Pages

Thursday, January 31, 2013

ဒေသခံများကို ကာကွယ်ရန် ဆောလော်တွင် ပြည်သူ့စစ်များအား လက်နက်များ ပေးအပ်


ပန်ဝါ၊ ဇန်န၀ါရီလ(၃၁)
   ပန်ဝါမြို့ ဆော့လော်ရွာတွင် ယမန်နေ့ ညနေ(၂)နာရီခွဲခန့်တွင် ကချင်လူမျိုးများကို ကာကွယ်နိုင်ရန် အတွက် ဒေသခံပြည်သူ့စစ်များအား လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။ KIA အဖွဲ့မှ ဒေသခံ များအား လူသစ်စုဆောင်းခြင်း၊ အခွန်ငွေများ မကြာခဏကောက်ခံခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို ကာကွယ်ပေး နိုင်ရန် ပြည်သူ့စစ်အဖွဲ့များအား လေ့ကျင့်ပေးကာ လက်နက်များ တပ်ဆင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

          ပြည်သူ့စစ်များသို့ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ကျည်ကာအင်္ကျီ များ၊ ဦးထုတ်များကိုပါ ပေးအပ် ခဲ့ပါသည်။ ပန်ဝါဒေသတွင် ကချင်မျိုးနွယ်စုများဖြစ်သည့် လချိတ်နှင့် ရ၀မ်များ အများစုနေထိုင်ပြီး အခြား တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ KIA မှ ဂျိမ်းဖောလူမျိုးဝါဒကို ကျင့်သုံးပြီး ကချင်တိုင်းရင်းသား အချင်းချင်း အခြားကချင်များကို နှိပ်စက်သူတွေကြောင့် ကာကွယ်ရန် လက်နက်များကို တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း ပန်ဝါဒေသခံများ ပြောဆိုချက်အရ သိရှိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်