Pages

Sunday, January 27, 2013

ဒေါ်စု လုပ်နေတာနဲ့ မြန်မာ နှင့် ဗမာ အခေါ်အဝေါ် အရေး လွှတ်တော်မှာ အဖြေရှာ သင့်နေပြီလား

၁၉၄၇ဖွဲ့စည်းပုံမှာ ကစပြီး မြန်မာနိုင်ငံလို့ သတ်မှတ် ခဲ့ပါတယ်။ ဆူးလေ ဘုရားနားက လွတ်လပ်ရေးေ ကျာက်တိုင် ကမ္ပည်းမှာ သွားကြည့်လို့ ရပါတယ်။(ဗမာ နိုင်ငံတော်) ဆိုတဲ့ အသုံးက ဂျပန်ခေတ်မှာ ဗိုလ်ချုပ် တို့ ကိုယ်တိုင် သုံးခဲ့တယ်လို့ မှတ်မိ နေပါတယ်။ ဒါပေမယ့် လွတ်လပ်ရေး ရကထဲက မြန်မာနိုင်ငံလို့ပဲ သတ်မှတ်ခဲ့ ပါတယ်။၁၉၇၄ ဥပဒေရော ၂၀၀၈ ဥပဒေ မှာပါ (မြန်မာ နိုင်ငံ)လို့ပဲ သတ်မှတ် ခဲ့ပါတယ်။
နဝတ လက်ထက်မှာ သတ်မှတ်ခဲ့တာက (မြန်မာ) ကို အင်္ဂလိပ်လို အသံလှယ်တဲ့အခါ Burma အစား Myanmar ဆိုတာပါပဲ။ ဒီတော့  (နိုင်ငံ) အမည်ကို (မြန်မာ)- (လူမျိုး) အ မည်ကို (ဗမာ) ဆိုတာဟာ မှားေ န တယ်ဆိုရင် လွှတ်တော်မှာ (နောင်အရှည်ကို မျှော်ကိုးပြီး) အဆိုတင်သွင်းလို့ စာပေပညာရှင်များ သမိုင်း ပညာရှင်များနဲ့ ဆွေးနွေးညှိနှိုင်း သတ်မှတ်သင့်ပါတယ်။ ဒါက (မြန်မာ )/ (ဗမာ) ပြဿနာ ပါ။ နော က် ထပ်ပြီး (Burma/Myanmar) ပြဿနာ ရှိပါသေးတယ်။

Burma ဆိုတာဟာ အင်္ဂလိပ်တွေက သူ့ရဲ့ ကိုလိုနီနိုင်ငံကို မှည့်ခေါ်ဖို့ သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် (မြန် မာနိုင်ငံ) နဲ့ (ဗမာ နိုင်ငံ) ဘာကိုပဲ သတ်မှတ် သတ်မှတ် အသံလှယ်တဲ့နေရာမှာ (ဗမာ) ကို Bamar မဟုတ် ပဲ Burma လို့ ဆုံးဖြတ်ရင်တော့ အကြီး အကျယ် ငြင်းခုံကြ ရမယ်ထင်ပါတယ်။

နောက်ဆက်တွဲ အနေနဲ့ အင်္ဂလိပ်တွေ မှည့်ခေါ်ခဲ့တဲ့ အောက်ပါ အမည်များ (စဉ်းစားရသမျှ) ကိုပါ ထည့် သွင်း စဉ်းစားရ ပါလိမ့် မည်။

- ပြည်မြို့ Prome
- ရန်ကုန် Rangoon
- စစ်တွေ Akyab
- သံတွဲ Sandoway
- ရခိုင် Arakan
- ထားဝယ် Tavoy
- မြိတ်မြို့ Merque
- အင်းဝ Ava
- သံလွင် Salween
- မော်လမြိုင် Mawlamein
- ဟင်္သာတ Henzada
အများအပြားကျန်ရှိပါဦးမည်။ မသုံးရတာကြာလို့ စာလုံးပေါင်းများလည်း မှားနိုင်ပါသည်။ ဝိုင်းဝန်းစဉ်းစား အဖြေရှာ ကြစေလို ပါသည်။

U Myint Aung
ဗွီဒီယို ကြည့်ချင်တယ်ဆိုရင် ဒီမှာ ကြည့်ပါ ..... 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်