ကျွန်တော် တို့ မြန်မာ နိုင်ငံ မှာ ခိုင်မာ တဲ့ အဓိက အင်စတီ ကျူးရှင်း ကြီး နှစ်ခု အနေနဲ့ အမျိုး ဘာသာ သာသနာ ကို အဓိက ထား ကာကွယ် စောင့် ရှောက် နေ တဲ့ သံဃာ့ အဖွဲ့ အစည်း နဲ့ နိုင်ငံ တော် ၊ အခြေခံ ဥပဒေ နဲ့ အမျိုး ဘာသာ သာသနာ ကို ကာကွယ် စောင့်ရှောက် နေတဲ့ တပ်မတော် ဆိုတာ ရှိတယ် .... အတိုက် အခံ တွေ အနေ နဲ့ ဒီ အဖွဲ့ အစည်းကြီး တွေ နဲ့ သင့်တင့် အောင် နေဖို့ လိုတယ် ... စည်းရုံး ရေး လုပ်ရ မယ့် နေရာ မှာ ယခင့် ယခင် က အငြိုး အတေး တွေ မုန်းတီး ချက် တွေ ကြောင့် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ် ကို နေရာတကာ မှာ လုပ်နေ လို့ မရ ပါဘူး .... ဘာ ကြောင့် လဲ ဆိုတော့ တပ်မတော် အနေနဲ့ အင်အား ၅ သိန်း လောက် ရှိတယ် ... သူ့ မှာ လဲ သူနဲ့ ဆက်နွယ် ရာ ပတ်သက် ကြောင်း မိဘ ဆွေမျိုး အသိုင်း အ၀ိုင်း အထိုက် အလျှောက် ရှိနေ တယ် .... ဒီ နေရာ မှာ ဒီမဲ လောက် ကတော့ ဂရု စိုက် နေစရာ မလိုဘူး လို့ ပြော လိမ့်မယ် .... မှန် ပါတယ် .... ဒီ မဲ ကို ဂရု စိုက်ဖို့ မလို ပါဘူး ... ဂရု စိုက် ရမှာ က လွှတ်တော် ထဲ က ၂၅% ဖြစ် ပါတယ် .... သံဃာ အင်အား ၅ သိန်း လောက် ရှိတယ် .... ဒီမှာ ကတော့ မြန်မာ နိုင်ငံ ရဲ့ လူဦး ရေ ၇၀% လောက် ကို ဆရာ တော် တွေ ဟာ ထိမ်းချုပ် နိုင်တဲ့ အနေ အထား မှာ ရှိ ပါတယ် .... ဘာကြောင့် လဲ ဆိုတော့ မြို့ပြ ပဲ ဖြစ်ဖြစ် ကျေးလက် ပဲ ဖြစ်ဖြစ် ဆရာတော် သံဃာ တော် တွေ ဟာ ကျွန်တော် တို့ ဗုဒ္ဓ ဘာသာ ၀င်တွေ အပေါ်မှာ ဆရာ လို ၊ မိဘ လို ဆုံးမ ပဲ့ပြင် လမ်းညွှန် ပြသ နေတဲ့ ပုဂ္ဂိုလ် တွေ ဖြစ် နေလို့ ပါပဲ ..... ဒီ မဲ ကိုတော့ ဂရု စိုက် သင့် ပါတယ် ....
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
5 years ago