Pages

Thursday, January 31, 2013

တနိုင်းဒေသမှ ကေအိုင်အေ နှင့် ABSDF တို့ ကြီးကြီးကျယ်ကျယ် ပြောသည့် ၃၀.၁.၂၀၁၃ တိုက်ပွဲ



သတင်းအစတွင်တော့ စခန်းများ ကျဆုံးသော်လည်း အောင်ပွဲတွေ ရသည်ဟု ကိုယ့်ကိုကိုယ် ချီးမွမ်းတတ် သည့် ကေအိုင်အေ တို့ ထုံးစံအတိုင်း တပ်မတော်က နောက် ဆုတ်ပေးခဲ့ရ သည် ဟု ဖော်ပြ ထား သည် ကို တွေ့ ရပြီး သတင်း အဆုံးမှာတော့ ၀ တပ်ဖွဲ့နှင့် တပ်မတော် တို့အကြား တိုက်ပွဲ များ ဖြစ် ပွားစေ ရန်၊ ကေအိုင်အေ တို့အား ၀ တပ်ဖွဲ့မှ ကူညီရန်အတွက်  သွေးထိုးလှုံ့ဆော်မှု ကို တွေ့ ရမှာ ဖြစ်ပါသည်။

ယမန် နေ့ ညနေ (၅) နာရီ အချိန်တွင် အစိုးရ ၏ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အော က်ခံ တပ်ဖွဲ့နှင့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆) တပ်ခွဲ အဖွဲ့နှင့် ဖါးကန့်မြို့နယ် ဂွေခါေ ကျး ရွာ အနီးတွင် မိနစ်(၃ဝ)ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ တပ်များ နောက် ဆုတ် ပေးခဲ့ရသည်ဟု KIA တပ် ရင်း (၆) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲ က ဆိုပါသည်။

“ အစိုးရတပ်က အမြဲတမ်း လိုက်တိုက်နေတာ့ ရှောင်လေ လာရှုပ်လေဖြစ်နေတဲ့ အတွက်ကြောင့် ကျနော် တို့ ဖက်က သီး မခံနိုင်တော့လို့ တပွဲခံ ချလိုက်တာပါ။ ဒီတော့ ဒီပွဲမှာ အထိနာ သွားပုံရပါ တယ်။ အဝေးဆုံး ကို နောက်ဆုတ်သွားလိုက်တာပါဘဲ။” ဟုဆိုပါသည်။

ဤတိုက်ပွဲသည် KIA တပ်ရင်း (၆) လက်အောက်ခံ ညောင်ထောက်စခန်းမှ တပ်ခွဲ (၅) တပ်ဖွဲ့နှင့် စစ်ကြော င်း (၃)ကြောင်း ဖြင့် အင်း (၄ဝဝ) ခန့်ရှိသော ကယားပြည်နယ် အခြေစိုက် အစိုးရ၏ အမှတ် (၇)စစ်ဆင်ရေး ကွပ်ကဲ မှုဌာနချုပ် (စကခ ၇) တပ်ဖွဲ့များ အနက်မှ အင်အား(၁ဝဝ) ခန့် ရှိသည့် စစ်ကြောင်းတို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။

KIA တပ်မဟာ (၂) တပ်ဖွဲ့သည် တနိုင်းလွင်ပြင်ကို အခြေစိုက်သော တပ်မဟာဖြစ်ပြီး အင်အား တေ ထာင်ေ ကျာ်ရှိ သည် ဟု အကဲခတ်များက ဆိုပါသည်။ ဤတပ်မဟာ နယ်မြေထဲသို့ အစိုးရ စကခ(၇) တပ်ဖွဲ့ များ အပါဝင် ကချင်ပြည်နယ်ဒေ သခံတပ်အင်အား (၂ဝဝဝ) ခန့်က ယခု လဆန်း ကတည်းက လိုက်လံပြီး စစ် ဆင်ေ နသည်ဟု KIA ဖက်မှဆိုပါသည်။

အလားတူ KIA တပ်မဟာ(၁) ဧရိယာဖက်သို့ ယနေ့ မနက် ၉ နာရီခန့်တွင် အစိုးရစစ်ကား အစီး ၅ဝ ခန့် သည် ရိက္ခာ များနှင့် ရဲဘော်များအပြည့်တင်ဆောင်ပြီး မြစ်ကြီးနားမြို့မှ မြစ်ဆုံဘက်သို့ တက်သွား ခဲ့သည် ဟု ဒေသခံများကဆိုပါ သည်။ ဤတပ်ဖွဲ့များသည် KIAတပ်မဟာ (၂) ကို စစ်ဆင် ရာတွင် စစ်ကူဖြည့် တင်းဖွယ်ရှိသည်ဟု KIA ဖက်မှတွက် ဆထားပါသည်။

ထို့အပြင် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာအနီးရှိ ခါယာတောင်၊ ဖွန်ပျဉ်ဘွမ်တောင်နှင့် ဘွမ်ရယ်တောင် ရှိ KIA တပ်မ ဟာ (၅) ဌာနချုပ်တို့ကို စစ်ဆင်ရန်ဒေါ့ဖုန်ယန်းမှ စစ်ကူ များ ပေး ပို့နေ သည်ဟု ၄င်းစစ် မျက်နှာ ဖက်ရှိ ABSDF တပ်ဖွဲ့ မှ ရှေ့တန်းစစ် ဆင်မှုကွပ်ကဲရေး တပ်မှူး တစ်ဦးက ဆိုပါသည်။

အစိုးရသည် KIA အားတပ်ရင်းပေါင်း(၁ဝဝ)နှင့် (၁၃ဝ)ကြားရှိသည့် အင်းအား (တသောင်းခွဲခန့်) သုံးပြီးစစ် ဆင်နေ သည် ဟု KIA ကဆိုပါသည်။ ဤအထဲ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဖွဲ့များ၊ အရှေ့မြောက် တိုင်း၊ အနောက်မြောက်တိုင်း အပြင် တပ်မ ၁ဝ၁ ၊ တပ်မ ၉၉၊ တပ်မ ၈၈ ၊ တပ်မ ၆၆ ၊ တပ်မ ၃၃၊ စကခ ၂ ၊ စကခ ၃ ၊ စကခ(၇) နှင့် စကခ ၂၁ စသည့် တပ်များပါဝင်ပြီး အထူးတပ် များ လည်း အများအပြား ပါဝင်ခဲ့ သည်ဟု နယ်စပ်စစ်ရေး အကဲခတ် တစ်ဦးက ဆိုပါ သည်။

ထို့အပြင် မြေပြင်ပစ် အမြောက်တပ်ရင်းများအပါဝင် ရေတပ်ဖွဲ့ ဌာနချုပ်၊ အခြားတိုင်းတပ်များနှင့် စကခဌာ န ချုပ် များမှ လည်း စစ်ကူများ ထပ်မံ ပေးပို့လျက်ရှိသည်ဟု KIA ဖက်က ဆိုပါသည်။

KIAသည် အစိုးရနှင့်ဆွေးနွေးနိုင်ရန် ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ၏ ကြားဝင် ကမ ကထ လုပ်ပေး မှုကို လက်ခံခဲ့သည်ဟု သတင်းများက ဆိုပါသည်။ (UWSA)၌ လေယာဉ်ပစ်ဒုံးများ၊ သံချပ်ကာ ကားများ ရှိနေသဖြင့် KIA နှင့် နီးစပ်သွားမည်ကို အစိုးရဖက်မှ စိုးရိမ်ဖွယ်ရှိနေပါသည်။ ဤလုပ်ရပ် သည် လည်း အစိုးရအား စစ်ရေး အရ ခြိမ်းခြောက်ရာ မြောက်သည်ဟု ယူဆကြပါသည်။

ဤကဲ့သို့ စစ်ရေးဒဏ်ခံခဲ့ရသော KIA နှင့် (UWSA) တို့ နီးစပ်မှုကို အစိုးရမှလိုလားဖွယ်မရှိနိုင်ပေ။ သို့ေ သာ် လည်း နီး စပ်မှုဖြစ်လာရန် အခြေအနေက ဖြစ်လာနေပါသည်။ (UWSA)သည် ပါတီ ဖွဲ့ပြီး ရွေးကောက် ပွဲဖြင့် လွှတ်တော်ဝင် ရေး နှင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဆို သည့် ဖိအားကို နဂိုက တည်း က ခံထားရသည့် အဖွဲ့ဖြစ်ပါသည်။

ဤသို့ကြောင့် (UWSA)သည် ၄င်းတို့၏ ပန်းဆန်းဌာနချုပ်၌ နှစ်ဖက်ဆွေးနွေးကြရန် ပန်းကြားခြင်း ဖြင့် KIA နှင့် အစိုးရ တို့၏ စစ်ရေးကိစ္စ၌ ပါဝင်လာခြင်းဖြစ်ဖွယ်ရှိနေကြောင်း အကဲခတ်များက ဆို ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်