Pages

Friday, March 1, 2013

ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်

ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နားလည်မှုရယူသွားရန် လုပ်ငန်းကော်မတီ တရပ် ဖွဲ့စည်းသွားမည် ဟု ဖားအံခရိုင်၊ လေးဝါးနေရာ၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအ ဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU က ချမှတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်မြောက်ညီလာခံအပြီး ပြုလုပ်သော ၎င်းပထမအကြိမ် ဗဟိုအမြဲတမ်း ကော်မတီအစည်း အဝေး၌ ရှေ့ဆက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များထဲတွင် ကရင်တမျိုးသား လုံးစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရေးအတွက် ရည်ရွယ်၍ ထိုသို့ ကော်မတီတရပ် ဖွဲ့သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ကေအိုင်စီသို့ ပြောသည်။
 

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ၏ သဘောထား ကြေညာ ချက် ( ၁/၂၀၁၃ )


နန်းခင်ဇေယျာ အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၏ သံတမန် ခန့်လိုက်ပြီ

 Photo: "နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ"

ရန်ကုန်၊ မတ် ၁

ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။ 

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ်တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင်မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။ 

အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

(Photo - Nang Khin Zay Yar facebook မှ)
 
ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင် ပါဝင်ပေးခြင်း များကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ေ ကြာင်း ဘော လုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူကပြောသည်။
 

KIA တပ်ဖွဲ့မှ စစ်သည်များ စစ်မြေပြင်မှ ထွက်ပြေးမှုများပြား


ငြိမ်းချမ်းရေး ဆွေးနွေးတာ အဆင်မပြေရင် အစိုးရတပ်တွေကို တန်ပြန်ခုခံတိုက်ခိုက်မယ်ဆိုတဲ့ သတင်း ကြောင့် KIA စစ်သည်တွေဟာ မကြာခဏဆိုသလို ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးသမှုများ ရှိနေကြောင်း KIA  တပ်မှ ထွက်ပြေးလာသူတစ်ဦးက ပြောပြပါတယ်။ 

တကယ်တော့ ကျနော်တို့က KIA တပ်ထဲကို ၀င်ချင်လို့ ၀င်ခဲ့ တာမဟုတ်ဘူး။ သူတို့က အဓမ္မလာခေါ်တယ်၊ အေးအေးဆေးဆေးခေါ်တာ မလိုက်ရင် သတ်ပစ်မယ်လို့လဲ ပြောမယ်။ မင်းတို့က ကချင်လူမျိုးဖြစ်လို့ KIA ထဲ ၀င်ကို ၀င်ရမယ်။ ကချင်လူမျိုးမဟုတ်လဲ ကချင်ပြည်နယ်မှာ နေရင် KIA တပ်ထဲကို ၀င်ရမယ်။ အစိုးရ တပ်ကို တိုက်ရမယ်ဆိုပြီး ပြောတယ်။ စစ်ပညာလဲ ကောင်းကောင်း မသင်ရဘူး။ တောထဲကို ပို့ပြီး အစိုးရ တပ်ကို တိုက်ခိုင်းတော့လဲ စားစရာက လုံလုံလောက်လောက် မပေးဘူး။ စခန်းကနေ ထွက်ပြေးရင်လဲ သတ်ပစ်မယ်လို့ ပြောတယ်။
 

မူးယစ်ရာဇာ စိုင်းနော်ခမ်း နှင့် အပေါင်းပါ ၃ ဦးအား မတ်လ ၁ ရက်နေ့တွင် ကွပ်မျက်မည်ဟုဆို

၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် မဲခေါင် မြစ်ကြောင်း၌ မူးယစ်ဆေးဝါး များ တင်ဆောင် လာသည့် တရုတ် သင်္ဘော ၂ စီးပေါ်တွင် ပါရှိသော တရုတ် သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် မူးယစ်ရာဇာ စိုင်းနော်ခမ်း နှင့် အပေါင်းအပါ ၃ ဦးအား မတ်လ ၁ ရက် ( ယနေ့ ) တွင် ဆေးထိုး၍ ကွပ်မျက် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ်ရှိ ကူမင်း ပြည်သူ့ တရားရုံး က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြား ခဲ့သည်ဟု သိရသည်။
 

ဥပဒေအထက်သို့ ရောက်နေကြသော ဟံသာဝတီ ကားပွဲစားများ



နိုင်ငံတော်အလံ ဥပဒေ အခန်း() ပုဒ်မ။ ၁၃ ()တွင် နိုင်ငံတော်အလံကို ပြဌာန်းခွင့်ပြုထားခြင်း မရှိသည့်ေ နရာ၊ ဒေသ နှင့် ကိစ္စများတွင် အသုံးပြုခြင်း ကို မပြုလုပ်ရဟု ဖော်ပြထားသည်။ ပုဒ်မ(၁၆)တွင် မူ  ပုဒ်မ ၁၄ ကို ဖောက်ဖျက်လျှင် ၃ နှစ်ထက်ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ သို့ပါဆိုလျှင် ဥပဒေသည် စာရွက်ထဲမှာပင် ရှိနေသလား။ သို့မဟုတ် ပွဲစားများက ဥပဒေအထက်တွင် ရှိနေ သလား။

မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)

 မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)

မကြာမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်တက်လှမ်း နိုင်တော့မည် ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများ အဟန့်အတား အနှောင့် အယှက် မဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်၊ ပြောင်း လဲ မှုများနှင့် လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲ၊  ပြည်သူ တစ်ဦးချင်း စီက စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ် စာနာ ထောက်ထားမှု များနှင့် ပူးပေါင်း လုပ်ဆောင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)

မြောက်ကိုရီးယား နျူကလီးယား လက်နက်များ အမေရိကန် နိုင်ငံအထိ ရောက်အောင် ပစ်ခတ်နိုင်

ပြုံယမ်း၏ နျူကလီးယား လက်နက်များသည် အမေရိကန်နိုင်ငံ ဗဟိုချက်အထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်း ရှိကြောင်း မြောက်ကိုရီးယားက ပြောကြားသည်။ ၀ါရှင်တန်အနေဖြင့် ကျူးကျော် ရန်စလာလျှင် နျူကလီးယား ဒုံးလက်နက်များ အမေရိကန်နိုင်ငံအရောက် ပစ်ခတ်နိုင်ကြောင်း ကိုရီးယား ငြိမ်းချမ်းရေး ကော်မတီဝင်တစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားဝင် ၀က်ဘ်ဆိုက်၌ လွှင့်တင်ထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် လောလောဆယ် ဒုံးပျံနည်းပညာ ရရှိထား ပြီး နျူ က လီးယားလည်း ပိုင်ဆိုင်ထားကြောင်း၊ တတိယအကြိမ်မြောက် မြေအောက်နျူ ကလီး ယားေ အာင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းနျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် အမေရိ ကန်၊ တောင် ကိုရီးယား၊ ရုရှားနှင့် ဂျပန်တို့အပါအ၀င် နိုင်ငံအများစုက စိုးရိမ်ပူပန်ခဲ့ကြသည်။

ပရက်စ်တီဗွီ

ဒီမိုကရေစီ အစိုးရ ကို ကူးပြောင်းရာမှာ ခက်ခဲမှုများ ရှိနေကြောင်း သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ပြောကြား


မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရကို ကူးပြောင်းတဲ့အခါ ခက်ခဲနေတာတွေ ရှိတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နော်ဝေနိုင်ငံက မြန်မာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။ “ပွင့်လင်းလာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်ရမလဲ၊ ဘာအားနည်းချက် ရှိလဲဆိုတာ နားလည်လာတယ်၊ နားလည်လာတဲ့အခါ ဒီအလုပ်က တော်တော်ခက်ခဲတယ် ဆိုတာ သိလာရတယ်၊ ကျွန်တော်တို့ လုပ်နေတဲ့အလုပ် စစ်အစိုးရကနေ ဒီမိုကရေစီအစိုးရ သွားတာဆိုတော့ အမေရိကမှာ သမ္မတပြောင်းတာ လွယ်တယ်၊ အင်စတီကျူ့၊ အခြေခံအဆောက်အအုံတို့၊ လူတွေရဲ့ စိတ်နေသဘောထား (mindset) တွေက ရှိထားပြီးသား။ သမ္မတပဲပြောင်းတာ၊ ခေါင်းဆောင် ပဲပြောင်းတာ၊ နော်ဝေမှာလဲ ဒီလိုပဲ၊ အစိုးရပြောင်းလဲလဲ သူတို့က ဒီအတိုင်းပဲ သွားနေတယ်၊ ကျွန်တော်တို့က စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရကို သွား တာဆိုတော့ လုပ်ပုံကိုင်ပုံတွေက တခြားစီပဲ” လို့ နော်ဝေနိုင်ငံရောက် မြန်မာမိသားစုေ တွ နဲ့ တွေ့ ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။
 

ထိုင်းအစိုးရနှင့် သူပုန်များ ငြိမ်းချမ်းရေး သဘောတူညီ

ထိုင်းအစိုးရသည် နိုင်ငံတောင်ပိုင်းတွင် ဆယ်စုနှစ်ကြာမျှ တိုက်ခိုက်မှုကို အဆုံးသတ်ရန် ရည်ရွယ်ပြီး သူပုန်များနှင့် ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၂၇ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်း မူဆလင် အများစု နေထိုင်ရာဒေသတွင် ၂၀၀၄ ခုနှစ် ကတည်းကစပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည်။ 
 

ရခိုင် ပြည်နယ် အတွင်း တိုင်းတစ်ပါး လူဦးရေ ထိန်းချုပ်နိုင်ရေး ဒေသန္တရ အမိန့် ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း တိုင်းတစ်ပါးသား လူဦးရေ ထိန်းချုပ်ရေး  ဆောင်ရွက်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန် ဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်ကပင် တင်ပြထားရှိပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှုး ချုပ် ကျော်ဇံမြင့်က ပြောကြားခဲ့သည်။

သမ္မတရုံး ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှု ရပ်တန့်အောင် အမြန်ဖြေရှင်းသင့်

သမ္မတရုံးဝက်ဘ်ဆိုက်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမြင့်ဆုံးဝက်ဘ်ဆိုက်လို့ ပြောလို့ရတဲ့အတွက် လက်ရှိ ဟက်ကာတွေရဲ့ ဒီဒီအိုအက်စ် (DDOS) နည်းနဲ့ တိုက်ခိုက်ခံရမှုတွေ ရပ်တန့်သွားအောင် အမြန်ဆုံး ဖြေရှင်းသင့်တယ်လို့ သိရတယ်။ Fairway web development မှ ပရောဂျက်မန်နေဂျာ ကိုအိမောင်က “ဒီမှာ ခံနေရတဲ့ တိုက်ခိုက်မှုတွေက ဘာမှခက်ခဲတဲ့ တိုက်ခိုက်မှု မဟုတ်ပါဘူး။ အပလီကေးရှင်း Layer လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်ဆိုတဲ့ layer တစ်ခုကို ဦးတည် တိုက်ခိုက်ခံနေရတာပါ။ 
 

ဆက်သွားချင်သေးတယ် ဆိုရင်