Pages

Sunday, January 27, 2013

ဒုံး လက်နက်များက စကားပြော လာမည်

မြန်မာ့တပ်မတော် (ရေ)၏ ရေယာဉ်များဖြည့်တင်းမှု၊တပ်ဆင်လာနိုင်မှုနှင့် စွမ်းရည်ထက်မြက်လြာ ခင်း စ သ ည့် အကြောင်းများကြောင့် မိမိတို့ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် လည်း ရေယာဉ် များ အပြိုင် အ ဆိုင် တပ်ဆင်လာကြသည်ကို လေ့လာသိရှိ ရပါသည်..။

ထို့အပြင် အခုတလောတွေ့ရသည့် ဘင်္ဂလားဆိုက်မှ လုပ်ယူထားသည့် ဗီဒီယိုဖိုင်ထဲတွင် တပ်မတော် (ရေ)အား နှိမ်ကာ တင်ပြထားသည်ကိုတွေ့ရပြီး သူတို့ရေတပ်၏ မရှိ သည့် ရေ ငုပ်သင်္ဘောများ၊ ဖရီးဂိတ် များအား ဖော်ပြကာနှိုင်းယှဉ်ခြင်းများပြုလုပ်ကာ မီဒီယာဘက်မှ ယှဉ်ပြို င် လာသည်ကိုတွေ့ရပါသည်....။

မြန်မာ့တပ်မတော် (ရေ)၏ ခေတ်မှီစစ်ရေယာဉ်ပိုင်ဆိုင်မှုသည် ဒေသတွင်းနိုင်ငံများအကြားတွင် အမြင့်ဆုံး အခြေ အနေရှိပါသည်....။ ၅စီးရီးစစ်ရေယာဉ်များ၊ ပြည်တွင်းထုတ် ဖရီးဂိတ်ကြီးများ၊ ကိုယ်ေ ပျာက်နည်းပညာသုံးရေယာဉ်ကြီးများအပါအဝင် ကမ်းထိုးယာဉ်များနှင့် ရှပ်ပြေးယာဉ်များအထိ မိမိတို့ေ ရ တပ်မှ တပ်ဆင်ထုတ်လုပ်နိုင်ချိန်တွင် ဘင်္ဂလားရေတပ်သည် တပ်မတော် (ရေ)အား ယှဉ်ပြိုင်နိုင်စေရန် ရည် ရွှယ်ကာ တရုပ်ရေတပ်မှ ဖရီးဂိတ် ပုံစံ-၀၅၃h၂ ၂စင်း နှင့် အခြားဖရီးဂိတ်များ၊ ရေယာဉ်သစ်များစွာကို ဝယ်ယူခဲ့ပြီးဖြစ်ပါသည်.....။

ဒုံးပျံ ၈ စင်းတပ်ဆင်ထားပြီးဖြစ်သည့် အောင်ဇေယျဖရီးဂိတ်စစ်ရေယာဉ်



ယနေ့ခေတ်၊ယနေ့အချိန်အခါတွင် ရေယာဉ်များသည် ဟိုးအရင်ခေတ်များကဲ့သို့ အမြောက်ချင်း၊ လှမ်းပစ်ေ ဖာက် ခွဲရသော ခေတ်မဟုတ်တော့ပေ....။ မိမိတို့၏ တပ်ဆင်ထားသော ဒုံးစနစ်များ ၊ရေဒါစ နစ် များနှင့် ခေတ်မှီ အာရုံခံစနစ်များ၊ရန်သူ့ဒုံးများအား လှည့်စားလမ်းလွှဲစေနိုင်သည့်စနစ်များအားဖြင့် အဓိက တိုက်ပွဲဝင်လာကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များတွင် ပဲ့ထိန်းဒုံး စနစ်များအား အဓိကအားဖြည့် ဖြည့်တင်းလာသည်ကိုလည်း တွေ့ရပါသည်....။

တပ်မတော်(ရေ)ရှိ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်များ

ဖရီးဂိတ် စစ်ရေယာဉ်များ

အောင်ဇေယျ (F11)........................... Kh-35E× ၈စင်း
မဟာဗန္ဓုလ (F21)............................. စီ-၈၀၂ × ၈စင်း
မဟာသီဟ သူရ (F23)....................... စီ-၈၀၂ × ၈စင်း

F21 Missile Frigate


 
F23 Missile Frigate


အပေါ့စားဖရီးဂိတ်/ကော်ဗတ် စစ်ရေယာဉ်များ

အနော်ရထာ......................... စီ-၈၀၂ × ၄စင်း
ဘုရင့်နောင်...........................စီ-၈၀၂ × ၄ စင်း

Anawratha Light Frigate (C-802×4)


Bayint Naung Light Frigate (C-802×4)

 
အမြန်တိုက်ခိုက်ရေးယာဉ်များ


ဟောင်ဇင်အမျိုးအစား (၁ဂျီ)......... စီ-၈၀၁အေ × ၄စင်း (ရေယာဉ် ၆ စင်းအတွက် ၄×၆=၂၄စင်း)
Type-037-IG Houxin Class FACM (C-801A×4)



၅စီးရီးရေယာဉ်............................စီ-၈၀၁အေ × ၂စင်း (ရေယာဉ် ၁၀ စင်းအတွက် ၂×၁၀=၂၀စင်း)
5 Series FACM (C-801×2)

 
ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ် (၄၉၁)..... စီ-၈၀၁အေ × ၄စင်း
Stealth FACM (C-801A×4)


အပေါ်ကစာရင်းတွေအရဆိုရင်တော့ တပ်မတော် (ရေ)ဆီမှာ ပဲ့ထိန်းဒုံး (၃)မျိုးနှင့် လက်ရှိတပ်ဆင်မှုအရ ဒုံး (၇၂)စင်းအပြင် အသင့်အနေအထားအဖြင့် တပ်ဆင်ထားသည့် ဒုံးများထက် ၂-၃ဆမျှ ပိုင်ဆိုင်ထား ပြီးဖြစ်ပါသည်....။ ထို့ပြင် မိမိတို့ရေတပ်၏ တရုပ်ဆီမှ ဝယ်ယူထားသည့် F21၊F23 စစ်ရေယာဉ်များရှိ ဒုံးစနစ်များ လည်း ရှိသေးရာ အဆိုပါဒုံးစနစ်များအားလည်း ၅စီးရီး ရေယာဉ်များပေါ်တွင် တပ်ဆင်ပေးနို င်မည်ဟု ယူဆရပါသည်....။ထို့ပြင် ကမ်းရိုးတန်း ကာကွယ်ရေးဒုံးစနစ်အသစ်များလည်း ပိုင်ဆိုင်ထား ပြီးဖြ စ် ပါသည်....။ တည်နေရာများ ဖော်ပြခွင့်မရှိပါ...။
တတိယမြောက် ၁၀၈မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီး တည်ဆောက်မှု မြင်ကွင်း
Third Missile Frigate


မိမိတို့ ရေတပ်၏ ရေချပြီး လက်နက်တပ်ဆင်မှုအပိုင်းပြုလုပ်နေဆဲဖြစ်သည့် ကျန်စစ်သား စစ်ရေ ယာဉ်ပေါ်တွင် တပ်ဆင်မည့် ဒုံးစနစ်များအား ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ...။ တည်ဆောက် ဆဲ တ တိ ယဖရီးဂိတ်ကြီးပေါ်တွင်လည်း ပဲ့ထိန်းဒုံး ၈စင်းတပ်ဆင်မည်ဖြစ်ရာ ရေတပ်၏ ဒုံးလက်နက် ပိုင် ဆိုင် မှု ကို မိမိတို့ဘာသာ စာဖတ်သူတို့ ခန့်မှန်းနိုင်မည်ဖြစ်ပါသည်....။

မြန်မာ့တပ်မတော် (ရေ)အနေဖြင့် ဘင်္ဂလားရေတပ်၏ ရေတပ်တိုးချဲ့မှုကို အမြဲလေ့လာစောင့် ကြည့်နေသကဲ့သို့ ယိုးဒယားရေတပ်၏ ရေတပ်တိုးချဲ့မှု ကိုလည်း စောင့်ကြည့်လျက်ရှိပါသည်...။ ယိုးဒယားေ ရတပ်သည်လည်း မကြာမှီ တရုပ်ရေတပ်ဆီမှ ပုံစံ-၀၅၄ ဖရီးဂိတ်ကြီးများ ပိုင်ဆိုင်ထားဖို့ ရှိပါေ သး သည်....။ သီးသန့်အတည်ပြုချက် မရရှိသေးပါ...။ မြန်မာ့တပ်မတော် (ရေ)အနေဖြင့် လည်း နောင်ဖြစ်လာနိုင်မည့် အရေးများအတွက် အစီအစဉ်များရှိပြီးဖြစ်ရာ ဖရီးဂိတ် ဂစင်း၊ကော်ဗတ် ၃စင်းနှင့် အမြန်တိုက်ခိုက်ရေးယာဉ်အသစ်များ ကမ်းထိုးယာဉ်၊ထောက်ပို့ရေးယာဉ်ကြီး များတည်ေ ဆာက်လျက် ရှိပါသည်....။ မိမိတို့ ရေတပ်အနေဖြင့် ပတ်ဝန်းကျင် ရေတပ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပါက ယခင်က အဖြစ်ပျက်များကဲ့သို့ပင် မိမိပိုင်နက်များအား ကျူးကျော်စော်ကားမှုများအား ဆက်လက် ခံနေ ရဦး မည်ဖြစ်ပေသည်....။

ပြောင်းလဲလာသော နိုင်ငံအရေးနှင့် အတူ ပြည်ပရင်းနှီးမြုပ်နှံမှုများ ပိုမိုများပြားလာမည်ဖြစ်ရာ ကမ်းလွန်ရေနံလုပ်ကွက်များကဲ့သို့သော ပင်လယ်ပြင်ပိုင်နက်များအား ကာကွယ်ရန်အတွက်လည်း ပိုမိုေ ခ တ် မှီ ထက်မြက်သည့် စွမ်းဆောင်ရည်မြင့်မားသော ဖရီးဂိတ်များ၊ရေယာဉ်ကြီးများ ပိုင်ဆိုင်ထားနိုင် ကာမှ မိမိ တို့ ရေပြင်ပိုင်နက်အတွက် ပြီးပြည့်စုံလာမည်ဖြစ်ပါသည်.....။... ပြီးပြည့်စုံသည့် ကာကွယ်ရေး စနစ် ပိုင် ဆိုင်နိုင်မှသာလျှင် မိမိတို့တိုင်းပြည်၏ ဝေဟင်၊ရေပြင်နှင့် မြေပြင်ပိုင်နက်များကို ကာကွယ်ေ ပးနိုင် မည်ဖြစ်ပါတော့သည်....။

(ဒီအပတ်အတွက်တော့ မိမိလေ့လာမိသလောက်လေးကို တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ....။ ဒီထက် ပိုပြ ည့် စုံတဲ့ သုံးသပ်ချက်များ၊စိတ်ဝင်စားဖွယ်ရာများနှင့် မြန်မာ့တပ်မတော်၏ စိတ်ဝင်စားဖွယ်၊ ဂုဏ်ယူဖွယ် ရာ များကို ဆက်လက်ဖော်ပြပေးပါဦးမည်ခင်ဗျာ....။ ကိုmm)
 
Myanmar Defence Weapons

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်