Pages

Showing posts with label Good Health. Show all posts
Showing posts with label Good Health. Show all posts

Tuesday, September 17, 2013

အမြင် အားကောင်း စေမည့် အကျင့် ခုနှစ် ရပ်



အမြင် အာရုံကို ကောင်းမွန် အောင် ဂရုစိုက် ပေး တာက ဘဝ အရည်အသွေး ကို  တိုးတက် စေ ပါတယ်။ အောက်ပါ အကျင့် ကောင်း တွေ ကို ထိန်းသိမ်း နေထိုင် တာကြောင့် အမြင် အာရုံ ကို ကောင်းမွန် စေ ပါတယ်။

(၁) မျက်စိကို နေကာ မျက်မှန် ကာကွယ်ပါ

နေရောင် ခြည် ရဲ့ အန္တရာယ် ရှိတဲ့ ခရမ်းလွန် ရောင်ခြည် တွေ ဟာ မျက်စိ ကို ထိ ခိုက်မှု ဖြစ် စေပြီး အတွင်းတိမ် ရောဂါ နဲ့ မက်ကူလာ ယိုယွင်းမှု တို့ ဖြစ်နိုင် ခြေမြင့် တက် စေ ပါ တယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ် ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူတွေ အနေနဲ့ မျက်စိ ကို ခရမ်းလွန် ရောင် ခြည် နဲ့ မထိတွေ့ သင့် ပါဘူး။ ဒါ့ အပြင် နေကာ မျက်မှန် ဟာ ခရမ်းလွန် ရောင် ခြည် ဒဏ် ကြောင့် မျက်စိ အမြင် အာရုံ မထိခိုက် အောင် ကာကွယ် ပေး ပါတယ်။
 

မျက်ကြည်လွှာ တစ်ခု တည်း ဖြင့် လူနာ သုံးဦး ခန့် အစားထိုး ကုသ နိုင်ပြီ


မျက် ကြည်လွှာ တစ်ခုကို ယခင်က လူ တစ်ဦး ကိုသာ အစားထိုး ကုသ နိုင်ခဲ့ ရာမှ ယခုအခါတွင် ပြောင်း လဲ တိုးတက် လာသော နည်းပညာ များ ကြောင့် မျက်ကြည်လွှာ တစ် ခုကို လူ သုံးဦး ခန့်အား ကုသ လာ နိုင်ပြီ ဖြစ်ကြောင်း သိရ သည်။မျက်ကြည်လွှာ တွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်း သုံးပိုင်း ရှိသည့် အထဲ တွင် မကောင်း သည့် အပိုင်း ကိုသာ အစားထိုး ကုသ လာနိုင် ခြင်း ဖြစ်ကြောင်း မျက်စိ အထူး ကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာ တင်ဝင်း က ပြောသည်။

''ဆရာ တို့က တစ်ချိန် တုန်း က ဆိုရင် မျက်စိ ဘယ်နေရာ ပဲထိ ထိ မျက်ကြည်လွှာ တစ်ခုလုံး ကို ထုတ် လိုက်တယ်။ နောက် ဟိုဘက် က မျက်ကြည်လွှာ တစ်ခုလုံး ကို ယူပြီး တော့ ထည့် လိုက်တယ်။ အဲဒါကို KRP လို့ခေါ်တယ်။ ဒီ နောက်ပိုင်း မှာ နည်းပညာတွေ တိုးတက် လာတယ်။ စက်ပစ္စည်း တွေ ရောက်ရှိ လာတော့မှ မကောင်း တဲ့ အပိုင်း လေး ကိုပဲ အစားထိုး တော့ မျက်ကြည်လွှာ တစ်ခု တည်း နဲ့ လူနာ နှစ်ဦး သုံးဦး ကို ကုလာ နိုင် တာပါ''ဟု ပါမောက္ခ ဒေါက်တာ တင်ဝင်း က ပြေကြား သည်။

ဆက်သွားချင်သေးတယ် ဆိုရင်