Pages

Monday, February 11, 2013

လိုင်ဇာအထိ လမ်းလျှောက်မယ့် လမ်းလျှောက်သူတွေ သဘောထား ကွဲကုန်ပြီ

 
ကချင်ပြည်နယ်လိုင်ဇာမြို့အထိလမ်းလျှောက်ထွက်ခွာလာသော ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှေ ခါင်းေ ဆာင် ရန်နိုင်ထွန်း အပါအ၀င် (၅)ယောက်သည် အတူလိုက်ပါလာသော ကားများအား မလိုပါဟုပြော ဆိုနေပြီး ၊ကူညီသူများမှာ ပေါ်ပင်များဖြစ်ကြောင်း မိမိတို့ကို အသုံးချနေကြောင်းခံစားလာရကြောင်း အသံများထွက်လာပါသည် ။အဆိုပါသူတို့ကြောင့် မိမိတို့ လမ်းလျှောက်သည့်ရည်ရွှယ်ချက်ကို ထိခိုက် လာကြောင်း ယခင်ရက်များက ပေါက်ကြားခဲ့သော လမ်းလျှောက်သူများ ကားခိုးစီးကြ ကာ မြို့တွင်း များ လူနေ ရာ အရပ်များတွင်သာ လမ်းဆင်းလျှောက်ပြကြသည့် ဓါတ်ပုံများကြောင့် အရှက်ကွဲမှူ များဖြစ်လာ ပါသည် ။ထို့အပြင်  ရန်ကုန်မှအတူလိုက်ပါလာသောဦးအောင်မြင့် (ဘိုကလေး) သည် ငြိမ်း ချမ်းရေး အတွက်လမ်းလျှောက်ခြင်းမဟုတ်ပဲ ယခုအခါ  ပြည်တွင်းစစ် လုံးဝရပ်စဲရေး နှင့်နိုင် ငံရေး အကျဉ်း သားလွတ်မြောက်ရေး ဟု ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးစွက်ဖွက် အသုံးချ မှူ ပြု လုပ် လာပြီး ငြိမ်း ချမ်းရေးလမ်းလျှောက်သူများနှင့် ခေါင်းဆောင်နေရာယူလာခြင်းများ နိုင်ငံရေး စကား များပြောဟော လာမှုများ အပြင် ၄င်းတို့ဘာသာ မကျန်းမာမသန်မာပဲ ခလုတ်တိုက်လဲသဖြင့် ခြေခေါက်သည်ကို လမ်းမေ ကာင်းခြင်းကြောင်း ဆိုပြီး အစိုးရကို အပြစ်တင်သလိုလိုနိုင်ငံရေး ဆန်ဆန် ပြောစကားများဖြစ် လာခြင်းကြောင့် လမ်းတလျောက်တွင် လမ်းလျှောက်ရန် စီစဉ်သူ လူငယ်များကလည်း မလေးမစား မိုက်ရိုင်း စွာပြော ဆိုဆက်ဆံမှူများ ရှိလာပြီဖြစ်ပါသည် ။ကျွန်တော်တို့သွားမှာ တိုက်ပွဲတွေ မိုင်းတွေ ရှိတဲ့ တိုက်ပွဲနေရာတွေကို ဖြတ်ပြီး သွားမှာအခု ပေတရာ ကတ္တရာလမ်း မှာတောင် ခလုတ်တိုက်ပြီး အကြောလွဲတာကို နိုင်ငံသိအောင် အော်ပြသည်းပြနေတာ ကျွန်တော်တို့အဖွဲ့အတွက် အရှက်ရပါတယ် လို့ လူငယ်တွေက သတင်းယူသော သတင်းထောက်များ နှင့် ကားဆိုင်ကယ်စီစဉ်ပေးသူများ အားပြော ကြားေ သာ် လည်း မည်သည့်သတင်းမှဖော်ပြခဲ့ခြင်းမရှိပါ ။



မြိတ်မြို့ ကွမ်းယာဆိုင်များမှ ကာမရာဂ စိတ်ကြွ ဆေးဝါးများ ဖမ်းမိ

မြိတ်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက် ကွမ်းယာဆိုင်၊ (၁)ရပ်ကွက်ရှိ ကွမ်းယာဆိုင်နှင့် ဈေးတန်း ရပ်ကွက်ရှိ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များ ခွဲ၍ ၀င်ရောက် ရှာဖွေခဲ့ရာ ကွမ်းယာဆိုင် အသီးသီးတွင် Red Spider စာတမ်းပါ ကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ်ထုပ်၊ လိင်ပိုင်းဆိုင်ရာ နိုးကြွစေသည့် တရုတ်နိုင်ငံ ထုတ်ဆေးဝါး မျိုးစုံ၊ စုစုပေါင်း တန်ဘိုးငွေကျပ် (၆၇၀၀၀ိ/-) ခန့်အား ဖေဖော်ဝါရီ ၉ရက်ကဖမ်းဆီးရမိခဲ့ရာ မြိတ်ရဲစခန်းမှ အမျိုး သား ဆေးဝါးများ ဥပဒေပုဒ်မ ၁၈ ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားကြောင်း ရဲဇာနည်မှ သိရသည်။

ထိုအတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက် ရှိ ““အာရုဏ်ဦး”” ဆေးဆိုင်သို့၎င်းနေ့က သတင်းအရ ၀င်ရောက် ရှာဖွေရာ အမျိုးသမီးများ အား တိုက်ေ ကျွးပါက ကာမရာဂ စိတ်ကို ထကြွစေသည့်တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့်အထုပ်(၂၆၈) ထုပ်အား တွေ့ရှိ သိမ်း ဆည်း ရမိ ခဲ့ ကြောင်းသိရသည်။

မန်း မနော်ရမ္မံ ဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ် အား ယနေ့ညပိုင်းမှ စ၍ ညစဉ် မီးထွန်းမည်

မန်းမနော်ရမ္မံဥယျာဉ် ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ယနေ့ည ပိုင်းမှ စတင်ကာ ၈၀ ၀ပ် LED မီးဆို င်း နှစ်ခု ၊ ၄၀၀ ၀ပ်အားရှိ Metal Heat Lamp လေးလုံးတို့ဖြင့် ညစဉ် ထွန်းညှိသွား မည်ဖြ စ်ေ ကြာင်းသိရသည်။ မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး မြို့တော်ဝန် ဦးအောင်မောင်းသည် ယနေ့နံနက် ၈ နာရီ ခွဲတွင် ၆၂ လမ်း မနော်ရမ္မံဥယျာဉ် ရှိဗိုလ်ချုပ်အောင်ဆန်း အထိမ်း အမှတ်မြင်း စီးေ ကြး သွန်းရုပ်တုဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများ အား သွားရောက် ကြည့်ရှု စစ်ေ ဆး သည်။ ဗိုလ်ချုပ်ကြေးရုပ်ဝန်းကျင် အစဉ် စိမ်းလန်းစိုပြည်သာယာလှပ သန့်ရှင်းနေစေရေး အလေးအ နက် ထားဆောင်ရွက်ကြရန်မှာကြားပြီး Untique Color ဆေး ပြန်လည် မှုတ်ရန် ၊ မူလ ကြေးရုပ်တု၏ အရောင် မပျက်ယွင်းစေဘဲ ရှေးမူမပျက် ကြေးသွန်းရုပ်များ၏ အရောင်အတိုင်း ထိန်းသိမ်းထား ရှိနိုင်ရေး ယနေ့ည မှ စတင်ကာ မီးထွန်းညှိသွားရန် အတွက် မှာကြားသည်။ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအ မှတ် မြင်းစီးကြေးသွန်းရုပ်အား Hato သုတ်ဆေးဖြင့် untique color ဖန်တီးကာ ကြွေပြားများအား သန့်ရှင်းေ တာင်ပြောင်စေရန်ပြုလုပ်ပြီး အောက်ခံ အင်္ဂတေခုံ အား ရေဆေးများ ပြန်လည် သုတ်နေ ပြီ ဖြ စ်ေ ကြာင်းသိရသည်။


ဓါတ်ပုံ-Mandalay City Development Committee
 

မန်း ကျုံးရေပြင် လူသေအလောင်းတွေ့ 


မန္တလေးမြို့ ၊ အောင်မြေ သာစံမြို့နယ် ၊ ၆၆ လမ်း ၊ ၁၆x၁၇ လမ်းကြား ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၉ရက်နေ့က အလောင်း တစ်လောင်း ပေါ်နေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ အကြောင်းကြားသဖြင့် အမှတ်(၂) ရဲစခန်းမှ တာဝန်ရှိ သူများက သွားရောက် စစ်ဆေးခဲ့သည်။ သေဆုံးနေသူမှာ အမျိုးသား တစ်ဦးဖြစ်ပြီး အမှတ် -၁၊ အမှတ် -၉ရဲစခန်းများသို့လူပျောက် တိုင်ကြားထားရှိသော ကို ထွန်းနောင်လေး (၂၉)နှ စ် မဟာမြိုင် အပိုင်း ၂ တွင်နေသူ ဖြစ်ကြောင်း ၄င်း၏ အစ်ကို တော်သူ က အတည်ပြု ထားပြီး ဖြ စ်ေ ကြာင်း သိရသည်။ အလောင်းအား ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက် စစ်ဆေး ရန်ေ ဆး ရုံပို့ပြီး PR -13ဖြင့် လက်ခံထားရှိပြီး သေမှုသေခင်း အမှတ် 4/2013အရ အမှုဖွင့် ထားကြောင်း အမှတ် (၂)ရဲစခန်းမှ တာဝန်ကျ ရဲမှူးက ပြောသည်။
Popular Myanmar News Journal

NLD ပါတီဝင်များ သည် အလိုလိုက် အကြိုက်ဆောင် ခိုင်းတာလုပ် အရည်အချင်း မရှိသောသူများသာ ဖြစ်ကြောင်း ဦးဝင်းတင် မှ သွယ်ဝိုက်၍ ပြော

ဟံသာဝတီ ဦးဝင်းတင် က ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနား တွင် "ကျနော်တို့  ပါတီမှာလုပ်တယ် ဆိုတာ နွားလိုလုပ် တယ်၊ နွား လို ပဲ နောက်ေ နပြီးေ တာ့ ဖြောင့်ဖြောင့် လိုက်တယ်၊ ဒါ ကျနော်တို့ စိတ်ကူးပဲ၊သို့သော် ကျနော်တို့ ဟာ နွား မဟုတ် ဘူး၊ နွားလို ကျင့်ဖို့မလိုဘူး " ဟု ဦးဝင်းတင် ကဆိုသည်။

အဆိုပါ စကားအရ NLD ပါတီဝင်များ သည် ဒေါ်စု၏ စကား ကိုသာ နားထောင်ပြီး ခိုင်းတာသာ လုပ် တ တ်ေ သာ ၊ မည့်သည့် အကြံဥာဏ် ခံယူချက် စဉ်းစားတတ်သော ဦးနှောက် မရှိသော၊ အလိုလိုက် အကြို က်ေ ဆာင် ခိုင်းတာလုပ် အရည်အချင်း မရှိသောသူများ ဖြစ်ကြောင်း သွယ်ဝိုက်၍ ပြော သကဲ့ သို့ ဖြစ်နို င်ပြီး နောက်တစ်ချက် မှာ ဒေါ်စု၏ ငါတကောကော လုပ်ဆောင်မှူများ ကို အမြင်မကြည် လင်တော့ေ သာေ ကြာင့်  ငေါ့တော့တော့ ပြောခြင်းလား ဟု သုံးသပ် ရပါ သည် ။

နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်မည်

မန်းတိုင်း ဒေသကြီးအတွင်း နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အမေရိကန် ကုမ္မဏီ တစ်ခု ဖြစ်သည့် ACO Investment Group၊ Great Chance Co Ltd နှင့် ပြီးခဲ့ သည့်သောကြာနေ့က မန်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် MoU ထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

မြင်းခြံ ခရိုင် နွားကူးအိုင် ကျေးရွာအနီးတွင် မြေလွတ်မြေရိုင်း ဧက တစ်ထောင်ပေါ်တွင် ဆိုလာစနစ်ကို တည်ေ ဆာက် မည်ဖြစ်ပြီး မြေလေးဧကလျှင် ၁ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ပြီး အဆိုပါနေရာတွင် ၂၅၀မဂ္ဂါဝပ် ထွက် ရှိမှာဖြစ်ကြောင်း အခြားတစ်နေရာတွင်ဆိုလာစံနစ်ဖြင့်ပင် ၂၅၀မဂ္ဂါဝပ် ထွက်ရှိအောင် လုပ်ဆောင် သွားဖို့ရှိကြောင်း စလုပ်သည့် အချိန်မှ စ၍ ၆လမှ ၉လအတွင်း လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ရရှိမှာဖြစ်ကြောင်း မန်းတိုင်းဒေသကြီး လျှပ် စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီး ဒေါက်တာမြင့် ကြူ က ပြောသည်။

မုံရွာမြို့ MIC Computer & Mobile ဆိုင်မှ ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ တို့တွင် အထူးအစီအစဉ်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ (12.2.2013 ) နှင့် (၉၈)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ (13.2.2013) နေ့တို့တွင် မုံရွာမြို့ရှိ MIC Computer & Mobile ဆိုင်မှ အထူးအစီအစဉ်အဖြစ် ဖုန်းငွေဖြည့် ကဒ် ကုတ်နံပါတ်များကို လက်ဆောင် အဖြစ် Facebook ပေါ်တွင် တင်ပေးမည် ဖြစ်ကြောင်း သိရသည်။

MIC မှ လွှင့်တင်ထားသော Facebook စာမျက်နှာ ဖြစ်သည့် www.fb.com/monywainfocity စာမျ က်နှာေ ပ်ါတွင် ဖုန်းငွေဖြည့်ကဒ် ကုတ်နံပါတ်များကို တင်ပေးမည် ဖြစ်သည့် အတွက် Facebook ပေါ်မှ မိတ်ဆွေများ အမြန် Like လုပ်ထားစေ ပါကြောင်း စေတနာဖြင့် သတင်းကောင်း ပါးအပ်ပါသည်။

Popular Myanmar News Journal

တရားမ၀င် သစ်တောထွက် ပစ္စည်းများ ဖြစ်သည့် သစ်ခွများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ  ခရိုင်မုံရွာမြို့ဘုရားကြီးရပ်ကွက် အပိုင်ချင်းတွင်းမြစ်ကြောင်းအတွင်း တွင် တရားမ၀င် သစ်တောထွက် ပစ္စည်းများ ဖြစ်သည့် သစ်ခွအိတ်  (၆၇)အိတ် တင်ဆောင်လာသော ရတ နာဖြိုးရေယာဉ်ကို သက်ဆိုင် ရာက ဖမ်းဆီးလိုက်ကြောင်း သိရ သည်။

ဖေဖော်ဝါရီလ(၁)ရက်က မုံရွာမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများသည် ဘုရားကြီး  ရပ်ကွက် အပိုင် ချင်းတွင်းမြစ် အတွင်းရွှေနဒီဇေယျာရေယာဉ် ဂိတ်အနီးတွင် သတင်းပေးတိုင်တန်း ချက်များအရ တရား မ၀င်သစ်တော ထွက်များဖြစ်သည့် သစ်ခွအိတ် များကို လိုက်လံရှာဖွေခဲ့ရာ ကလေး  ခရိုင် မင်း ကင်းမြို့နယ်နေ ဦးအောင်  မျိုးမင်းမောင်းနှင်လာသော ရတနာ ဖြိုးအမြန်ရေယာဉ်ပေါ်မှ သစ်ခွအစို (၆၇) အိတ် (၁၁၆၂.၉၄)ပိသာကို တွေ့ရှိခဲ့သည်။ အဆိုပါ သစ်ခွ အစိုအိတ်များ၏ ပိုင်ရှင်မှာ ခန်္တီး ခရိုင် လေရှီးမြို့နယ်ခွဲဆွပ္ပရာမြို့မှ ကုန်သည်ဦးရိသူးပေါဆိုသူ၏ ပစ္စည်းများဖြစ်ကြောင်း သက် ဆိုင်ရာ တာဝန်ရှိ တစ်ဦးထံမှ သိရသည်။

ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကိုင်းဝန်းကျေး ရွာမြောက်ဘက်လမ်းပေါ်တွင် မသင်္ကာဖွယ် လူတစ်ဦးကို ရပ် တန့်ရှာဖွေရာ ၎င်းထံမှ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၁ ရက် မွန်းလွဲ ၁နာရီက  ပူးပေါင်း အဖွဲ့သည် ကိုင်းဝန်းကျေး ရွာ မြောက် ဘက်လမ်းမကြီးပေါ်တွင် သက်သေများနှင့်အတူ သတင်း အရ စောင့်ဆိုင်းနေစဉ် အောင် သိန်း(ဘ) ဦးလှ ရှင်၊ ကိုင်းဝန်းကျေး ရွာနေသူကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ အစိမ်းရောင်ပလတ် စတစ်စတစ်ခု၊ ဘိန်းဖြူဟု ယူဆရ သော အဖြူရောင်အမှုန့် သုည ဒသမ ၀၅ ဂရမ်ခန့်ပါ ပုလင်းတစ် လုံး တွေ့ရှိသိမ်းဆည်းခဲ့ပြီး ကော လင်းရဲစခန်းကမယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အမှုဖွင့်၍ ကောလင်းမြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ ခဲ့သည်။

ဦးသန်းထွဋ်အောင် နှင့် မီဒီယာ စီးပွားရေးသမားများ အား စီးပွား ပိတ်ဆို့ရန် USCB တောင်းဆို

ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာနေဝင်းမောင်၊ ကိုကို(စက်မှုတက္က သိုလ်)၊ မြတ်ခိုင်၊ ဟိန်းလက် နှင့် မျိုးအောင် တို့အား စီးပွားပိတ်ဆို့ရန် ဝါရှင်တန်အခြေစိုက် အမေရိကန် အခြေ စိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ USCB မှ အမေရိကန် ဘဏ္ဏာရေးဝန်ကြီး တီမိုသီဂတ်နာ ထံ သို့ တိုင်ကြားပေးပို့ခဲ့ကြောင်း သတင်းရရရှိသည်။ 

DVB

တရားစီရင်ရေး မဏ္ဍိုင်အား အဖြောင့်မှန်ဆုံး ဖြစ်စေရန် မြို့နယ် တရားရုံး များတွင် သတင်းထောက်များ စောင့်ကြည့်နိုင်ရန် စီစဉ်သွားမည်

ယိမ်းယိုင်စပြုနေသည့် တရားစီရင်ရေး မဏ္ဍိုင်အား ရာနှုန်းပြည့် မဟုတ်လျှင်ပင် အဖြောင့်မှန်ဆုံး ဖြစ်စေရန် မြို့နယ်တရားရုံးများတွင် တရားရုံး သတင်းထောက်များဖြင့် စောင့်ကြည့်နိုင်ရန် စီစဉ် သွားမည်ဖြစ်ေ ကြာင်း ပြည် သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္က သူရဦးေ အာင်ကိုက ပြော သည်။ “ရာနှုန်းပြည့် မဟုတ်တောင် အမှန်ကန်ဆုံဖြစ်စေဖို့အတွက် စတုတ္ထမဏ္ဍိုင် ရဲ့ အကူအညီ ရယူသွား ပါမယ်” ဟု သူရဦးအောင်ကိုက ဆက်လက်ပြောသည်။

ထိုသို့ မြို့နယ်တရားရုံးများတွင် တရားစီရင်ရေးအား စောင့်ကြည့်မည့် သတင်းထောက်များ ဖွဲ့စည်းရာတွင် တရားစီရင်ရေးအား မထိခိုက်နိုင်သည့် လွတ်လပ်သော လှုပ်ရှားမှုများ အားလုံးအား လုပ်ကိုင်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ဆက်လက်ပြောကြားခဲ့ပါသည်။ “မြို့နယ်တစ်ခုမှာ နှစ်ယောက်၊ သုံးယောက်လော က် အထိ ခန့် ထား မယ်” ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောပါသည်။ လက်ရှိကာလတွင် တရား စီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေသည်ဟုဆိုခြင်းမှာ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တရားစီရင်ရေး အပေါ် လွှမ်းမိုးမှု များပြားခြင်းကြောင့်သာ ဖြစ်ကြောင်းလည်း သူရဦးအောင်ကိုက ဆိုပါသည်။

ဆင်းကတ် ပျောက်ဆုံးပျက်စီး လျှောက်ထားခြင်း၊ အင်တာနက် လိုင်းဖွင့်ခြင်း လုပ်ငန်းများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနေ


မိုဘိုင်းဖုန်းများတွင် ဆင်းမ်ကတ် ပျောက်ဆုံးပျက်စီး လျှောက်ထားခြင်းများနှင့် အင်တာနက်လိုင်းဖွင့်ခြင်း ဝန်ဆောင်မှုများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရပါသည်။ မိုဘိုင်းဖုန်းများတွင် ဆင်းမ်ကတ် ပျက်စီးခြင်းများအတွက် လျှောက်ထားရာတွင် အခမဲ့လဲလှယ်ပေးမည် ဖြစ်ပြီး ပျက်စီးသည့် ကတ်မူရင်း၊ ပျက်စီးကြောင်း ဝန်ခံချက်စာနှင့် ဝယ်ယူခဲ့သည့် စာချုပ်မိတ္တူနှင့် မူရင်း၊ မှတ်ပုံတင်မိတ္တူနှင့် မူရင်းတင်ပြရန် လိုအပ်ကြောင်း သိရှိရပါသည်။

အမေရိကန်မှ ပြန်လည် ပင့်ဆောင်လာသော ပုဂံခေတ် ဗုဒ္ဓရုပ်ပွားတော် အမျိုးသားပြတိုက် တွင် ပြသထား

အမေရိကန်နိုင်ငံမှ ပြန်လည်ပင့်ဆောင်လာသော ပုဂံခေတ် မြန်မာ့ဗုဒ္ဓရုပ်ပွားတော် “ဓမ္မစက္ကမုဒြာ”အား အ မျိုး သားပြတိုက် (ရန်ကုန်)တွင် ခေတ္တထားရှိ ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓရုပ် ပွားတော် သည် အမေရိကန်နိုင်ငံ Northern Illinois University (NIU) Center for Burma (Myanmar) Studies အာ ရှ ယဉ်ကျေးမှု လက်ရာများ ပြခန်းသို့ ရောက်ရှိနေပြီး ၇၀ ယူနက်စကို သဘော တူ ညီ ချက်ေ ဘာင် အတွ င်းမှ မူလပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ ဂုဏ်ဆောင် အားကစား သမားဟောင်းများ အားကစား ဝန်ကြီးဌာနသို့ ဆက်သွယ် ဆောင်ရွက် ကြပါရန် ဖိတ်ကြား

 
အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ ကြ သည့် အောင်မြင်မှု (ရွှေ၊ ငွေ၊ ကြေး) ဆုတံဆိပ် ရရှိခဲ့ကြသူများကို အားကစားဝန်ကြီးဌာနက ဂုဏ်ပြုနိုင်ရေး အတွက် လည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် တစ်တပ် တစ် အား ပါဝင်ကူညီ ဆောင်ရွက်နိုင်စေရေး အတွက် လည်းကောင်း အဆိုပါ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ် ရရှိခဲ့ကြသူများသည် မိမိအမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ရယူခဲ့သည့် ဆုတံဆိပ် အမျိုး အစား၊ အားကစားနည်း၊ ပြိုင်ပွဲခုနှစ်၊ အားကစားပြိုင်ပွဲ အမည်တို့ကို ဖော်ပြ၍ နေပြည်တော် အားက စားလေ့ကျင့်ရေးစခန်း Gold Camp ၊ ဖုန်း-၀၆၇-၄၂၂၁၃၆၊ ၀၆၇-၄၂၂၆၁၈ နှင့် ဖက်စ်-၀၆၇ -၄၂၂၁၃၇ တို့သို့ ဆက်သွယ်စာရင်း ပေးပို့ကြပါရန်နှင့် အားကစားဝန်ကြီးဌာနမှ ဆက်သွယ်ခေါ်ယူပါက လာရောက် ကြပါရန် ဖိတ်ကြားထားကြောင်း သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

စစ်တပ်သည် အစိုးရ မဟုတ်ပါ ( NLD ၊ ၈၈ ၊ ကျောင်းသားနှင့် နိုင်ငံရေးသမားများ အတွက် အသုံးတည့်မည့် အချက် ( ၈ ) ချက် )


၁။ အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။

၂။ တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့ အတိုက် အခံ ကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။

၃။ စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ် တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တ ရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

ဆီးရီးယား သူပုန်များကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပနက်တာ တိုက်တွန်း

ရာထူးက နားတော့မယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပနက်တာက ဆီးရီးယား သူပုန် တွေ ကို လက် နက် ထောက်ပံ့ဖို့ ထောက်ခံ ခဲ့ပြီး ခုလဲ ထောက်ခံ ဆဲ ရှိကြောင်း ပြောကြားလိုက်ပါတယ်။မစ္စတာ ပနက်တာ ဒီလို ထုတ်ဖော်ပြောကြား လိုက်တာ ဟာ အမေရိကန် အဆင့်မြင့် အရာရှိတယောက်က ဒီလို ထော က်ပံ့ဖို့ တိုက်တွန်းကြောင်း ပထမဆုံး လူသိရှင်ကြား ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

တပ်မတော် ( လေ ) ဆိုသည်မှာ

 
လေတပ်ရဲ့ သဘောသဘာဝကို သာမန်လူများ၊ စစ်ရေးအကြောင်း လုံးဝ မသိသူများ၊ လေတပ် ဆိုတာ ဘာတွေ လုပ်ဆောင်ရသလဲ စသဖြင့် မေးခွန်းများစွာ မေးမြန်းသိရှိလိုသူများ အလွယ်တကူ သိရှိနား လည်နို င်စေ ရန် ဖြစ်ပါသည်။


အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံတော် စစ်လေယာဉ်များနှင့်တကွ ယင်းတို့ကိုမောင်းနှင်၍ အချိန်အခါ မရွေး အစဉ်အရန် သင့်ဖြစ်အောင်ထားရှိသော လေတပ်သားများအပါအဝင် ပေါင်းစပ်ထားသော အဖွဲ့ အစည်း ကို လေတပ်ဟုခေါ်သည်။ လေတပ်တွင် တာဝန်ဝတ္တရား အမျိုးမျိုးမြောက်မြားစွာရှိ၏။ တစ်ခါတစ်ရံ သီးခြားေ ဆာင်ရွက်ရ၏။ တစ်ခါ တစ်ရံ ကြည်းတပ်နှင့်ဖြစ်စေ၊ ရေတပ်နှင့်ဖြစ်စေ ပူးတွဲဆောင်ရွက် ရသည်။ လေ တပ်သည် လှည့်လည်ကင်းထောက်ရာ၌ ကြည်းတပ်၊ ရေတပ်တို့၏ မျက်စိ သဖွယ် ဖြစ်သည့် အလျောက် ရန်သူ တို့၏ လှုပ်ရှားမှု၊ စုရုံးမှုများကို ဌာန ချုပ်သို့ အစဉ်သတင်းပေးပို့နေရသည်။
 

အမှုများ ကြားနာနေစဉ် မကြာခဏ အိပ်ပျော်လေ့ ရှိသဖြင့် ရုရှား တရားသူကြီး ရာထူးမှ ဖယ်ရှားခံရ


ရုရှားအရှေ့ဖျားဒေသ ဗလာဂေါ့ခ်ျချင့်စ်မြို့ရှိ တရားသူကြီးတစ်ဦးသည် အမှုများ ကြားနာ စစ်ဆေးနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ဇန်န၀ါရီလ ၁ရက်နေ့တွင် ရာထူးမှဖယ်ရှားခံခဲ့ရကြောင်း ရုရှားအခြေစိုက် သတင်းများတွင် ဖော်ပြခဲ့သည်။ ယာ့ဖ်ဂီနီမက်ခ်ဟာဟို အမည်ရှိမြို့နယ် တရားသူကြီးသည် အမှုတစ်ခု ကြားနာစစ်ဆေးစဉ် မှားယွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့သဖြင့် တရားခံ ရှေ့နေတစ်ဦးက ၎င်းတရား စီရင်ချိန်များတွင် အိပ်ပျော်နေပုံကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ထုတ်လွှင့်ပြသခဲ့သည်။ ထို့ကြောင့် ရုရှားတရားရုံးတော်က ယင်းကိစ္စနှင့် ပတ်သက်၍ မာက်ခ်ဟာနိုကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ပြည်မြန်မာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖရူဆို တပ်နယ် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံ သြဝါဒ စကားပြောကြား

 
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် ကလော တပ်နယ်မှူးတို့ လိုက်ပါလျက် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံ သို့ ရောက်ရှိ ကြပြီး အရိုး ကုသဆောင်နှင့် အထူးကြပ်မတ် ကုသဆောင် တို့တွင် ဆေးရုံတက်ရောက် ကုသ လျက်ရှိသော လူနာများအား လိုက်လံ ကြည့်ရှု၍ အားပေး စကား ပြော ကြားကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

လျှပ်စစ်မီး သွယ်တန်းရာမှ ကျောက်ပန်းတောင်း မြို့နယ်တွင် ပဋိပက္ခဖြစ်ပွား

 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်နှစ်ကျပ် ခွဲကျေးရွာတွင် လျှပ်မီးလင်းရေး အတွက် လျှပ် စစ် ၀န်ကြီးဌာနမှ လျှပ်စစ်သွယ်တန်းရာတွင် ယခင် က ကိုယ်ထူကိုယ်ထငွေအကုန်ခံ ပြီး ပြုလုပ်ထား သည့် လျှပ်စစ်ဓာတ် ကြိုးများ ကျေးရွာသားတို့၏ခွင်ပြု ချက်မယူပဲအတင်းအဓမ္မ၀င်ရောက် သွယ်တန်းရာ မှ နှစ်ကျပ်ခွဲကျေးရွာ    မှ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ပန်း တောင်းမြို့နယ်ရဲများ လျှပ်စစ်ဝန်   ကြီးဌာနမှတာဝန်ရှိသူများမှာ ပဋိ ပက္ခအသွင်ဆောင်သည့်ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့ကြောင်း MJN ရုံး ခန်းတွင်ကျင်းပသည့်သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
 

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ခေါင်းစဉ်တပ် ကျင်းပသော NLD ၏ ကရင် အမျိုးသား ယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲ


( ၆၆ ) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်နှင့် တိုင်းဒေသကြီး ကရင် အမျိုးသား ယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲ အား ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်း တော်ဝင်နှင်းဆီ စားသောက် ဆိုင် တွင်ကျင်းပခဲ့ကြောင်း သိရှိရသည် ။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ခေါင်းစဉ်တပ် ကျင်းပေ သာ် လည်း မည်သည့်အတွက်ကြောင့် ကျန် တိုင်းရင်းသား ရိုးရာ အက များ ထည့်သွင်း ယှဉ်ပြိုင်ခြင်း မရှိသ န ည်းဟု မေးမြန်းရာ အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးမှ အမေစု ၏ စီစဉ်မှုအ ရ ဖြစ်ပေါ် လာေ သာ ပွဲ ဖြစ်ကြောင်း နှင့် အချိန်မရသောကြောင့် ဖြစ်နိုင်ပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားသွားကြောင်း သိရှိရသည်။

နှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ် အရန်တပ်ရင်း မော်လမြိုင် တက္ကသိုလ်တွင် ပြန်လည်ဖွဲ့စည်း


နှစ်ပေါင်း ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း အား ပြန်လည် ဖွဲ့စည်းခဲ့ ရာ မော် လမြိုင်တက္ကသိုလ်မှ ကျောင်းသား ၁၁ဝ ဦးတက်ရော က်ပြီး အခြေခံစစ်ပညာ သင်ကြားခဲ့ကြောင်း ၄င်းတ က္က သိုလ် မှ သိရသည်။ ပညာရေး ဝန်ကြီးဌာန၊ အဆင့် မြင့်ပညာ ဦးစီးဌာန၊ အောက် မြန်မာပြည်၊ ၂ဝ၁၂-
၂ဝ၁၃ ပ ညာ သင်နှစ်၊ တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများအား အခြေခံစစ် ပညာသင်တန်းဖွင့်ပွဲ အခမ်းအ နားကို ဖေဖော်ဝါရီ ၅ ရက် နေ့က မော်လ မြိုင် တက္ကသိုလ် ပင်မဆောင် အခန်း ၁၅ ၌ ပြုလုပ်ကြောင်း သိရသည်။

ဆက်သွားချင်သေးတယ် ဆိုရင်