Pages

Thursday, February 14, 2013

သမ္မတ အပါအဝင် မည်သူကို မဆို စစ်ဆေး အရေးယူ နိုင်မည့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း ကို အတည်ပြု

 
နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစိုးရဝန်ထမ်းများအား လာဘ်ေ ပး လာဘ်ယူမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ေ ရး ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ေ ကြာင်း ပြည်ေ ထာင် စုလွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုး က ပြောသည်။

လိုက်ဘေးရီးယား၌ လေယာဉ် ပျက်ကျမှုတွင် ဂီနီ စစ်ဘက် ခေါင်းဆောင်နှင့် အရာရှိများ သေဆုံး

 
လိုက်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုးဗီးယားအနီး ဖေဖော်ဝါရီ ၁၀ ရက်က လေယာဉ်တစ်စင်း ပျက် ကျမှုတွင် ဂီနီစစ်ဘက် ခေါင်းဆောင်အပါအ၀င် အခြား ၁၀ ဦး သေဆုံးကြောင်း သိရသည်။ ဂီနီ တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဆောလီမာနီကလီဖာဒီယာလိုသည် လိုက်ဘေးရီးယားနိုင်ငံ နှစ်ပတ်လည် တပ်မတော်နေ့ကို တက်ရောက်ဂုဏ်ပြုရန် ဂီနီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လိုက်ပါ လာခြ င်းဖြစ်သည်။ အဆိုပါ လေယာဉ်သည် တောနက်ထူထပ်သော သစ်တောအတွင်းသို့ ထိုးဆင်း သွား ခဲ့ပြီးနောက် လိုက်ပါလာသူ စစ်ဘက်ဆိုင်ရာ အရာရှိခြောက်ဦးနှင့် လေယာဉ်အမှုထမ်း ငါးဦးစလုံး အ သက် ရှင်ကျန်ရစ်ခြင်း မရှိကြောင်း သိရသည် လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးကြောင်း လိုက်ဘေးရီးယား ကာကွယ်ရေးဝန်ကြီး ဘရောင်နီဆာမူကီ က ပြော ကြားခဲ့သည်။ ယင်းလေယာဉ်သည် မွန်ရိုးဗီးယား အပြည်ပြည်ဆိုင် ရာ လေဆိပ်အနီး ချာလက်စ်ဗီလီတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လိုက်ဘေးရီးယား ပြန် ကြားေ ရး ၀န်ကြီးဌာနက ပြော ကြား သည်။ လေယာဉ် ပျက်ကျသည့် နေရာသို့ လိုက်ဘေးရီးယားသမ္မတ အီလန်ဂျွန်ဆန်သည် ဂီနီသံအမတ်နှင့်အတူ သွားေ ရာက်ခဲ့ပြီး ၀မ်းနည်းကြေကွဲဖွယ် နေ့တစ်နေ့အဖြစ် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆိုသည်။

BBC

မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့ မှ ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ဦးစီး ၁၀ ဦး အလင်းဝင်

ဖေဖော်ဝါရီ ၁ဝ ရက် ည ၇ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့ နယ် ခွဲ လေညာ ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူး အဆင့် ရှိ နိုင်ညိုနှင့် ဗိုလ်အဆင့်ရှိ အချန်းတို့နှစ်ဦးသည် အမ် ၃၂ ပစ္စတိုတစ်လက်၊ ပွိုင့် ၃၀ ကာဘိုင်တစ်လက်၊ ဆက် စပ် ပစ္စည်းများနှင့်အတူ အလင်း ဝင်ရောက်ခဲ့ကြသည်။

တပ်မတော်၏ နွေးထွေးပျူငှာစွာ ဆက်ဆံမှုကြောင့် ၄င်းတို့နှစ်ဦးက လက်ကျန် အဖွဲ့များအား ဆက် သွယ် ခေါ်ဆောင်ရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ခေါင်းဆောင် အဖွဲ့ဝင်ရှစ်ဦးသည် ပွိုင့်၃ဝ ကာဘိုင်တစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ခ်ျကေ နှစ်လက်၊ ကေအေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ လု ပ်ေ သ နတ်တို တစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံအလင်း ဝင်ရောက်လာခဲ့ကြောင်း သိရှိ ရ သည်။

အသတ် ခံရသော ကျားဖြူပါတီ ဥက္ကဌ ၏ တူ အလောင်းအား ပြန်ဖော်စစ်ဆေး

 

စိုင်းလိန်၏ အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည် အလောင်း ဖော်ခဲ့ကြောင်း  စုံစမ်း သိရှိ ရသည်။

အလောင်း ဖော်ကြည့်ရာတွင် ၄င်းတို့ ထင်ထားသည်ထက် ဒဏ်ရာများ  ပိုပြင်းထန်နေသည်ကိုတွေ့ ရ ကြောင်း၊ မသေမချင်း ဓါးနှင့် ခုတ်သတ်မှုအဖြစ် ပြစ်မှုထင်ရှားကြောင်း၊ အမှုမှန်ပေါ်ပေါက် ရေးအတွက်  တရားမျှတစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည် စစ်ဆေးပေးသော ဒေသခံ ဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး  ဆေးသူနာပြု ဆရာမ ၂ ဦးနှင့် ဆေး ရုံအကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအ၀င် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်းလိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုသည်။

ထို့အပြင် ယနေ့ ရက်လည် ဆွမ်းကျွေးသည့် နေ့အထိ တရားခံဘက်မှ လူမှုရေးအရ၊ တရားဥပဒေအရ  လာရောက်ကူညီခြင်း တောင်းပန်စကား  ပြောကြားခြင်း မရှိကြောင်းဆိုသည်။  

ကရင်ပြည်နယ် အတွင်းရှိ IDP များအတွက် နီပွန် ဖောင်ဒေးရှင်းမှ ဆန်အိတ်များ ပေးအပ်

 
 
ကရင်ပြည်နယ် အတွင်းရှိ ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်-IDP များအတွက် အဓိကရည်ရွယ်ပြီး ဂျပန်နိုင်ငံရှိ နီပွန်ဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာများအဖြစ် ယမန်နေ့(ဖေဖော်ဝါရီလ ၁၂ ရက်နေ့)က ဆန်အိတ်များေ ထာက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်မှုကို ဖားအံမြို့ရှိ ပြည်ထောင်စုကွင်းတွင် အခမ်းအနားတရပ် ပြုလုပ် ၍ ပေးအပ် ခဲ့ခြင်းဖြစ်ပြီး နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ယိုဟီဆာဆာဝါကာ (Mr. Yohei sasawaka)၊ ကရင်ပြည်နယ် အစိုးရ တာဝန်ရှိသူများ၊ ကရင်အမျိုးသား အစည်းအရုံး-KNU မှ ပဒိုစောရောဂျာခင်၊ ပဒိုစောအောင်ဝင်းရွှေ တို့အပြင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA၊ KNU/KNLA ကရင် ငြိမ်းချမ်းရေးကောင် စီနှင့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ-CIDKP စသည့်အဖွဲ့တို့မှ တာဝန်ရှိသူများ လည်း တ က်ေ ရာက်ခဲ့ကြသည်။

အစိုးရတပ် နောက်ဆုတ် လိုက်သော ရှေ့တန်း စခန်းတခုကို KIA ပြန်လည် ရယူ


မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စခန်း တစ်ခုဖြစ်သော ဂျော်မော် (Jaw Maw) စခန်းကို အစိုးရ တပ်ဖက်မှ ဆုတ်ခွာ သွားသောေ ကြာင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ  ပြန်လည် နေရာ ယူလိုက်ကြောင်း သိရသည်။

KIA ၏ ဂျော်မော် (Jaw Maw) ရှေ့တန်း စခန်းအား အစိုးရ၏ ခြေမြန် တပ်ရင်း ခမရ (၄၃၈၊ ၃၂၀) မှ စုပေါင်း အင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ KIA တပ်မှ ၁ ဦးကျကာ ၃ ဦး ဒဏ်ရာရှိပြီးနောက် ဆုတ်လိုက် သည့် စခန်းဖြစ်သည်။

၎င်းစခန်းသည် မဟာဗျူဟာ ကျသည့် စခန်း မဟုတ်သော်လည်း KIA အတွက်မူ အချက်အချာ ကျသည့် နေရာတခု ဖြစ်ကြောင်း သိရသည်။

စားပွဲဝိုင်းပေါ် တွေ့ဆုံမည်ဟု သမ္မတ၏ ပြောဆိုမှု အပေါ် KIO ကြိုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် KIO အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံစဉ် “ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အ ထည်ေ ဖ်ာနိုင်ရန် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ်ေ ပ်ါပေါက် လာေ ရး” သဘောတူညီမှုရရှိကာ ပူးတွဲထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ KIO ဖက်မှ သမ္မတ၏ စာကို ကြိုဆိုကြောင်း လူ ထု ကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေငြာချက်၌ KIO ခေါင်းဆောင်များသို့ လိပ်မူသော သမ္မတ၏ လက်မှတ်ထိုးပေးပို့သည့် စာတွင် “ကျနော်တို့အားလုံး တနိုင်ငံတည်းမှာ တရေထဲသောက် တမြေထဲနေကြသူ တိုင်းရင်းသားများဖြစ်ကြပြီး အယူအဆ ကွဲလွဲနိုင်တာကို ကျနော့်အနေနဲ့ နားလည်စာနာပါတယ်။  ပြည်ထောင်စုကြီးတခုလုံး ဒီမိုကရေ စီနိုင်ငံ ဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန် တဲ့ငြိမ်း ချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်း မှာတွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကျနော့်အနေနဲ့ ရိုးသား စွာ ယုံကြည်ပါတယ်။” ဟု ရေးသားထားသည်။

ထို့အပြင် “ယခုစတင်ပြုလုပ်မယ့် ဆွေးနွေးပွဲများ အောင်မြင်ပါစေကြောင်း၊ ဆန္ဒပြုပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူလူထုသို့ အကြိမ်ကြိမ် အသိပေး တင်ပြထားပြီးဖြစ်ပါတယ်။” ဟု ဖော်ပြထားသည့်အပေါ်KIO ဘက်မှ ဝမ်းမြောက် စွာ ဖြင့် ကြိုဆို ကြောင်း ရေးသားထားသည်။

ယင်းအပေါ် KIO ဗဟိုကော်မတီမှလည်း စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း မိဘပြည်သူ ရဟန်းရှင်လူအများ သိရှိနိုင်ရန် ကြေငြာလိုက်ခြင်းဖြစ် သည် ဟု ကြေညာချက်က ဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင် ၆ ဦး နှင့် KIO မှ အမြဲတန်း ဗဟိုကော်မတီဝင် ၅ ဦးအပါဝင် ကရင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များဖက်မှ ၇ ယောက်နှင့် တရုတ်သမ္မတနိုင်ငံမှ သံအမတ်ကြီးနှင့် သံမှူးတို့ပါဝင်တက်ရောက်ကာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

အစိုးရ တပ်ဖွဲ့များနှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ ပစ်ခတ်မှု မဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ  ပစ်ခတ် တိုက် ခိုက်မှု မဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး လဒွဲ ဦးဆောင်သော KIA တပ်ခွဲ (၅) တပ်ဖွဲ့များနှင့် အင်အား ၁၀ ဦးခန့်ရှိသော အစိုးရတပ်ဖွဲ့ တို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ဖားကန့်မှ မိုင်(၂၀) အကွာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

 
မြန်မာနိုင်ငံမှ UMS 561 နှင့် UMS 562 စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် ကမ်းခြေသို့ ဖေဖေါ်ဝါရီလ အတွင်း ဆိုက်ကပ်လာမည် ဖြစ်ကြောင်း ရေတပ်အရာရှိများအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသား ထားသည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ လာရောက်ဆိုက်ကပ်မည့် အဆိုပါ မြန်မာစစ်သင်္ဘောများကို ထိုင်းရေတပ် တတိယ ဧရိယာတပ်ရင်းမှ လက်ခံ ကြိုဆိုမည်ဟု ဆိုသည်။

မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာမှုလည်း ဖြစ်သ လို နှ စ်နိုင် ငံ ရေ တပ် ဆက်ဆံရေး ကောင်းမွန်သည့်လက္ခဏာကို ပြသခြင်းဖြစ်ကာ စစ်ရေး ပူးပေါင်းဆောင် ရွက် မှု များနှ င့် ပူးပေါင်း ရေကင်း လှည့်မှုများ အတွက်လည်း ဆွေးနွေးဖွယ်ရှိသည်။

ဆက်သွားချင်သေးတယ် ဆိုရင်