ကျွန်မ ငါးနှစ်သမီး အရွယ်မှာ ၈၈
လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကတည်းက ဒီမိုကရေစီနှင့် ဒို့အရေး
ဆိုတာတွေက မကြားချင်အဆုံး ကြားနေရတာတွေပါ။ ဒါပေမဲ့လည်း ဘာမှ မသိ
နားမလည်ခဲ့ပါဘူး။ အဲဒီကတည်းက ကြားလိုက်ရတဲ့ ဒီမိုကရေစီဟာ တက္ကသိုလ်ကျောင်းသူ
ဘဝမှာ ကျွက်ကျွက်ညံလာပါတယ်။ ဒီမိုကရေစီအတွက် လမ်းမပေါ်ထွက်ပြီး
ဆန္ဒပြစေချင်ကြတယ်။ ၈၈ လို လူထုအုံကြွမှုကြီး ပြန်ဆင်နွှဲ လိုကြ တယ်။ ဒီလို
သိမ်းသွင်းသူတွေရဲ့ အာဘော်မမိအောင် ကျွန်မ သူငယ်ချင်းတွေကို
တားဆီးပေးနိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့ လူအများ ယုံကြည်သလို
ဒီမိုကရေစီသမားတွေရဲ့ အာဘော်ကို မယုံကြည် နိုင်ရတာလဲ ... ဆိုရင် အဖြေက
သုံးချက်လောက် ရှိပါတယ်။
ကျွန်မ တွေ့ဖူးသမျှ လူနည်းစု
(မတွေ့ဖူးသေးသူများကို မဆိုလိုပါ) ဒီမိုကရေစီအကြောင်း ပြောသူတွေက
အားကိုးလောက်စရာ အကျင့်စာရိတ္တ၊ ကိုယ်ရည်ကိုယ်သွေးနှင့် ယုံကြည်ချက်
ပြင်းထန်သူတွေ မဟုတ် တာကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ကြည့်ရတာ ကိုယ်တိုင်
ဒီမိုကရေစီ လုပ်နေကြတာနဲ့ မတူဘဲ ဒီမိုကရေ စီ လို့ အော်ပေးမယ့်လူတွေ
လိုက်စုနေသလိုလို၊ လူမိုက်ငှားဖို့ လိုက်ရှာနေကြသလိုလို...။
ဒုတိယအချက်ကတော့ ဒီမိုကရေစီဆိုတာ
ဘာလဲ ။ ဘယ်လိုတွေ လုပ်ပေး၊ ပြောင်းလဲပေးမှာလဲ။ ကျွန်မတို့ တိုင်းပြည် အတွက်
ဘာတွေ လုပ်ပေးမှာလဲ၊ ဘယ်လိုပုံစံနဲ့ ရအောင် ယူကြမလဲလို့ မေးလိုက်တိုင်း
မဖြေနို င်ကြ သလို မေးတာကိုပဲ မကြိုက်ကြတော့တာပါပဲ။ ဒီ့ထက်ဆိုးတာက
အစိုးရလူလို့ စွပ်စွဲတာတွေပါ။ ဒီလိုေ တွ မေးတယ် ဆိုတာကလည်း သူတို့ကို
ပညာစမ်းချင်လို့ မေးခဲ့တာ မဟုတ်ပါဘူး၊ တကယ်ကို မသိလို့ မေးခဲ့တာ ပါ။
စဉ်းစားကြည့်လေ၊ အဲဒီကာလမှာ ဒီမိုကရေစီ အကြောင်းကို ဘယ်သွားလေ့လာ ဖတ်ရှုရ
မှာလဲ ဆိုတာကိုပေါ့။
နောက်ထပ် တတိယအချက်ကတော့ ဖေဖေ့ရဲ့
လွှမ်းမိုးမှုပါပဲ။ "အာဏာရှင်စနစ်တစ်ရပ် ကျင့်သုံးရာကနေ ကိုယ်လို လားတဲ့
အုပ်ချုပ်မှုပုံစံ တစ်ခုကို ကူးပြောင်းရာမှာ လိုချင်တာတွေကို
လွယ်လွယ်ပြောပြီး လွယ် လွယ်ေ တာင်း လို့ မရဘူးသမီး။ သိပ်ကို
ငြင်သာသိမ်မွေ့တဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်ဟာ
ဘယ်လောက် သဘောထားကြီးလဲ၊ ဉာဏ်အမြော်အမြင်ကြီးလဲ၊ လုပ်တတ်ကိုင်တတ်
ဘယ်လောက်ရှိလဲ၊ ပါးရေနပ်ရေ ဘယ်လောက်ရှိလဲ၊ ကြံရည်ဖန်ရည်နဲ့ သတ္တိ
ဘယ်လောက်ကောင်းလဲ၊ အခြေအနေ တစ်ရပ်မှာ မထင်မှတ်ဘဲ ပေါ်ပေါက်လာမယ့်
အခွင့်အရေးကို ဘယ်လို လျင်လျင်မြန်မြန် အသုံး ချ သွားနိုင်သလဲ စတာတွေနဲ့
သုံးသပ်ပြီး စောင့်ကြည့်ရလိမ့်မယ်။ သူတို့ကို ဘယ်လိုနှိပ်ကွပ်လို့၊ ဘယ်
လိုနှိမ်လို့၊ ဘာလုပ်ပိုင်ခွင့်တွေ မပေးလို့၊ ဘယ်လို ရက်ရက်စက်စက်
နှိပ်ကွပ်လို့ဆိုတဲ့ စကားတွေကို နားမယောင်ပါနဲ့။ လူတိုင်းဟာ
အဖြစ်အပျက်ချင်းသာ ခြားနားမယ်၊ တူညီတဲ့ ရက်စက်မှုမျိုးစုံကို ရင်ဆိုင်
ရုန်းကန်နေကြတာပဲ။ ဒီအခြေအနေတွေကနေ ဖောက်ထွက်နိုင်မှ သူရဲကောင်းဖြစ်မယ်။
ကိုယ့်ဘာသာ ဖောက်ထွက်ဖို့ မကြိုးစားဘဲ ဟိုက လာကယ်ပါ၊ ဒီက လာကယ်ထုတ်ပါလို့
အော်နေတာဟာ အဓိပ္ပာယ် မရှိပါဘူး။ ဒီတော့ လက်ရှိ အခြေအနေဟာ သမိုင်းမှာ
မှတ်တမ်းတင်ရမယ့် အစိုးရနဲ့ အတိုက်အခံ အင်အားစုကြီး ထိပ်တိုက်တွေ့တဲ့ပွဲပဲ။
ဘယ်သူက ဘယ်လို လုပ်သလဲ၊ တစ်ဖက်က ဘာနဲ့ တုံ့ပြန်သလဲ၊ အဲတော့ ဘာတွေ
ဖြစ်လာသလဲ ဆိုတာတွေကို သေချာစောင့်ကြည့်ပြီး သင်ခန်းစာယူပါ။ ဖေဖေ့ဘဝမှာ
ကိုယ်မှန်ရဲ့သားနဲ့ အရှုံးပေး၊ အလျှော့ပေးခဲ့ရတဲ့ အခြေအနေတွေ
အများကြီးရှိတယ်။ ဘာလို့ ပေးတာလဲဆိုတော့ ကြောက်လို့ မဟုတ်ဘူး၊ မတုံ့ပြန်
မတိုက်ခိုက်ရဲလို့ မဟုတ်ဘူး။ ဒီလိုအရှုံးပေး၊ အလျှော့ပေးလိုက်ရင်
ပြန်ရမယ့်အနိုင်နဲ့ အကျိုးအမြတ်က သိပ်ကြီးလွန်းနေလို့ပဲ။ မာနတွေနဲ့
မှန်တယ်၊ မှားတယ်တွေ ငြင်းခုံပြီး လက်တွေ့ ဘာမှ မစွမ်းဆောင်နိုင်ရင် အဲဒါ
အလကားလူပဲ။ "
ဒီလို ဖေဖေ့ရဲ့ အယူဝါဒ ရေးရာတွေနဲ့
ကြီးပြင်းခဲ့ရတဲ့အတွက် ကိစ္စတစ်ခု၊ ပြဿနာတစ်ခု ကြုံရတိုင်း ဘယ်လို
ဖြေရှင်းချင်လဲ၊ ဘာလုပ်ဖို့ စဉ်းစားထားလဲ၊ လုပ်သလို ဖြစ်မလာရင်
ဘာထပ်လုပ်မလဲ၊ တခြား စဉ်းစားမိတဲ့ လမ်းကြောင်း တစ်ခုရော ရှိသေးလား၊
ဒါလောက်မှ မဖြေနိုင်၊ မလုပ်နိုင်၊ မေးတာမကြိုက်၊ ဝေဖန်မှုကို မလိုလားရင်
အဲလိုလူတွေနဲ့ လက်တွဲပြီး သူတို့ရဲ့ အကျိုးစီးပွားကို တစ်ထောင့်တစ်နေရာက
အနစ်နာခံ ပေးဆပ်ပေးဖို့ ကျွန်မကို လာစည်းရုံးကြရင် လေကုန်တာအပြင် ဘာမှ
မဖြစ်လာနိုင်ပါဘူး။ ခုလို ပြောတာတွေ၊ တွေးတာတွေဟာ နိုင်ငံသားတစ်ယောက်
အနေနဲ့ တာဝန်မဲ့ရာ၊ တစ်ကိုယ်ကောင်း ဆန်ရာ များ ကျနေသလားဆိုတဲ့
မေးခွန်းမျိုးလည်း မကြာခဏ ကိုယ့်ဘာသာ မေးခဲ့ဖူးပေမယ့် အဖြေတစ်ခုမှ ရေရေရာ
ရာ မထွက်ခဲ့ပါဘူး။
အခု Assignment ခေါင်းစဉ် အတွက်
ဆရာကျော်ဝင်းရဲ့ တတိယလှိုင်းအကွေ့ စာအုပ်ကို ကိုးကားဖို့ ဖတ်တော့ မှပဲ
ရေရာတဲ့ အဖြေတစ်ခုကို ပြတ်ပြတ်သားသား တွေ့လိုက်ရပါတယ်။ ယခင်တုန်းက ကျွန်မ
အနေနဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်လည်း ထက်ထက်သန်သန် ရှိပါတယ်။ ဒါပေမဲ့
နိုင်ငံရေးကို လုပ်ဖို့မှာ ကိုယ်နဲ့ မဆိုင်သလို နေခဲ့တာ ဘာကြောင့်လဲ
ဆိုတာတွေကို တွေ့မြင်လာပါတယ်။ ဒီမိုကရေစီဆိုတဲ့ ပန်းတိုင်တစ်ခုဆီ
ရောက်ဖို့ရာ ဒီမိုကရက်တိုက်ဇေးရှင်း ဆိုတဲ့ အဆင့်တစ်ခုကို
ဖြတ်သန်းရဦးမှာပါ။ အဲဒီအဆင့်ကို ဘယ်လို ဖြတ်သန်းမလဲ၊ ဘယ်လို မဟာဗျူဟာနဲ့
ချဉ်းကပ်မလဲ၊ ဒီဆင့်ကို ဖြတ်ကျော်ခဲ့ကြတဲ့ တခြားသော နိုင်ငံတွေရော ဘာတွေ
ကြုံတွေ့ကြသလဲ၊ ငါတို့ရော ဒီလို အခြေအနေတွေမှာ တိုင်းပြည် အတွက်
ဘယ်ရှုထောင့်ကနေ ဘယ်လို ပါဝင်ပေးရမလဲ ဆိုတာတွေ တွေးမိလာပါတယ်။
ကျွန်မတို့က အမှီအခိုကင်းတဲ့
လူလတ်တန်းစား အလွှာတွေထဲမှာ ပါပါတယ်။ ဒီတော့ ဒီလို အင်အားစုတွေ၊ အလွှာတွေကို
ဘယ်လို အသုံးချကြမလဲ။ ယုံကြည် လက်ခံနိုင်လောက်တဲ့ ဦးဆောင်မှုတွေနဲ့ Trend
တစ်ခု ရေရေ ရာရာ မရှိခဲ့ခြင်းကသာ နိုင်ငံရေးနဲ့ အလှမ်းဝေးခဲ့ရတဲ့ အဓိက
ပြဿနာပါပဲ။ ဒါဟာ ဒီမိုကရက် တိုက်ဇေးရှင်း ဆိုတဲ့ ဖြစ်စဉ်တစ်ခု
ပျောက်ဆုံးနေခဲ့တာကြောင့်ပါလား ဆိုတာကို နားလည်လာပါတယ်။ ဒီလို
အပြောင်းအလဲတွေမှာ လူထုအုံကြွမှု ဆိုတာဟာ ကြီးမားတဲ့ အကန့်အသတ်ကြီးတစ်ခု
အောက်ကို ရောက်နေပြီး တည်ဆဲ အာဏာရှင်တွေရဲ့ အမြင်တွေ၊ တုံ့ပြန်မှုတွေ၊
ပြီးတော့ အတိုက်အခံ အင်အားစုရဲ့ ပါးနပ် လိမ္မာမှုတွေ၊ မဟာဗျူဟာ
ကောင်းမှုတွေကသာ ဒီမိုကရက်တိုက်ဇေးရှင်းကို လမ်းဖွင့်ပေးနိုင် တယ်ဆို တဲ့
အိုင်ဒီယာ။ အထွေထွေချုပ်ကိုင်မှု လျှော့ချလာခြင်း လစ်ဘရယ်လိုက်ဇေးရှင်းကနေ
ဒီမိုကရေစီ အသွင် ကူးပြောင်း တဲ့ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်လာတာတွေ၊
အဲဒီကနေမှ ဒီမိုကရေစီ ခိုင်မာမှု အဆင့်ကို တက်လှမ်း ရတဲ့ အိုင်ဒီယာတွေ။
အဲဒါတွေကို နောက်ကြောင်း ပြန်မလှည့်ရစေဘဲ အောင်မြင်ဖို့တွေအတွက် Middle
Class လို့ခေါ်တဲ့ လူလတ်တန်းစားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊
နိုင်ငံသားတွေရဲ့ အကျင့်၊ ဓလေ့တွေ စတာတွေ အားကောင်းစွာရှိဖို့ လိုအပ်ပါတယ်။
ယခု မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တိုက်ဇေးရှင်းဟာ တော်တော် အခြေအနေကောင်းတွေ
ဖြစ်ပေါ်နေပြီး အားကောင်း ခိုင်မာလာဖို့နဲ့ နောက်ကြောင်း
ပြန်မလှည့်သွားဖို့ အရေးကြီးပါတယ်။ အဲဒီလို အပ်ချက်တွေအတွက် အဓိက
ပါဝင်ရမယ့် Player တွေကေ တာ့ အတိုက်အခံ အင်အားစု ပါတီကြီးများပါပဲ။ လက်ရှိ
တွေ့မြင်နေရတဲ့ အရုဏ်ဦး ရောင်ခြည်တွေ ဟာ "ငါတို့ မဟာဗျူဟာတွေ
ကောင်းကောင်းနဲ့ အကွက်ချပြီး စီမံလိုက်ရလာတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့
သမိုင်းဖြစ် ရပ်တွေ ခဏ ဘေးဖယ်ထားပြီး ဒီမိုကရေစီ အိပ်မက်ကြီး အကောင်အထည်
ပေါ်လာရေးကိုသာ ရှေးရှုမယ်” ဆိုတဲ့ သဘောမျိုး ထားနိုင်ဖို့လိုတယ်လို့
တွေးမိပါတယ်။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံမှာ
အိုင်ဒီအိုလော်ဂျီ ပြဿနာကို အခြေခံပြီး တိုင်းပြည်မှာ အကွဲအပြဲတွေ
ဖြစ်လာပါ တယ်။ တိုက်ယူရမယ်ဆိုတဲ့ ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေ
ကွဲလိုက်ကြတာ ဘာမှ နားမလည် တဲ့ တိုင်းရင်းသားတွေပါ ဗ.က.ပ တွေ
ဖြစ်ကုန်ခဲ့ရတယ်။ ကွန်မြူနစ်ကို ယုံကြည်တဲ့ တပ်မတော်သားတွေပါ လိုက်ပါ
တောခိုခဲ့ကြပါတယ်။ တိုင်းပြည်ပါ ကွဲတာ မဟုတ်ဘဲ စစ်တပ်ပါ ကွဲခဲ့ရတာပါ။
ဖ.ဆ.ပ.လ ရဲ့အကွဲ အပြဲတွေ၊ သဘောထား မတိုက်ဆိုင်မှုတွေ၊ ကိုယ်လိုချင်တဲ့
စံပုံစံမဟုတ်တိုင်း ကန့်ကွက်ခဲ့ကြ၊ ရန်ဖြစ်ခဲ့ကြ တာတွေ၊ နောက်ဆုံးတော့ ၁၉၆၂
မှာ တပ်မတော်က အာဏာဝင်သိမ်းခဲ့တာတွေ ဒီဖြစ်စဉ်တွေ တစ် ပတ်ပြန် မကျော့ဖို့
သိပ်အရေးကြီးပါတယ်။ တစ်ဦးတစ်ယောက်တည်းကပဲ သို့မဟုတ် တစ်ပါတီတည်းကပဲ
အုပ်ချုပ်ခြင်းဟာ အာဏာရှင်တွေကို မွေးဖွားပေးလိုက်ခြင်းပါပဲ။ ပြီးခဲ့တဲ့
မြန်မာ့ဖြစ်စဉ်တွေကို လေ့လာ မယ်ဆို ရင် ကိုယ့်ဘက်ကို အနိုင်ရဖို့အတွက်
စစ်တပ်ကို အသုံးချခဲ့ကြတာတွေ၊ စစ်ဦးစီးချုပ်တွေရဲ့ အရေးပါ မှုတွေနဲ့
ထက်မြက်မှုတွေကို မကိုင်တွယ်နိုင်တော့တဲ့ အတွက်ကြောင့် စစ်အာဏာရှင်စနစ်
တစ်ခုဆီကို ရောက် သွားခဲ့တယ်လို့ပဲ မြင်ပါတယ်။
"တိုင်းပြည်ကနုနု၊
မုန်တိုင်းကထန်ထန်” ဆိုတဲ့ စာအုပ်၊ "ကျွန်တော် ကျင်လည်ခဲ့ရသော
မြန်မာနှင့်ကမ္ဘာ” ဆိုတဲ့ စာအုပ်တွေ ဖတ်ကြည့်လိုက်ရင် ဆိုးဝါးလှတဲ့
ပြည်တွင်း မညီမညွတ်ဘဲ ပြိုကွဲမှုကြီးမှာ ဦးဆောင် သူမဲ့ပြီး ဘယ်သူ့နောက်
လိုက်ရမှန်းမသိ ဖြစ်နေတဲ့ တပ်မတော်သား ပေါက်စလေးအတွက် ဗိုလ်ချုပ်ကြီးေ
နဝင်းကို တပ်မတော်နဲ့ နိုင်ငံတော်အတွက် သမိုင်းဝင် အပြောင်းအလဲကြီးတွေကို
ဖန်တီးပေးခဲ့တဲ့ ပုဂ္ဂိုလ် အဖြစ် စာရေးခဲ့သူ ပုဂ္ဂိုလ်များက ရှုမြင်ခဲ့ကြတာ
တွေ့ရပါတယ်။ နောက်ပိုင်း အာဏာရှင် ဖြစ်လာမှသာ ပုံစံ တစ်မျိုး ဖြစ်သွားသလား
စဉ်းစားစရာပါ။ အခုလည်း ကွန်မြူနစ်ဝါဒကြီး ကျဆုံးသွားချိန်ထိ တပ်မတော်ကပဲ
တိုက်ပွဲဝင် နှိမ်နင်းခဲ့ရတာပါ (စီစီဝမ် တာပန်တိုက်ပွဲ)။ အိုင်ဒီအိုလိုဂျီ
ပြဿနာ တစ်ခန်းရပ်တော့ ဒီမိုကရေစီ ပြဿနာ အမည်ခံထားတဲ့ စစ်ဘက်-အရပ်ဘက်
ပြဿနာကို ဖြေရှင်းရပြန်ပါပြီ။ မှားတယ်၊ မှန်တယ် အသာ ထား၊ နှစ်ဖက်လုံးက
သဘောထား ကြီးကြရတော့ပါမယ်။
Facebook စာမျက်နှာထက်က
သူငယ်ချင်းတစ်ယောက်က ရေးထားပါတယ်။ "စစ်တပ်ဆိုတာ အထက်ကေ ပး တဲ့ အမိန့်ကို
နာခံရတဲ့ လူတွေပါတဲ့။ စစ်တပ်ကို အာဏာရှင်တွေက အလွဲသုံးစား လုပ်တာ ခံနေရတာ
ပါတဲ့။ NLD က အစိုးရ ဖြစ်လာရင်လည်း စစ်တပ်က သူတို့အမိန့်ကို
နာခံကြရမှာပဲတဲ့။ ဒီတော့ ဘယ်နိုင် ငံရေးသမား၊ ဘယ်စစ်အာဏာရှင်ကမှ စစ်တပ်ကို
လူမိုက်ငှားသလို အသုံးချလို့ မရအောင် ဥပဒေတွေ အများကြီး ချမှတ်ဖို့နဲ့
အဲဒီဥပဒေတွေ ခိုင်မာ အားကောင်းလာဖို့ပဲ လိုပါတယ်တဲ့”။ အဲဒီစာကို တော်တော်
သဘော ကျမိပါတယ်။ အခု အပြောင်းအလဲမှာရော ဒီမိုကရက်တိုက်ဇေးရှင်း
ဖြစ်စဉ်ကြီးကို အကောင်း ဆုံးဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာမျိုးကို
အားပြု စဉ်းစားကြရမှာပါ။ အပျက်သဘောတွေ မတွေးမိ၊ မပြောမိကြဖို့ သိပ်ကို
လိုအပ်တဲ့၊ အထိမခံတဲ့ ကာလတစ်ခုလည်း ဖြစ်တယ်လို့ ထင်မိပါတယ်။ ငြိမ်းချမ်းရေး
အတွက် လုပ်တာပဲ...ဆိုပြီးတော့လည်း လျှောက်လုပ်လို့ မရပါဘူး။ လက်ခုပ်ဆိုတာ
နှစ်ဖက်တီးမှ မြည်တာ ပါ။
တစ်ဖက်က အပစ်အခတ် ရပ်စဲပေမယ့်
တစ်ဖက်က မရပ်ဘဲ ပစ်နေရင်လည်း ငြိမ်နေလို့ မရပါဘူး။ ပြန်ပစ်ရပါတယ်။
အမေရိကန်သမ္မတ အဆက်ဆက်မှာ ငြိမ်းချမ်းရေးစကား မပြောဖူးတဲ့ သမ္မတ မရှိသလို
စစ်မတိုက်ဖူးတဲ့ သမ္မတလည်း မရှိပါဘူး။ အမေရိကန် သမ္မတတွေတောင် ကမ္ဘာကြီးပေါ်မှာ
စစ်ပွဲတွေ ဆင်နွှဲနေသေးတာပဲ...။ မြန်မာပြည် မငြိမ်းချမ်းသေးတာကလည်း
သူ့အကြောင်းနဲ့ သူတော့ ရှိကြမှာပါ။ ငြိမ်းချမ်းရေး မရသေးတာဟာ
နှစ်ဖက်စလုံးမှာ အားနည်းချက်တွေ ရှိနေလို့ပဲလို့ ယူဆမိပါတယ်။ တစ်ဖက်သတ်
အပြစ်တင် ဝေဖန်ပြီး တစ်ဖက်သတ် ထိုးစစ်ရပ်ခိုင်းလို့ မရပါဘူးဆိုတာ
သိစေချင်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး မရသေးတာဟာ နှစ်ဦးနှစ်ဖက်လုံးမှာ
တာဝန်ရှိတယ်လို့ပဲ ယုံကြည်မိပါတယ်။ အဲေ တာ့ ပြောချင်တာက ...
ဒီမိုကရက်တိုက်ဇေးရှင်းလမ်းပေါ် သွားနေတဲ့ နိုင်ငံတော်ကို ခလုတ်တိုက် မလဲရေ
အာင်၊ ဆူးမငြိရအောင် ဝိုင်းဝန်း လုပ်ဆောင်ပေးစေချင်တာပါပဲ။ နောက်ကြောင်း
ပြန်လှည့်စေမယ့် အပြုအ မူတွေကို လူငယ်များအနေနဲ့ ကိုယ်ပိုင်အသိ၊ အတွေးအခေါ်၊
ရပ်တည်ချက်နဲ့ ဆင်ခြင်သုံးသပ်ပြီး ပြဿနာေ တွကို ချဉ်းကပ်ဖြေရှင်းကြဖို့
တိုက်တွန်းချင်တာပါပဲ။
နေထက်ထက်အောင်
No comments:
Post a Comment
Note: Only a member of this blog may post a comment.