Pages

Wednesday, February 13, 2013

ဖုန်း ဆင်းကတ်များကို အများပြည်သူ အလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်


ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

''ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲ ရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ''ဟု ပြည်ထောင်စု  ဝန်ကြီးက ပြောသည်။ ပြည်သူတို့ အလွယ်တကူ ဝယ် ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။ 

အစိုးရက ကျပ်နှ စ်သိန်း တန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်း များ ရောင်း ချေ ပး မည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက ... ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီ က လည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။ ''မူကိုက တကယ်ကျသွား အောင်ကို လုပ်ရ မယ်ေ လ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ'' ဟု ဦးစိုးသိန်းက ဆက်ပြောသည်။

ပြည်သူချစ် အနုပညာရှင် နိုင်ငံကျော် ဟာသသရုပ်ဆောင် အကယ်ဒမီ ဦးမော့စ် သေဆုံး


တလောကပဲ အကယ်ဒမီ ရခဲ့တဲ့ ဦးမော့စ် တစ်ယောက် SSC ဆေးရုံမှာပဲ ဒီနေ့ မနက် ၄နာရီ မိနစ်၂၀ကပဲ ဆုံးသွားတယ်လို့ ဦးမော့စ် ရဲ့သားဖြစ်သူ ထိုက်စံ Facebook Wall တင်ထားတာ တွေ့လိုက်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် ဦးမော့စ်တစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေ။

News of Myanmar

မြွေတောင် ဖားတောင်း အရေး ချင်း လူမှုအဖွဲ့ အစည်းများ တွေ့ဆုံ ဆွေးနွေးပွဲလုပ်

ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင်တွင် သတ္တုရိုင်းတူးဖော်ရေး စီမံကိန်း များ ပြုလုပ် လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးသက်ရောက်မှုများ လေ့လာ ဆန်းစစ် သည့်တွေ့ ဆုံဆွေး နွေးပွဲတရပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် စန်းမြို့ ရပ်ကွက်ရှိ Youth Center ခန်းမတွင် မနေ့က ကျင်းပခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် သယံဇာတ တူးဖော်မှုကြောင့်ဖြစ်ပေါ် လာသော အကျိုးဆက်များကို လေ့လာခဲ့ကြပြီး၊ ချင်းတောင်တွင် အဆိုပါကဲ့သို့ သယံဇာတ တူးဖော်မှုများပြု လုပ်လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု စီစဉ်ဆောင် ရွက်သူ အထက်ချင်းတွင်း လူငယ်များကွန်ယက်မှ ကိုဇမ်ထွမ်း က ပြောသည်။

အပစ်ရပ်ပြီးနောက် ကရင်ပြည်နယ် တွင်း လမ်းတံတားတည်ဆောက်မှု များပြားလာ


ဆောက်လုပ်နေဆဲဖြစ်သည့် လှိုင်းဘွဲမြို့နယ်မှ လမ်းလွဲတနေရာ ကရင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြား အပစ်ခပ်ရပ်စဲရေး လက်မှတ်ရေးထိုး ကြပြီးနောက် ပိုင်း ပြည် နယ်အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတား တည်ဆောက်မှုကို ပိုမိုလုပ်ဆောင် လာေ ကြာင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်ကို ကေအိုင်စီမှ ယမန်နေ့က ဆက် သွယ်မေးမြန်းရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ(PSO) စောခေါင်ဖါထော့က “ဘားအံ – လှိုင်းဘွဲလမ်းမှာ တံတား (၄)စင်း၊ လှိုင်းဘွဲ – ပိုင်ကျုံမြို့နယ်ခွဲသွားတဲ့လမ်းမှာ တံတား (၄)စင်း၊ သံလွင်မြစ် အနောက်ဘက်ကမ်းမှာရှိနေတဲ့ ၀ဘိုးတော – ကမမောင်းသွားတဲ့ လမ်းမှာ တံတား(၇)စင်းကို လက်ရှိ ဆောက်လုပ်နေပါတယ်။”ဟု ပြောသည်။

ဘားအံမြို့ ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်နယ် ၀န်ကြီးချုပ်မှ သမ္မတ ၏ မိန့်ခွန်းအား ဖတ်ကြား

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ သီရိကွင်းတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပေးပို့လာ သည့်ပြည်ထောင်စုနေ့ သ၀ဏ်လွှာကို ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကိုယ်တိုင် ဖတ်ကြားခဲ့သည် ဟု သိရသည်။

သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာတွင် ဒီမိုကရေစီခရီးကို ဆက်လက် လျှောက်လှမ်းသွားမည့်အပြင် တိုင်းရင်းသားများနှင့် စစ်မှန် သော ငြိမ်းချမ်းရေး တည်ဆောက်သွားမည့်အကြောင်းများ ပါဝင်သည်ဟု ၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်းအောင်ပြည် စိုးက ယခုလို ပြောပြသည်။

မြစ်ကြီးနား ပြည်ထောင်စုနေ့ အခမ်းအနား အနှစ်သာရ မရှိဟု ဒေါက်တာတူးဂျာ ပြော


မြစ်ကြီးနားမြို့တွင် “ပြည်ထောင်စုနေ့” အခမ်းအနား ကျင်းပ ပြုလုပ်သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး မရသေး၍ အနှစ်သာရ မရရှိကြောင်း ကချင်ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာတူးဂျာ က ပြော ဆိုလိုက်သည်။   မြစ်ကြီးနားမြို့ လွှတ်တော် ရုံးရှေ့တွင် အင်္ဂါနေ့က ပြုလုပ်သည့် ၆၆ ကြိမ်မြော က် ပြ ည်ေ ထာင်စုနေ့ အခမ်းအနားကို သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းဖတ်ကြားခြင်း၊ နိုင်ငံတော် အလံအေ လးပြုခြ င်း စ သည်ဖြင့် အခမ်းအနား အကျဉ်းရုံးသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က ကျနော်တို့ နိုင်ငံအတွက် အရေးကြီးတဲ့ နေ့တနေ့ပါပဲ။ ဒါပေမယ့် ပြည်ထောင်စု စစ်စစ်မ ဟုတ်ေ သး တော့ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပတာလည်း အနှစ်သာရ အပြည့်အဝ မဟုတ်သေး ဘူး လို့ ခံစားမိတယ်။ မြို့နယ် လူထုလောက်ပဲ တက်ရောက်နိုင်တာကိုး။ တောနေ လူထုကတက်ေ ရာက် လာ နိုင်တာ မရှိဘူး။ ခုချိန်ခါမှာတော့ ပြည်ထောင်စုစစ် မဟုတ်သေးတော့ ပွဲကျင်းပတာလည်း အနှစ်သာ က အပြည့်မဝ မဟုတ်သေးဘူး” ဟု ကချင်လွတ်လပ်ရေးးအဖွဲ့ KIO ခေါင်းဆောင်ဟောင်း တဦးလည်းဖြစ် သည့် ဒေါက်တာတူးဂျာ က ပြောသည်။ 

KIA မှ အစိုးရတပ် တွေ အပြင် စစ်ပွဲနှင့် မသက်ဆိုင်သော နေရာများကိုပါ တိုက်ခိုက်လာ

၂၀၁၃ ကချင်ပြည်နယ်မှာ အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုေ တွ ပြုလုပ်ခဲ့ပါ တယ်။ ဖေဖော်ဝါရီလ (၄) ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့မှာ မဏာမတွေ့ဆုံမှုပြုလုပ် ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲသံတွေ ရပ်စဲသွားခဲ့ပါတယ်။

ဒါပေမဲ့ KIA တပ်တွေအနေနဲ့ တစ်ချို့နေရာတွေမှာ အစိုးရတပ်တွေကို အလစ်အငိုက်ဝင်ရောက် တိုက် ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ အစိုးရတပ်တွေကတော့ ပေးထားတဲ့ အမိန့်အတိုင်း ထိုးစစ်ပြု လုပ်ခြင်း မရှိဘဲ ရောက်ရှိတဲ့ နေရာတွေမှာ အေးအေးဆေးဆေး နေနေတာကို KIA တပ်တွေက လာရောက် ပစ်ခတ်မှုတွေ ရှိနေပါတယ်။ တစ်ခါတစ်ရံ စစ်တပ်မဟုတ်တဲ့ ရဲတပ်ဖွဲ့တွေကိုပါဝင်ရောက် ပစ်ခတ်မှုတွေ ပြု လုပ်နေပါတယ်။

ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင် စစ်တပ် ထူထောင်မယ် ဆိုတာကိုတော့ လက်မခံဘူး ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးဌေးဦး ပြော

 
လက်ရှိဖြစ်ပွားလျက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိ KIA နှင့် အစိုးရတပ်မတော်ကြား ဖြစ်ပွား လျက်ရှိနေသော တိုင်းပွဲများအရေး၊ ယင်းတို့နှင့်ပတ်သက်၍ ပါတီများ၊ အဖွဲ့အစည်းများမှ သဘောထား ကြေညာချက်များအသီးသီး ထုတ်ပြန်နေကြခြင်းများ၊ တိုင်းရင်းသားအဖွဲ့များတောင်းဆိုသော ဖက်ဒရယ်နှင့် ယင်းသို့သော ကချင်အရေးကိစ်္စများအပေါ် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတစ်ဦးဖြစ်သော်လည်း လွှတ်တော်နိုင်ငံသား အခွင့်အရေးနှင့် ဒီမိုကရေစီရေးကော်မတီဥက်္ကဋ္ဌ ဦးဌေးဦးအား Hot News  သတင်းထောက်မှ ဆက်သွယ်၍ သဘောထားချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- လတ်တလောဖြစ်နေတဲ့ ကချင်အရေးကိစ္စတွေနဲ့ပတ်သက် ပြီး နိုင်ငံရေးအဖွဲ့အစည်းတွေ ကေ ကြ ညာချက်တွေ၊ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတဲ့ အပေါ်မှာရော ဘယ်လိုသုံးသပ် ပါ သ လဲ။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ၂ဝ၁၃ ခုနှစ်၊ ( ၆၆ ) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား သို့ ပေးပို့သော သဝဏ်လွှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်သည်-

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ညီအစ်ကိုများ ခင်ဗျား-

ယနေ့အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ရင်ထဲတွင် ထာဝရ သတိတရရှိေ န ရ သည့် နေ့ထူးနေ့မြတ်ဖြစ်သော  ပြည်ထောင်စုနေ့ အချိန်အခါ ဖြစ်ပါသည်။ ဤကဲ့သို့ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်တွင် သွေးချင်းညီအစ်ကို မောင်နှမအားလုံး နှလုံးစိတ် ဝမ်း အေးချမ်းပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲ၍ အတူတကွ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ကြီး ဖြစ်ပေသည်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်လည်း အားလုံး ဝိုင်းဝန်း ကြိုးပမ်းခဲ့ ကြပါသည်။

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက်က နေပြည်ေ တာ် မြို့ေ တ်ာခန်းမနှင့် နှင့် ရန်ကုန်မြို့  ပြည်သူရင်ပြင် တွင် ကျင်းပသည်။



နိုင်ငံတော် အဆင့် ဆိုက်ဘာ တိုက်ခိုက်မှု State Sponsored Attacked ဂူးဂဲလ် သတိပေးချက် အလွန်အမင်း စိတ်ပူရန် မလို

မိမိဂျီ မေးလ်သို့ ဝင်လိုက်သည်နှင့် 'သတိ။ လူကြီးမင်း၏အကောင့် သို့မဟုတ် ကွန်ပျူတာကို နိုင်ငံတော် အ ဆင့် တိုက်ခိုက်သူများကထိုးဖောက် ဝင်ရောက်ရန် ကြိုးပမ်းမှုများ ရှိလာနိုင်သည်' ဟူသည့် သတိပေးချက် ကိုေ တွ့လျှင် အထူးစိုးရိမ်မသွားပါနှင့်။ ယင်းသတိပေးချက်ကို မြင်ရရုံနှင့် မိမိ အကောင့် အလိုအလျောက် ထိုးဖောက်ဝင်ရောက်ခံနေရပြီဟု ယူဆရန်မဟုတ်ကြောင်း ၂ဝ၁၂ခုနှစ် ဇွန်လကတည်းကပင်လျှင် ဂူးဂဲလ်၏ တရားဝင်ဘလော့ဂ် တွင် လုံခြုံရေး အင်ဂျင်နီယာဌာန ဒုဥက္ကဋ္ဌအဲရစ်ဂရော့စ်က ဆိုထားပြီး ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့် မိမိတို့ ၏ အကောင့်များ ပစ်မှတ်ထားခံ နေရပြီဖြစ်၍ ပိုမိုလုံခြုံမှုရှိလာစေရေး ဆက် လက် လုပ်ဆောင်ရန် သတိ ပေးမှု အဖြစ်သာ ရှုမြင်သင့်ကြောင်း သူကဆိုသည်။

State Sponsored Attacked ဆိုတဲ့ Warning Message , Google က ပို့ပေးတာလား

မြန်မာပြည်က အထင်ကရ Journalist များရဲ့ Email အကောင့်များကို Google ကနေ “ ခင်ဗျာတို့ရဲ့ Account တွေကို နိုင်ငံတော်အဆင့်ကနေ ကျောထောင့်နောက်ခဲပေးထားတဲ့ Hacker Groups တစ်ခုက Attack လုပ်နေပြီ “ ဆိုတဲ့အဓိပ္ပါယ်ကို ဖော်ညွှန်းတဲ့ Warning Message ကို ပို့နေပါပြီ ဆိုပြီး ပြည်တွင်မှာရော ပြည်ပနိုင်ငံများရဲ့ English သတင်းဌာတွေမှာပါ ဒီကနေ့ သတင်းတွေပျံ့နှံ့ နေ ပါတယ်။

State Sponsored Attacker ဆိုတဲ့ Warning ကို လွန်ခဲ့တဲ့ ၄ လောက်ကတည်းက Email တစ်ခု မှာတွေ့ ဖူးပါတယ်။ တစ်ခြားသတိထားမိတဲ့လူတွေလဲရှိနိုင်ပါတယ်။ အခုတော့ ဒီMessage ကိစ္စဟာ popularဖြစ် လာတော့ဒိကိစ္စနဲ့ပတ်သတ်ပြီးအနည်းငယ်သုံးသပ်တင်ပြလိုပါတယ်။

ဆက်သွားချင်သေးတယ် ဆိုရင်