သူတို့တွေ လမ်းလျှောက်နေကြပါတယ်။ ကျောတစ်ပိုးစာ ရိက္ခာ၊ ကျောတစ်ခင်းစာ အိပ်ယာနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ရဖို့ သေနတ်ကို လွယ်ပြီး လမ်းလျှောက်နေ ကြတဲ့ မြန်မာ့ တပ်မတော်ရဲ့ စစ်သားတွေပါ။ ဒီအပင်ပန်းဆင်းရဲ ခံမှုတွေ အဆုံး မှာတော့ သူတို့ဟာ သူတို့ တပ်ရင်းတွေဆီပြန် သွားကြမှာ ဖြစ်ပြီး သူတို့လျှောက်ခဲ့တဲ့ လမ်းပေါ်က ကချင် ပညာ တတ် ကလေးတွေ ၊ ကချင်စီးပွားရေး သမားတွေ၊ ကချင်ပြည်သူလူထုတွေ ဖြတ်သန်းသွားလာ နေတာကို အဝေးကနေ ကျေနပ် ပေးနေကြမှာပါ။
သူတို့ ဒီလမ်းကို ဘယ်နေ့မှာ စလျှောက်မယ် ဆိုပြီး မကြေငြာခဲ့ပါဘူး။ သူတို့ ဒီနေရာကို ရောက်နေမှန်း လူတွေ သိကြပေမယ့် သူတို့ကို မြင်တောင် မမြင်ဖူးကြပါဘူး။ ဒါပေမယ့် သူတို့ ဒီနေရာထိ ရောက်လာတဲ့ လမ်းမှာ သူတို့နဲ့အတူ ပါလာတဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်ခနာတွေ အများကြီး ပေးဆပ်ခဲ့ရပြီးပါပြီ။ သူတို့ကို ရေသန့် တစ်ဗူး ကမ်းမယ့်သူ၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး အင်တာနက်ပေါ် တင်ပေးမယ့်သူလည်း မရှိပါဘူး။