Pages

Showing posts with label ၀တ္တုတို. Show all posts
Showing posts with label ၀တ္တုတို. Show all posts

Thursday, January 24, 2013

တစ်ပြည်သူသို့ တမ်းတခြင်း


( ၁ )

မြစ်မင်းဧရာ၏ ကမ်းနှဖူး ပြည်မြို့ အနီးတွင် သရေ ခေတ္တရာ လက်ရာဖြစ်ဟန်ရှိသော စေတီဟောင်း တစ် ဆူ သည် ထီးထီးမားမား စံပါယ်နေသည်။ ခပ်လှမ်းလှမ်းတွင် ပေပင်တန်းကလေး ။ ပြိးတော့ မိုးကာ တဲ လေးတွေ စီစီရီရီ။

ဤမိုးကာတဲလေးများသည် ဖိုဒ်ဘတ်တယ်လျံ ဘားမားရိုင်ဖယ်လ် ( သို့မဟုတ် ) အမှတ် ( ၄ ) ဗမာ့သေ နတ်ကိုင်တပ်ရင်း ။ သည်တပ်တွင် ဖိုးနီ ကြီးပြင်းခဲ့သည်။ အမေက မွေးတပ်ကကျွေး ဆိုသောစ ကားသည် ဖိုးနီအတွက်ဖြစ်အံ့ထင်သည်။

Wednesday, January 23, 2013

သူရ မချစ်ပို

“သူရ” ဟူသောဝေါဟာရက သူရဲကောင်းစစ်သည်တို့ကို ချီးမြှင့်လေ့ရှိသော ဘွဲ့ထူးဂုဏ်ထူးတစ်ခု။ “မချစ်ပို” ဆိုသောစကားစုလေးက နုနယ်သောနှလုံးသားပိုင်ရှင် မိန်းကလေးတစ်ဦး၏ အမည်နာမ လှလှလေးတစ်ခု။
သို့ရာ တွင် မိန်းမလှလေးတစ်ဦး၏ နှလုံးသွေးက သူရဲကောင်းအာဇာနည် ယောက်ျားတို့ကဲ့သို့ပင် ရဲရဲ နီဆွေးလျက် သမိုင်းဝင်တေးတစ်ပုဒ်ကို ရေးထုတ်လိုက်နိုင်သောအခါ -
 

ဆက်သွားချင်သေးတယ် ဆိုရင်