Pages

Showing posts with label လွှတ်တော်. Show all posts
Showing posts with label လွှတ်တော်. Show all posts

Saturday, January 18, 2014

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်း ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ဇန်နဝါရီ (၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီ (၁၅) မိနစ် တွင် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ H.E. Mr. AHN,  Hong-Joon ဦးဆောင် သော ကိုယ်စား လှယ် အဖွဲ့ အား နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

Thursday, January 16, 2014

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နော်ဝေ နိုင်ငံ သံ အမတ်ကြီး H.E.Ms. Ann Ollestad အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် မြန်မာ နိုင်ငံတော် ဆိုင်ရာ နော်ဝေ နိုင်ငံ သံ အမတ်ကြီး H.E.Ms. Ann Ollestad အား ဇန်နဝါရီ (၁၅) ရက်နေ့ နံနက် (၉) နာရီ (၁၅) မိနစ် တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူ သီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံ သည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကုလ သမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး၊ UNDP ဌာနေ ကိုယ်စား လှယ် မစ္စ လော့ ဒက်ဆဲလ်လီယန် နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကုလ သမဂ္ဂ ဌာနေ ညှိနှိုင်း ရေးမှူး၊ UNDP ဌာနေ ကိုယ် စားလှယ် မစ္စ လော့ ဒက်ဆဲလ် လီယန် နှင့် အဖွဲ့ အား ဇန်နဝါရီ (၁၄) ရက်နေ့ ညနေ (၄) နာရီ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ ပြည်ထောင်စု လွှတ်တော် ဧည့်ခန်းမ ဆောင် ၌ လက်ခံ တွေ့ဆုံ သည်။

Tuesday, January 14, 2014

တိမ်ကော နေသည့် ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီးမည်

၂ဝ၁၃ ခုနှစ် မိုးရာသီ တွင် လက်တံ (၃) နှင့် လက်တံ (၄) အကြား ပင်မမြောင်း အတွင်း သဲနုန်းများ ဝင်ရောက် ခဲ့ရာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လကုန် တွင် ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်း အား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်မ မြောင်း အတွင်း သဲနုန်း ဝင်ရောက် မှု ထပ်မံ မဖြစ်ပေါ် စေရန် အတွက် မူလ စီမံကိန်း တည်ဆောက် စဉ်က တူးဖော် ထားသော တိမ်ကော နေသည့် အလျား ပေ ၁၈၅ဝ ရှိ ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီး မည် ဖြစ်ပါကြောင်း ဖြင့် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်ဇော် က မကွေး တိုင်း ဒေသကြီး မဲ ဆန္ဒ နယ် အမှတ် (၅) မှ ဦးကျော်သူဦး ၏ ''မင်းဘူး (စကု) မြို့နယ်၊ ကမ်းနီ လျှပ်စစ် မြစ်ရေတင် စီမံကိန်း ရှိ ပင်မမြောင်း သဲနုန်းများ တင်နေမှု အား ပြန်လည် တူးဖော် ပေးနိုင်ခြင်း ရှိ / မရှိ'' မေးခွန်း နှင့် စပ်လျဉ်း ၍ ရှင်းလင်း ဖြေကြား ခဲ့သည်။

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး (ပထမနေ့) တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောကြား သည့် ကြိုဆို နှုတ်ခွန်းဆက် စကား

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား

၂ဝ၁၄ ခု၊ နှစ်သစ် မှာ မင်္ဂလာ ပါ။  လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်ထောင်စု သား အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ပါစေ ကြောင်း ဦးစွာ နှုတ်ခွန်းဆက် ပါတယ်။ ဒီနေ့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက် ဟာ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး ရဲ့ ပထမ နေ့ ဖြစ်ပါ တယ်။ ယခု အစည်းအဝေး သို့ တက်ရောက် ခွင့် ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် များ အားလုံး နီးပါး  တက်ရောက် လာကြပြီး စုံစုံ လင်လင် ပြန်လည် တွေ့ဆုံခွင့် ရတဲ့ အတွက် လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ရ ပါကြောင်း ထပ်လောင်း ပြောကြား လို ပါတယ်။

ဥပဒေ ကြမ်းများ နှင့် စပ်လျဉ်း ၍ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ နှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ပထမ နေ့ ကို အစီအစဉ် (၁၈) ခု ဖြင့် ဆောင်ရွက် ခဲ့ရာ အစည်း အဝေး တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

မှတ်တမ်း တင်ခြင်း ကဏ္ဍ ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သော မြန်မာ ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးသွား ရောက်ခဲ့သည့် မှတ်တမ်း၊ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းဝေး မတိုင်မီ ကာလ အတွင်း ပြည်ထောင်စု လွှတ်တော် နာယက နှင့် လွှတ်တော် ကိုယ်စားလှယ် များ ၏ ပြည်ပ ခရီးစဉ် များ နှင့် ပြည်ထောင်စု လွှတ်တော် က အ တည် ပြု သည် ဟု မှတ်ယူ ရမည့် မြန်မာ နိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေ ကြမ်း တို့ကို လွှတ်တော် က မှတ်တမ်း တင် ဆောင်ရွက် သည်။

ဥပဒေပါ ပြဋ္ဌာန်း ချက် များနှင့် အညီ လိုက်နာ ဆောင်ရွက် သွားမည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ အခွင့် အရေး များ နစ်နာ နိုင်မည် မဟုတ်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး ပထမနေ့ ကို အစီအစဉ် (၁၅) ခု ဖြင့် ဆောင်ရွက် ခဲ့ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

ထိုသို့ ပြောကြား ရာ တွင် နှစ်လ ကြာ လွှတ်တော် ရပ်နား ထားသော် လည်း  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များ အနေ ဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်း များနှင့် ပူးပေါင်းကာ  နယ်မြေ ဒေသ သို့ ကွင်းဆင်း ပြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကို သတ်မှတ် ထားသည့် ဘဏ္ဍာနှစ် အတွင်း ၌ လုပ်ထုံး လုပ်နည်း များနှင့် အညီ ပြည်သူများ ၏ လိုအပ်ချက် များ ကို တစ်ဖက် တစ်လမ်း က  ဖြည့်ဆည်း ကာ ပြည်သူ များနှင့် အတူ အကောင် အထည် ဖော် ဆောင်ရွက် နေကြသည့် အတွက် ကိုယ်စားလှယ် များ၏ ကောင်းမြတ် သော လုပ်ဆောင် မှုများ ကိုလည်း ချီးကျူး ဂုဏ်ပြု ရမည် ဖြစ်ပါ ကြောင်း။

ဆက်သွားချင်သေးတယ် ဆိုရင်