Pages

Sunday, January 27, 2013

ကေအိုင်အေ တပ်ဖွဲ့ဝင်များ နေထိုင်သည့် ၀န်းကျင်တွင် ရွာသားများ သွား လာခြင်း မပြုရန် အမိန့်ထုတ်



KIAတပ်ဖွဲ့ဝင်များနေထိုင်သည့်ဝန်းကျင်တွင် ရွာသားများသွားလာခြင်းမပြုရန် အမိန့်ထုတ် KIA တပ်ဖွဲ့ ၀င်များ အနေနဲ့ အစိုးရတပ်တွေရဲ့တိုက်ခိုက်မှုတွေ ကြောင့် ကျေးရွာတွေမှာရွာသားတွေလို သွားရောက်နေ ထိုင်နေကြရပါတယ်။ ရွာသားတွေလို ပုံစံမျိုးရုပ်ဖျက် နေထိုင်ကြပေမယ့် သူတို့တွေမှာ ကိုယ်ပိုင် လက် နက်တွေ ရှိနေတာကြောင့် ရွာသားတွေအပေါ်မှာ နိုင့်ထက်စီးနင်းဆက်ဆံနေကြပါတယ်။

ရှင်ဗွေယန်-တနိုင်း ကားလမ်းကြောင်း တစ်လျှောက်မှာရှိနေတဲ့ ရွာသားတွေကို ရွာကနေ ဘယ်မှမသွားဖို့ အမိန့်ပေး ထားပါတယ်။ သွားမယ်လာမယ်ဆိုရင် သူတို့ကို အကြောင်းကြားပြီးမှ သွားလာရမယ် လို့ဆိုပါ တယ်။ ပြောထားတဲ့အတိုင်း ရွာသားတွေဘက်က မလိုက်နာရင်တော့ ဘာမှမမေးတော့ဘဲ သေနတ်နဲ့ ပစ် သတ်မ ယ်လို့ ပြောဆိုကြေငြာ ထားပါတယ်။

 ရွာသားတွေအနေနဲ့သူတို့ရဲ့ ကျေးရွာတွေနဲ့အနီးအနားပတ်ဝန်းကျင်မှာ KIA တပ်ဖွဲ့တွေ လာရောက်နေ ထိုင်တဲ့အတွက် အခါတိုင်းလုပ်နေကျ အလုပ်တွေဖြစ်တဲ့ အမဲလိုက်ခြင်း၊ ငါးရှာခြင်း၊ ထင်းရှာခြင်းတွေကို ဘာမှလုပ် လို့ မရဘူးဖြစ်နေပါတယ်။ ရွာသားတွေမှာ အသက်မွေးဝမ်းကျောင်း အလုပ်တွေမလု ပ်နိုင် တဲ့အပြင် KIA တပ်ဖွဲ့ဝင် တွေ ရှိနေတာကြောင့် အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်လာမှာ ကိုလည်း စိုးရိမ် ပူပန်နေကြပါတယ်။

 ဒီခြားထဲမှာ KIA အဖွဲ့ကနေပြီးအစိုးရသတင်းပေးလို့မသင်္ကာတဲ့ရွာသားအချို့ကို ဖမ်းဆီးပြီး စစ်ဆေး   မေးမြန်းနေပါ တယ်။ အစိုးရတပ် ထဲမှာ ဆွေမျိုးတွေ ရှိနေရင်လည်း အဲဒီရှိနေတဲ့ မိသားစုတွေ ကို ခေါ်ယူ စစ်ဆေးနေ ပါတယ်။ ရွာသားတွေအတွက်တော့ KIAဟာ ရွာသားတွေကိုဒုက္ခပေးတဲ့ ဒုက္ခသည် တွေဖြစ်နေ ပါတယ်။ အစိုးရ တပ်တွေကို နိုင်အောင်မတိုက်နိုင်ဘဲ အရှုံးနဲ့ရင်ဆိုင်နေရလို့ သူတို့နိုင်တဲ့ ရွာသားတွေ အပေါ် မှာပဲ အနိုင်ကျင့် နေတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမယူချင်တဲ့ KIA ခေါင်းဆောင်ပိုင်းတွေကြောင့် KIA တပ်သားတွေလဲ စစ်မ တိုက်ချင်ဘဲ တိုက်နေရတာဖြစ်ပါတယ်။ ရွာသားတွေအနေနဲ့KIAအပေါ်မှာကျေနပ်မှု မရှိပေမယ့် သူတို့ရဲ့ သေနတ် ကို   ကြောက်ပြီး KIA ကခိုင်းတဲ့အတိုင်းလုပ်ဆောင်နေရတာဖြစ်တယ်လို့ သတင်းရ ရှိပါတယ်။

From:Phay Sit Gyi
 
www.mmdailystar.blogspot.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်