Pages

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Thursday, January 16, 2014

မဟာ သီရိသုဓမ္မ ဒေါ်ခင်ကြည်

ဒေါ်စု ကို နိုင်ငံခြား ရောက်အောင် ဘယ်သူ လုပ်တာ လဲ လို့ ( *** ဦးနေ၀င်း က ပဲ နိုင်ငံခြားကို ပို့ လို့ မိုက်ကယ်အဲရစ် နဲ့ ရတာ လိုလို သမိုင်း အမှား နဲ့ ဆင်သေ ကို ဆိတ်သားရေ နဲ့ ဖုံး ချင်နေ ကြတယ် ... ) ခနခန မေးနေ ကြတဲ့ ကလေး တွေ အတွက် သမိုင်း ကို သေချာ သိရအောင် သီရိသုဓမ္မ ဒေါ်ခင်ကြည် အကြောင်း တင်ပြ ပေးတာ ဖြစ်ပါ တယ် ....

ဒေါ်ခင်ကြည် ကို ဧရာဝတီ တိုင်း၊ မြောင်းမြ မြို့၌ အဖ ပြည်သူ့ လုပ်ငန်း ၀န်ထမ်း ဦးမိုးညှင်း၊ အမိ ဒေါ်ဖွားစု တို့ မှ ၁၉၁၂ ခုနှစ် ဧပြီ လ ၁၆ ရက် အဂါင်္နေ့ တွင် ဖွားမြင် သည် .... မွေးချင်း (၉) ဦး အနက် သတ္တမ မြောက် ဖြစ်သည် ... မွေးချင်း မောင်နှမ များမှာ ...

Wednesday, January 15, 2014

လက်ရှိ အချိန် ကို အကျိုး ရှိရှိ အသုံးချ ပါ

နံနက် တိုင်း သင့်ရဲ့ ဘဏ် စာရင်း ထဲကို ဒေါ်လာ (၈၆၄၀၀) ထုတ်ပေး နေတဲ့ ဘဏ် တစ်ခု ရှိတယ် ဆိုပါစို့။ အဲဒီ ဘဏ် ဟာ တစ်နေ့တာ လက်ကျန်ငွေ ကို နောက် တစ်နေ့ အထိ သယ်ဆောင် မသွား ပါဘူး။ တစ်နေ့ တာ အတွက် အသုံးပြု ရမဲ့ ငွေ ကျန်ရှိ နေသေးတယ် ဆိုရင် ညနေ ရောက်တိုင်း ပယ်ဖျက် ပစ်ပါ လိမ့်မယ်။ သင် ဘာ လုပ်မလဲ။ တစ်ပြား မှ မကျန်အောင် သုံးပစ် မှာပဲ မဟုတ် လား။

အလောင်း ဝတ်တဲ့ အဝတ်အစား မှာ အိတ်ကပ် မရှိ လို့ပါ

သူ့ကို နယူး ဂျာစီနေ အမေရိကန် အိုင်းရစ် လူမျိုး ခရစ်ယာန် ဘာသာဝင် သာမန် မိသားစု တစ်စု က မွေး ဖွား ခဲ့ တာ ဖြစ်တယ်။ ၂ဝ၁၁ ခုနှစ်မှာ သူ့ အသက် (၈ဝ) ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန် စစ္စကို မှာ အိမ် ခန်း နှစ်ခန်း ပါတဲ့ အိမ်လေး မှာ ဇနီး နဲ့ အတူ ငှားရမ်း နေထိုင် ခဲ့ပါ တယ်။

နာမည်ကြီး တံဆိပ် အဝတ် အစား တွေ သူ မဝတ်ဆင် ခဲ့ဖူး သလို သူ့ မျက်မှန် ကတည်း ဟောင်းနွမ်း နေခဲ့ ပါတယ်။ သူ့လက် မှာ ပတ်ထား တဲ့ နာရီ ကလည်း မြေအောက် ဘူတာ တစ်နေရာ မှာ ဝယ်ခဲ့တဲ့ နာရီ ဖြစ်တယ်။ အစား အသောက် ကောင်းတွေ ကို သူ မမက်မော ခဲ့ပါ ဘူး။ သူ နှစ်သက် တဲ့ အစားအစာ က ဈေးချို တဲ့ ခရမ်းချဉ် သီး ချိစ် ဆန်းဝှစ် ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင် ကား မရှိဘူး။ ဘတ်စကား ကိုပဲ သူအသုံး ပြု တယ်။ သူ့ရဲ့ လက်ကိုင်အိတ် ဟာလည်း အဝတ်စ နဲ့ ချုပ်ထားတဲ့ အိတ်ပဲ ဖြစ်တယ်။ တကယ် လို့ သူနဲ့ အတူ စားသောက် ဆိုင် သွားရင် ဘေလ် တွေ ကို စနစ် တကျ သူ စစ်ဆေး မှာ ကို သင်တွေ့ ရပါ လိမ့်မယ်။ တကယ် လို့ သူ့အိမ် မှာ ညအိပ် ညနေ သင်အိပ် ခဲ့ရင် မအိပ် ခင် မီးပိတ် ပါလို့ သူ သတိ ပေး ပါလိမ့် မယ်။

ဒီလောက် ဆင်းရဲ တဲ့ အမေရိကန် အဘိုးကြီး တစ်ယောက် အကြောင်း ဘာများ ပြောစရာ ရှိသလဲ လို့ သင် အံ့သြ ကောင်း အံ့သြ လိမ့်မယ်။ သူ လုပ်ခဲ့ သမျှ ကို ကျွန်တော် တို့ အရင် ကြည့် ရအောင် .....

အလုပ်များ လွန်းလို့ စာမဖတ် နိုင်ဘူး တဲ့လား ?

မည်သူ မဆို ညအိပ်ရာ ၀င်ချိန်၌ မနက် အိပ်ယာ ထချိန်ထက် နည်းနည်း ဖြစ်စေ အသိဥာဏ် ပညာ ပို ရှိနေ ရမည်။ သို့မဟုတ် ပါက လူသား တစ်ဦး အနေ နှင့် အကြီးမားဆုံး ပြစ်မှု ကို ကျူးလွန် ခဲ့ရာ ရောက်သည် တဲ့ ...။ လီယို ဗတ်စကာ ဂလီယာ က ဆိုသည်။

မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာ ပို ရှိရမည်။ မနေ့က ထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက် ကြီး လာသည် နှင့် အမျှ ဦးနှောက် အလေးချိန် ပိုစီး လာရ မည်။ သည် အတွက် ဘယ်လို လုပ်မည် နည်း။??? တစ်နည်း သာ ရှိသည်။

"စာဖတ်ပါ" ၊ ဒါပဲ။

အမေများနေ့ အကြောင်း သိကောင်း စရာ

အမေများနေ့ ဟာ သမိုင်းဝင် အမှတ် တရ ဖြစ်တဲ့နေ့လေး တစ်နေ့ လို့ ဆိုရ မှာပေါ့။ ဒါကြောင့် အမေ များနေ့ ဘာကြောင့် ဖြစ်ပေါ် လာရသလဲ ဆိုတာ ကို ဗဟုသုတ အနေဖြင့် ရေးသား ပေးလိုက် ရပါတယ်။

အမေများနေ့ ကို ဂရိ လူမျိုးတွေ Rhea လို့ အမည်ရတဲ့ နတ်သမီး ကို ပှုဇော် ရာမှ စခဲခြင်း ဖြစ်တယ် လို့ သိ ရပါ တယ်။ ရောမခေတ်တွေ မှာလည်း ကျင်းပ ခဲ့ကြောင်း သိရပါ တယ်။ ၎င်းပွဲ မှာ မယ်တော် Magna Mater လို့အမည်တွင်သော နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲများကို ဘီစီ ၂၅ဝ ခုနှစ်က စခဲ့တယ် လို့ သ မိုင်း မှတ်တမ်းများ အရ သိရပါတယ်။

Tuesday, September 17, 2013

ကိုယ့်ကိုယ် ကိုယ် နားလည် ပါ အရှိကို အရှိ အတိုင်း လက်ခံပါ

ကျွန်တော် တို့ ဟာ ကိုယ်ရောက်နေ တဲ့ အဆင့် နေရာ နဲ့ ပတ်သက် ပြီး စိတ်ကျေနပ် မှု မရှိတဲ့ အခါ အရှိ ကို အရှိ အတိုင်း လက်မခံ နိုင် ကြပါ။ အမှား အယွင်း၊ အချွတ် အချော်၊ အတိမ်း အစောင်း နဲ့ တွေ့တဲ့ အ ခါမှာ၊ အဆင် မပြေမှု တွေ၊ ဆုံးရှုံးမှု တွေနဲ့ ရင်ဆိုင် ကြုံတဲ့ အခါမျိုး မှာ ဘာကြောင့် အခုလို အဖြစ်မျိုး ရောက်ရှိ ရသလဲ ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်စွမ်း မရှိကြ ပါဘူး။ ကိုယ် လုပ်ခဲ့ တဲ့ အမှား ကြောင့် ဆိုတာ ဝန်မခံ လိုကြပါ။ မသိ လို့ ဖြစ်စေ၊ သိလျက် နဲ့  ဖြစ်စေ၊ မတော် တဆ ဖြစ်စေ၊ တမင် တကာ ဖြစ်စေ အမှား ကျူးလွန် တတ် တာမျိုး လူတိုင်း မှာ ဖြစ်လေ့ ဖြစ်ထ ရှိပါ တယ်။

ခြိုးခြံ ချွေတာ စွာ နေလေ့ရှိသော ဘီလျံနာ များ

သင်၏ ဘဝတွင် တစ်ကြိမ် တော့ တစ်ပတ်ခန့် သာ အလုပ် လုပ်လိုက် ရခြင်း သို့မဟုတ် ထို အေ ကြာင်း ကိစ္စ အတွက် တစ်ရက် သာ အလုပ် လုပ် လိုက်ပြီး နေ့ခင်း အိပ်မက် လို အံ့ဩ ဖွယ် ငွေေ ကြး များစွာ ရလာ ခြင်းမျိုး ရှိပေ မည်။ သင်က သန်းချီ တန်သော သူ သို့မဟုတ် ဘီလျံ ချီတန်ဖိုး ရှိ သောသူ ဖြစ်လျှင် ဘယ်သို့ လုပ်မည် နည်း။ သန်းကြွယ် သူဌေးများ၊ ဘီလျံနာ များ သည် လည်း ကျွန်ုပ်တို့ အများ ကြား မှ သာမန် လူ များ လို ရှိကြပြီး ထူးထူးခြားခြားရှိနေကြ သည်မဟုတ်ပါ။ ကမ္ဘာပေါ် တွင် အပိုကုန် သည် များ ကိုရှောင်ရှားပြီး ခြိုးခြံချွေတာ စွာ ဖြင့် အချမ်းသာ ဆုံးဖြစ်နေေ သာ သူများ ကို ရုတ်တရက် ကြည့်မည် ဆိုပါက...

ဟာကွက် မရှိသော ပင်လယ် ကမ်းရိုးတန်း ထောက်လှမ်း ရေး စနစ်

နိုင်ငံတစ်ခု ၌ ပိုင်နက် ပင်လယ် ရှိခြင်း သည် နိုင်ငံ၏ အင်အား တစ်ရပ် ဖြစ်သကဲ့ သို့ ပိုင်နက် ပင်လယ် လုံခြုံရေး၊ ပင်လယ် ကမ်းရိုးတန်း လုံခြုံရေး သည်လည်း ပိုင်နက် ပင်လယ် ရှိသော နိုင်ငံ တိုင်း ရင်ဆိုင် နေရသော စိန်ခေါ်ချက် တစ်ရပ် ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း လုံခြုံရေး ဆိုရာ၌ စစ်ရေးဆိုင်ရာ လုံခြုံရေးကိစ္စများ အပြင် ပင်လယ်ပြင် နယ်နိမိတ် လုံခြုံရေး၊ ပင်လယ် ပြင် သီးသန့် စီးပွားရေးဇုန် နှင့် ကမ်းရိုးတန်း ဒေသ ရှိ ဇီဝ အရင်း အမြစ်များ လုံခြုံရေး ( Bioresources Se-curity ) ၊ မူးယစ် ဆေးဝါး၊ မှောင်ခို ပစ္စည်းများ၊ ဥပဒေမဲ့ ပစ္စည်း များ ဝင်၊ ထွက်မှု တားဆီး ခြင်းနှင့် ပင်လယ် ဓားပြ များ ရန်မှ ကာကွယ်ခြင်း စသည်တို့ပါ အကျုံးဝင်မည် ဖြစ်သည်။

Tuesday, March 19, 2013

Management နဲ့ Leadership ဘယ်လိုကွာခြားပါသလဲ

Management နဲ့ Leadership ရဲ့အဓိကကွာခြားချက်ကတော့ Management ဟာလေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုနဲ့ သက်ဆိုင်ပြီး Leadership ကတော့ အနုပညာ ဒါမှမဟုတ် အတတ်ပညာ နဲ့သက်ဆို င်ပါ တယ် ။

များသောအားဖြင့် The skill of management and the art of leadership လို့ ပြောလေ့ရှိကြပါတယ်။ Management Skills လို့ပြောတဲ့အခါ လုပ်ငန်းအဖွဲ့အစည်းအတွက် မဟာဗျူဟာ (Strategy) ချမှတ်နိုင်စွမ်းရှိတာ ၊ ၀န်ထမ်းတွေကို စနစ်တကျ စုစည်းပြီး ဖွဲ့စည်းပုံ (structure) ချမှတ် ထားနိုင်တာ၊ ငွေကြေးနဲ့ဘဏ္ဍရေးကိစ္စတွေ၊ နေ့စဉ်လုပ်ငန်းဆောင် တာတွေအပေါ်စနစ် (System) ကျကျ ထိန်းသိမ်းနိုင်စွမ်းရှိတာ ကိုဆိုလိုပါတယ်။

Sunday, March 10, 2013

တစ်ပင်လုံး အသုံးဝင်သော သစ်မွှေး

ကျွန်တော် မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်း (Myanmar Agarwood Entrepreneurs Association) ညီလာခံကို ယခုနှစ် ဇန်နဝါရီလ ၂ဝ၊ ၂၁ ရက် UMFCCI  ခန်းမတွင် တက်ရောက် လေ့လာခွင့် ရခဲ့ပါသည်။ အဲဒီမှာ သစ်မွှေး စိုက်ပျိုးသူများ၊ စီးပွားရေး ပညာရှင်များ၊ စိုက်ပျိုးလေ့လာ လိုသူများက သစ်မွှေးပင်ရဲ့ အသုံးဝင်ပုံ၊ စိုက်ပျိုးပြီး ဆေးသွင်း မှုနည်းစနစ်နဲ့  ကုန်ကျစရိတ် တန်ဖိုး၊ သစ်မွှေး အဆီကို ဘယ်လိုမျိုး ထုတ်လုပ် ရောင်းချမလဲ သို့မဟုတ် သစ်မွှေး အဆီကို ဘယ်လိုစနစ်နဲ့ ရောင်းချမလဲ၊တစ်ပင်ကို ဆေးထိုးပြီး အဆီ ဘယ်လောက် ထွက်မလဲ၊ ထွက်ပြီးသား သစ်မွှေး အဆီကို ဝယ်လက် အနေဖြင့် ဘယ်လို ရှာဖွေမလဲ ဆိုတဲ့ မေးခွန်းလေးတွေ တွေ့ရပါတယ်။ ကျွန်တော်လေ့လာ မိသလောက် အသိ ပညာနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ကီနမ်(စ်) ကုမ္ပဏီမှ သစ်မွှေး အဆီနှင့် ဆေးထိုး ပညာရှင်  ကိုသန်းထွန်းနှင့် ယခုလို ဒုတိယ တစ်ဖန်ထပ်မံ တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

Thursday, March 7, 2013

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ်

Photo: အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ်

USS Ronald Reagan

Thursday, March 7, 2013

ရွှေ့ လျားနေသော စစ်တပ်ကြီးပါပြီ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။

ဆောက်လုပ်ခြင်း

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အားလုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။

ကုန်ကျစရိတ်

အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျပါတယ်။

အော်ပရေးရှင်း

အော်ပရေးရှင်း ကောင်းကောင်းမသွားရသေးပါဘူး။ ကောင်းကောင်းဆိုတာ တိုက်ပွဲမဝင်ရသေးတာကို ဆိုလိုတာပါ။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး ခရီးသွားရတာတွေချည်း များနေပါတယ်။ ၂၀၀၈ ခုနှစ်က ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်ခံဒုက္ခသည်ကို သွားရောက်ကယ်ဆယ်ထောက်ပံ့ပြီး၊ ၂၀၁၀ ခုနှစ်နောင်းပိုင်းကျတော့ တောင်ကိုရီးယားကျွန်းဆွယ်မှာ စခန်းချပြီး ၂၀၁၁ ခုနှစ်တော့ ဂျပန် ဆူနာမီနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီပါတယ်။ နီးစပ်ရာနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ခရီးစဉ်သွားရောက်လည်ပတ် တာမျိုးတို့ ပြုလုပ်ပါတယ်။ အခြားနိုင်ငံများသို့ ထောက်ပံ့ရေးအတွက် လည်း သွားရောက်ပြီး စစ်ဘက်အသုံးပြုမှုကတော့ မရှိသလောက်ပါပဲ။ စစ်ရေးလေ့ကျင့်မှု အနည်းစုမှာတော့ ထည့်သွင်း အသုံးပြုပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်များတဲ့အတွက် အကြီးစား စစ်ရေးလေ့ကျင့်မှုတွေမှာသာ ပါဝင်တာ ဖြစ်ပါတယ်။

သင်္ဘောအချက်အလက်

နျူကလိယ စွမ်းအင်သုံး သင်္ဘောဖြစ်တဲ့အတွက် ဘယ်တော့မှ မသေနိုင်သော သင်္ဘောလို့တောင် ပြောစမတ်ပြုပါတယ်။ သို့ပေမယ့် အနည်းဆုံး Life Span ၂၅ နှစ်သက်မှတ်ထားပါတယ်။ နျူကလိယ ဓာတ်ပေါင်းဖို ၂လုံး၊ ဓာတ်ငွေ့တာဘိုင် ၄ လုံး၊ ပန်ကာ ၄ လုံး တပ်ဆင်ပြီး ထုတ်လုပ်နိုင်တဲ့ အား စုစုပေါင်းက ၁၉၄ မက်ဂါဝပ် ရှိပါတယ်။ လုံးခြုံရေး အဆင့်မြင့်စက်ပစ္စည်းတွေဖြစ်တဲ့ ရေပေါ်၊ ရေအောက်၊ လေပေါ် ထောက်လှမ်းနိုင်သော ရေဒါအများကြီးတပ်ဆင်ထားပါတယ်။ ယင်းရေဒါများ ကလည်း အင်မတန် ကုန်ကျစရိတ် များပါတယ်။ လေယာဉ် တင် သင်္ဘောတစ်စီး (Super Carrier) တစ်ခုအနေနဲ့ တစ်နေရာရာမှာ အတိုက်ခိုက်ခံရ ရင် အားလုံးပျက်ဆီးမှာမို့ လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး ပစ္စည်းများနဲ့ အသုံးပြု တပ်ဆင်ပါတယ်။ သူတစ်ခါ ခရီးထွက်ရင် တစ်စီးတည်း မထွက်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သင်္ဘောများ လိုက်ပါပြီး လေပေါ်မှာ လည်း တိုက်လေယာဉ်နဲ့ ကင်းလေယာဉ်များ လှည့်ပေးရပါတယ်။ အောက် မှာလည်း ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီး လိုက်ရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်များခြင်း ဖြစ်ပါတယ်။ အမြန်ဆုံးသွားနှုန်းက တစ်နာရီ မိုင် ၄၀ ထက်မပိုလို့ ဖြစ်ပါတယ်။ အရှည်ပေ ၁ ထောင်ကျော်ရှိတဲ့ သင်္ဘောတစ်စီး ရွေ့ ဖို့ဆိုတာ တော်တော်လည်း ခရီးနှင်ရပါတယ်။

Super Carrier Ronald နှင့် အနာဂတ် ကမ္ဘာ

အမေရိကန် မှာ ရှိနေတာ Ronald တစ်စီးတည်းမဟုတ်ပါဘူး။ သူ့လိုပဲ အင်အားကြီး လေယာဉ်တင် စစ်သင်္ဘောကြီးတွေ အမြောက်အများ ရှိပါတယ်။ ယင်း မြောက်များလှတဲ့ စစ် ရေငုပ် သင်္ဘော၊ လေယာဉ် တင်သင်္ဘော၊ နျူကလိယစွမ်းအင်သုံး စစ်သင်္ဘောများကြောင့် အမေရိကန်ဟာ ယနေ့မှာ စူပါပါဝါ ပိုင်ရှင်လို့ ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် စစ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ ရေငုပ်သင်္ဘောများ ကြိုးစားတည်ဆောက်နေပေမယ့် အမေရိကန်မှာ ရှိတဲ့အရေအတွက်ကို မှီနိုင်ဖို့ အချိန်ကာလတစ်ခု လိုအပ်နေပါသေးတယ်။ အနာဂတ်မှာလည်း ယင်ကဲ့သို့ အလားတူ အဆင့်မြင့် နျူကလိယ စစ်သင်္ဘောများတည်ဆောက် ဖို့ ပင်တဂွန်ကို စစ်အသုံးစရိတ်များ ဆက်လက်ချပေးထားတဲ့ အတွက် နောက်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အကြီးဆုံး စူပါပါဝါကို အမေရိကန်က ပိုင်ဆိုင်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။

Ref: wiki

International news for myanmar

http://www.innewsmyanmar.com/2013/03/uss-ronald-reagan.html

ရွှေ့ လျားနေသော စစ်တပ်ကြီးပါပြီ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေ တဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။

Sunday, March 3, 2013

Agent Orange

Agent Orange ဆိုတာကတော့ ဓါတု လက်နက်တစ်မျိုးဘဲဖြစ်ပါတယ်။

ထိုလက်နက်ဟာ အပင်တွေ ကိုသေစေသလို လူတွေကို လည်း တော်တော်ဒုက္ခပေးခဲ့တဲ့လက်နက်ဖြစ် ပါတယ်။ ဗီယင်နမ် နဲ့ အမေရိကန်စစ်ပွဲမှာ အမေရိကန်က အသုံးပြုခဲ့တဲ့လက်နက်ဘဲဖြစ်ပါတယ်။

အမေရိကန်စစ်သားတွေ လေထီးနဲ့မြေပေါ်ကို ဆင်းကြတယ်။ ဒါပေမဲ့ လယ်စိုက်ပြီး စစ် တိုက်တဲ့ ဗီယင် နမ်ပြည်သူတွေဟာ လေထီးနဲ့ ဆင်း တဲ့ စစ်သားအောက်မရောက်ခင် မှာဘဲပစ်သတ်ခဲ့ ကြတာကြော င့် နောက် ဆုံး အမေရိကန်က ထိုလက်နက်ကို အသုံးပြုခဲ့ခြင်းဘဲဖြစ်ပါတယ်။

ဗီယင်နမ်လူထု ၄.၈ သန်းလောက်ဟာ ထိုလက်နက်နဲ့ အကျိုးဆက် ကိုခံခဲ့ရသလို၎ သိန်းကျော်လောက် ဟာ သေဆုံးခဲ့ရပါတယ်။ ထိုအပြင် နောက်ထက်မွေးလာတဲ့ ခလေးငယ်ပေါင်း ၅သိန်းလောက်ဟာ အပြစ်အ နာ အဆာ တွေနဲ့ မွေးဖွားခဲ့ကြရပါတယ်။ ထိုစစ်ပွဲမှာ အမေရိကန်ဟာ Agent Orange လီတာပေါင်း ၇၇ဝဝဝဝဝဝ ကို လေယာဉ်နဲ့ ဖြန်းချခဲ့ပါတယ်။

အထူးသဖြင့် ဗီယင်နမ်နဲ့ ကမ်ဘောရီးယား နယ်စပ်က တောင်ထိပ်တွေဟာ ပိုပြီးတော့ ထိုအကျိုး ဆက် ကိုခံခဲ့ရပါတယ် နောက်မျိုးဆက်တွေ အပြင် ယနေ့ထိ တိုင်အောင် Agent Orange ရဲ့ ဆိုကျိုးဟာ ဗီယက် နမ် လူထုတွေဆီကို သက်ရောက်မှု့ရှိခဲ့ပါတယ်။ ဒါတွေကတော့ Agent Orange ခံခဲ့ရတဲ့ နောက် မျိုးဆ က်တွေဘဲဖြစ်ပါတယ်။

ပုခုံးထမ်းလောင်ချာများအကြောင်း သိကောင်းစရာများ

(ကိုမောင်ဟန်ရေးထားသည့် SA-16/18 ပုခုံးထမ်း ဒုံးပစ်လောင်ချာများအကြောင်းအာ ထပ်ဆင့်ေ ဖ်ာပြေ ပးခြင်းဖြစ်ပါသည်...။)

SA-16 လို့ခေါ်တဲ့ Igla-1 ကို ၁၉၈၁ခုနှစ်မှာ စတင်ထုတ်လုပ်ပြီး SA-7 SA14 တို့ရဲ့ အောင်မြင်လှတဲ့ ပုံစံ အတိုင်းကို အသံထက်မြန်ပြီး အမြင့်မှာပျံတဲ့ တိုက်လေယာဉ်တွေ အတွက်ပါ ပစ်ခတ်နိုင်အောင် ထုတ် လုပ်ခဲ့ပါတယ်။ ရှေ့ကလိုပဲ fire and forget စနစ်ဖြစ်ပြီး အနီအောက်ရောင်ခြည်နဲ့ အပူခြေရာခံစနစ်သုံး ပဲဖြစ်ပါတယ်။ သူ့မှာ ပိုပါလာတာက ရန်သူနဲ့ မိမိ လေယာဉ်တွေ ကောင်းကင်မှာ ရှုပ်ထွေးလျင်ပင် ပစ် ခတ်နိုင်အောင် စီစဉ်ထားတာပါ။ မိမိလေယာဉ်တွေရဲ့ အချက်ပြစနစ်တပ်ဆင်ထားသမျှကို အလိုလိုရှောင်ဖယ်ပြီး ရန်သူ့လေယာဉ်ကို ရှာဖွေတိုက်ခိုက်နိုင်မှာပါ။ သူရဲ့ ပြည်ပတင်ပို့ အမျိုးအစားက Igla1E ဖြ စ်ပြီး ရန်သူမိမိခွဲခြားတဲ့ စနစ်မပါရှိပါဘူး။

ရုရှားတပ်မတော်၏ တာတိုပစ်ဒုံးစနစ်

Sunday, February 24, 2013

Facebook အကောင့် လုံခြုံရေးအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းများ

(၁) သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။ Security Question ပေးရန်အတွက် https://www.facebook.com/settings?tab=security  သို့  သွားပါ။ Security Question ဆိုတဲ့ ဟာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့ မရလို့  မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။
လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။
ဥပမာ - သင့်မိခင်ဧ။် မွေးရပ်မြေ ဟုရွေးချယ်ထားလျှင် Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။
မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။ (မေ့တော့ မမေ့သွားစေနဲ့ ပေါ့)
(၂) Facebook အတွက် အသုံးပြုသော Email ကို နှစ်ခုသုံးပါ။Email နှစ်ခု တစ်ပြိုင်နက်ထားခိုင်းခြင်းကို ဆို လိုပါသည်။ ထို သို့ မှမိမိအကောင့် Hack ခံရလျှင် နောက် Mail တစ်ခုဖြင့် Recover လုပ်နိုင်ပါမည်။ အ တ က်နို င် ဆုံး Facebook Acoount အတွက် Mail ကို မိမိ Personal Email ဖြင့် မပြုလုပ်သည်မှာ အ သင့်ေ တာ် ဆုံးဖြစ်သည်။

Wednesday, February 6, 2013

မြန်မာ တပ်မတော်နှင့် ဘင်္ဂလားဒေရှ် တပ်မတော်ကို နှိုင်းယှဉ်ခြင်း

ဘင်္ဂလားဒေရှ်တို့က စစ်ဖြစ်လျှင် မည်သူသာ မည်နည်းကို ထိုသို့ဆိုပါသည်။

(၁) မည်သည့်နေရာ၊မည်သည့်အချိန်၊မည်ကဲ့သို့အကြောင်းကြောင့်ပေါ်မူတည်ပါသည်

(၂) လက်နက်ခြင်းတူခဲ့ရင်တောင် MIG29,F7ခြင်း တူရင်တောင်မြန်မာနိုင်ငံ သည်စီပွားရေး ပိတ်ဆို့ခံရ မူကြောင့်ေ ခတ်မှီ နည်းပညာ မပိုင်ဆိုင်နိုင်။ ဘင်္ဂလားဒေရှ်သည် တရုပ်၊ အိနိယ၊ အမေရိကန် တို့နဲ့ပူးပေါင်း စစ် ဆင်ေ ရး များ လုပ်ဖူးသည်။

(၃)ဘင်္ဂလားဒေရှ်သည်operation dessert strom ကဲ့သို့ စစ်ဆင်ရေးများတွင် ပါဝင် ဆင်နွဲဖူးပြီး UNနဲ့ ပူးပေါင်းစစ် ဆင်ရေးများတွင်လည်းတက်ကြွစွာပါဝင်ခဲ့ဖူးသည်။

ဟုဆိုထားပါတယ်။

Tuesday, February 5, 2013

ချစ်သူများနေ့ တွင် အပျိုဘဝ အား အမျှဝေမည့် ညီမငယ်များ ဖတ်ဖြစ်အောင် ဖတ်ပါ

နည်းနည်း၇ိုင်းသွား၇င်လည်းသည်းခံဖတ်ပေးစေချင်ပါတယ်။

ကျွန်တော်ပေ့ခ်ျလေးမှာကျွန်တော် ကိုယ်တိုင် ပို့စ်မေ၇းဖြစ်တာကြာပြီ။ဒီတစ်ခါတော့အခါခွင့်လည်းကြံ သ မို့ေ ၇းပြီးတင်လိုက်တာပါ ။အားလုံးကိုဆုံးတဲ့အထိဖတ်စေချင်ပါတယ်။အားလုံးစောင့်နေကျတဲ့ ခ်စ္သူမ်ားေ န့ ေ ဖဖော်ဝါ၇ီ ၁၄ လည်းနီးလာပြီဗျ။ချစ်တဲ့သူစုံတွဲတွေလည်း အစီစဉ်တွေဆွဲကုန်ကြပြီ ။တချို့က လက်ဆော င်ပေးဖို့ပြင်တဲ့သူ လည်းပြင်ပေါ့ဗျာ။ဒါပေမဲ့ သူတို့တွေထက်အကွက် ကျကျပြင်ဆင်နေတဲ့ သူေ တွ လည်း၇ှိသေးတာ မိန်းကလေးတွေကိုသိစေချင်တယ်။ တခြားသူတွေတော့မပာုတ်ပါဘူး လူ လည်ယောကျာ်း ဘသားတွေအတွက် မိန်းမပျိုတို့ ဘ၀ကို ဖျက်စီးဖို့အကြောင်းပြချက် အကောင်းဆုံးနေ့ ကချစ် သူများနေ့ဖြစ်နေလို့ပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ

၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။ ထိုစဉ်ကသူ့အသက် ၁၇ နှစ်သာ ရှိသေး ၏။

၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင် ရွ က် ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏ ခေါင်းဆောင် အဖြ စ် ပြတ်ပြတ် သား သား ဆောင်ရွက်ခဲ့၏။

၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းေ ရး မှူး ဖြစ်လာ၏။

Thursday, January 24, 2013

""" ရဲသော်မသေ သေသော်ငရဲမလား """ ဘယ်ကစ သလဲ

သူရသတ္တိ နှင့်ပြည့်စုံသူ သည် အခင်းအရာ၌လဲ ရဲ့ရင့်၏ ... သစ္စာလဲ ရှိ၏ ... မည်သည့် အခါ မျိုးတွင်မှ မကောင်းမှု ကိုမလုပ် သဖြင့် ယုတ်ညံ့သော ဘ၀ သို့မရောက်နိုင် .... သူရသတ္တိ ရှိသူသည် ကိုယ်စိတ်နှလုံး သုံးပါးစလုံးကိုကောင်းစွာ သိမ်းဆည်း၍ ဟိရီသြတ္တပ္ပ တရားတို့ ကို ဆောက်တည်သဖြင့် ကောင်းသောဘ၀ သို့ရောက်ရ၏ .... ကြောက်ရွံ့နေသော သူသည် သူသေ နှင့် တူသည်..... ရဲရင့် သောသူ အဖို့ အသက် ရှင် လျက်နှင့် နာမည် သေခြင်း သို့ မရောက် .... လူသေသော်လဲ နာမည် မသေ ... သေသော်မှ ငရဲ မ လားနိုင် ဟူ၍ *** တောင်တွင်းမင်းကျောင်း ဆရာတော် *** မှ """ ရဲသော် မသေ သေသော် ငရဲမလား """ ဟု မိန့်ဆိုထားသည် .....

ဂါဒီယမ် ဦးစိန်ဝင်း ပြောတဲ့ စာနယ် ဇင်းကျင့်ဝတ်

၁။ စာနယ် ဇင်းတို့သည် အများပြည်သူတို့ သိရှိ နိုင်ရန် အလို့ ငှာ ထုတ်ပြန်သောသတင်းတိုင်း ၌ အချက်အလက် တိကျ မှန်ကန်စေရန် အစွမ်းကုန် စိစစ်ရမည်။ ပုံနှိပ်ဖော်ပြခြင်း မပြု မှီ သတင်းအားလုံး ကိုတတ် စွမ်းသ၍ စစ်ဆေးရမည်။ မည်သည့် သတင်း အချက်အလက် ကိုမျှ မိမိလိုရာသို့ ဆွဲ၍ မရေးရ၊ သို့ တည်းမဟုတ် လိုရင်းအချက်အလက် ကို တမင် သက်သက် ထိမ်ချန်ခြင်း မပြုရ။

Wednesday, January 23, 2013

နိုင်ငံတော်အလံ သုံးစွဲမှု သတိပြု

ကျွန်တော်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှစ၍ လွှတ်တော် တက် ခဲ့ သည်မှာ ယခုဆဋ္ဌမအကြိမ် အစည်းအဝေး အထိ ဖြစ်ပါသည်။

ကျွန်တော် နိုင်ငံတော်အလံနှင့်ပတ်သက်၍ တင်ပြပါရစေ။ အချို့ နေရာ များတွင် နိုင်ငံတော်အလံကို ၎င်းတို့၏ကုမ္ပဏီအလံ၊ ဟိုတယ်အမှတ်တံဆိပ်အလံများနှင့် တန်းတူထားကာ လွှင့်ထူထားသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိ နေရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အလံ ဥပဒေကို ကျွန်တော် မှတ်သား လေ့လာထားမိသလောက် တစ်ဆင့်ပြန်လည်ကာ ထုတ်နုတ်ရေးသား ဖော်ပြအပ်ပါ သည်။

ဆက်သွားချင်သေးတယ် ဆိုရင်