Pages

Showing posts with label အလင်းဝင်. Show all posts
Showing posts with label အလင်းဝင်. Show all posts

Monday, March 11, 2013

KIA တပ်ဖွဲ့ဝင်များ အဆက်မပြတ် အလင်းဝင်ရောက်လျက်ရှိ

အစိုးရနှင့် KIA တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများကြောင့် တိုက်ပွဲများရပ်ဆိုင်းနေသော်လည်း ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်ခြင်း တို့ကြောင့် KIA တပ်ဖွဲ့ဝင်များ အဆက်မပြတ် အလင်းဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ တပ်ဖွဲ့ဝင်တစ်ဦးသည် လုပီရှိ အစိုးရစခန်း တစ်ခုသို့ ယမန်နေ့ ညနေ(၅)နာရီခွဲခန့်တွင် ၄င်းကိုင်ဆောင် ထားသော လက်နက်နှင့် လက်ပစ်ဗုံးဖြင့် အလင်းဝင် ရောက်ခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်သူ၏ ပြောပြချက်အရ ၄င်းတို့စခန်းအတွင်း စားသောက်ရန် လုံလောက်မှုမရှိခြင်း၊ ဖျားနာမှုအတွက် ကုသရန် ဆေးဝါးများ မရှိခြင်း များကြောင့် တပ်ဖွဲ့ဝင်များ စိတ်ဓါတ်ကျဆင်းနေကြောင်း၊ အလင်းဝင်ရောက်ချင်သူ အများ အပြား ရှိနေသော်လည်း ဗဟိုမှ အလင်းဝင် ရောက်သူများနှင့် အလင်းဝင်ရန် ကြိုးစားသူများကို သေဒဏ်ပေး ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းကြောင့် စိုးရိမ် ကြောင့်လန့်မှုများရှိ နေကြကြောင်း သိရှိရပါသည်။

www.MyanmarExpress.net

Saturday, February 16, 2013

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ လေညာကျေးရွာရှိ မြန်မာအစိုးရ နယ်မြေခံ တပ် ရ င်းသို့ ဟံသာဝတီ ပြန်လည်ထူထောင်ရေး ပါတီအဖွဲ့ဝင် ၁၀ ယောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လက် နက်ချ အလင်းဝင်ရောက်ခဲ့သည်။

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့ပုံ(မြဝတီ)

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့ပုံ(မြဝတီ)

၎င်းတို့အလင်းဝင်ခဲ့စဉ် လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း မျိုးစုံ ၁၂ဝ၇ တောင့်၊ ကျည်အိမ် မျိုးစုံ ၂၂ ခုပါ ရှိခဲ့ရာ အမ် ၃၂ ပစ္စတို တစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင်နှစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ခ်ျေ က နှစ်လက်၊ အေကေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံး ပစ် လောင်ချာ တစ်လက်၊ လုပ်သေနတ်တို တစ်လက်၊ ဆက်စပ် ပစ္စည်းများနှင့် အတူ လက်နက်ချ အလင်း ဝင်ရောက် ခဲ့သည်ဟု မြဝတီသတင်းစာ ဖော်ပြချက်အရသိရသည်။

Thursday, February 14, 2013

မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့ မှ ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ဦးစီး ၁၀ ဦး အလင်းဝင်

ဖေဖော်ဝါရီ ၁ဝ ရက် ည ၇ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့ နယ် ခွဲ လေညာ ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူး အဆင့် ရှိ နိုင်ညိုနှင့် ဗိုလ်အဆင့်ရှိ အချန်းတို့နှစ်ဦးသည် အမ် ၃၂ ပစ္စတိုတစ်လက်၊ ပွိုင့် ၃၀ ကာဘိုင်တစ်လက်၊ ဆက် စပ် ပစ္စည်းများနှင့်အတူ အလင်း ဝင်ရောက်ခဲ့ကြသည်။

တပ်မတော်၏ နွေးထွေးပျူငှာစွာ ဆက်ဆံမှုကြောင့် ၄င်းတို့နှစ်ဦးက လက်ကျန် အဖွဲ့များအား ဆက် သွယ် ခေါ်ဆောင်ရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ခေါင်းဆောင် အဖွဲ့ဝင်ရှစ်ဦးသည် ပွိုင့်၃ဝ ကာဘိုင်တစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ခ်ျကေ နှစ်လက်၊ ကေအေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ လု ပ်ေ သ နတ်တို တစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံအလင်း ဝင်ရောက်လာခဲ့ကြောင်း သိရှိ ရ သည်။

Wednesday, January 23, 2013

KIA တပ်ဖွဲ့ ဝင်တစ်ဦး အလင်းဝင် ရောက် ယနေ့ အထိ KIA အဖွဲ့ မှ အလင်းဝင် ရောက်သူ (၆၃) ဦး ရှိသွားပြီဖြစ်


ဇန်နဝါရီလ(၂၁)ရက် ညနေ(၃)နာရီခွဲခန့် တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ် တာလောကြီးကျေးရွာရှိ တပ်မတော် စစ်ကြောင်းသို့  KIAတပ်မဟာ(၅)မှ ကိုယ်ပိုင်အမှတ် အေ(၅၀၁၃၄) တပ်သား နိုင်ဝင်း အသက် (၃၁)နှစ် (ဘ)ဦးလော့ရီ သည် လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့ကြောင်း သိရှိရသည်။

Tuesday, January 22, 2013

KIA တပ်ဖွဲ့ဝင်တစ်ဦး အစိုးရ တပ်စခန်းသို့ အလင်း ၀င်ရောက်


တာလောကြီး ဇန်န၀ါရီလ ၂၂ ရက်

ကေအိုင်အေ တပ်မဟာ(၂) ရင်း(၅)မှ တပ်သား ခိုသောင်းသည် တာလောကြီး တပ်စခန်းသို့ ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က အလင်းဝင်ရော က်ခဲ့ကြောင်း သိရှိရသည်။ အလင်းဝင်ရောက်လာသူသည် တာလော ကြီးမှ ရှမ်းလူမျိုးတစ်ဦးဖြစ်ကာ အသက်(၃၀)ခန့် ရှိကြောင်း သိရှိ ရသည်။

KIA လက်ဖြောင့် စစ်သမီးများ လက်နက်ချ အလင်း ဝင်ရောက်


KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်ကြီးများသည် အစိုးရ၏ အပစ်အခက်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးချက်များအား လက်မခံဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွား စေရန် ဆောင်ရွက်လျှက် ရှိသောကြောင့် KIA အဖွဲ့တွင် ခေါင်းဆောင်များနှင့် လက်အောက်ခံတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲမှု များ ဖြစ်ပေါ် လျက်ရှိသည်။ KIA အဖွဲ့တွင် မတရားလူသစ်စုဆောင်းခံထားရသူများသာ များပြားသဖြင့် မြန်မာ့မျိုးချစ်တပ်မတော်မှ စနစ်တကျ ထိုးစစ်ဆင်ချိန် တွင် အကျအဆုံး များပြားခဲ့ရခြင်းဖြစ်ပြီး KIA တပ်သားသစ်များ၏ ဘ၀မှာ ရှေ့မှာရန်သူ နောက်မှာ ကျည်ဆန်ကဲ့သို့ ဖြစ်နေသည်။

ဆက်သွားချင်သေးတယ် ဆိုရင်