Pages

Wednesday, February 20, 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း လုံးဝ ပိတ်ပြီ

ရန်ကုန်မြို့၏ အထင်ကရ ကားပွဲစားတန်းဖြစ်သည့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား ဖေဖော်ဝါရီ ၁၉ ရက် ညနေမှစ၍ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ရာ ၁၅ နှစ်ကြာ ယာဉ်ရောင်းဝယ်မှု ပြုလုပ်ခဲ့သော ရန်ကုန်မြို့မှ အကြီးဆုံး ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းနေရာမှာ အရောင်းအဝယ်များ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။

“ဒီနေ့ စည်ပင်က မိုက်နဲ့လိုက်အော်တယ်။ ဒီဝင်းကြီးကို ပိတ်လိုက်ပြီလို့ ပြောတယ်။ ကားတွေကို လည်း ရွှေ့ ခိုင်းတယ်” ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဦးမင်းဦးက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြော သည်။ လက်ရှိ ဟံသာဝတီဝင်းထဲမှ ကားများကို လာရောက်ထုတ်ယူခွင့် ပြုထားကြောင်း၊ ကားဝယ်ရောင်းစခန်း ပြောင်းရွှေ့သည့်အတွက် ကားအရောင်းအဝယ် အေးသွားကြောင်း၊ သီရိမင်္ဂလာဈေးဟောင်းသို့ ရွှေ့ပြောင်းရာတွင်လည်း ကားထားရန်နေရာ မလုံလောက်မှုများ ရှိနေကြောင်း ၄င်းကဆက်ပြောသည်။

အဖြစ်များနေသော မုဒိမ်းမှုလျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိင်စိတ်ကြွဆေးများကို အထူးစီမံချက်ဖြင့် စစ်ဆေးအရေးယူနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွ့မှူးရုံးထံမှ သိရသည်။ အဖြစ်များလာသော မုဒိမ်းမှုများကို လျော့ကျလာစေရန် ရည်ရွယ်ပြီး အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူမှုပြုလုပ်မည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောသည်။

အထူးစီမံချက်အရ စတင်ပြုလုပ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရဲအုပ်တစ်ဦး ခေါင်းဆောင်သည့် အဖွဲ့တစ်ဖွဲ့က လမ်းမတော် ၁၅ လမ်းရှိ ဆေးဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ Roselyn Fun Joy တံဆိပ်နှင့် Roselyn Virginity Top တံဆိပ် လိင်စိတ်ကြွဆေးများကို သိမ်းဆည်းရမိခဲ့သည့်အတွက် အမျိုးသား ဆေးဝါးဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

အရည်အသွေး မပြည့်သော စိုက်ပျိုးရေးသုံး ပစ္စည်းများကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွား

နယ်စပ်မှ ဝင်လာနေသော အရည်အသွေး မပြည့်မီသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကြောင့် တောင်သူတို့၏ ဝင်ငွေ ထိခိုက်ခြင်းနှင့်အတူ အများပြည်သူ အစာအဆိပ်သင့်မှု ဖြစ်ပွားလာနေသည်ဟု မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသတိုးဟိန်းက ပြောသည်။ အဓိက ဝင်ပေါက်များမှာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ်တို့ဖြစ်ပြီး အဆိုးဆုံးမှာ ၎င်းတို့နိုင်ငံတွင်ပင် မသုံးသည့် ပိုးသတ်ဆေး အမျိုးအစားတို့ကို တင်သွင်းနေကြသည်ဟု ၎င်းက ပြောသည်။ “အများကြီး အန္တရာယ် ရှိပါတယ်။ တရုတ်စာသား၊ ထိုင်းစာသား၊ အိန္ဒိယ စာသားတွေနဲ့ လာတာပါ။ ကျွန်တော်တို့မှာ သက်သေတွေ အများကြီး ရှိထားပြီးပါပြီ” ဟု ဦးသတိုးဟိန်းက ဆိုသည်။

နေပြည်တော် ဆေးရုံစီမံကိန်း ခြောက်ခု ရပ်လိုက ရပ်နိုင်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

နေပြည်တော်တွင် တည်ဆောက်ရန် လျာထားသည့် ဆေးရုံစီမံကိန်း ခြောက်ခုအား ရပ်ဆိုင်းလိုက ရပ်ဆိုင်းထားနိုင်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ယခုလ ၁၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ ပြောသည်။ “ပြည်ထောင်စု ဝန်ကြီးကတော့ ဒီစီမံကိန်းတွေကို ရပ်လိုက ရပ်ထားနိုင်ပါတယ်လို့ ပြောတဲ့အတွက် ဒီစီမံကိန်းတွေဟာ သိပ်မလိုအပ်သေးဘူးလို့ ဝန်ခံတဲ့သဘောပါပဲ။ ဒီစီမံကိန်း ရပ်လိုက်လို့ ထွက်လာတဲ့ ငွေတွေကို အခားလိုအပ်တဲ့ နေရာတွေဖြစ်တဲ့ ဆေးဝါးဖြည့်တင်းတဲ့ နေရာတွေ၊ အခြားလိုအပ်တဲ့ နေရာတွေမှာ သုံးစွဲမယ်လို့ ဝန်ကြီးက ပြောသွားတာပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

ခြောက်ရက်ကြာ စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားရေတပ် စတင်

တောင်ကိုရီးယား ရေတပ်၏ ခြောက်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို အရှေ့ပင်လယ် (ဂျပန်ပင်လယ်)တွင် ဖေဖော်ဝါရီ ၁၉ ရက်က စတင်ကြောင်း မြို့တော်ဆိုးလ်ရှိ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ တောင်ကိုရီးယားရေတပ်၏ စစ်ရေးလေ့ကျင့် မှု၌ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ ပါဝင်ပြီး အမေရိကန်ပြည်ထောင်စု မှ ထောက် လှမ်းေ ရး လေယာဉ်များလည်း ပါဝင်လေ့ကျင့်ကြကြော င်း ပြောရေး ဆိုခွင့်ရှိ သူ က ပြောကြားသည်။ ပြည်ပမှ စစ်ေ ရးခြိ မ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် စစ်ရေးအရ အသင့်ရှိေ နစေ ရန် စစ်ရေးေ လ့ ကျင့်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံက ဒီဇင်ဘာ ၁၂ ရက်တွင် တာဝေးပစ် ဒုံးပျံတစ်စင်းကို ပစ်လွှတ်ခဲ့ပြီးချိန် နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံသည် တစ်နိုင်ငံတည်း လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲ၍ လည်းကောင်း စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် မကြာမီက တတိယအကြိမ် နျူကလီးယား စမ်းသပ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ရာ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ရိုက်တာ

လာဘ်အရှုပ်တော်ပုံကြားမှ ဗြိတိသျှဝန်ကြီးချုပ် အိန္ဒိယသို့ ကုန်သွယ်ရေးခရီး ရောက်ရှိ

အင်ဂလိုအီတာလျံ ရဟတ်ယာဉ် ရောင်းချရေးတွင် လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံ ပေါ်ပေါက်နေ သကဲ့သို့ နယူးဒေလီက ပြင်သစ်လုပ်ပြိုင်ဘက်ကို ရွေးချယ်ပြီး စီးနေပြီဖြစ်လင့်ကစား အိန္ဒိယနိုင်ငံသို့ တနင်္လာနေ့ တွင် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယူရို တိုက်လေ ယာဉ် ရောင်းချရေးတွင် အိန္ဒိယ၏ အကျိုးစီးပွားကို ပြန်လည် သုံးသပ်ပေးမည်ဟု ကတိပြုခဲ့သ ည်။ ပြင်သစ်သမ္မတ ဖရန်စွာဟော်လန်ဒေးက အိန္ဒိယသို့ ကုန်သွယ်မှုမြှင့်တင်ရန် သွားရောက်ခဲ့ပြီး ရက်အနည်း ငယ်အကြာ ဒေးဗစ်ကင်မရွန်းက ဝန်ကြီးချုပ်တစ်ဦးအဖြစ် နယူးဒေလီသို့ ဒုတိယအ ကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။ ကြွေးနစ်နေသော ဥရောပနှစ်နိုင်ငံက စီးပွားရေး လျင်လျင်မြန်မြန် တိုး တက်ေ နသော အိန္ဒိယနိုင်ငံအတွင်း ဈေးကွက်ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ကုမ္ပဏီ ၁ဝဝ ကျော်မှ ကိုယ်စားလှယ်များ၊ ဝန်ကြီး လေးဦးနှင့် လွှတ်တော်အမတ် ကိုးဦးပါဝင်သော ကင်မရွန်း အဖွဲ့သည် ဗြိတိသျှဝန်ကြီးချုပ်နှင့်အတူ ပြည်ပသို့ လိုက်ပါကြသောအဖွဲ့များအနက် အကြီးဆုံးအ ဖွဲ့ ဖြစ် သည်။ သို့သော် ကင်မရွန်း၏ ခရီးစဉ်သည် သင့်လျော်သော အချိန်မဟုတ်ပေ။ ၄င်းတို့အနေဖြင့် အမေရိ ကန်ဒေါ်လာ သန်း ၇၅ဝ တန်ဖိုးရှိသည့် သြဂတ်(စ်)တာဝက်(စ်)လင်း ကုမ္ပဏီထုတ် ရဟတ်ယာဉ် တစ်ဒါဇင် ရောင်းဝယ်ရေးစာချုပ်ကို ဖျက်သိမ်းလိုကြောင်း အိန္ဒိယက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ၄င်းကုမ္ပဏီသည် အီတလီနိုင်ငံ ဖင်မီကာနီယာကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီခွဲဖြစ်၍ ယင်းအရောင်း အဝယ် ကိစ္စရပ်တွင် လာဘ်ပေးလာဘ်ယူ ရှိခဲ့ကြောင်းသတင်း ထွက်ပေါ်လျက်ရှိသည်။ ယင်းသို့သော ကိစ္စရပ်များက အရပ်ဘက်သုံး အကြီးစား စက်ယန္တရားများနှင့် အကြီးစား စစ်လက်နက်ပစ္စည်းများ ဝယ်ယူစေရန် အိန္ဒိယနိုင်ငံအား ဆွဲဆောင်ရေးမှာ ဒေးဗစ်ကင်မရွန်းကို ပိုမိုခက်ခဲစေမည်ဟု ဆိုသည်။

ရိုက်တာ

ဒေသတွင်းဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ရာတွင် တိုင်းရင်းသား လူငယ်များ ဦးစားပေး ခန့်မည်

ဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ရာတွင် ဒေသခံတိုင်းရင်းသား လူငယ်များကို ဦးစားပေး ခန့်အပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသူ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ပြောသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သော ဦးမန်းမောင်မောင်ဥာဏ်နှင့် ဦးငွန်မာင်းတို့အား ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန် ပေးအပ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာ ထုတ်ပြန်သည်။ “တိုင်းရင်းသားတွေကို အမှုထမ်းနိုင်အောင် ကျွန်တော်တို့က အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးရမှာပေါ့” ဟု ဦးငွန်မောင်းက ပြောသည်။

သူနာပြုဆရာမများ ဆက်ဆံရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး သတိပေး

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများနှင့် ပတ်သက်၍ သမ္မတထံ တိုင်ကြားမှုများတွင် ဆရာဝန်များအား တိုင်ကြားမှု နည်းသွားသော်လည်း သူနာပြုဆရာမများ၏ ဆက်ဆံရေးနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “ဆရာဝန်တွေနဲ့ ပတ်သက်တဲ့ တိုင်စာနည်းသွားတယ်။ ဒါပေမယ့် ဆရာမကြီးတွေ တိုင်စာကတော့ အပေါက်ဆိုးတယ် ဆိုပြီး လာနေတုန်းပဲ” ဟု သူနာပြုတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ဂုဏ်ပြုပွဲတစ်ခု၌ ပြည်ေ ထာင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်က သူနာပြု ဆရာမများအား ပြောကြားခဲ့သည်။

အာရှအဆင့် အွန်လိုင်းဂိမ်း မြန်မာဝင်ပြိုင်မည်

စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အာရှအဆင့် အွန်လိုင်းဂိမ်းပြိုင်ပွဲ (Arma-ggeddon Grand Slam Asia 2013) သို့ မြန်မာနိုင်ငံမှ သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Technovation ကုမ္ပဏီမှ သိရသည်။ ၎င်းဂိမ်းပြိုင်ပွဲကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဂျပန်၊ ကိုရီားး၊ တရုတ် (တိုင်ပေ)နှင့်ေ ဟာင်ေ ကာင်မှ ပြိုင်ပွဲဝင်များမှာ အွန်လိုင်းမှ ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စင်ကာ ပူနိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အသင်းရွေးချယ်မည်ဖြစ်ပြီး ၎င်းရွေး ချယ်ပွဲအား ဖေဖော်ဝါရီလ ၂၂၊ ၂၃ နှင့် ၂၄ ရက်များ တွင် ကျင်းပမည်ဖြစ်သည်။ ကိုယ်စားပြုပြည်တွင်း အသင်းပြိုင်ပွဲတွင် အသင်း ၆၄ သင်း ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး အဆိုပါ အသင်းများမှ တစ်သင်းကိုသာ Myanmar Champion အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း Technovation မှ ကိုကျော်ဆန်းက ပြောသည်။ “မြန်မာနိုင်ငံမှာလည်း ဒီအွန်လိုင်းဂိမ်းကို တော်တော်များများ ကစားလာကြတာမို့ ဒီဂိမ်းနဲ့ပဲ ပြည်ပကို ထိုးဖောက်စေချင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် Dota 2 ဂိမ်းဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပြည်တွင်းပြိုင်ပွဲအတွက် Red Link ကုမ္ပဏီမှ အင်တာနက်ရရှိစေရန် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

စက်ဘီးဖြင့် ကမ္ဘာတစ်ပတ် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိသျှ စုံတွဲ ထိုင်းနိုင်ငံတွင် ကားတိုက် ခံရပြီး သေဆုံး

ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန် နိုင်ငံမှ စက်ဘီး စီးသမား စုံတွဲ ဖြစ်သော ပီတာရုထ်နှင့် မာရီသွန်ဆန်တို့ စုံတွဲသည် ထိုင်းနိုင်ငံ ဗန်ကောက် ပြည်နယ် အရှေ့ပိုင်းတွင် ယာဉ်တိုက် မှု ကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

ကိုယ်တိုင် ဗလီ မဖျက်ရသဖြင့် ကွမ်းယာ ဆိုင် နှင့် ကုန်စုံဆိုင် ဖျက်ဆီးသူ ၁၁ ဦးအား ရဲ မှ ဖမ်းဆီး

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်သိမ်းရန် ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေပိုင်းတွင် စုဝေးကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။ ထို့ပြင် ယခုညဆယ်နာရီခန့်တွင် မူးနေကြသော လူတစ်စု၏ ဖျက်ဆီးမှုကြောင့် ရန်ပြေ(၇)လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ရန်အောင်လမ်းမထိပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အပါအဝင် ဈေးဆိုင်အချို့ ဖျက်ဆီးခံရကြောင်း ယင်းလမ်းရှိတာဝန်ရှိသူများ က ပြော ကြသည်။

ဟံသာဝတီ ကားဝင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သူများ စီတန်း လှည့်လည် ခွင့် တောင်းဆို

ဟံသာဝတီကားဝင်းပြောင်းရွှေ့မှုနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်သူများမှ စီတန်းလှည့်လည်ခွင့် ပါေ တာ င်း ဆို ထားကြောင်း ၎င်းတို့ထံမှ သိရသည်။ “ကျွန်တော်တို့ ခွင့်ပြုမိန့်တောင်းဆိုထားပါတယ်။ ခွင့်ပြုမိန့်ကျကျ မကျကျ ကျွန်တော်တို့ ကတော့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမှာပါ” ဟု အဆိုပါ ကားဝင်း မပြောင်းရွှေ့ရေး ကော်မတီမှ ဦးမင်းကိုကပြောသည်။ ယင်းကဲ့သို့ စီတန်းလှည့်လည်ခွင့်အား သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ခွင့်ပြုမိန့် တောင်းခံ ထားဆဲသာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြို့တော်ခန်း မရှေ့ဖြစ်စေ ရန်ကုန်တိုင်း လွှတ်တော် သို့ ဖြစ်စေ စီတန်းလှည့်လည်ခွင့် ရရှိရေးနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ခွင့်ပြုမိန့် ရရှိပါက ယခုလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

PNews

၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ ပြင်ဆင်ရန် မလိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တိုင်းရင်းသားများ ပြောကြား

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို ကာကွယ်ထားခြင်းဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တိုင်းရင်းသားများ ပြောကြား

၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ရေယာဉ်ပျက်ကျ၍ ကျောက်ဖြူကမ်းခြေသို့ ၀င်ရောက်လာသည့် ဘင်္ဂါလီ များအား စစ်ဆေးနေစဉ်
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င်ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို ကာ ကွယ်ပေး ထားခြင်းဖြစ်၍ ပြင်ဆင်ရန်မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေ ပညာ ရှင် များနှင့် တိုင်းရင်းသားများက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု အစိုးရ တရားဝင်ငြင်း

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ တရားဝင်မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဦးကျော်ကျော်ဝင်းက ပြောဆိုလိုက်သည်။ ယနေ့နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရသေ့ေ တာင် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါ သ လား ဆိုေ သာ မေးခွန်းကို ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်းပြန်လည်ဖြေဆိုလိုက်ခြင်းဖြစ်သည်။ဘင်္ဂါလီဆိုသည်မှာ တဖက်နိုင် ငံဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသူများကို ခေါ်ဆိုခြင်းဖြစ်သည်ဟုလည်း ဦးကျော်ကျော်ဝင်းက ရှင်းလင်းပြော ဆို သွားသည်။
ဧရာဝတီ

ဆိုက်ဘာ တိုက်ခိုက်မှုများ နောက်ကွယ်တွင် တရုတ် စစ်ဘက် အဖွဲ့အစည်း ပါဝင်နေဟုဆို

Hackerများ၏ ထိုးဖောက်တိုက်ခိုက်မှုများအနက် တရုတ်နိုင်ငံမှ လျှို့ဝှက် စစ်ဘက် နည်းပညာအဖွဲ့အစည်း တစ်ခု၏ ထောက်ပံ့မှုများ ရှိနေနိုင်ကြောင်း အမေရိကန် နည်းပညာလုံခြုံရေး ကုမ္ပဏီတစ်ခု က ပြော ကြားလိုက်သည်။ အမေရိကန်တွင် ကြုံတွေ့ခဲ့ရသည့် နည်းပညာပိုင်းဆိုင်ရာ ဆိုင်ဘာ တိုက် ခိုက် ခံရမှုများအတွက် တရုတ်နိုင်ငံရှိ ရှန်ဟိုင်းတွင် အခြေစိုက်သော Unit 61398 အမည်ရှိ စစ်ဘက်ဆိုင်ရာ Hacker အဖွဲ့အစည်း တစ်ခု၏ စနက် မကင်းကြောင်း နည်းပညာ လုံခြုံရေး ကုမ္ပဏီ Mandiant က စွပ်စွဲလိုက်သည်။ အဆိုပါ Hackerအဖွဲ့အစည်း ယူနစ်သည် အလွန်ကျစ်လစ်ပြီး အဆင့်မြင့်သည့် စစ် လက်နက် တစ်ခုသဖွယ် အသုံးချခြင်း ခံနေရကြောင်းလည်း Mandiantက ယူဆထားသည်။ ယင်းယူနစ်ကို တုံ့ပြန်ရန်မှာ အန္တရာယ်များပြီး စွန့်စားရမည့် အခြေအနေမျိုးဟုလည်း တနင်္လာနေ့က အဆိုပါ လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီက ကြေညာခဲ့သည်။

ဖားကန့် စစ်ပြေး ဒုက္ခသည် စခန်းတွေ အတွက် ကုလသမဂ္ဂ အကူအညီရောက်ရှိ

Photo: ဖားကန့် စစ်ပြေးဒုက္ခသည် စခန်းတွေအတွက် ကုလသမဂ္ဂ အကူအညီရောက်ရှိ

Wednesday, February 20, 2013

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးပို့တဲ့အကူအညီတွေ ဒီကနေ့

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာပါတယ်။

ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း

ဒေသဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ

အတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

အရေးပေါ်ပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၉ဝ ကျော်ကို သယ်ဆောင်ပြီး လှူဒါန်းတာဖြစ်တယ်လို့ UNDP ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို အခုလိုပြောပါတယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေရဲ့ တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခ ကာလအတွင်း ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး တစ်သိန်းဝန်းကျင်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်

နေသူတွေက ပြောပါတယ်။

RFA

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေး ပို့တဲ့အကူအညီတွေ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ဒုက္ခသည်စ ခန်းတွေ ကို ရောက် ရှိလာ ပါတယ်။ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်း တွင်း ဒေသဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးေ ရှာင် ပြည်သူတွေ အတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

ဆက်သွားချင်သေးတယ် ဆိုရင်