Pages

Thursday, March 7, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရန် ပြည်သူအများ သဘောတူမည် ဆိုပါက အစိုးရ ကလည်း သဘောတူ သွားမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား


ပြည်သူအများ သဘောတူမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားရန် အစိုးရကလည်း သဘောတူသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြား ခဲ့ သည်။ နော်ဝေနိုင်ငံရှိ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် တွေ့ဆုံေ မးမြန်း မှု ပြု လုပ် ရာတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။ 

အခြေခံဥပဒေသည် ပြင်ဆင်နိုင်သည့် ဥပဒေတစ်ခုဖြစ်ပြီး အခြားနိုင်ငံများတွင်လည်း အခြေအနေနှင့် အချိန်အခါကို ကြည့်ကာ ပြင်ဆင်သည်များရှိကြောင်း၊ ပြင်ရေး မပြင်ရေးသည် ပြည်သူများအပေါ်တွင်သာ မူတည်ကြောင်း ၎င်းကပြောသည်။ နိုင်ငံတော် သမ္မတက "အခြေခံဥပဒေ ပြင်ရေးမပြင်ရေးဟာ အစိုးရရဲ့ အဆုံးအဖြတ်ပေါ် မမူတည်ပါဘူး။ အဓိက လွှတ်တော်ထဲက လူတွေရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။ လွှတ်တော်ထဲက လူတွေကလည်း ပြည်သူကနေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေဆိုတော့ ပြည်သူ့ရဲ့ ဆန္ဒပေါ်မှာလည်း မူတည်ပါတယ်။ အဲဒီတော့ ပြင်ဖို့မပြင်ဖို့နဲ့ ပတ်သက်လို့ကတော့ အစိုးရက ဘာမှ ဝေဖန်ချက်ပေးစရာ မရှိပါဘူး။ ပြည်သူအများ သဘောတူတယ်ဆိုရင် အစိုးရကလည်း သဘောတူမှာ ဖြစ်ပါတယ်" ဟု ပြောသည်။ 


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် အရွေးခံဦးမည်လားဆိုေ သာ မေး ခွန်းနှင့်ပတ် သက်၍လည်း ပြည်သူလူထု၏ ဆန္ဒနှင့် တိုင်းပြည်၏ အခြေအနေပေါ် မူတည်ကာ ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ အသက်အရွယ်၊ ကျွန်တော့်ရဲ့ ကျန်းမာရေး အခြေအနေအရ ကျွန်တော်ကတော့ နားချင်တာပေါ့။ သို့သော် တိုင်းပြည်ရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ တွက်လို့မရဘူး။ အနာဂတ်ကို မျှော်မှန်းလို့ သိပ်မရဘူး။ တိုင်းပြည်မှာ ပြည်သူလူထုရဲ့ဆန္ဒ ဘယ်လိုရှိသလဲ။ ဒီပေါ်မှာလည်း မူတည်ပါတယ်" ဟု နိုင်ငံတော်သမ္မတက ဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် တိုင်းရင်းသားခေါင်းဆောင်များက အလိုရှိနေပြီး ယင်းဥပဒေသည် တိုင်းရင်းသားလူမျိုးစု အရေးကိစ္စ ပဋိပက္ခများကို ဖြေရှင်း၍ လုံးဝမရနိုင်ကြောင်း ယုံကြည်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) က (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့က ထုတ်ပြန်ထားသည်။ 

ထို့ပြင် ယင်းဥပဒေသည် ပြင်ရန်သာမဟုတ်ဘဲ အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲရမည်ဖြစ်ကြောင်း၊ အသစ်ပြန် မဆွဲနိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေး လုံးဝမဖြစ်နိုင်ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။ ပြည်သူလူထုအနေဖြင့် သိသာမြင်သာသည့် အပြောင်းအလဲများ မရှိသေးဘူး ဟု ပြော ဆိုနေကြသည်များမှာ အမှန်ပင်ဖြစ်ကြောင်း၊ ပြည်သူလူထု နေ့စဉ်ကြုံတွေ့နေရသည့် လျှပ်စစ်မီးကိစ္စ၊ သွားရေးလာရေးကိစ္စများကို အဆင်ပြေရန် ကြိုးပမ်းနေပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများ နှစ် ၂၀ ကျော် ခံထားရသည့်အတွက် တိုင်းပြည်မှာ နလံမထူနိုင်အောင် ဖြစ်နေရကြောင်း၊ ယင်းပိတ်ဆို့မှု များ လျှော့ပေါ့ပေးနိုင်ရန် နိုင်ငံအားလုံးနှင့် သင့်တင့်အောင် ဆက်ဆံနေသည့်အတွက် ယခုအခါ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ ဖြေလျှော့ပေးသည်များ ရှိလာကြောင်း၊ ယခုခရီးစဉ်အတွင်း ဥရောပသမဂ္ဂ (EU) နှင့် ထုတ်ကုန်ပေါ်တွင် အကျိုးခံစားခွင့် (GSP System) နှင့် ပတ်သက်သည့် အခွင့်အရေးကို ဆွေးနွေးသွားမည်ဖြစ်ကာ မကြာမီရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောပငါးနိုင်ငံ ခရီးစဉ်အဖြစ် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ သွားရောက်နေပြီး ခရီးစဉ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်ခဲ့သည်။  

www.news-eleven.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်