Pages

Wednesday, January 30, 2013

ဦးဆန်းဆင့် သာသနာရေး ၀န်ကြီး ရာထူးလက်ခံရန် မသေချာ



သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ရာထူးအား လက်ခံရန်ကိစ္စကို ပြည်သူများ၏ ဆန္ဒသဘော ထားအ တိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၀န် ကြီးခန့်အပ်ရန် အဆိုတင်သွင်းခံ ရသူ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။

“ဒီကိစ္စကို ကျွန်တော်ကြိုသိပါတယ်။ သိတဲ့အတွက် လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်တော့ သူတို့က သဘော တူတဲ့ အနေအထားရှိတဲ့အတွက် လက် ခံမယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ ဒါပေမဲ့ ဒီနေ့ပဲ ကျုံပျော်နဲ့ ကျောင်းကုန်းက ပြည်သူ၁၀၀လောက်လာပြီး ကျွန်တော့်ကို တိုင်းလွှတ်တော် ဥက္ကဋ္ဌအနေ နဲ့ပဲနေဖို့ လာပြောကြပါတယ်။ အဲဒါကြောင့် ရာထူးလက်ခံရေးကိစ္စဟာ ပြည်သူတွေရဲ့ဆန္ဒအတိုင်းပဲ ဆက်ဆောင် ရွက်ပါမယ်။ သူတို့က ဒီမှာပဲ နေစေချင်နေပါ့မယ်”ဟု ဦးဆန်းဆင့်က ဆိုသည်။

မိမိအနေဖြင့်လည်း အုပ်ချုပ်ရေးပိုင်းတွင် ဆောင်ရွက်ရသည်ထက် ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦး အနေဖြင့် လူထု၏ တာဝန်ထမ်းဆောင်ရမှုကို ပိုမိုနှစ် ခြိုက်ပြီး ပြည်သူများ၏ ဆန္ဒပြည်သူများ၏ အကျိုး ကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

ဦးဆန်းဆင့်က သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မ တမှ   ပြည်ထောင် စုလွှတ်တော်သို့ ဇန်န၀ါရီ၂၂ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ထားသည်။

 Form:7Day 

www.mmdailystar.blogspot.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်