Pages

Showing posts with label နိုင်ငံတော် သမ္မတ. Show all posts
Showing posts with label နိုင်ငံတော် သမ္မတ. Show all posts

Sunday, January 19, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေး တိုင်း ဒေသ ကြီး အတွင်းရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဇန်န၀ါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်း တွင် မကွေး တိုင်း ဒေသ ကြီး အတွင်း ရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး သည်။ ရှေးဦး စွာ နိုင်ငံတော် သမ္မတ သည် မကွေး စက်မှု နယ်မြေ ရှိ အမှတ် (၁၃) အကြီးစား စက်ရုံ (မကွေး) သို့ ရောက်ရှိ ရာ စက်ရုံ အစည်း အဝေး ခန်းမ ၌ စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် က စက်ရုံ တည်ဆောက် ခဲ့မှု၊ စက်ရုံ ၏ ထုတ်ကုန် ပစ္စည်း များနှင့် ထုတ်လုပ် နိုင်မှု အရေ အတွက်၊ ဈေးကွက် တင်ပို့ ရောင်းချ မှု အခြေ အနေ နှင့် ထုတ်ကုန် တန်ဖိုး လျှော့ချ နိုင်ရေး ဆိုင်ရာ များ ကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ဝေလွင် နှင့် ဦးစိုးသိန်း တို့က ဖြည့်စွက် ရှင်းလင်း တင်ပြ ကြသည်။

Saturday, January 18, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြားရေး နှင့် ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်း စည်း ရေး ကော်မတီ ဥက္ကဋ္ဌ H.E. Mr. AHN, Hong- Joon  ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ဇန်နဝါရီ (၁၇) ရက်နေ့ နံနက် (၉) နာရီခွဲ တွင် နိုင်ငံတော် သမ္မတ အိမ်တော် ရှိ သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ကိုရီးယား နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အတွေ့ အကြုံ များ မျှဝေ သွားရေး၊ ကိုရီးယား ကုမ္ပဏီ များ ပိုမို လာရောက် ရင်းနှီး မြှုပ်နှံမှု ပြုရေး၊ ပညာ ရေး၊ နည်းပညာ ဆိုင်ရာ အကူ အညီများ ပေးရေး၊ ကိုရီးယား နိုင်ငံမှ အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်း များ လာရောက် လုပ်ကိုင် ခွင့် ရရှိရေး နှင့် အလုပ် အကိုင် အခွင့်အလမ်း ဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း ၍ ဆွေးနွေး ခဲ့ကြ သည်။

Friday, January 17, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေးတိုင်း ဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်း အနားနှင့် မြေ လတ် သား အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမ အသင်း လီမိတက် ၏ နှမ်း အခွံချွတ် နှင့် နှမ်းလှော် ဆီမွှေး စက်ရုံ ဖွင့်ပွဲ အခမ်း အနား သို့ တက်ရောက် အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည်  ဇန်နဝါရီ၊ ၁၆ ရက်နေ့ နံနက်ပိုင်း တွင် မကွေး မြို့၌ ကျင်းပ သည့် မကွေး တိုင်း ဒေသ ကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်းအနား နှင့် မကွေး မြို့ မြေလတ် သား အထွေထွေ စီးပွား ရေး လုပ်ငန်း သမ ဝါယမ အသင်း လီမိတက် ၏ နှမ်းအခွံ ချွတ် နှင့် နှမ်းလှော် ဆီမွှေး စက်ရုံ ဖွင့်ပွဲ အခမ်း အနား သို့ တက်ရောက် အားပေး ချီးမြှင့် သည်။

Thursday, January 16, 2014

မြန်မာ နိုင်ငံနှင့် ကုလ သမဂ္ဂတို့ အကြား ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့် သွားရေး ဆွေးနွေး

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသား ချင်းစာနာ ထောက်ထား မှု ဆိုင်ရာ ဌာနေ ညှိနှိုင်း ရေးမှူး၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေ ကိုယ်စားလှယ် အသစ် ဖြစ်သူ မစ္စရီနာ တာလော့ဒက် ဆဲလီယန် နှင့် အဖွဲ့ အား ဇန်နဝါရီ (၁၄) ရက်နေ့ နံနက် ၁၀ နာရီ တွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်း မဆောင် ၌ လက်ခံ တွေ့ဆုံ သည်။

Wednesday, January 15, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အာဆီယံ အတွင်း ရေးမှူးချုပ် နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် အာဆီယံ အတွင်း ရေးမှူးချုပ် မစ္စတာ လီယောင်မင် နှင့် အဖွဲ့ အား ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၁၁) နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဌာနေ ညှိနှိုင်း ရေးမှူး၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေ ကိုယ်စားလှယ် အသစ် အား လက်ခံ တွေ့ဆုံ


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေ ကိုယ်စားလှယ် အသစ် ဖြစ်သူ မစ္စ ရီနာတာ လော့ဒက် ဆဲလီယန် နှင့် အဖွဲ့ အား ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၁ဝ) နာရီတွင်  နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင် ၌ လက်ခံ တွေ့ဆုံ သည်။

ဆက်သွားချင်သေးတယ် ဆိုရင်