Pages

Monday, January 28, 2013

ဒီမိုကရေစီ နိုင်ငံလည်း ခရိုနီ ဆိုတာ ရှိဦးမှာပဲ ဟု ဦးတင်ဦး ပြော



လက်ရှိနိုင်ငံတော်သမ္မတ အနေဖြင့်ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းနေသော်လည်း ဒီမိုကရေစီကို အခွင့်ကောင်းယူ ကာ အစိုးရနှင့်ပူးပေါင်း၍ ကိုယ်ကျိုးစီးပွားအတွက် စီးပွားရှာနေ မည့် ခရိုနီများလည်း ဆက်ရှိနေ မည်ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက ဇန်န၀ါရီလ ၂၂ရက် တွင် Hot News Journal သို့ပြောသည်။

““ခေတ် အဆက်ဆက်မှာ စစ်တပ်နဲ့ ပေါင်းလုပ်တဲ့ ခရိုနီ ဆိုတာ ရှိတာပဲ။အခု ဒီမိုကရေစီ ခေတ်မှာ လည်းရှိတယ်။ မကင်းဘူး။အာဏာ ရှိတဲ့ လူနားမှာ ကပ်ပြီးတော့ လုပ် နေတဲ့ ခရိုနီ ဆိုတာလည်း ရှိနေသေးတာပဲ။သို့သော် သူတို့ရတဲ့ပိုက် ဆံတွေကို သူတို့ အကျိုးစီးပွား အတွက် သုံးတယ်။ သူ့မိသားစု တွေ အတွက် သုံးတယ်ဆိုရင် ဒီ ခရိုနီက တော်တော်ဆိုးတယ်လို့ သတ်မှတ် လို့ရတယ်။ အမှန်က ဒီမိုကရေစီမှာ သူတို့ကနားလည် သဘောပေါက်ပြီး သူတို့ချမ်းသာ သမျှတွေကို တရား သဖြင့် ရတယ် ဆိုတာကို ရှင်းရမှာပေါ့။နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အစိုးရနဲ့ကပ်ပြီးတော့ လုပ်စားနေတဲ့ ခရိုနီဆိုတာရှိတယ်။

မြန်မာနိုင်ငံမှာလည်းရှိတယ်။ အာ ဏာရှင်စစ်အစိုးရလက်ထက်မှာ အဆိုးဆုံးပဲ။ ဒီမိုကရေစီနိုင်ငံမှာ လည်း အဲလို ခရိုနီ တွေက ရှိနေဦး မှာပဲ””ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် ခရိုနီဟုဆိုေ သာ ဝေါ ဟာ ရ ကိုလည်းအဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနေ ကြောင်း သိရှိရ သည်။

ဖြိုးအောင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်