Pages

Saturday, February 9, 2013

နယ်စည်းမခြား ဆရာဝန် အဖွဲ့ MSF ကို ရခိုင်တွေ ဘာကြောင့် ဆန့်ကျင်သလဲ



ရခိုင်ပြည်နယ် အတွင်း ဇွန်လနဲ့ သြဂတ်စ်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မူအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် မိသားစုတွေကို MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်အဖွဲ့က အကူ အညီတွေ ပေးနေတဲ့ နေရာမှာ ရခိုင်ပြည်နယ် အတွင်းမှာ နှောင့်ယှက် ခြိမ်းခြောက်မူတွေ ရှိနေတယ်ဆိုပြီး အဲဒီအဖွဲ့က တာဝန်ရှိသူ မြန်မာနိုင်ငံရုံး အကြီးအကဲ Peter Paul de Groote ကနေ ဒီလ ၇ ရက်နေ့က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်အဖွဲ့ကို ရခိုင်ပြည်နယ်မှာ အတွင်း ရခိုင်အမျိုးသားတွေက ဆန့်ကျင်နေတာဟာ တကယ် ဟုတ်ပါသလားလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေ မှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးကို မေးကြည့်တဲ့အခါ သူကအခုလို စပြောပါတယ်။

မြန်မာနိုင်ငံ၏ ပိုက်နက် အတွင်း အိန္ဒိယ လက်နက်ကိုင် သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ

မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယလက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာ ရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါ အိန္ဒိယသူပုန်အဖွဲ့များမှာ PLA၊ ULFA၊ PREPAK၊ KCP၊ KYKL၊ RPF၊ UNLF၊ Manipur Naga Revolutionary Front(MNRF)၊ The Katampur Liberation Organisation၊ KLO of Assam စသည်အဖွဲ့များဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တမူးမြို့၌ လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံအလုံး ၆၀၊ နင်းမိုင်း ၂၃ ခု၊ ကျည်မျိုးစုံ ၇၉၀၇ တောင့်၊ ယမ်းတောင့် ၂၅၁ တောင့်၊ ယမ်းကြိုးခွေ ၄ ခွေတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဂျပန် လေပိုင်နက် အတွင်းသို့ ရုရှား တိုက်လေယာဉ် နှစ်စီး ကျူးကျော် ၀င်ရောက်ခဲ့ဟု ဂျပန် အစိုးရ၏ ကြေညာချက် အား ရုရှား ငြင်းဆို


နှစ်နိုင်ငံ အငြင်းပွားလျက်ရှိသော ကူရိုင်းကျွန်းစုနှင့် ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းအနီး ဂျပန် လေ ပိုင် နက် ထဲသို့ ဖေဖော်ဝါရီလ ၇ ရက်က ရုရှားတိုက်လေယာဉ်နှစ်စီး ၀င်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န် ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

ကူရိုင်းကျွန်းစုအနီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည် မှအပ မည့်သည့် ကျူးကျော်ဝင်ရောက်မှုမျှ မရှိဟုဆိုကာ ယင်းထုတ်ပြန်ချက်အား ရုရှားက ငြင်းဆိုခဲ့သည်။ ယင်းသို့ ရုရှား၏ ဆူခွိုင်း-၂၇ တိုက်ေ လ ယာဉ်နှစ်စီးက အချိန် တစ်မိနစ်ကျော်ကြာမျှ ပိုင်နက် ကျူးကျော် ၀င်ရောက်ခဲ့ပြီးနောက် ဂျပ န် လေ တပ် တိုက်လေယာဉ်များကို ဖြန့်ကြက်ပျံသန်း စေခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ ယိုရှီဟီဒဲ ယိုရှီဒါက ပြောကြားခဲ့သည်။ ယင်းသို့ ကျူးကျော်မှုကို ရည်ရွယ်ချက်ရှိရှိ  သို့မဟုတ် မေ တာ် တဆ ဖြစ်ပွားခဲ့ခြင်း ဟုတ်မဟုတ်ကိုမူ မသိရသေးကြောင်း ယိုရှီဒါက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း မြစ်ကြီးနားသို့ရောက်ရှိ

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း မြစ်ကြီးနားသို့ရောက်ရှိ	</p>
<p>ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃</p>
<p>ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း နှင့် အခြား တိုင်းရင်းသားလွှတ်တော်အမတ် များ ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် မြစ်ကြီးနားသို့ လေ့လာရေးခရီးအနေနှင့် ရောက်ရှိခဲ့သည်။</p>
<p>“ကျွန်တော်တို့အတွက်အလိုအပ်ဆုံးကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ဆိုရင် တိုင်းရင်းသားအချင်း ချင်း စည်းလုံးညီညွတ်ဖို့လိုပါတယ်။ အေးဒါဆိုရင် အမျိုးသားများ ပြန်လည် သင့်မြတ်ဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ အားလုံးတူတူလုပ်ကြရမှာပဲဖြစ်ပါတယ်။ တချိန်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြီးခဲ့တဲ့ဟာတွေကို သင်ခန်းစာယူပြီးတော့ နောင် မကောင်းတာတွေ ထပ် မဖြစ်အောင် ကောင်းတာတွေကို ပဲမှန်ကန်အောင် လုပ်သွားဖို့အချိန်ကျရောက်ပါပြီ။” ဟု လွှတ်တော်ဥက္ကဌက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ တွင် ပြုလုပ်ခဲ့သော လူထု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။</p>
<p>ကချင်ပြည်နယ်လူထုများ၏ စိတ်ထဲမှာရှိတဲ့ ခံစားချက်များ လိုအပ်ချက်များ နှင့် အခက်အခဲတွေကို အခု လွှတ်တော် ဥက္ကဌတို့ ရောက်ခိုက် ပွင့်ပွင့်လင်းလင်း တင်ပြဖို့မျော်လင့်ကြောင့် လွှတ်တော် ဥက္ကဌတို့ဖက်မှ လည်း တတ်နိုင် သလောက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။</p>
<p>ယနေ့နံနက်ပိုင်းတွင် ပိုတာအိုတို့ရောက်ခဲ့ပြီး ညနေပိုင်းမှ မြစ်ကြီးနားသို့ပြန်လာကာ ဂျန်မိုင်ကောင် နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းသို့ပထမဆုံးသွားရောက်ခဲ့သည်။ ပြီးနောက် မြစ်ကြီးနားမြို့တော်ခန်းမဆောင်တွင် ဒေသခံပြည်သူလူထု များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။</p>
<p>(Kachin Waves)

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း နှင့် အခြား တိုင်းရင်းသားလွှတ်တော်အမတ် များ ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် မြစ်ကြီးနားသို့ လေ့လာရေးခရီးအနေနှင့် ရောက်ရှိခဲ့သည်။

“ကျွန်တော်တို့အတွက်အလိုအပ်ဆုံးကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ဆိုရင် တိုင်းရင်းသား အ ချင်း ချင်း စည်းလုံးညီညွတ်ဖို့လိုပါတယ်။ အေးဒါဆိုရင် အမျိုးသားများ ပြန်လည် သင့်မြတ်ဖို့လို ပါတ ယ်။ ဒါတွေကို ကျွန်တော်တို့ အားလုံးတူတူလုပ်ကြရမှာပဲဖြစ်ပါတယ်။ တချိန်က ဘာတွေ ပဲဖြစ်ခဲ့ဖြစ် ခဲ့ ပြီး ခဲ့တဲ့ဟာတွေကို သင်ခန်းစာယူပြီးေ တာ့ နောင်မကောင်း တာတွေထပ် မဖြစ်အောင် ကောင်း တာတွေ ကို ပဲမှန် ကန်အောင် လုပ်သွားဖို့အချိန်ကျရောက်ပါပြီ။” ဟု လွှတ်တော် ဥက္ကဌက မြစ် ကြီး နားမြို့ မြို့ေ  တာ် ခန်းမ တွင် ပြုလုပ်ခဲ့သော လူထု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လျှပ်စစ်ဓါတ်အားပေး ဂျင်နရေတာ ၂လုံးကို ထိုင်းအစိုးရက လှူဒါန်းမည်

 
ထိုင်းနိုင်ငံ Electricity Generation Authority of Thailand မှ မြန်မာနိုင်ငံသို့ လျှပ်စစ်ဓါတ်အားပေး ဂျင်နရေတာ 120 MW Thermal Power Plant (၂) လုံးနှင့် ဆက်စပ်ပစ္စည်းများအား လှူဒါန်းသွားမည်ဟု သိရသည်။ အဆိုပါ ဂျင်နရေတာ ၂ လုံးအား ရန်ကုန်မြို့ ရွာမလျှပ်စစ်ဓါတ်အားပေး စက်ရုံသို့ ပေး ပို့တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်မခ

စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် မြို့သစ်မြို့နယ် ခွဲအနီးရှိ တံတားတစ်စင်းအား သောင်းကျန်းသူ အဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး



ဒေသခံ တိုင်ရင်းသား ပြည်သူများ အသုံးပြုလျက် ရှိသည့် စစ်ကိုင်းတိုင်းေ ဒသကြီး တမူးခရိုင် တမူး- စေတီ ပြည်ထောင် စု လမ်းမကြီး ပေါ်ရှိ မြို့သစ်မြို့ နယ်ခွဲ အနီးတွင် တည်ဆောက် ထားသော အရှည် ၂၄ဝပေ၊ အ ကျယ် ၁၂ ပေရှိ သံပေါင် ဘေလီ အမျိုးအစား တံတား တစ်စင်း အား ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် သောင်း ကျန်းသူ အဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့ခြင်းကြောင့် တံတား ရေလယ်တိုင် ၃ တိုင် ပြိုကျ ပျက်စီးခဲ့ပြီး သစ်သား ကြမ်းခင်း များ ပေ ၆ဝ ခန့်နှင့် သံပေါင် များ ကွေးကောက် ပျက်စီးခဲ့သည်။
 

ကျိုက်ထီး ရိုးတောင်တက် မော်တော်ယာဉ် အသင်းအား ဆန္ဒဖော်ထုတ် ခဲ့သော ဆန္ဒဖော်ထုတ်ရေး အဖွဲ့ ခေါင်းဆောင် လာ ရောက် တောင်းပန်


မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှု မပါဘဲ ကျိုက်ထိုမြို့ ပေါ် စီတန်းလှည့်လည်ပွဲနှင့် ပတ်သက်၍ ကျိုက်ထီး ရိုးတောင်တက် မော်တော်ယာဉ် အသင်းအား လာ ရောက် တောင်းပန်ခြင်းဖြစ်သည် ဟု ဆန္ဒေ ဖာ် ထုတ်ရေးအဖွဲ့ ခေါင်း ဆောင်ဦးဇော်ဝင်းက ပြောသည်။ အခုလိုလာရောက်တောင်းပန် ရတာဟာ ဘယ် သူ တစ်ဦးတစ် ယောက်ရဲ့ ခြိမ်းခြောက်မှု၊ ဖိအား ပေးမှု၊ ငွေကြေးပေးပြီး ရုပ်သိမ်း ခိုင်းစေမှု တစ်ခုမှမပါပဲ ကိုယ့်အ သိ စိတ်နဲ့ ကိုယ် မှားယွင်းမှုကို လာ ရောက်တောင်းပန်တာပါ။ နောင်ကို ဘယ်တော့မှ အခုလို ဆန္ဒဖော် ထုတ်ပွဲတွေ မလုပ်တော့ပါဘူး'' ဟု ဦးဇော်ဝင်းက မွန်ပြည်နယ် မီဒီယာများ ၏ မေးမြန်း ချက် ကို ဖြေဆိုခဲ့သည်။

NCUB သတင်းနှင့် ပတ်သတ်၍ ဧရာဝတီ ဘလော့ဂ်ကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ကာယကံရှင်များဆို


ဧရာဝတီ ဘလော့ဂ်တွင်ဖော်ပြထားသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ( NCUB )အေ ထြေ ထြ အတွင်းရေးမှူး ဦးမောင်မောင်အား အဖွဲ့မှ ထုတ်ပယ်သည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ဦးမောင်ေ မာင်က ယနေ့ပြောသည်။အဆိုပါသတင်းတွင် ဦးမောင်မောင်အား ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းက လက်မှတ်ရေးထိုး ထားခြင်းနှင့် ပတ်သတ်၍ ဦးမြင့်သိဏ်း လည်း ၄င်းတို့မထုတ်ပြန်ကြောင်း ၊ ကြေညာချက် ပါ ငွေကြေးနှင့် ပတ်သတ်သည့် ကိစ္စများမှာ လည်း မှားယွင်းနေကြောင်း အင်တာနက်မှ တဆင့်ပြောကြားခဲ့သည်။ ထိုကြောင့် သတင်း ဖော်ပြသော ဧရာဝတီ ဘလော့ဂ်ကို ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးမောင်မောင် က ပြောသည်။
 
Popular Myanmar News Journal

နိုင်ကျဉ်း စိစစ်ရေး ကော်မတီတွင် ကိုယ်စားလှယ် တစ်ဦး ပါဝင်ရန် AAPP သို့ ကော်မတီ ဥက္ကဋ္ဌ စာပေးပို့


လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဖွဲ့စည်းရန် နိုင်ငံရေး အကျဉ်းသားများ ကူညီေ စာင့်ေ ရှာက်ရေး အသင်း (မြန်မာနိုင်ငံ) မှ အဖွဲ့ဝင်ကိုယ်စားလှယ် တစ်ဦး ပါဝင်ဖွဲ့စည်းရန် လျာထားသဖြင့် အမည် စာရင်းပေးသွင်းရန် သမ္မတရုံးဝန်ကြီး ၀န်ကြီး ဦးစိုးသိန်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏အတွင်းရေးမှူး ဦးတိတ်နိုင် ထံ စာပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင်များ၌ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွှတ်ေ ပးနိုင် ရန်အတွက် ယင်း ကော်မတီအား ဖွဲ့စည်းလျက် ရှိခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် သမ္မတ ရုံးဝန် ကြီးဌာန ၃ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆောင်ရွက်လျက်ရှိ ကာ အဆိုပါစာ အား ဖေဖော်ဝါရီလ ၇ ရက်ကပေး ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ခင်းဧကပေါင်း ၄ သောင်းကျော်ရှိကြောင်း ရဲမှူးကြီး စိုင်းသိန်းဇော် ဆို

 
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသောလူမှုရေးပြသနားများအား စုပေါင်းအဖြေရှာရန် ဖေဖော်ဝါရီ ၈ ၊ ၉ နေ့တွင် မြစ်ကြီးနား မနော ကွင်းရှိ မဂျိုင်ခန်းမဆောင် တွင် ဟောပြော အဖြေရှာပွဲပြု လုပ်ခဲ့ သည်။ အဆိုပါဟောပြောပွဲတွင်လာရောက်ဟောပြောခဲ့သူ ရဲမှူးကြီး စိုင်းသိန်းဇော် က ချင်ပြည်တွင် ဘိန်းစိုက်ခင်း ဧကပေါင်း ၄သောင်းနှင့် ၅ သောင်း ကြားတွင်ရှိကြောင်းပြောကြားခဲ့သည်။ ကချင်ပြည်နယ် ၀န်ကြီး ချုပ်ဦးလဂွန်ငန်ဆိုင်းသည်လည်း ၁၀ အိမ်တွင် အနည်းဆုံး ၇ အိမ်လောက်မှာ မူးယစ်ဆေးဝါ သုံးစွဲသူရှိကြောင်း ပြောကြားခဲ့သည်။ ကချင်ပြည်နယ်တွင် တဖြည်းဖြည်း နှင့် မူးယစ်ဆေးဝါ ကင်မဲ့ဇုံဖြစ်ေ အာင် ကြိုးစားသွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Kachin Waves

ဒါကာမြို့အနီး ကူးတို့ရေယာဉ်နစ်မြုပ် လူအများအပြား ပျောက်ဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာအနီးတွင် ဖေဖော်ဝါရီ ၈ ရက်က မက်နာအမည်ရှိ မြစ်တစ်မြစ်အတွင်း လူေ ပါ င်း ၁၀၀ အား တင်ဆောင်လာသော ကူးတို့ရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားရာ လူများ အပြား ပျော က်ဆုံးလျက်ရှိကြောင်း သိရသည်။ ဆိုပါ ကူးတို့ရေယာဉ် နစ်မြုပ်ပြီးနောက် ၂၅ ဦးခန့် မှာ မြစ် အ တွင်း ခုန်ချပြီး အနီးအနားရှိ ကမ်းခြေသို့ ရေကူးသွားခဲ့ကြောင်း၊ သို့သော်လည်း ၅၀ ခန့် မှာ ပျောက် ဆုံးေ နကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အဆိုပါ မြစ်အတွင်းတွင် ကူး တို့ရေ ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်မှုကြောင့် နှစ်စဉ် လူပေါင်းများ စွာ သေ ဆုံး လျက်ရှိသည်ဟု ဆိုသည်။ 

BBC

ဖိအားပေး ခြိမ်းခြောက်သည့် အမေရိကန် နှင့် တိုက်ရိုက် ဆွေးနွေးရန် မရှိဟု အီရန် ခေါင်းဆောင် ပြောကြား

အီရန်နိုင်ငံအနေဖြင့် နျူကလီးယား ဆွေးနွေးပွဲ ပြန်စရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းထားသော်လည်း အမေရိကန်၏ ဖိအားပေး ခြိမ်းခြောက်မှုများကို လက်မခံနိုင်ကြောင်း၊ အီရန်ခေါင်းဆောင် အယာတိုလာခါမေနီက ပြောကြားလိုက်ကြောင်း သိရသည်။ မိမိသည် သံတမန်တစ်ဦး မဟုတ်ကြောင်း၊ ရိုးသားပွင့်လင်းစွာ ပြောတတ်သူသာဖြစ်ကြောင်း၊ သို့သော် ဖိအားပေး ခြိမ်းခြောက်မှုများဖြင့် မည်သည့် ဆွေးနွေးပွဲ ကမ်းလှမ်းမှုများကိုမဆို လက်ခံမည်မဟုတ်ကြောင်း အယာတိုလာခါမေနီက ဖေဖော်ဝါရီ ၇ ရက်က အီရန်ရေတပ် တပ်မှူးများနှင့် တွေ့ ဆုံရာတွင် ပြောကြားသည်။ တစ်ဖက်နှင့်တစ်ဖက် ခြိမ်းခြောက်မှု ဖိအားပေးမှုမပါဘဲ တရားသဖြင့် ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးခြင်းသည်သာ စေ့စပ်ညှိနှိုင်းသည့် သဘောသက်ရောက်ပါကြောင်း ၄င်းက ဆက် လက်ပြောကြားသည်။ လွန်ခဲ့သော လေးနှစ်က အမေရိကန် တာဝန်ရှိသူများနှင့် တွေ့ဆုံရာ တွင်လည်း ခါမေနီက အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုက်ဒင် က နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အီရန်နှင့် တိုက်ရိုက် ဆွေးနွေးရန် အသင့်ရှိပါေ ကြာင်း ဖေဖော်ဝါရီ ၂ ရက်က ဂျာမနီ၌ ကျင်းပသော (၄၉)ကြိမ်မြောက် မြူးနစ်လုံခြုံရေး ကွန်ဖရင့်၌ ပြော ကြားခဲ့သည်။ 
  
Khit Lu Nge

ဒေါက်တာဆိတ်ဖွား ၏ ဝေဖန်ချက်သည် ကော်မတီ ဖွဲ့စည်း စုံစမ်း ရလောက်အောင် အရေးပါသည့် ကိစ္စ မဟုတ် ဟု ကော်မတီ အဖွဲ့ဝင်ပြော



ဥပဒေအထက်တွင် လွှတ်တော်ရှိနေသော Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက်မှာ ကော်မတီဖွဲ့စည်း စုံစမ်း ရလောက်အောင် အရေးပါသည့် ကိစ္စမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် ဦးလှဆွေ မကွေး တိုင်းဒေ သကြီး မဲဆန္ဒနယ် အမှတ် (၁၂) က ပြောသည်။ 

``ဒီကော်မရှင်မှာ ကျွန်တော်ပါနေတယ်ပေမယ့် ရှာဖွေဖော်ထုတ်ဖို့အတွက်တော့ ဆန္ဒမရှီဘူး။ ဒါကြီးကို ဘယ် သူရေး မှန်းမသိဘဲ သွားပြီး အရေးတယူလုပ်နေဖို့ မလိုဘူးဗျ။ ဒီထက်ဆိုးတဲ့ တိုက်ခက် မှုမျိုးတွေ ရှိခဲ့ ဘူး တယ်လေဗျာ။ ဒီဝေဖန်ချက်ကို ပြည်သူထဲက ထွက်လာတဲ့ အသံတစ်သံအဖြစ် အသိအမှတ်ပြုထားလို့ ရတာ ပဲ။ ဒါမှမဟုတ် လစ်လျူရှုလိုက်လည်း ရတာပဲ။ ဆန္ဒမရှိပေမယ့် ရှာဆိုတော့လည်း နောက်ကြောင်း လိုက်ပြီး ရှာရုံပေါ့။ ကောက် ရိုးပုံထဲက အပ်ရှာသလိုလေဗျာ´´ဟု ဦးလှဆွေက အထက်ပါဝေဖန်ချက်အပေါ် ထားရှိ သည့် သူ၏ အမြင်ကို ပြောဆိုဖွင့်ချသည်။
 

လားရှိုးမြို့အ၀င်၌ မူးယစ်ဆေး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သင်းအောင် ဦးစီးအဖွဲ့မှ လားရှိုးမြို့အ၀င်၌ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိရေး ပိတ်ဆို့ တားဆီးနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ် ကျည်ထိမှန် သေဆုံး ခဲ့သည်။ ဖြစ်စ ဉ်မှာ ပြီးခဲ့ သည့် ဖေဖော်ဝါရီလဆန်းက ဟိုပိတ်အေရှားဝေါလ်တိုးဂိတ်တွင် မူးယစ်ဆေးဝါးရှာဖွေ စစ်ဆေးမှု   ပြုလုပ် စဉ် သိန္ဓီမှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ဖိုးဝှီးအစိမ်းရောင် ယာဉ်အား ရပ်တန့်စေရန် တားဆီး ခဲ့ရာ ရပ်မပေးဘဲ အရှိန်တင် မောင်းနှင်ထွက်ပြေးခဲ့သည့်အတွက် မူးယစ် ရဲတပ်ဖွဲ့ဝင်များမှ ၎င်း ယာဉ်နောက် မှ ဗင်ကားဖြင့် လိုက်လံ ဖမ်းဆီးခဲ့ပြီး လားရှိုး မြို့ အဝင် အေတီ တံတား မရောက်မီ ပိတ်ဆို့ တားဆီး ရှာဖွေရန် ကျော်တက်စဉ် ဖိုးဝှီးအစိမ်းရောင်ယာဉ်မှ ဗင်ကား အား ဝင်တိုက်ပြီး ယာဉ်ပေါ် ပါသူများမှာ ကားပေါ်မှဆင်း‌ပြေးရန် အားထုတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ လုံးထွေး ပိတ်ဆို့ ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

စက်မှုဇုန်ဂျစ်များ ခေတ်နှင့်အညီ Station Wagon ပုံစံ ပြောင်းလဲခွင့်ပြု

ပြည်ပမှ ကားသစ်များ တင်သွင်းလာပြီးနောက် စက်မှုဇုန်ထုတ် ဂျစ်များကို အသုံးပြုသူ နည်းပါးလားပြီး မူလပုံစံများမှာလည်း အသုံးပြုရန် အဆင်မပြေမှုများ ရှိလာသောကြောင့် မည်သည့်စက်မှုဇုန် ဂျစ်ကားကိုမဆို ပြည်တွင်းမှ ထုတ်လုပ်သော Station Wagon (မှန်အလုံပုံစံ) ကိုယ်ထည်များဖြင့် ပြောင်းလဲအသုံးပြုခွင့်ကို ပြီးခဲ့သည့်လ ၂၉ ရက်နေ့မှစ၍ ခွင့်ပြုလိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားခဲ့သည်။ တံခါးနှစ်ပေါက်ပုံစံ ပြည်တွင်းထုတ် ကိုယ်ထည်များကိုသာ ပြောင်းလဲခွင့်ပြုမည်ဖြစ်ပြိး ပြောင်းလဲခ ၂၀၀၀ ကျပ်ခန့် ပေးသွင်းရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်က ပြောကြားခဲ့သည်။ “ဂျစ်ကားပိုင်ရှင်တွေ ဒီအတိုင်းရပ်ထားရမယ့်အစား ပြန်အသုံးပြုလို့ရအောင် လုပ်ပေးတာပါ” ဟု ဦးသောင်းလွင်က ပြောပြခဲ့သည်။ စက်မှုဇုန်ဂျစ်များမှာ မကြာသေးခင်ကာလက ထုတ်လုပ်ခဲ့သော်လည်း ကြံ့ခိုင်မှု နည်းသဖြင့် ပုံစံပြောင်းခွင့်အစား ယာဉ်အိုဟောင်းအပ်နှံမှုစနစ်ကဲ့သို့ ကားကိုအပ်ကာ အသင်တင်သွင်းခွင့်ပြုသင့်သည်ဟု ၎င်းကဆိုသည်။ စက်မှုဇုန်ဂျစ်ကားများကို ၂၀၀၆ ခုနှစ်ခန့်မှ စတင်ထုတ်လုပ်စဉ်က ပုံစံနှင့် အင်ဂျင်အနေအထားကိုလိုက်၍ ကျပ်သိန်း ၁၀၀ မှ ၁၈၀ ဈေးပေါက်ခဲ့ပြီး လက်ရှိပေါက်ဈေးမှာ ကျပ်သိန်း ၄၀ ၀န်းကျင်ရှိပြီး ၀ယ်သူမရှိကြောင်း ကားဈေးကွက်အတွင်း စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

Online စာမျက်နှာများ တိုက်ခိုက်ခံရမှု နည်းပညာကဏ္ဍကို စိန်ခေါ်


ပြည်သူများအတွက် သတင်းအချက်အလက်ဆိုင်ရာ အဓိကအားထားရသည့် သမ္မတရုံး Website နှင့် The Voice Weekly, Eleven Media Group စသော ပြည်သူ့ဝန်ဆောင်မှု Online မီဒီယာ စာမျက်နှာများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဆက်မပြတ် တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ခြင်းကြောင့် အရှိန်ယူ ဖွံ့ဖြိုးစ ပြုလာသော ပြည်တွင်း အိုင်တီကဏ္ဍနှင့် အစိုးရ၏ အဓိက စီမံကိန်းတစ်ရပ်ဖြစ်သော e-Government ဖော်ဆောင်ရေးအတွက် ကြီးစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီး အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ 

နိုင်ငံတော်အစိုးရက ပူတာအိုဒေသရှိ ပြည်သူလူထုအတွက် စားနပ်ရိက္ခာများ တပ်မတော်လေယာဉ်ဖြင့် ပေးပို့လှူဒါန်း

 
နိုင်ငံတော်အစိုးရသည် ပြည်သူလူထု၏ အခက်အခဲများနှင့် တင်ပြချက်များကို အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ ကချင်ပြည်နယ် ပူတာအိုဒေသရှိ နယ်မြေခံ ပြည်သူလူထုများ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ပေါ်နေမှုအပေါ် ပံ့ပိုးကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်တွင် ရန်ကုန်မှ ပူတာအိုသို့ တပ်မတော် လေယာဉ်ဖြင့် ဆန် ၂၅ ကီလိုဝင် အိတ် ၂၄ဝ၊ ဆီ ၁ဝ ပိဿာဝင်ပုံး ၃ဝ နှင့် ဆား ၂၅ ပိဿာဝင် ၁၂ အိတ် စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၅ သိန်းလေးသောင်းအား ပေးပို့လှူဒါန်းခဲ့ရာ ပူတာအိုလေဆိပ်သို့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက် ရှိခဲ့သည်။ ဆေးနှင့် ဆေးပစ္စည်းများ ကိုလည်း မြန်မာ့လေကြောင်းဖြင့် ပူတာအိုမြို့သို့ ဆက်လက်ပေး ပို့လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တင်ပြထားသည့် ပူတာအိုဒေသ ပြည်သူများ မိုးတွင်းကာလ စားသုံးရန်အတွက် လိုအပ်သော စားနပ်ရိက္ခာများဖြစ်သည့် ဆန် ၁၅ဝဝ တန်၊ ဆား ၁၉၅ တန်၊ ကြက်သွန်နီ ၉၅ တန်၊ ကြက်သွန်ဖြူ ၃၉ တန်တို့အား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့မှစ၍ မြန်မာ့မီးရထားမှ ရထားတွဲများဖြင့် မြစ်ကြီးနားမြို့သို့ စီစဉ်တင်ပို့ပေးလျက် ရှိကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာ တွင် ဖော်ပြထားပါသည်။

ကိုးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းခုနှစ်ရာကျော်ရှိလာ

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် အများဆုံး ၀င်ရောက် လုပ်ကိုင်သည့် လုပ်ငန်းတွေက လုပ်သား အင်အား အများစု အသုံးပြုရတဲ့ လက်ခစားလုပ်ငန်း များ ပါဝင်ပါတယ်”

၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်၏ ကိုးလတာ ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ မျိုးစုံတွင် ပြည်ပနိုင် ငံများက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အဖြစ်လာရောက် မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၇၉၄သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အထိ ကိုးလတာ အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပြည်ပနိုင်ငံတွေကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် အမေရိကန်ဒေါ်လာ ၇၉၄.၃၄၅ သန်းရှိလာ ပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှု ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က အတည်ပြု ပြောကြားသည်။
 

စစ်မှုမထမ်း မနေရ စဖို့ အချိန်ကျပြီလား


၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌန်း ခဲ့သည်။ ပြဌန်း ချက် တွင် ဖော်ပြချက်အရ နိုင်ငံသားတိုင်းသည်  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်း လုံး ညီ ညွှတ်မှုမပြိုကွဲရေး အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေး သုံးပါးကို စောင့်ထိန်းရန် တာဝန် ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ စစ်ပညာ သင် ကြား ရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် အောက်ပါ ဥပဒေကို ပြဌာန်း လိုက် သည်ဟူ၍ ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ မှာ အမျိုးသား ၁၈ မှ ၃၅ နှစ်အတွင်း၊ အမျိုး သမီး ၁၈ မှ ၂၇ နှစ်အတွင်း၊ ဆရာဝန်၊အင်ဂျင်နီယာ စသည့် ပညာဖြင့် အသက်မွေး ကျွမ်းကျင်သူ အမျိုး သား ဆိုလျှင် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီး ဆိုလျှင် ၁၈ မှ ၃၅ နှစ်သည် စစ်မှုထမ်းရမည် ဖြစ်သည်။ အဆိုပါ ဥပဒေ ကို ကင်းလွတ်ခွင့် ရသူများမှာ သာ့သနာဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကျန်းမာရေး အဆင့်နိမ့်သူ များနှင့် သီးခြား အမိန့်ထုတ်ထားသူများ ပါဝင်သည်။
 

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲ ပူးပေါင်း ရန် ယွက်စစ် ပြောဆို


ရှမ်းပြည်တပ်မတော် (SSA) တောင်းပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်း ပသော ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲ ပူးပေါင်း ပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံး ကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ် ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။
 

ပိတ်ချင်းမြောင် လှိုင်ဂူတော် အတွင်းရှိ သုံးဆင့် ရေတံခွန်တွင် ရတနာသိုက် ရှာဖွေရာမှ လူသေဆုံးမှုဖြစ်ခဲ့


ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိ သုံးဆင့်ရေတံခွန်တွင် အိပ်မက်အရ ရတနာသိုက်များ ရှာဖွေရာမှ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၅နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိသည့် သုံး ဆင့်ရေတံခွန်တွင် လူတစ်ဦးသေဆုံးကြောင်း ဦးကျော်ဆွေ(ဂေါပက)၏ သတင်းပေးချက်အရ ပိတ်ချင်းမြောင် ရဲစခန်းမှူး ရဲအုပ်စိုးစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ပြီး သေဆုံးသူမှာ အောင်နိုင်ဝင်း(၂၀)နှစ်သည် အမြင့်ပေ ၈၀ ခန့်ရှိ ပိတ်ချင်းမြောင်လှိုဏ်ဂူ သုံးဆင့်ရေ တံခွန် အောက်ဆုံးထပ်တွင် ခါးနှင့်လက်များတွင် နိုင်လွန်ကြိုးပတ်လျက် သေဆုံးနေေ ကြာင်း တွေ့ ရှိခဲ့ရသည်။

တပ်မတော် (ရေ)၏ ဒေသတွင်း ခရီးစဉ်များ

 
 Myanmar Navy တွင် ဖ်ာပြထားသော ရေတပ်ဆိုင်ရာ သတင်းတစ်ပ်အား ဖော်ပြပေးအပ်ပါသည်...
 
တပ်မတော်(ရေ)မှ FAC Missile စစ်ရေယာဉ်နှစ်စီးသည် ဖေဖဝါရီလလယ်ခန့်တွင် ထိုင်းနိုင်ငံသို့ တရားဝင် Ship Visit သွားရောက်မည်ဟု သိရှိရပါသည်။ထို့ပြင် အခြားစစ်ရေယာဉ် အချို့သည်လည်း များမကြာမီ အချိန်ကာလများအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက်မည်ဟု ကြားသိရပါသည်။
 

Diplomatic Role သည် ရေတပ်တစ်ခု၏ အဓိက Role (၄)ခု အနက် မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါသည်။ မြန်မာ့တပ်မတော်(ရေ) အနေဖြင့်လည်း သံရေးတမန်ရေး လုပ်ငန်းစဉ်များကို ပတ်ဝန်း ကျင် ရေတပ်များနှင့်သာမက ဒေသတွင်း ရေတပ်များအထိပါ မျက်နှာစာ ဖွင့်လှစ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ ယင်းအနက် Ship Visit သွားခြင်း၊ Port Call ပေးခြင်းများသည် သံတမန်ရေး ကြွယ်စေသည့်အပြင် အတွေ့အကြုံ၊ ယုံကြည်မှု နှင့် ပညာရပ်ပိုင်းဆိုင်ရာများအတွက်လည်း များစွာအထောက်အကူ ရစေပါသည်။

မိတ္ထီလာ စစ်ဆေးရုံမှ ဗိုလ်မှူးကြီး တစ်ဦးအား အပုပ်ချသည့်စာ ဖော်ပြမိသည့် အတွက် အာရကန်တိုင်းမ်စ် စာမျက်နှာ မှ တောင်းပန်



ဖေဖော်ဝါရီလ ၆ ရက်နေ့ က အာရကန်တိုင်းမ်စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် မိတ္ထီလာ စစ်ေ ဆး ရုံမှ ဗိုလ်မှူးကြိး တစ်ဦး အာဏာအလွဲသုံးစားပြုပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ ကိုယ်ကျိုးရှာ နေခြင်း ဆိုသည့် သတင်းမှာ ဗိုလ်မှူးကြီး အား အပုပ်ချ လုပ်ကြံသည့် သတင်းဖြစ်ကြောင်း၊ ထိုအတွက် အနူး အညွတ် တောင်းပန်ကြောင်း အာရကန်တိုင်းမ်စ် အယ်ဒိတာများ ကိုယ်စား ကောင်းကျော်ဇံမှ တောင်းပန် ခဲ့သည်ဟု သိရသည်။
 

ရွေးကောက်ပွဲ ကော်မရှင် အင်အား ၁၀ ဆ တိုးချဲ့

၂၀၁၀ ဒီဇင်ဘာလ အတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်း အင်အား ၂၀၀ နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင် စု ေ ရြးေ ကာက် ပွဲ ကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်း အင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ ဖွဲ့လိုက်ေ ကြာင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက် အရ သိရပါတယ်။

ခရီးရှည်လမ်းလျှောက်သူ ၃ ဦး ဆေးကုသခံ

ရန်ကုန်ကနေ ကချင်ပြည်နယ်လိုင်ဇာကို ငြိမ်းချမ်းရေး ခရီးရှည်လျှောက်တဲ့သူတွေထဲက ၃ ဦးဟာ ကျန်း မာရေး အခြေအနေအရ ဆေးကုသ ခံနေရတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေ့လယ်စာ စားပြီးတဲ့အချိန် ဆက်လက်လမ်းလျှောက်ခဲ့ရာမှာ မန္တလေးတိုင်း ကူမဲမြို့နဲ့ ၆ မိုင်အကွာ မှာ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ သူတွေထဲက ၃ ဦးဟာ ကျန်းမာရေး အခြေအနေ မကောင်းတဲ့အတွက် ကူမဲကို ပို့ဆောင်ဆေးကု သခံခဲ့ရတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင် ပါဝင်တဲ့ ကိုရန်နိုင် ထွန်း က ပြော ပါတယ်။

ပုဂ္ဂလိက ဝန်ထမ်းများ ပင်စင် ခံစားခွင့် ရမည်

အစိုးရဝန်ထမ်းများသာ ရရှိနေသော ပင်စင်ခံစားခွင့်ကို လူမှုဖှုလုံရေး ကြေးလပေါင်း၃၆၀ (နှစ်၃၀) အထက် ထည့်ဝင်သော ပုဂ္ဂလိက ဝန်ထမ်းများ လစဉ်ပင်စင်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း လူမှုဖှုလုံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။ အမြဲတမ်း အလုပ်လုပ်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ အသက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ ပင်စင် အကျိုးခံစားခွင့်များကို ရရှိလိုသော အလုပ်သမားများ သည် လစဉ် လစာငွေ ၃ ရာခိုင်နှုန်းနှင့် အလုပ်ရှင်က ၃ ရာခိုင်နှုန်းကို လူမှုဖူလုံရေးကြေးအဖြစ် ထည့်ဝင် ရမည်ဖြစ် သည်။ ထည့်ဝင်ကြေးကို ၁၂ လအောက် ထည့်ဝင်ထားသူသည် ထည့်ဝင်ထားသော ငွေများကို တစ်လုံး တစ်ခဲတည်း ထုတ်ယူနိုင်ပြီး ၁၂ လအထက် လပေါင်း ၃၆၀ အောက် ထည့်ဝင်ထားသူက ဆိုပါက ယင်းထည့်ဝင်ငွေ တစ်လုံးတစ်ခဲ ပြန်ထုတ်ယူခွင့်အပြင် လူမှုဖူလုံရေးက သတ်မှတ်ထားသော အတိုးလည်း ရမည်ဖြစ်ကြောင်း လူမှုမူလုံရေးအဖွဲ့ထံမှ သိရှိရသည်။

ပြည်ထောင်စုနေ့ အကြို မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ပိုင်းခရိုင် အမျိုးသမီး ရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသော ၂၀၁၃ ခုနှစ် ၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အကြို မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ဟောပြောပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီက ရွှေပြည်သာ မြို့နယ် ၊ အထက(၁) ကျောင်း ၊ ရွှေပြည် ရတနာ ခန်းပ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
 

ကျောင်းသား လူငယ်များအား ကင်းထောက်သင်တန်း ပို့ချမည်

မြန်မာနိုင်ငံ ကင်းထောက် သင်တန်း ပို့ချရေး အဖွဲ့မှ ကြီးမှူး၍ ယခုနှစ် ဖေဖော်ဝါရီ လမှ စတင်ကာ ကျောင်းသား လူငယ် အယောက် ၂၀၀ အား ကင်းထောက် သင်တန်း ပို့ချမှုများ ပြုလုပ် ပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
 

သမ္မတဦးသိန်းစိန် နော်ဝေသို့ ပထမဆုံးအကြိမ် သွားရောက်မည်


တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံ အင်အားစုများကို အဓိက ထောက်ပံ့ခဲ့ေ သာ နော်ေ ဝနိုင် ငံ သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်မည်ဖြ စ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ “သမ္မတကြီးခရီးစဉ်နဲ့ ပတ်သက်ပြီးေ  ဆွးနွေးနေ ဆဲပါ။ အစီအစဉ်နဲ့ ခရီးစဉ်အတိအကျတော့ မသိရသေးပါဘူး” ဟု ၎င်းက ထပ်လောင်းပြော ကြားပါသည်။ 
 

ကျိုင်းတုံမြို့နယ် သဘာဝ ဘေးဒဏ်သင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း


ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အရွယ် တစ်လက်မကျော် ခန့်ရှိ မိုးသီးများ ရွာချသဖြင့် ကျိုင်းတုံ မြို့နယ် ၊ ကတ်ထောင် ၊ ကတ်ထိုက် ၊ ၀မ်ဆောင်း ကျေးရွာ အုပ်စုများရှိ ဒေသခံ ပြည်သူများ၏ နေအိမ် ၅၁၈ လုံးအမိုးများ ပျက်စီးခဲ့ရာ သဘာဝ ဘေးဒဏ်သင့် ဒေသခံ ပြည်သူ ၄၆၈ ဦးအား တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက် ပေးခဲ့ပြီး အဆိုပါ ကျေးရွာ များသို့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။
 

ADBဘဏ်မှပထမဆုံးစတင်ထောက်ပံ့မှုအဖြစ် ဒေါ်လာသန်း၅၀ကူညီမည်

 
အာရှဖွံဖြိုးရေးဘဏ်(ADB)သည်မြန်မာနိုင်ငံအားပထမဆုံးစတင်ထောက်ပံ့မှုအဖြစ် ဒေါ်လာသန်း၅၀ ကူညီ မည် ဖြစ်ေ ကြာင်း သိရသည်။အဆိုပါထောက်ပံ့မှုကို မတ်လတွင်စတင်ပေးနိုင် မည်ဖြစ်ပြီး အစိုးရ အုပ်ချုပ်မှု ပိုင်း ဆိုင်ရာ လူ့အရင်းအမြစ် တိုးတတ်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ တိုးတတ်ရေး အတွက် ဒေါ် လာ၂၃သန်းသုံးစွဲမည်ဖြစ်ပြီးကျေးလက်ဖွံဖြိုးတိုးတတ်ရေး၊HIV/AIDS ရောဂါနှင့်ပက်သက်သော စီမံခန့်ခွဲ မှုများ ၊မြို့ပြဖွံဖြိုးတိုးတတ်ရေး အခြေခံအဆောက် အဦးများ ဖွံဖြိုးရေးများအတွက် ဒေါ်လာ ၁၇ သန်းသုံး စွဲသွားရန်ရှိကြောင်းသိရသည်။

အစ္စရေး၏ ဒုံးခွင်းဒုံးစနစ် အိန္ဒိယ၌ ခင်းကျင်းပြသမည်

 
အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် လေကြောင်း ပြပွဲတွင် အစ္စရေးနိုင်ငံရှိ ကာကွယ်ရေး နည်းပညာဆိုင်ရာ ထိပ်တန်းကုမ္ပဏီများက ဒုံးခွင်းဒုံး စနစ်တစ်ရပ်ကို ပြသရန်စီစဉ်ထားသည်။ ငါးရက်ကြာ ကျင်းပမည့် အိန္ဒိယ လေကြောင်းပြပွဲ၌ အစ္စရေးကာကွယ်ရေး နည်းပညာကုမ္ပဏီ ၁၂ ခုခန့်က ပါဝင်ပြ သရန် ရွေးချယ် ခံထားရသည်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးေ ပါင်းေ ဆာင်ရွက်ရေး အာဏာပိုင်အဖွဲ့က ကမကထပြုလျက် ပြပွဲ၌ ပါဝင်ပြသမည်ဖြစ်သည်။

မွမ်ဘိုင်းလေဆိပ်တွင် ဆောက်လုပ်ဆဲ မိုးပျံတံတားပြိုကျ



အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့လေဆိပ်တွင် ဆောက်လုပ်ဆဲ မိုးပျံတံတားတစ်စင်း ပြိုကျရာ လူသုံး ဦး သေဆုံး၍ ခြောက်ဦး ဒဏ်ရာရရှိကြောင်း အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် ပြော ကြားသည်။ မွမ်ဘိုင်းမြို့ရှိ အဓိကကျသော လေဆိပ်ကြီး၌ ဆောက်လုပ်လျက်ရှိသော မိုးပျံတံတားမှ ကြီး မားေ သာ ကွန်ကရစ်အခင်း ရုတ်တရက်ပြိုကျမှု ဖေဖော်ဝါရီ ၇ ရက် ညပိုင်း က ဖြစ် ပွားေ ကြာင်း ၊ အောက်တွင် အလုပ်လုပ်နေသူများ အပေါ်သို့ ပြိုကျမှုကြောင့် ထိခိုက်သေဆုံး မှု များ ဖြစ်ပေါ်ခဲ့ကြောင်း ရဲ တ ပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။ အများဆုံး ထိခိုက်ဒဏ်ရာရသူ များမှာ အလုပ် သမား များ ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ တင်ပို့ကုသပေးလျက် ရှိကြောင်း ၄င်း က ပြောကြားသည်။

ခေတ်လူငယ်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်းစတော့ခ် မြန်မာပြည် လာမည်


ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်းစတော့ခ်က လူ ငယ်ေ တွ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှု ဖ လှ ယ်ေ ရး အခွင့်အလမ်းတွေ မြှင့်တင်ဖို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ဖေဖော်ဝါရီ ၉ ရက်နေ့ ကေ န ၁၄ ရက်နေ့အတွင်း လာရောက်မှာဖြစ်တယ်။ မြန်မာနိုင်ငံကို ရောက်ရှိစဉ် အတွင်း လက်ေ ထာ က် နိုင်ငံခြားရေးဝန်ကြီး အန်းစတော့ခ်က ရန်ကုန်မြို့မှာ အမေရိကန် ပညာရေးက ပထမဆုံး တာဝန်ခံ ကျင်း ပတဲ့ တက္ကသိုလ်ပညာရေး ပွဲတော်ကို ဖွင့်လှစ်ပေးမှာဖြစ်တယ်။

အမေရိကန်မောင်းသူမဲ့ လေယာဉ်မှ ရရှိသည်ဆိုသော အချက်အလက်များကို အီရန်ထုတ်လွှင့်


 
အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်မှ ရရှိထားသော အချက်အလက်များဟု ကြေညာ ထားသည့် ဗီဒီယို မှတ်တမ်း အချို့ကို အီရန် အစိုးရက ထုတ်လွှင့် ပြသခဲ့သည်။ မိမိတို့ ဖမ်းယူ ထိန်းချုပ်ခဲ့ သည့် အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်မှ ရရှိထားသော အချက်အလက်များဟု ကြေညာ ထားသည့် ဗီဒီယို မှတ်တမ်း အချို့ကို အီရန် အစိုးရက ထုတ်လွှင့် ပြသခဲ့သည်။ တီဟီရန် အခြေ စိုက် အစိုးရသည် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလက အမေရိကန်ပိုင် RQ-170 အမျိုးအစား မောင်းသူမဲ့ ထောက်လှမ်း ရေး လေယာဉ် တစ်စင်းကို လှည့်စားထိန်းချုပ်ကာ အမိအရ ယူနိုင်ခဲ့ကြောင်း ကြေညာ ခဲ့သည်။ အမေရိကန်ကမူ ယင်းလေယာဉ်သည် ပျက်ကျခြင်းဟု ကြေညာခဲ့သော်လည်း အီရန်ဘက်က မိမိတို့၏ နည်းပညာပိုင်းအရ ထိန်းချုပ်နိုင်ခဲ့ခြင်းဟု အခိုင်အမာ ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်သည် အမေရိကန်အတွက် သိက္ခာကျစရာ အခြေအနေ တစ်ရပ်လည်း ဖြစ်လာသည်။
 

Eleven မီဒီယာမှ State-sponsored attackers များက တိုက်ခိုက်သည်ဟု ခေါင်းစဉ် တပ်ကာ အစိုးရမှ ထောက်ပံ့ ပေးသယောင် လိမ်လည် ဖော်ပြခဲ့

ဖေဖော်ဝါရီလ ၈ ရက်နေ့ Eleven မီဒီယာ စာမျက်နှာတွင် State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ် များ ထံ သို့ Google မှ သတိပေးချက်များ ပေးပို့နေ ဆိုသော ခေါင်းစဉ်ဖြင့် သတင်း တစ်ခု တင်ခဲ့သည်ကို တွေ့ လိုက် ရသည်။

အဆိုပါ သတင်းကို Facebook စာမျက်နှာမှ ဖော်ပြသည့်အခါ မည်သည့် အချက်အလက် အသေးစိတ် မှ မပါရှိ ဘဲ ခေါင်းစဉ်တစ်ခုနှင့် link သာ တွဲပြီး ဖော်ပြသည့်အတွက် အင်တာနက်သုံးသည့် ပြည်သူများ အကြား အစိုးရမှ ထောက်ပံ့ပေးထားသည့် အဖွဲ့များ သူတို့ကို တိုက်ခိုက်နေသည်ဟု ထင်မှတ်မှားစေ ခဲ့သည် ကို ပုံပါ မှတ်ချက်များကို ကြည့်က သိနိုင်ပါသည်။ 
 

တဒင်္ဂ စိတ်ကြောင့် မိခင်က တရားလို ဖခင်က တရားခံ နစ်နာသူက သမီး ဖြစ်တဲ့ ဝမ်းနည်းဖွယ်ရာ မိသားစုရဲ့ ဖြစ်ရပ်က ဒီလိုပါ

မကွေးတိုင်းဒေသကြီး၊ မကွေး  ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပတုန်းမြောင်တဲတိုက်တွင် ဖခင် ဖြစ်သူက သမီးဖြစ်သူကို ဓားဖြင့်  ခုတ်မှုဖြစ်ပွားကြောင်း သတင်းရ ရှိသည်။ ဖေဖော်ဝါရီ ၅ ရက် ညနေ ၃းဝဝ နာရီအချိန်ခန့်က တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်း  အုပ်စုညောင်မှော်ကျေးရွာနေ ဒေါ်အေးကြည် (၅၅) နှစ်၊ (တောင်သူ)သည် နေအိမ်၌ရှိနေ စဉ်ပတုန်းမြောင်တဲတိုက်သို့ အလုပ်  လုပ်ရန်သွားသော သမီးဖြစ်သူ မခင်အေးမြင့် (၁၈) နှစ် (တောင်သူ) မှာ ဦးခေါင်းထိပ်တွင်  (၄) လက်မခန့်ပြတ်ရှဒဏ်ရာတစ် ချက်ဖြင့် အိမ်သို့ရောက်ရှိလာသဖြင့်  သမီးဖြစ်သူအားဖြစ်စဉ် မေး မြန်းရာဖခင်ဖြစ်သူဦးသိန်းမြင့် (၅၅) နှစ်က စိတ်ဆိုးပြီး တဲပေါ် ၌ အသင့်ရှိနေသော ဓားမဖြင့်  ဦးခေါင်းကိုခုတ်သဖြင့် ဒဏ်ရာ  ရရှိခဲ့သဖြင့် ညီမဖြစ်သူမစုလှိုင်နှင်း  (၁ဝ) နှစ်ကိုခေါ်၍ပြန်လာခဲ့ ကြောင်း ပြောပြသိရှိရသည်ဆို၏။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တွင် ဟိန်းသစ္စာ အမြန် Express ပေါ်မှ တရားမ၀င်သစ်များ ဖမ်းဆီးရမိ



 
 
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊  ကျောက်တံခါးမြို့နယ်၊သစ်တော  ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့် ၀င်းမှေ တာ အုပ်ကြီးဦးလှသန်းတို့ သည် ဖေဖော်ဝါရီ(၄)ရက်၊နံနက်    (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်    လာသည်ဟု မသင်္ကာဖွယ်ရာ အမြန်   ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့် နောက်ယောင် ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။
 

ဆက်ဆံရေးရုံးမြေနေရာ တိုးချဲ့ပေးရန် ဘုရားသုံးဆူမြို့ အခြေစိုက် KNU တောင်းဆို

ကရင်ပြည်နယ်၊ ဘုရားသုံးမြို့အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး-KNU ၏ လက်ရှိ ဆက် ဆံရေး ရုံးနေရာကို တစ်ဆထပ်မံ တိုးချဲ့ပေးရန် ကရင်ပြည်နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူး ကြီး အောင်လွင်အား ဖေဖော်ဝါရီလ ၇ ရက်နေ့၌ တောင်းဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲထားသော လက်နက် ကိုင်အဖွဲ့များ၊ မြို့နယ်ရှိ အစိုးရဌာနဆိုင် ရာများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန် ရှိသူ များနှင့် ဗိုလ်မှူးကြီး အောင်လွင်တို့ ဘုရားသုံးဆူမြို့နယ်ရုံး၌ ယမန်နေ့က တွေ့ဆုံခဲ့ရာ KNU ဆက်ဆံရေး ရုံးတာ ၀န် ခံ စောဆာမူထောက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဝိုင်းမော်မြို့နယ် “ဇ” ဒုက္ခသည် စခန်း ဆေးဝါးပြတ်လပ်မှု အခက်အခဲ ရင်ဆိုင်နေရ

 
 
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” (Za) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅၀ ခန့် ဖျားနာနေသလို ဆေးဝါးများ ပြတ်လပ် နေသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စခန်းတာ ၀န်ရှိသူများပြောသည်။ ဖျားနာသူ အယောက် ၃၀ ခန့် ဆေးခန်းသို့ နေ့ စဉ် ရောက် ရှိနေေ သာ် လည်း ဆေးဝါး ပြတ်လပ်နေသဖြင့် ရောဂါနှင့် သက်ဆိုင်သည့် ဆေးများ မပေးနိုင်ဘဲ ရောဂါနှင့် နီးစပ် သည့် ဆေးများကိုသာ စပ်ပြီးပေးနေရကြောင်း စခန်းအတွင်း ကျမ်းမာရေး စောင့်ရှောက် ပေးနေသည့် ဆရာ ၀န် ယော်ထုံကပြောသည်။

ဆက်သွားချင်သေးတယ် ဆိုရင်