ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မတ်(၆)ရက် နံနက်ပိုင်းတွင်
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှလေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာဒေသ
စံတော်ချိန် နံနက် (၉) နာရီခွဲတွင် အီတလီနိုင်ငံရောမမြို့သို့ရောက်ရှိသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ရောမမြို့ရှိ
သမ္မတနန်းတော် (Quieinale Palace) သို့သွားရောက်၍ အီတလီနိုင်ငံသမ္မတ H.E.Mr.
Giorgeo Napolitano အားတွေ့ဆုံ နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား အီတလီနိုင်ငံသမ္မတက အလုပ်သဘောနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ထိုသို့တည်ခင်းဧည့်ခံစဉ် နှစ်နိုင်ငံသမ္မတတို့သည်
မြန်မာနိုင်ငံ၌ဖော်ဆောင်နေသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု
လုပ်ငန်းများဆောင်ရွက်နေမှု၊ လူ့အခွင့်အရေး မြှင့်တင်ရန် ဆောင်ရွက်နေမှု၊
ငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍများတွင်
ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အသေးစားငွေကြေး
လုပ်ငန်းများတွင် အကူအညီ ရရှိရေး၊ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေး
ကိစ္စရပ်များကိုဆွေးနွေးကြသည်။