သူငယ်ချင်း
ဖရန်စစ်နော်ပါ။ မင်းငါ့ကိုမှတ်မိပါ့မလား။ တစ်ချိန် တုန်းက
မြန်မာ့ တပ်မတော် ကရဲ ဘော်ေ လးစိုးသန်းနိုင်ပါ။ ၁၉၈၅ တုန်းက မင်းရယ်၊ ငါရယ်၊
ခင် အောင်ကြီးရယ်မိုးကောင်းဈေးထဲ မှာ လူပျိုလှည့်နေ တုန်း မိုင်းကွဲ တော့
ကံသီလို့လွတ်ခဲ့ကြတယ် လေ။ အဲဒီအဖြစ်ကို မျက်မြင်
တွေ့ခဲ့ရတဲ့မင်းဟာေ ရ စင်ကြီး အောက်မှာဒူးထောက်ပြီး ““သား
တော်တို့ကချင်တိုင်းရင်းသားတွေ ရဲ့ လက်ထဲ ကို တောင် ယာလုပ်ဖို့ ပေါက်ပြားနဲ့ဓားမတွေပဲပေးပါ။ သေမင်းတမန်သေနတ်တွေ မရောက်လာပါစေနဲ့၊ လသာ ည တောင် ယာတဲက
ကချင်ရိုးရာ ပုလွေသံနဲ့ ဘုရားကျောင်းက ဓမ္မ တေးသံတွေပဲကြားပါရစေ၊ သေ နတ်သံ၊
မိုင်းသံတွေမကြားပါရစေ နဲ့၊ ကချင်လူမျိုးစုတွေရဲ့မျက် ရည်တွေကို
ကိုယ်တော့်လက်နဲ့ သုတ်ပေးပါ။ ကချင်မြေထာဝရ ငြိမ်းချမ်းခွင့်ကို
ကိုယ်တော်ရှင်ပေး သနားတော်မူပါ””လို့ ဆုတောင်း တော့ ငါတို့က ဘေးနားကနေ
အာမင်လို့တောင် ပြောခဲ့သေး တယ်လေ။ အဲဒီနေ့က ငါတို့မင်းနဲ့ လမ်းခွဲပြီး
တပ်ခွဲကို ပြန်ပြေးကြ တယ်။ ရန်သူကိုရှာဖို့ ကမန်းက
တန်းသေနတ်ထုတ်ပြီးထွက်အလာ ရဲဘော်တွေကို အလိုလိုက်ပြီး ချစ်
သလောက်စစ်စည်းကမ်းနဲ့ပတ် သက်လာရင် ခွင့်မလွှတ်တတ် တဲ့
ကျော် ဟိန်းနဲ့ တူတဲ့2ICဗိုလ်မှူးခင် မောင်သန်းကစစ်ဦးထုပ်မဆောင်း တဲ့
ငါတို့ကို နားရင်းအုပ်မလို့ လုပ် သေး တာကိုတောင် ပြန်အမှတ်ရ မိသေးတယ်ကွာ။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
5 years ago