Pages

Tuesday, January 29, 2013

မနောဖြူလူလှ ဒီမိုကရေစီဘုရင်မ ၏ ပါတီ အကွဲအပြဲများ စုစည်းမှု



NLD ပါတီ သည် လက်ရှိအချိန်တွင်  အာဏာရှင် စနစ် ကျင့် သုံးနေ ခြင်း ၊ ဒီမိုကရေစီ ပါတီ အမည်ခံ ထားသော်လည်း ဒီမိုကရေစီ နည်းလမ်းမကျ သော ရွေးကောက် တင်မြောက်မှုများ ရှိနေ ခြင်း ၊ ပါတီ ခေါင်းဆောင် ၏ နည်းလမ်း မကျသော အပြောအဆိုနှင့် ထိန်းသိမ်း ကွပ်ကဲနိုင်မှု စွမ်းရည် ( အုပ်ချု့ပ်မှု စွမ်းရည် ) ညံ့ဖျင်း ခြင်း ၊ ဘာသာရေး ခုတုံးလုပ်အသုံးချနေခြင်း ၊အမှန်တကယ် နှစ်ရှည်လများ ပါတီ အတွက် ဆိုးတူ ကောင်းဘက် ကိုယ်ကျိုးစွန့်လုပ်ကိုင် လာသော သူများထက် အသက် အရွယ် ငယ်ရွယ် သူ  များ သာ ပိုမိုနေရာ ရရှိလာခြင်း ၊ ပြည်သူ့ အတွက် ဟု အကြိမ်ကြိမ် ပြောဆို နေသော်လည်း လက်တွေ့ တွင် မိမိ တိုင်းရင်းသား ပြည်သူများ ဘက်မှ အမှန် တကယ် ရပ်တည်မှု မရှိကြော င်း တွေ့ရှိသိ မြင်လာကြခြင်း ၊ ငြိမ်းချမ်းရေး စကား အမြဲပြောသော်လည်း လက်ေ တွ့ ငြိမ်း ချမ်းရေး ဆောင်ရွက်နိုင်မှု မရှိသေး ကြောင်း ပါတီ ၀င်များ မှ သိမြင်လာကြခြင်း တို့ကြောင့် ပါတီ တွင်း အကွဲ အပြဲများ ၊ ဆန္ဒ ထုတ်ဖော်မှုများ ၊ ဆိုင်းဘတ် ဖြုတ်ချပွဲများ ဖြစ်ပေါ် လျက်ရှိနေေ ကြာင်း တွေ့ ရှိရ သဖြင့် တွေးတော ဆင်ခြင်နိုင်ရန် အလို့ငှာ စုစည်း တင်ပြ လိုက်ရပါသည်  .....

 
ပုသိမ်က NLD ဆိုင်းဘုတ်ဖြုတ်ပွဲ

ပေါင်းတည်မြို့နယ် NLD ပါတီ  ဥက္ကဌ ပါတီတွင်း သူခိုးဓါးရိုးကမ်း လုပ်ရပ် အတွက် တကိုယ်တော် ဆန္ဒ ထုတ်ဖော် ဟောပြော မည်
ပေါင်းတည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ၊ ဦးအေးလွင်(အထက်တန်း ရှေ့နေ)၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်း နေသူက မြို့နယ်(NLD အဖွဲ့) ရွေးချယ်ရာ၌ ဗဟို ဦးစီးစနစ် ကျင့်သုံးမှုကို မကျေနပ်သဖြင့် ဆန္ဒပြခြင်းအား 3.2.2013 ရက်နေ့ နံနက် 9 နာရီမှ 10 နာရီအချိန်ထိ ပေါင်းတည်မြို့၊ ဈေး(၂)ရပ်ကွက်၊ ဘုရားကြီးလမ်းတွင် ဗဟိုဦးစီးစနစ် အကြောင်းနှင့် မဓမ္မ၀ါဒီ အကြောင်း တကိုယ်တော် ဟောပြော ဆန္ဒပြမယ်လို့ သိရပါတယ် .... ၄င်းအနေနဲ့

၁။ဗဟိုဦးစီးစနစ်အလိုမရှိ

၂။သူခိုးဓါးရိုးကမ်းလုပ်ရပ် ဒို့ရှုတ်ချ

၃။အဓမ္မ၀ါဒီတွေ မောင်းထုတ်ကြ

၎။ ပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီ စနစ်ဖော်ဆောင်ကြ

၅။အခြေခံကျသော ညီညွတ်မှု တည်ဆောက်ကြ

--------------------------------------

အချက်(၅)ချက်အား တကိုယ်တော်ကြွေးကြော်သံနဲ့ ဆန္ဒဖော်ထုတ်မှာ ဖြစ်တဲ့အတွက် .... လေ့လာေ စာင့် ကြည့်လိုသူများ အနေနဲ့ စောင့်ကြည်နိုင်အောင် ဖော်ပြပေးတာပါ  ....

http://golden-land-myanmar-mm.blogspot.com/2013/01/nld_28.html
 

မအူပင်က မြို့နယ်ကော်မရှင် ဦးသောင်းအေး အားကန့်ကွက်မှု
 
NLD ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား တာဝန်မှ ရပ်စဲနိုင်ရေး တံတားဦး မြို့ နယ် NLD ပါတီဝင်များ လူထု မျက်နှာ စုံညီ အစည်းအဝေး ကျင်းပ ပြုလုပ်

၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တံတားဦးမြို့ နယ်အမှတ် (၂ )ရပ်ကွ က်ေ ရ လည်ရပ်တာဘောင်လမ်းရှိ NLD ပါတီရုံးခန်း၌ တံတားဦး NLD ပါတီဝင်များ ဦးစီး၍ ပြည်သူ့  လွှ တ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာအားတာဝန်မှရပ်ဆဲနိုင်ရေး အတွက် လူထုမျက်နှာစုံညီအစည်း အေ ဝး တစ်ခုကျင်းပခဲ့ကြောင်း သိရှိရ သည်။

http://golden-land-myanmar-mm.blogspot.com/2013/01/nld-nld_28.html


အမှန်တကယ် နှစ်ရှည်လများ ပါတီ အတွက် ဆိုးတူ ကောင်းဘက် ကိုယ်ကျိုးစွန့်လုပ်ကိုင် လာသော သူများထက် အသက် အရွယ် ငယ်ရွယ်သူများ သာ ပိုမိုနေရာ ရရှိလာတယ်

မကွေးတိုင်း ဆောမြို့နယ် NLD လည်း ၂ ခြမ်းကွဲပြီး မြို့နယ်ရုံး ပိတ်ပြန်ပြီ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ NLDပါတီဟာ ပါတီညီလာခံအပြီးတွင် သဘောထား ကွဲလွဲ မှုများေ ကြာင့် မြို့နယ် NLD ပါတီရုံးအား ပိတ်လိုက်ကြပါတယ။် ရုံးမှပစ္စည်းများလည်း ဦးဝင်းသော် (ရပ်ကွက် ပါတီ ကော်မတီ ) အိမ်နှင့် အခြားအိမ်များသို့ သယ်ထားပြီး ရုံးမတက်ကြတော့ကြောင် သိရှိရပါတယ်။

http://golden-land-myanmar-mm.blogspot.com/2013/01/nld_407.html


 နှုတ်ထွက်သူများရဲ့အသံ

ရေကြည် NLD နှစ်ခြမ်းကွဲပြန်ပီ

ရေကြည် NLD ညီလာခံ ကော်မရှင်အား မကြေနပ်မှုများ ရှိနေ ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့သည် တိုင်းနှင့် မြို့နယ် ညီလာခံကျင်း ပရေး ကော် မရှင် ခေါင်းဆောင်များအား မကြေနပ်၍ ဇန်နဝါရီလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ တိုင်းညီလာခံ ကျင်းကော် မရှင် ဥက္ကဋ္ဌ ဒေါက်တာအေးကြူ၊ အတွင်းရေးမှူး ဒေါက်တာမျိုးညွန့် နှင့် မြို့ နယ် ညီလာခံ ကျင်း ပရေးကော် မရှင် ဥက္ကဋ္ဌ ဦးအောင်အောင်တို့အား ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆိုသည်။ “မတရား လုပ်နေ တာတွေကို အချိန်မီ ဗဟိုကို တိုင်ကြားမှုတွေရော၊ လူကိုယ်တိုင်ရော သွားပြောတယ်။ ဘာမှမ လုပ် ဘူး။

http://golden-land-myanmar-mm.blogspot.com/2013/01/nld_22.html

NLD ပါတီ ဗဟိုညီလာခံ၌ ပါတီဝင် အင်အားထောင်ချီပြီး ပါတီတွင်း ဒီမိုကရေစီ ပျက်သုန်း နေခြင်း အေ ပါ် ဆန္ဒပြမည်

မြန်မာပြည် အနှံ့ အသီးသီးတွင် NLD ပါတီမှ ပါတီညီလာခံကျင်းပရေးကော်မရှင် အဖွဲ့များဖွဲ့ စည်းေ ဆာင် ရွက် မှုများ ပြုလုပ်နေရာ၌ ဒီမိုကရေစီနည်းလမ်း မကျခြင်း၊ ငွေကြေး တတ်နိုင်သူများကို နေရာရလာစေရန် စီစဉ်ရွေးချယ်မှုများ ရှိနေခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ပျက်သုန်းခြင်းတို့ အပေါ်မူတည်၍ ပါတီတွင်း ဆန္ဒပြ ပွဲများ မကြာခဏ ဖြစ်ပွားလျှက် ရှိရာ ....

http://golden-land-myanmar-mm.blogspot.com/2013/01/nld_21.html

 

ပုသိမ် NLD ဆိုင်းဘတ်ဖြုတ်ချပွဲ
 
ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့၌် NLD မြို့နယ် ညီလာခံကို ပါတီဝင် NLD (၁၅ဝ) ဦးမှ ကန့်ကွက် ဆန္ဒပြကြ မည်
ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့၌် NLD မြို့နယ်ညီလာခံ ကျင်းပမည်ပြီး အဆိုပါညီလာခံကို ပါတီဝင် (၁၅ဝ)ဦးမှ ကန့်ကွတ်ဆန္ဒပြကြမည်ဖြစ်ကြော င်း ဆန္ဒပြပွဲကို ဦးဆောင် သူ ရေကြည်မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါ်ချိုတူးမာက ပြောကြားသည်။ "အဓိက ကတော့ တိုင်းကော်မရှင်ဥက္ကဌ ဦးအေးကြူ၊ အတွင်း ရေးမှူး ဦးမျိုးညွှန့် နဲ့ ရေကြည်မြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးစော အောင်တို့က ညီ လာခံကျင်းပတဲ့နေရာမှာ သူတို့တွေ နေရာ ရှိရေးအတွက် မသမာတဲ့နည်းတွေနဲ့ ဆရာမွေး တပည့်မွေးတွေ လုပ်ခဲ့ကြတယ်၊ မသိနားမလည်တဲ့ ကျေးရွာတွေကို သူတို့လုပ်ချင် သလိုတွေ လုပ်ခဲ့ကြလို့ မခံမရပ်နိုင်ဖြစ်ပြီး ခုလိုဆန္ဒပြရတာပါ"ဟု ၎င်းက ပြောကြားသည်။

http://golden-land-myanmar-mm.blogspot.com/2013/01/nld-nld.html


 

ဘာသာရေးခုတုံး လုပ် အသုံးချမှုတစ်ခု


ဒေါ်စုနှင့် သူ၏အနီးကပ်လုံခြုံရေး များထဲမှ တစ်ဦး 

မအူပင်မြို့ ၌ NLD ညီလာခံကျင်းပမည့်နေ့ တွင် ဆန္ဒပြရန်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ မြို့နယ်ညီလာ ခံကျင်း ပ ပါက ဆန္ဒပြကြမည်ဟု ပါတီဝင်အဖြစ်မှ ယာယီထုတ်ပယ်ခြင်းခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီလ ၊ ၈ ရက်နေ့ တွင် ပြောကြားသည် ။ " အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေ ကို ပြန် ဖွဲ့ပေး ဖို့ ၊ ထင်သာမြင်သာရှိတဲ့ မြို့နယ်ညီလာခံ ကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦး ကို ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။

http://golden-land-myanmar.blogspot.com/2013/01/nld_11.html


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်