Pages

Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Friday, January 17, 2014

တောင်ဆူဒန် အစိုးရ တပ်ဖွဲ့များ နှင့် လက်တွဲ ၍ သူပုန်များ အား တိုက်နေ ဟု ယူဂန္ဓာ သမ္မတ ပြောကြား

 
 
တောင်ဆူဒန် အစိုးရ တပ်ဖွဲ့များ နှင့် လက်တွဲ ကာ တောင် ဆူဒန် သူပုန် တပ်ဖွဲ့များ အား ဆန့်ကျင် တိုက်ခိုက် မှုများ ပြုနေ ကြောင်း ယူဂန္ဓာ နိုင်ငံ သမ္မတ ယူရီ ဟူ ဆေဗီနီ က အတည်ပြု ပြောကြား ကြောင်း ဇန်နဝါရီ ၁၆ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ တောင်ဆူဒန် နိုင်ငံ မြို့တော် ဂျူဘား မြောက် ပိုင်း ၌ အောင်မြင်မှု ရရှိ ခဲ့သည့် တိုက်ပွဲကြီး ၌ ယူဂန္ဓာ တပ်ဖွဲ့ များ ပူးပေါင်း တိုက်ခိုက် ခဲ့သည် ဟု ၄င်းက ပြောကြား သည်။ ယူဂန္ဓာ တပ်ဖွဲ့ များ အနေဖြင့် အကျ အဆုံး အနည်းငယ် ရှိသော်လည်း အသေး စိတ် အချက် အလက်များ ကိုမူ ယူဂန္ဓာ သမ္မတ က ထုတ်ဖော် ပြောကြား ခြင်း မရှိပေ။ လွန်ခဲ့ သည့် လများ အတွင်းက တောင် ဆူဒန် နိုင်ငံ အစိုးရ နှင့် သူပုန်များ အကြား ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ အတွင်း ထောင်နှင့် ချီသော ပြည်သူ များ သေဆုံး ခဲ့ရသည် ဟု ယုံကြည် မှုများ ဖြစ်ပေါ် ခဲ့သော်လည်း ယူဂန္ဓာ နိုင်ငံမှ လက်နက် ကိုင် တပ်ဖွဲ့ဝင် အင်အား မည်မျှ တောင် ဆူဒန် တွင် ရှိ နေမည် ကိုမူ ရှင်းလင်း စွာ မသိရ သေးပေ။

ဘီဘီစီ

ကုလသမဂ္ဂ တပ်ဖွဲ့ ၏ မောင်းသူမဲ့ လေယာဉ် ပျက်ကျ

 
 
ဒီမိုကရက် တစ် ကွန်ဂို သမ္မတ နိုင်ငံ၌ ကုသ လမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် များက စစ် ထောက်လှမ်းရေး လုပ်ငန်း အတွက် အသုံးပြု နေသော မောင်းသူမဲ့ လေယာဉ် တစ်စင်း ပျက်ကျ မှု ဇန်နဝါရီ ၁၅ ရက် က ဖြစ်ပွား ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ ဒီမို ကရက် တစ် ကွန်ဂို သမ္မတ နိုင်ငံ အရှေ့ ပိုင်း ဂိုမာ မြို့အနီးတွင် မောင်းသူမဲ့ လေယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွားကြောင်း၊ မောင်းသူမဲ့ လေယာဉ် ကို လွှတ် တင် အပြီး မကြာမီ တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်ပြီး တစ်ဦး တစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိ ကြောင်း အမည် မဖော်သူ တာဝန် ရှိသူ က ပြောကြား သည်။ ကုလ သမဂ္ဂ ငြိမ်းချမ်း ရေး ထိန်းသိမ်း မှု တပ်ဖွဲ့က အသုံးပြု နေသော မောင်း သူမဲ့ လေယာဉ် များမှာ ဖယ်လ်ကို အမျိုးအစား ဖြစ်ပြီး အီတလီ ကာ ကွယ် ရေး နည်းပညာ အုပ်စု ဖြစ်ေ သာ ပင်မက် ကာနီကာ အုပ်စု အောက်ရှိ ဆဲလက်စ် အီးအက်စ် ကုမ္ပဏီ က ထုတ်လုပ် ကြောင်း သတင်း တွင် ဖော်ပြ သည်။

ပီတီအိုင်

အက်ဖ် - ၃၅ စာရွက် စာတမ်းများ အီရန် သို့ ခိုးထုတ် ရန် ကြိုးပမ်းသူ ကို အမေရိကန် အာဏာပိုင် များ ဖမ်းဆီး

 
 
နည်းပညာ အဆင့်မြင့် စစ် လေယာဉ်နှင့် ဆိုင်သော စာရွက် စာတမ်းများ ကို ခိုးယူ ၍ အီရန် နိုင်ငံသို့ တင်ပို့ရန် ကြိုးစား သည်ဟု စွပ်စွဲ လျက် အီရန် ယီယန် - အမေရိကန် အင်ဂျင်နီယာ တစ်ဦး ကို အမေရိကန် အာဏာပိုင် များက ဖမ်းဆီး လိုက်ကြောင်း ကြာသပတေး နေ့ သတင်း တွင် ဖော်ပြသည်။ ဗဟို အစိုးရ ရှေ့နေများ က မိုဇာဖာ ခါဇာအီး (၅၉) နှစ် အား အက်ဖ် - ၃၅ တိုက်လေယာဉ် ၏ စာ မျက်မှာ ထောင်နှင့် ချီသော စာရွက် စာတမ်းများ ကို တရား မဝင် တင်ပို့ ရန် ကြိုးစား ခဲ့သည် ဟု စွပ်စွဲ ခဲ့သည်။ ခါဇာအီး သည် ၄င်းအား အင်ဂျင်နီယာ အဖြစ် ခန့်အပ် ခဲ့သော စစ်ဘက် ဆိုင်ရာ ကန်ထရိုက်တာ များ ထံမှ ၄င်း စာရွက် စာတမ်းများ ကို ခိုးယူ ခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေများ က ပြောကြား သည်။

မြူခိုးမြူ ပမာဏ မြင့်တက် လာမှု သတိပြု ရန် ပေကျင်း မြို့နေ ပြည်သူ လူထု အား သတိပေး

 
 
တရုတ် နိုင်ငံ မြို့တော် ပေကျင်း တွင် လေထု ညစ်ညမ်းမှု ပမာဏ မြင့်တက် လာခြင်း အား ကြိုတင် သတိထား မှုများ ပြုကြ ရန် အာဏာပိုင် များ က သတိ ပေး ထုတ်ပြန် မှုများ ပြုလုပ် ခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ မြို့တော် ပေကျင်း ၏ လေထု ညစ်ညမ်းမှု ပမာဏ အား မှတ်တမ်း တင်ရာ၌ ဇန်နဝါရီ ၁၆ ရက် တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထောက်ခံ တင်ပြ ထားသည့် လေထု ညစ်ညမ်းမှု ပမာဏ ထက် အဆ ၂၀ ခန့် ပိုမို နေခဲ့ သည်ဟု ဆိုသည်။ မြို့တော် ပေကျင်း တွင် ထူထပ်စွာ ဖုံးလွှမ်း နေသည့် မီးခိုးမြူ များ ကြောင့် မိုးမျှော် အဆောက် အအုံများ ၏ ပတ်ဝန်းကျင် ၌ မီတာ ရာပေါင်း အနည်းငယ် မျှ ဝေးသော နေရာများ အထိ မြင်ကွင်း ကို တားဆီး ဖုံးလွှမ်း နေပြီး လေထု အတွင်း၌ သေးငယ် သော ဖုန်မှုန့် များ ရစ်သိုင်း လျက် ရှိသည်။ ပေကျင်း မြို့တော် အာဏာပိုင် များက မြို့တော် နေသူများ လုပ်ငန်းခွင် သို့ သွားလာ ရာ၌ မျက်နှာဖုံး အကာ အကွယ် များ တပ်ဆင် သွားလာ ကြရန် အကြံပေး ထားပြီး ကလေးငယ် များနှင့် သက်ကြီး ရွယ်အိုများ အနေဖြင့် အဆောက် အအုံများ အတွင်း ၌သာ နေထိုင် ကြရန် ဆော်သြ ထားသည်။

ဘီဘီစီ

တရုတ် ပြည်သူ့ လွတ်မြောက် ရေး တပ်ဖွဲ့ဝင် တစ်သိန်း ခန့် မြောက် ကိုရီးယား နယ်စပ် တွင် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်

 
 
တရုတ် ပြည်သူ့ လွတ်မြောက် ရေး တပ်မတော် ( PLA ) ရှန်ယန်း စစ်ဒေသ ကြီး မှ တပ်ဖွဲ့ဝင် ၁ဝဝ,ဝဝဝ ခန့် နှင့် စစ်ယာဉ် ထောင်ပေါင်း များစွာ သည် ကိုရီးယား ကျွန်းဆွယ် တွင် ဖြစ်ပွား လာနိုင် ဖွယ် ရှိသော ပဋိပက္ခ တစ်ရပ် အတွက် ကြိုတင် ပြင်ဆင် သည့် အနေဖြင့် မြောက် ကိုရီးယား နယ်စပ် တွင် ဆောင်း ရာသီ စစ်ရေး လေ့ကျင့်ခန်း များ ပြုလုပ် လျက် ရှိကြောင်း တောင် ကိုရီးယား အခြေစိုက် Chosun Ilbo သတင်းစာ က ဖော်ပြ ခဲ့ သည် ဟု ဇန်နဝါရီ ၁၅ ရက် သတင်း တစ်ရပ် အရ သိရ သည်။

Thursday, January 16, 2014

သြစတြေးလျ တွင် အပူလှိုင်း ဖြတ်

 
 
သြစတြေးလျ နိုင်ငံ ဒေသ အချို့တွင် အပူလှိုင်း ပြင်းထန် စွာ ကျရောက် လျက် ရှိရာ နိုင်ငံ အနောက်ပိုင်း တွင် တော မီးလောင်မှု မှာ တစ်ပတ် ပြန်လည် လျက် ရှိပြီး နယူး ဆော့ဝေးလ်၊ နိုင်ငံတော် ပိုင်းနှင့် ဗစ်တိုးရီးယား ပြည်နယ် တို့တွင် ပူအိုက်လျက် ရှိ၍ ပိုမို အန္တရာယ် များ လာမည့် အခြေ အနေ ကို ရင်ဆိုင် ရန် ပြင်ဆင် လျက် ရှိသည်ဟု အေဘီစီ သတင်း ဌာနက ဖော်ပြ သည်။ 
 

အာဏာရ ကွန်ဂရက် ပါတီမှ ရာအူးလ် ဂန္ဓီ အား ဝန်ကြီးချုပ် လောင်း အဖြစ် အမည် စာရင်း တင်သွင်းဖွယ် ရှိ

 
 
အိန္ဒိယ နိုင်ငံ၌ အာဏာရ ကွန်ဂရက် ပါတီ သည် အသက် ၄၃ နှစ် အရွယ် ရာအူးလ် ဂန္ဓီ အား ဝန်ကြီးချုပ် လောင်း အဖြစ် အမည် စာရင်း တင်သွင်း မည် ဟု မျှော်လင့် ရကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာနများ က ဇန်နဝါရီ ၁၅ ရက် တွင် သတင်း ထုတ်ပြန် သည်။ အိန္ဒိယ ဝန်ကြီး ချုပ် မန်မို ဟန်ဆင်း သည် ရာထူး သက်တမ်း နှစ်ဆက် တာဝန် ထမ်းဆောင် ခဲ့ပြီး နောက် လာမည့် ရွေးကောက်ပွဲ အပြီး တွင် အနားယူ တော့မည် ဟု မကြာ သေးမီ က ထုတ်ပြန် ကြေညာ ခဲ့ပြီး နောက် အာဏာရ ကွန်ဂရက် ပါတီ က ရာအူးလ် အား ၀န်ကြီးချုပ် ရာထူး နေရာ အတွက် ပါဝင် ယှဉ်ပြိုင် စေမည့် အနေ အထား ကို တွေ့မြင် ရကြောင်း နိုင်ငံရေး ဆန်းစစ် သူများ က ပြောကြား သည်။ အိန္ဒိယ နိုင်ငံ ၌ မေလ တွင် အထွေထွေ ရွေးကောက် ပွဲ ကျင်းပ မည် ဖြစ်ပြီး အာဏာရ ပါတီ က အာဏာ ကို ဆက်လက် ထိန်းချုပ် နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်း တွင် ဖော်ပြ သည်။

ပီတီအိုင်

ဟိုချီမင်း တွင် ဗြောက်အိုး ပြုလုပ်ရာ မှ ပေါက်ကွဲမှု ဖြစ်ပွား

 
 
ဗီယက်နမ် နိုင်ငံ တောင်ပိုင်း ဟိုချီမင်း မြို့တွင် လွန်ခဲ့ သော စနေ နေ့ နေ့လယ်ပိုင်း က ပေါက်ကွဲမှု တစ်ခု ကြောင့် ကြီးမား သော မီးလောင် ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး ကျောင်းသား လေးဦး သေဆုံး ခဲ့ကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့သည်။ ပြည်တွင်း မီဒီယာ များ ၏ ရေးသား ဖော်ပြချက် အရ ဒေသ စံတော် ချိန် ၂ နာရီ ခွဲခန့် တွင် ဟိုချီမင်း မြို့ ခရိုင် ၁၀ ရှိ Ly Thuong Kiet လမ်း အတွင်း နေအိမ် ၌ ပေါက်ကွဲမှု သုံးခု ဖြစ်ပွား ခဲ့ပြီး နောက် မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ဟု သိရှိ ရသည်။ ဒေသခံ များ က မီးငြှိမ်း သတ်ရန် ကြိုးပမ်း ခဲ့ကြ သော်လည်း မအောင်မြင် ခဲ့ဟု သိရ သည်။ ထို့နောက် နီးစပ် ရာ ခရိုင် ၁၁ မှ မီးသတ် သမားများ ရောက်ရှိ လာကြပြီး နာရီ ဝက်ခန့် ကြာအောင် မီးသတ် ခဲ့ကြ ရသည် ဟု သိရ သည်။

အမေရိကန် တွင် ၁၂ နှစ် အရွယ် ကျောင်းသား ကျောင်း အတွင်း သေနတ် ပစ်ခတ်

 
 
အမေရိကန် ပြည်ထောင်စု နယူး မက္ကဆီကို ပြည်နယ်၊ ဂို့(စ်) ဝဲလ်မြို့ အလယ်တန်း ကျောင်း တစ်ကျောင်း တွင် အင်္ဂါ နေ့ နံနက်ပိုင်း ၌ အသက် ၁၂ နှစ် အရွယ် ရှိ ကလေး တစ်ယောက် က သေနတ် ဖြင့် ပစ်ခတ် သဖြင့် ကျောင်းသား နှစ်ယောက် စိုးရိမ် ဖွယ်ရာ ဒဏ်ရာ ရရှိ ခဲ့ပြီး နောက် ဆရာ တစ်ဦး က ၄င်း ကလေး ကို လက်နက် ချရန် ဖျောင်းဖျ ပြောဆို နိုင်ခဲ့ ကြောင်း အာဏာပိုင် များက ပြောကြား သည်။ ဘာရင်ဒို အလယ် တန်း ကျောင်း ၏ အားကစား ရုံ အတွင်း၌ နံနက် ၇ နာရီ ခွဲခန့် တွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ အကြီး အကဲ ပီတီ ကာ ဆီးတပ် က ပြောကြား သည်။

ရွေးကောက်ပွဲ သည် နိုင်ငံရေး ပြဿနာ ဖြေရှင်း နိုင်မည့် အကောင်း ဆုံး နည်းလမ်း ဖြစ်မည် ဟု ဝန်ကြီးချုပ် ပြော



ထိုင်းနိုင်ငံ ၏ နိုင်ငံရေး ပြဿနာ ကို ဖြေရှင်း နိုင်မည့် အကောင်းဆုံး သော နည်းလမ်း မှာ ရွေးကောက် ပွဲ ကျင်း ပ ခြင်းသာ လျှင် ဖြစ်ကြောင်း ဝန်ကြီး ချုပ် ယင်လတ် ရှင်နာ ဝါထရာ က ဇန်နဝါရီ ၁၅ ရက် တွင် ပြော ကြား လိုက်သည်။ ယင်လတ် ၏ အစ်ကို ဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာ ဝါထရာ သည် ပြ ည်ပြေး တစ်ဦး အဖြစ် ပြည်ပ ၌ နေထိုင် ကာ လက်ရှိ အစိုးရ အဖွဲ့ ကို ထိန်းချုပ် လျက် ရှိသည် ဟု စွပ်စွဲ မှုများ ပေါ်ထွက် ခဲ့သည်။ ထိုင်း နိုင်ငံ ၌ ရွေး ကောက် ပွဲ ကျင်းပမှု ကို ဆိုင်းငံ့ ထားရန် ရွေးကောက် ပွဲ ကော်မရှင် က အဆိုပြု ခဲ့ပြီး ယင်း အဆိုပြု ချက်နှင့် ပတ်သက် ၍ ဆွေးနွေး ရန် ယင်လတ် က အစည်း အဝေး တစ်ရပ် ကို ခေါ်ယူ ခဲ့သော်လည်း အတိုက် အခံများ နှင့် လွတ်လပ် သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် များက အစည်း အဝေး သို့ တက်ရောက် ခြင်း မရှိခဲ့ ကြပေ။

ရိုက်တာ

Wednesday, January 15, 2014

တွန်ဂါ၌ ဆိုင်ကလုန်း မုန်တိုင်းဝင်၊ နေအိမ် များ ပျက်စီး

 
 
တောင် ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ တွန်ဂါ နိုင်ငံတွင် အားပြင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက် ခဲ့ရာ နေအိမ် နှင့် သစ်ပင်များ ပျက်စ်ီး ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် က သတင်း တွင် ဖော်ပြ သည်။ အဆိုပါ ဆိုင် ကလုန်း မုန်တိုင်း သည် လွန်ခဲ့ သည့် သီတင်းပတ် ကုန်ပိုင်း က ဟာအပိုင် ကျွန်းစု အလယ်ပိုင်း သို့ တစ် နာရီ ၁၇၈ မိုင်နှုန်း ဖြင့် ဝင်ရောက် တိုက်ခတ် ခဲ့ရာ လူပေါင်း ၈၀၀၀ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရသည်။ ယင်း မုန်တိုင်း ကြောင့် အသက် ၅၁ နှစ် အရွယ် တစ်ဦး သေဆုံး ခဲ့ကြောင်း အရေးပေါ် ကယ်ဆယ် ရေး ဒါရိုက်တာ လက်ဗီနီ အာဟိုး က ပြောသည်။ ယင်း မုန်တိုင်း ကြောင့် ပျက်ဆီး သွားသော နေအိမ် များ ပြန် လည် တည်ဆောက် ရန် နှစ် များစွာ ကြာနိုင် ကြောင်း အရေး ပေါ် ကယ်ဆယ် ရေး အေဂျင် စီ အော ကစ်ဖန်း က ပြောကြား သည်။

ဘီဘီစီ

တောင် ဆူဒန်ရှိ မော်တော် ဘုတ် နစ်မြုပ်၊ လူ ၂၀၀ ထက် မနည်း သေဆုံး



တောင်ဆူဒန် နိုင်ငံ၌ စစ်ပြေး ဒုက္ခ သည်များ လိုက်ပါ လာသော မော်တော် ဘုတ် တစ်စင်း နစ်မြုပ်မှု ဖြစ်ပွားရာ အရပ်သား ၂၀၀ ကျော် သေဆုံး ရကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာနများ က ဇန်နဝါရီ ၁၄ ရက် တွင် သတင်း ထုတ်ပြန် သည်။ တောင် ဆူဒန် နိုင်ငံ မာလာကာ မြို့၌ တိုက်ပွဲ များ ပြင်းထန် လာခြင်း ကြောင့် စစ်ဘေး လွတ်ရာ သို့ ထွက်ပြေး ခိုလှုံ လိုသော အရပ်သူ အရပ်သား များ လိုက်ပါ လာ သည့် ကူးတို့ ရေယာဉ် တစ်စင်း သည် ဝှိုက်နိုင်း မြစ် အတွင်း နစ်မြုပ် ခဲ့ခြင်း ဖြစ်ကြောင်း ကြည်းတပ် ပြောရေး ဆိုခွင့် ရှိသူက ပြောကြား သည်။ တောင်ဆူဒန် နိုင်ငံရှိ မာလကာ မြို့နှင့် ဘိုးမြို့ တို့၌ တိုက်ပွဲ များ ပြင်းထန် လျက် ရှိကြောင်း၊ အစိုးရ တပ်ဖွဲ့ များက သူပုန် တို့ ထိန်းချုပ် ထား သော မြို့များ ကို ပြန်လည် သိမ်းပိုက် နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက် လျက် ရှိကြောင်း သတင်း တွင် ဖော်ပြ သည်။

ပီတီအိုင်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ရေလွှမ်းမိုး၊ ၁၃ ဦးထက် မနည်း သေဆုံး

 
 
ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ရှိ ဒေသများ တွင် ရေလွှမ်းမိုး မှုနှင့် မြေပြို မှုများ ဖြစ်ပွား ခဲ့ရာ ၁၃ ဦး ထက် မနည်း သေဆုံး ကြောင်း ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ ၏ ပြောကြား ချက် ကို ဇန်နဝါရီ ၁၄ ရက် သတင်း တွင် ဖော်ပြ သည်။ ဒါဗာအို အော်ရီရင်တယ် ပြည်နယ် ကွမ်ပိုစတယ် လာဗယ်လီ ဒေသ ရှိ သတ္တု တွင်း လုပ်ငန်းများ ရှိရာ နေရာ တွင် မြေပြို မှုများ ဖြစ်ပွား သဖြင့် ၁၁ ဦး သေဆုံး ကြောင်း မြို့ပြ ကာကွယ်ရေး ဌာန အကြီး အကဲ က ပြောကြား သည်။ အက်ဂူဘန် ဒယ်လ်ဆာ ပြည်နယ် ရှိ ဘာယုဂန် မြို့တွင် ရေလွှမ်းမိုး မှု ဖြစ်ပေါ် သဖြင့် နှစ်ဦး သေဆုံး ကြောင်း၊ မြေပြို မှုများ၊ ရေလွှမ်းမှု များ ကြောင့် လူ ၁၀ ဦး ဒဏ်ရာ ရရှိပြီး ၁၄ ဦး ပျောက်ဆုံး လျက် ရှိကြောင်း၊ ဒေသခံ ပြည်သူ ၁၂၀၀၀ ကို ပြောင်းရွှေ့ နေထိုင် စေလျက် ရှိကြောင်း သိရ သည်။

ဆင်ဟွာ

မွေးကင်းစ ကလေးငယ် ခုနစ်ဦး ကို ရောင်းချ သူ ဆရာဝန်မ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ် ခံရနိုင်

 
 
တရုတ် နိုင်ငံမှ အမျိုးသမီး ဆရာဝန်မ တစ်ဦး အား မွေးကင်းစ ကလေးငယ် ခုနစ်ဦး ကို ခိုးယူ ပြီး ကလေး မှောင်ခို များကို ရောင်းစား ခဲ့မှုဖြင့် သေဒဏ် ချမှတ်ခြင်း ကို ဆိုင်းငံ့ ထားလိုက် သည်။ ကျန်ဆူရှား အမည်ရှိ အဆိုပါ ဆရာဝန်မ သည် ရှန်စီ ပြည်နယ် ဖူပင်း မြို့၌ မွေးကင်းစ ကလေး ခုနစ်ဦး အား ခိုးယူ ရောင်းစားမှု ဖြင့် အပြစ်ရှိ ကြောင်း တရားရုံး က ပြောကြား သည်။ အဆိုပါ မွေးကင်း စ ကလေးများ သည် ရောဂါ ပြင်းထန်စွာ ရရှိ ထားကြောင်း ၄င်းက ကလေး မိဘများ အား ပြောကြား ခဲ့သည် ဟု တရားရုံး က ပြောသည်။ ကျန် သည် ယင်း ပြစ်မှုများ ကြောင့် သေဒဏ် ချမှတ် ခံရသည်။ သို့သော် လည်း ၄င်းအား သေဒဏ် မှ ဆိုင်းငံ့ လိုက်သည်။

အီဂျစ် တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ် ထောက်ခံ ဆန္ဒမဲ ပေးပွဲ ကျင်းပမည်

 
 
အီဂျစ် ပြည်သူများ က ရွေးကောက် ပွဲ ကျင်းပရန် လမ်းခင်းပေးသည့်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေ ထော က်ခံပွဲ ကျင်းပ မည် ဖြစ်သည်။ ယင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ် သည် စစ်တပ် က ဖြုတ် ချ ခြင်း မတိုင်မီ လများ အတွင်းက အီဂျစ် သမ္မတ မိုဟာမက် မော်စီ လက်ထက် ပြဋ္ဌာန်း ခဲ့သော ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ကို အစားထိုး မည် ဖြစ်သည်။ နှစ်ရက် ကြာ ကျင်းပ မည့် အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေ ထောက်ခံ ဆန္ဒပြု ပွဲ အတွက် မဲရုံ များ၌ လုံခြုံရေး အရာရှိ ၂၀၀၀၀၀၊ ဗဟို လုံခြုံရေး ယူနစ် ၁၅၀ နှင့် တိုက်ခိုက်ရေး အဖွဲ့ ၂၀၀ တပ်ဖြန့် ချထားမည် ဖြစ်ကြောင်း ပြည်ထဲ ရေး ဝန်ကြီး ဌာနက ပြောကြား သည်။

ဘီဘီစီ

ထိုင်း ဝန်ကြီးချုပ် ယဉ်လပ် နှင့် အဓိက ဝန်ကြီးများ ကို ဖမ်းဆီး ထိန်းသိမ်း မည်ဟု ဆန္ဒပြ ခေါင်းဆောင် ခြိမ်းခြောက်

 
 
ထိုင်း နိုင်ငံတွင် ဝန်ကြီးချုပ် ယဉ်လပ် ရှင်နာဝပ် ဦးဆောင် သည့် အစိုးရ အဖွဲ့အနေ ဖြင့် နုတ်ထွက် ပေးခြင်း မရှိပါ က၊ ယဉ်လပ် နှင့် တကွ အဓိက ကျသည့် ဝန်ကြီး များ ကို ဖမ်းဆီး ထိန်းသိမ်း မည်ဟု အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင် Suthep Thaugsuban က ဇန်နဝါရီ ၁၄ ရက် တွင် ခြိမ်းခြောက် ခဲ့သည်။ ဆန္ဒ ပြသူများ အား Suthep က စင်မြင့် တစ်ခု ပေါ်မှနေ၍ ပြောကြား ခဲ့ရာတွင် ၄င်းတို့ အနေဖြင့် အစိုးရ ရုံး အားလုံး ကို လာမည့် နှစ်ရက် သုံးရက် အတွင်း ၌ သိမ်းပိုက် မည်ဟု ဆိုခဲ့ ကြောင်း Xinhua သတင်း ဌာန က ဖော်ပြ ထားသည်။

Tuesday, January 14, 2014

ဗန်ကောက်မြို့ ကို ပိတ်ဆို့ ဖြတ်တောက်မှု ထိုင်း အတိုက်အခံ ဆန္ဒပြသမား များ စတင် ပြုလုပ်



ထိုင်း အစိုးရက ထုတ်ပြန် ကြေညာ ထားသည့် အတိုင်း ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲ များ ကျင်းပ နိုင်ခြင်း မရှိမီ လက်ရှိ အစိုးရ အား ဖြုတ်ချ နိုင်ရေး အတွက် အတိုက် အခံ ဆန္ဒပြ သမားများ က ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်း မှ စ၍ မြို့တော် ဗန်ကောက် ရှိ လမ်းမများ ကို ပိတ်ဆို့ မှု စတင် ပြုလုပ် ကြောင်း ဇန်နဝါရီ ၁၃ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ အဓိက အရေးပါ သော လမ်းဆုံ လမ်းခွများ ကို အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြ သမားများ က သိမ်းယူ ခဲ့ပြီး အတား အဆီး များ တည်ဆောက် ခဲ့ကြ သည်။ ၄င်း တို့၏ လိုလားချက် မှာ လက်ရှိ အစိုးရ ကို ဖယ်ရှား ပြီး ရွေးကောက် တင်မြှောက် ခံရခြင်း မရှိ သည့် ပြည်သူ့ ကောင်စီ တစ်ရပ် ဖြင့် အစားထိုး သွားရန် ဖြစ်သည်။

ဂျပန် က တရုတ် ငါးဖမ်း စည်းမျဉ်းသစ် ကို ရှုတ်ချ ၍ ပိုင်နက် ရေပြင် ကို ကာကွယ်မည် ဟု ဆို



တရုတ် နိုင်ငံ က တောင် တရုတ် ပင်လယ် အတွင်း ငါးဖမ်းခြင်း အား ကန့်သတ် ချုပ်ချယ် သည့် စည်းမျဉ်း အသစ် ထုတ်ပြန် ခြင်းကို ဂျပန် နိုင်ငံ က အမေရိကန် ပြည်ထောင်စု နှင့် အတူ တနင်္ဂနွေ နေ့ တွင် ဝေဖန် လိုက်သည်။ ယမန်နှစ် က လေကြောင်း ရန် ကာကွယ်ရေး ဇုန် အသစ် သတ်မှတ် ခြင်း နှင့် ငါးဖမ်းခြင်း ကို ကန့်သတ် ချုပ်ချယ်ခြင်း တို့သည် နိုင်ငံ တကာ အသိုက်အဝန်း ကို တုန်လှုပ် သွားစေ သည်ဟု ဂျပန် က ဆိုသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ ၏ လေထီး တပ်က ဝေးလံ သော အရပ်ရှိ ကျွန်းများ အား ပြန်လည် သိမ်းပိုက်ခြင်း၊ ကာကွယ်ခြင်း တို့ အတွက် စစ်ရေး လေ့ကျင့် နေ သည်ကို ကာကွယ်ရေး ဝန်ကြီး အီဆူနိုရီ အိုနိုဒီရာ က သွားရောက် ကြည့်ရှု ပြီးနောက် ယင်း ကဲ့ သို့ ဝေဖန်ခြင်း ဖြစ်သည်။ 

တရုတ် နိုင်ငံ၌ ကျည်ဆန် ရထား အမျိုးအစား သစ် ပြည်တွင်း နည်းပညာ ဖြင့် ထုတ်လုပ် မည်



တရုတ်နိုင်ငံ သည် ကျည်ဆန် ရထား အမျိုးအစား သစ်ကို ပြည်တွင်း နည်းပညာ ဖြင့် ထုတ်လုပ် သွားနိုင်ရန် သုတေသန လုပ်ငန်း များ ကို လုပ်ကိုင် သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရထား လုပ်ငန်း ကုမ္ပဏီက ပြောကြား သည်။ ယခုနှစ် အတွင်း ကျည်ဆန် ရထား ထုတ်လုပ်မှု နည်းပညာ အတွက် သုတေ သန လုပ်ငန်း များကို အရှိန် အဟုန် မြှင့်တင် သွားမည် ဖြစ်ပြီး ကျည်ဆန် ရထား တည်ဆောက်ရာ တွင် အဓိက အသုံး ပြုရန် လိုသော စက် ပစ္စည်း အစိတ်အပိုင်း များကို ပြည်တွင်း ၌ ဒီဇိုင်း ပုံစံ ထုတ်လုပ် ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူ အစ္စရေး ဝန်ကြီးချုပ် ဟောင်း အတွက် နိုင်ငံတော် ဝတ်ပြု ဆုတောင်းပွဲ ကျင်းပ



ကွယ်လွန်သူ ဝန်ကြီးချုပ် ဟောင်း အာရီယယ် ရှာရွန် အတွက် နိုင်ငံတော် ဝတ်ပြု ဆုတောင်းပွဲ အခမ်း အနား ကို အစ္စရေး နိုင်ငံ မြို့တော် ဂျေရု ဆလင် ၌ ကျင်းပလျက် ရှိကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာနများက ဇန်နဝါရီ ၁၃ ရက် တွင် သတင်း ထုတ်ပြန် သည်။ ကြီးမြတ် သော စစ် ခေါင်းဆောင် နှင့် နိုင်ငံ့ အကြီးအကဲ တစ်ဦး အဖြစ် အစ္စရေး ပြည်သူများ ၏ လေးစားမှု ကို ခံယူ ရရှိသူ ရှာရွန် သည် ရှစ်နှစ် ကြာမျှ သတိ လစ် မေ့မျော နေခဲ့ပြီး နောက် အသက် ၈၅ နှစ် အရွယ် တွင် ကွယ်လွန် ခဲ့သည်။

ဆက်သွားချင်သေးတယ် ဆိုရင်