Pages

Thursday, January 31, 2013

ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ပေါင်းသလဲ


၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဖွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှိုဆိုပြီးစွပ်စွဲ၊ရက် ရက်စက် စက်လည်ပင်းကို ၀ါးကြောနဲ့လှီး၊ပေါင်းကိုခွဲ ဆားသိပ်၊ အမျိုးသမီးဆိုရင် မိန်မအင်္ဂါကို တံစို့ကိုမီးရဲရဲ ကင်ပြိး ထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်လဲ လိုက်တဲ့အ ချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာ ချိန် မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုကဘာတွေ ဘဲလုပ်ခဲ့ လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ် ခဲ့တယ်

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြားတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ကြိုးစားခဲ့တယ်။
၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဖွန်မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များရမလားဆိုပြီး စမ်းကြည့်တယ်။ မီသီးဖွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီဆိုပြီ ဆန်အိတ်တွေဘာတွေတောင် ထမ်းပြလိုက်သေး တယ်။ ABSDF ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်း ဌာနတွေနဲ့ လက်ဝါချင်းရိုက်လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် မြောက်ပိုင်း လူသတ်မှုတွေကြောင့်တရားစွဲခံရမှာလဲကြောက်၊သူ့ကိုယ်သူ ပြည်သူ့အော့နှလုံးနာကြီးဆိုတာလဲ သိတော့   ပြန်ပြေးရှာပါတော့တယ်။
၆။ ဒါနဲ့တင်ရပ်သလားဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာ ပါပြီ၊ ပြောင်ပြောင်တင်းတင်းပါဘဲ၊ဘာမ ဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ကြိုးစားပြန်ပါတယ်။ KIA ကတပ်မတော် ကို ခြုံခိုတိုက်တဲ့အခါ၊KIA က အသာစီးရနိုင်တဲ့တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကိုကန့်လန့်တိုက်နေတဲ့ သတင်းဌာ နတွေ၊ Social Network တွေပေါ်ကိုတင်ပြီး KIA ဘက်ကကူသယောင်နဲ့ ABSDF ကို နာမည် ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့နာမည်ကို ပါအောင်သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ် လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ပါကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကိုခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်းပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို ပြည်သူတွေ ကလည်း ပြင်းပြင်းထန်ထန်ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံးကျပြိး ရှုံ့နိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကိုရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်းအဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူးဆိုတာ သိသွားပါတယ်။ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ ( KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံး ထွက်ပေါက်ရှာ မဲ့နည်းလမ်းဖြစ်ပါတယ်။

၉။ KIO/KIA တွေသိဖို့က ABSDF ဆိုတာ KIA ကိုချစ်လွန်းလို့ လာပူပေါင်းတောမဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေတစ်လုံးကို အသက်သွင်းချင်လို့ KIA ဆိုကိုရောက်နေတယ်ဆိုတာပါဘဲ။

From:JingHpaw Land
 
www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်