှတ် ထားရှိရန် အတွက် စစ်တမ်း ကောက်ခံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

Golden Land Myanmar's Android app

Golden Land Myanmar's Android app ပြုလုပ် ထားပါတယ် ... အဆင်ပြေ / မပြေ လေး သိချင် ပါတယ် ခင်ဗျာ ....App လိုချင် ရင်တော့ ဒီနေရာ မှာ ဒေါင်း လိုက်ပါ ...

ကချင် ဒီမိုကရက်တစ် ပါတီ အား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုခြင်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
နေပြည်တော်
ကြေညာချက် အမှတ် ( ၃/၂၀၁၄ )
၁၃၇၅ ခုနှစ်၊ ပြာသို လဆန်း ၁၃ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်)

ကချင် ဒီမိုကရက်တစ် ပါတီ အား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုခြင်း

အမှတ် ၁၂၊ ၅ လွှာ (အေ)၊ မြ၀တီ လမ်း၊ မြေနီ ကုန်း (မြောက်) ရပ်ကွက်၊ စမ်းချောင်း မြို့နယ်၊ ရန်ကုန် တိုင်း ဒေသကြီး တွင် ပါတီ ရုံးချုပ် ဖွင့်လှစ် ထားရှိ သော ကချင် ဒီမိုကရက်တစ် ပါတီ အား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်နေ့ မှ စ၍ နိုင်ငံရေး ပါတီ များ မှတ်ပုံတင် ခြင်း ဥပဒေ ပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင် ခွင့် ပြုလိုက် ကြောင်း ကြေညာ အပ် ပါသည်။ ကချင် ဒီမိုကရက်တစ် ပါတီ ၏ မှတ်ပုံတင် အမှတ်မှာ (၇၂) ဖြစ်ပါ သည်။

အမိန့် အရ
( အောင်မြင့် )
အဖွဲ့ဝင်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

တိမ်ကော နေသည့် ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီးမည်

၂ဝ၁၃ ခုနှစ် မိုးရာသီ တွင် လက်တံ (၃) နှင့် လက်တံ (၄) အကြား ပင်မမြောင်း အတွင်း သဲနုန်းများ ဝင်ရောက် ခဲ့ရာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လကုန် တွင် ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်း အား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်မ မြောင်း အတွင်း သဲနုန်း ဝင်ရောက် မှု ထပ်မံ မဖြစ်ပေါ် စေရန် အတွက် မူလ စီမံကိန်း တည်ဆောက် စဉ်က တူးဖော် ထားသော တိမ်ကော နေသည့် အလျား ပေ ၁၈၅ဝ ရှိ ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီး မည် ဖြစ်ပါကြောင်း ဖြင့် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်ဇော် က မကွေး တိုင်း ဒေသကြီး မဲ ဆန္ဒ နယ် အမှတ် (၅) မှ ဦးကျော်သူဦး ၏ ''မင်းဘူး (စကု) မြို့နယ်၊ ကမ်းနီ လျှပ်စစ် မြစ်ရေတင် စီမံကိန်း ရှိ ပင်မမြောင်း သဲနုန်းများ တင်နေမှု အား ပြန်လည် တူးဖော် ပေးနိုင်ခြင်း ရှိ / မရှိ'' မေးခွန်း နှင့် စပ်လျဉ်း ၍ ရှင်းလင်း ဖြေကြား ခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟောင်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံ တွေ့ဆုံ



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် နိုင်ငံခြား ရေး ၀န်ကြီး ဟောင်း H.E.Mr. Masahiko Komura ဦးဆောင် သည့် ကိုယ်စား လှယ် အဖွဲ့ အား ဇန်န၀ါရီလ ၁၃ ရက် နေ့ ညနေ ၃ နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

ဒီလှိုင်း သတင်းစာ နှင့် Daily Eleven News သတင်းစာ အပါ အ၀င် စုစုပေါင်း သတင်းစာ ၁၂ စောင်အား ထုတ်ဝေခွင့် လိုင်စင် များ ရုပ်သိမ်း

ကန့်သတ် မှုများ ရုပ်သိမ်း လိုက်သည့် စာနယ်ဇင်း လောက သည် သတင်းစာ၊ ဂျာနယ် မြောက်မြား စွာ ပေါ် ထွက် လာခဲ့ သည်။ အစိုးရ ဆီ အပြိုင် အဆိုင် ထုတ်ဝေ ခွင့် လျှောက်ထား သော သတင်းစာများ လည်း အများအပြား ရှိခဲ့ သည်။ ယခု အခါ ထုတ်ဝေခွင့် ကို အစိုးရ မှ ခွင့်ပြု ထားပြီး သတ်မှတ်ချိန် အတွင်း ထုတ်ဝေ နိုင်ခြင်း မရှိသည့် ပုဂ္ဂလိက နေ့စဉ် သတင်း စာ ၅ စောင် ၏ ထုတ်ဝေခွင့် လိုင်စင် များကို ပြန်လည် ရုပ်သိမ်း တော့မည် ဖြစ်သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား


မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေး ကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည်တော် ရှိ ပညာရေး ဝန်ကြီး ဌာန အစည်း အဝေး ခန်းမ ၌ ကျင်းပ ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာ စကား ပြောကြား သည်။ အခမ်း အနား သို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ် များမှ လူမှုရေး ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး (ပထမနေ့) တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောကြား သည့် ကြိုဆို နှုတ်ခွန်းဆက် စကား

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား

၂ဝ၁၄ ခု၊ နှစ်သစ် မှာ မင်္ဂလာ ပါ။  လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်ထောင်စု သား အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ပါစေ ကြောင်း ဦးစွာ နှုတ်ခွန်းဆက် ပါတယ်။ ဒီနေ့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက် ဟာ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး ရဲ့ ပထမ နေ့ ဖြစ်ပါ တယ်။ ယခု အစည်းအဝေး သို့ တက်ရောက် ခွင့် ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် များ အားလုံး နီးပါး  တက်ရောက် လာကြပြီး စုံစုံ လင်လင် ပြန်လည် တွေ့ဆုံခွင့် ရတဲ့ အတွက် လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ရ ပါကြောင်း ထပ်လောင်း ပြောကြား လို ပါတယ်။

ဥပဒေ ကြမ်းများ နှင့် စပ်လျဉ်း ၍ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ နှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ပထမ နေ့ ကို အစီအစဉ် (၁၈) ခု ဖြင့် ဆောင်ရွက် ခဲ့ရာ အစည်း အဝေး တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

မှတ်တမ်း တင်ခြင်း ကဏ္ဍ ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သော မြန်မာ ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးသွား ရောက်ခဲ့သည့် မှတ်တမ်း၊ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းဝေး မတိုင်မီ ကာလ အတွင်း ပြည်ထောင်စု လွှတ်တော် နာယက နှင့် လွှတ်တော် ကိုယ်စားလှယ် များ ၏ ပြည်ပ ခရီးစဉ် များ နှင့် ပြည်ထောင်စု လွှတ်တော် က အ တည် ပြု သည် ဟု မှတ်ယူ ရမည့် မြန်မာ နိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေ ကြမ်း တို့ကို လွှတ်တော် က မှတ်တမ်း တင် ဆောင်ရွက် သည်။

ဥပဒေပါ ပြဋ္ဌာန်း ချက် များနှင့် အညီ လိုက်နာ ဆောင်ရွက် သွားမည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ အခွင့် အရေး များ နစ်နာ နိုင်မည် မဟုတ်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး ပထမနေ့ ကို အစီအစဉ် (၁၅) ခု ဖြင့် ဆောင်ရွက် ခဲ့ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

ထိုသို့ ပြောကြား ရာ တွင် နှစ်လ ကြာ လွှတ်တော် ရပ်နား ထားသော် လည်း  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များ အနေ ဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်း များနှင့် ပူးပေါင်းကာ  နယ်မြေ ဒေသ သို့ ကွင်းဆင်း ပြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကို သတ်မှတ် ထားသည့် ဘဏ္ဍာနှစ် အတွင်း ၌ လုပ်ထုံး လုပ်နည်း များနှင့် အညီ ပြည်သူများ ၏ လိုအပ်ချက် များ ကို တစ်ဖက် တစ်လမ်း က  ဖြည့်ဆည်း ကာ ပြည်သူ များနှင့် အတူ အကောင် အထည် ဖော် ဆောင်ရွက် နေကြသည့် အတွက် ကိုယ်စားလှယ် များ၏ ကောင်းမြတ် သော လုပ်ဆောင် မှုများ ကိုလည်း ချီးကျူး ဂုဏ်ပြု ရမည် ဖြစ်ပါ ကြောင်း။

လက်ရှိ ထုတ်ဝေ နေသော The New Light of Myanmar သတင်းစာ အား ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်း ထုတ်ဝေမည်



ပြန်ကြားရေး ဝန်ကြီး ဌာနမှ အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေလျက် ရှိသော The New Light of Myanmar သတင်းစာ ကို  မြန်မာ နိုင်ငံသား ပိုင် Global Direct Link ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်း ၍ ထုတ်ဝေ သွားမည် ဖြစ်သည်။ နိုင်ငံတော် အစိုးရနှင့် အဆိုပါ ကုမ္ပဏီ တို့ ပူးပေါင်း ၍ Joint Venture အဖြစ် Global New Light of Myanmar ကုမ္ပဏီ ကို တည်ထောင် ပြီး The New  Light of Myanmar သတင်းစာ အမည် ဖြင့်ပင် အသွင် သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲ ၍ ထုတ်ဝေ မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန တွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်း ပွဲ မှ သိရှိ ရသည်။

ဆက်သွားချင်သေးတယ် ဆိုရင်