Pages

Sunday, February 10, 2013

မန္တလေးမြို့တွင် ငွေစက္ကူ အတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့် သူအား ဖမ်းဆီးရမိ


မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။ ငွေစက္ကူအတု လဲလှယ်ပေးသည့်သူအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ ည၉နာ ရီခွဲ အချိန်ခန့် အမှတ်(၉)ရဲစခန်းမှ နယ်ထိန်းအရာရှိနဲ့အဖွဲ့ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန် ရပ်ကွက်အတွင်း ငွေစက္ကူ ၅၀၀၀ တန်၊ ၁၀၀၀ တန်များအား စည်သူ ဆိုသူမှ ငွေစက္ကူအတု ကျပ်တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် ကျပ်တစ်သိန်းဖြင့် လဲလှယ်ပေးနေကြောင်း သ တင်း ရရှိခဲ့ပြီး၊  ဖေဖော်ဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီ ၁၀မိနစ်အချိန် ဒုရဲအုပ်မျိုးမင်းကြူနှင့်အဖွဲ့မှ သက်သေ များနှင့်အတူ အသွင်ယူကာ ငွေစက္ကူလဲလှယ်ပေးသည့် စည်သူ(ခ)စည်သူမြင့်အား မြို့တော် ဥယျာ ဉ်ရှေ့ တွင် ချိန်းဆိုဆက်သွယ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ပုလိပ်မြို့ ရောက်ရှိ


ရန်ကုန်မှ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်လာနေတဲ့ ဘုန်းကြီး ၁၅ပါး၊ လူ၄၇ယောက် နဲ့ အမျိုးသမီး၁ ယောက်တို့ပါတဲ့ အဖွဲ့ဟာ ပုလိပ်မြို့ ပုလိပ်ဘုရားဝင်းအတွင်းရှိ မူလငါး ဆူ ကျောင်းတိုက် သို့ ရောက်ရှိ လာပြီး ဒီနေ့ အခုကျောင်းမှာပဲ ညအိပ်ကြမှာ ပါ။ မြင်းခြံ ကနေလမ်းလျှောက် လာတဲ့ ဘုန်းကြီး ၃ပါးနဲ့ လူ၃ယောက်ဟာလဲ ခုလောလောဆယ် ပုလိပ်မြို့အတွင်း သို့ ဝင်ရောက် လာပြီ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

www.mmdailystar.com

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ အတွက် အခြေခံမူဝါဒ ချမှတ်ရာတွင် အင်အားကြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံ အကြား တည်ရှိနေခြင်း အပေါ် အခြေခံ စဉ်းစားမည်

 
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဝါဒ ချမှတ်ရာတွင် အင်အားကြီး တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား တည်ရှိနေခြင်းအပေါ် မဟာဗျူဟာမြောက်စဉ်းစား ချမှတ်သွား မည် ဖြစ်ကြောင်း မြန်မာအစိုးရ ချမှတ်ထားသည့် စီးပွာရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုအတွက် အခြေခံ မူဘောင် တွင် ထည့်သွင်း ရေးဆွဲ ထားကြောင်း သိရသည်။

မစိုးရိမ် တိုက်သစ်များ၏ အဓိပတိ မဟာ နာယကချုပ် ဆရာတော် သေနေ့အကြို ပူဇော်ပွဲ ကျင်းပမည်


မစိုးရိမ် တိုက်သစ်ကြီးများ ၏ အဓိပတိ မဟာ နာယကချုပ် ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မဟာထေ ရ်မြတ်၏ သက်တော် ( ၈၀ ) ပြည့် အထိမ်းအမှတ် ( သေနေ့ အကြို ) ပူဇော်ပွဲ သဇီဝ သရဏဂုံတင် မဟာ သ ဘင်ကို ဖေဖော်ဝါရီ ၂၃ မှ၂၅ ထိ မစိုးရိမ် တိုက်သစ်၊ စိန်ပန်းရပ်၊ မဟာအောင်မြေ မြို့နယ်၊မန္တလေး တိုင်းဒေ သကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဟု သိရသည်။ ဖေဖော်ဝါရီ ၂၃ တွင် မန္တလေး တပည့် သံယာများ၊၂၄ ရက်တွင် ပြည်တွင်းပြည်ပ ရပ်ဝေး တပည့် သံယာတော်များ၊၂၅ ရက်တွင် တပည့် သီလရှင်များ၊ ဂေါပကအဖွဲဝင်များ၊ ပြည်တွင်းပြည်ပ တပည့် ဒါယကာများ ၀တ်အသင်းများက ပူဇော်ကြ မည် ဟုသိရသည်။

Popular Myanmar News Journal

ငြိမ်းချမ်းရေး အတွက် တောင်ကြီး အခြေစိုက် အဖွဲ့အစည်းများအား SNLD ခေါင်းဆောင် တွေ့ဆုံ

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်မြောက်ရေးဆွေးနွေးပွဲကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD  မှ ကမကထ ပြု၍ တောင်ကြီးမြို့တွင် ကျင်းပရာ  နိုင်ငံရေးအင်အားစုများ အသင်းအဖွဲ့များ အင်အား ရာကျော် တက်ရောက်ခဲ့ကြကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောသည်။ “ငြိမ်း ချမ်းရေး အတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတရပ်ကို လာမယ့် မတ်လမှာ လုပ်မယ်။ အဲဒီအခါကျရင်  လုပ်မယ့် လုပ်ငန်းစဉ်နဲ့ ရည်ရွယ်ချက်ကို ကျနော်တို့အထွေထွေအတွင်းရေးမှူး စိုင်းညွန့် လွင် က ရှင်းပြတယ်။ အဲဒီမှာ တက်လာတဲ့ ပရိသတ် ၁၅၀ ကျော်ထဲက လူ ၁၅ ယောက်ကနေ အမြင်အ မျိုး မျိုး တင်ပြ ကြ တယ်။ ရွှေပြည်အေး အဖွဲ့တို့ ရလလဖ အဖွဲ့တို့ အထူး ဆွေးနွေးတယ်။” - ဟု ပြောခွင့်ရ စိုင်းလိတ် က ပြောဆိုသည်။

မောင်တောတွင် ဘင်္ဂလီကုလားများ ရခိုင် ရွာတစ်ရွာကို ဓါး၊ သေနတ်များဖြင့် ၀င်ရောက် တိုက်ခိုက် ရခိုင် အနည်းဆုံး တစ်ဦးသေ

 
  သေဆုံးသူ ဦးမောင်အေး ၊ ဒဏ်ရာရသူ ကိုနေထွန်းအောင်နှင့် ကိုစောညွန့်အောင်
 
ဖေဖော်ဝါရီလ (၉)ရက် ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့် တွင် ဘင်္ဂလီကုလား (၁၅) ယောက် ခန့် သည်ေ မာ င်တော မြို့ နယ် ငခူရ ရွာသစ် ( ရောင်ဘူ)ရွာသို့ ရောက်ရှိလာပြီး ဓါး၊ သေနတ် များဖြင့် တို က် ခိုက် သဖြင့် ရခိုင်အမျိုးသားတစ်ဦး သေဆုံးပြီး အခြားရခိုင်လူမျိုးသုံးဦးဒဏ်ရာရရှိသွားသည်။
 

လက်ပံတောင်းတောင် ကော်မရှင်၏ သတင်းထုတ်ပြန်ချက် ၃/၂၀၁၃




အမေရိကန် နှင်းမုန်တိုင်း ၄ ယောက်ထက်မနည်း သေဆုံး



နှင်းကြုံးနေတဲ့ နယူးယောက်မြို့ခံတဦး။ ( ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၃ )

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ခြမ်းပြည်နယ်တွေမှာ အင်အား ကြီးတဲ့ ဆောင်းမုန်တိုင်းတခု တိုက်ခတ်နေပြီး ဆီးနှင်းတွေ ထူထူ ထပ်ထပ် ကျဆင်းနေသလို ဒီနှင်းမုန်တိုင်းကြောင့် သေဆုံးသူအနည်း ဆုံး ၄ ဦးရှိသွားပါပြီ။ ဆီးနှင်းထုက နယူးယောက်မြို့မှာ တပေကအစ ကွန်နက်တိကက်ပြည်နယ် (Connecticut) ပြည်နယ် Milford မြို့မှာ ဆီးနှင်းထု ၃ ပေကျော်အထိ မြင့်ပါတယ်။ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေတဲ့အပြင် လေပြင်းကလည်း တိုက်တာမို့ ဓာတ်ကြိုးတွေပြတ်ကျပြီး လူသိန်းပေါင်းများစွာ လျှပ်စစ်မီးမရရှိဘဲနေ နေရပါတယ်။ လေကတနာရီကို မိုင် (၃၀) လောက်နဲ့ တိုက်နေတာပါ။

တရုတ် နှစ်ကူးအတွက် ကချင် နယ်စပ်ပြင်ဆင်


 
တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာပဲ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် က ဒေသခံပြည်သူတွေ က နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ပြင်ဆင်နေပြီး နယ်စပ်ကုန်သွယ်ရေးက လည်းေ ရာင်း ဝယ် ဖောက်ကားမှုတွေနဲ့ အနည်းငယ် သက်ဝင်လှုပ်ရှားလာတယ် လို့ ဒေသ ခံတွေ ကပြောပါတယ်။ ဒီရက် ပိုင်းမှာ မြန်မာအစိုးရတပ် နဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက် ပွဲတွေက လည်း အ နည်းငယ် ငြိမ်သက်နေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြ ထား ပါတယ်။


ချင်း အမျိုးသား ခေါင်းဆောင် ပူးဝမ္မသူးမောင်း ပုံပါ အင်္ကျီ ဖြန့်ဝေ


ယခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ချင်းအမျိုးသား ခေါင်းဆောင်ကြီး ပူးဝမ္မသူးမောင်း ပုံပါသော အင်္ကျီကို ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် ဖြန့်ဝေ နေကြောင်း သိရသည်။ “ခေါင်းဆောင်ကြီး ၀မ္မသူးမောင်း အသက်ပြန်ရှင်လာ သ လို ခံစားရတယ်ဗျာ၊” ဟု ဒေသခံ လူကြီး ပူးလဲခွီရှိန်းက ပြောသည်။

ဖားကန့် ကျောက်စိမ်းတွင်း တိုက်ပွဲတွင်းမှ ထူးကုမ္မဏီ ဂိုဒေါင်ဖွင့်ပေး


ဖေဖော်ဝါရီ ၉၊ ၂၀၁၃ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာနယ်မြေတွင်းမှာ ကျရောက်နေတဲ့အတွက် ဆိုင်းဂျာ ဘုံမှော် မှာ ရှိတဲ့ ဦးတေဇပိုင်တဲ့ ထူးကုမ္မဏီဟာ ကျောက်စိမ်းဂိုဒေါင်အပါအဝင် ကုမ္မဏီတစ်ခုလုံးကို ဖွင့်ပေးလိုက် ရပါ တယ်။   
 
Zaw Moe Hetet
 
Kachin Daily News
 

ဖားကန့် မြို့လယ်တွင် ပစ်ခတ်မှုများ ဖြစ်နေသည်ဟု သိရ


ကြိုးတံတားဖက်ကနေပြေးလာတာ တယောက်နှစ်ယောက်မကဘူး နေရာအနှံ့ပစ်နေတာ ပထမမြို့ လယ်လမ်း နောက်ဗျုဟာကုန်း ရဲစခန်းဖက် ခြံစည်းရိုးတေတောင်ဝင်တိုးတယ်ဗျ တယောက်မှမထွက်ရဲဖူး။

ဆက်သွားချင်သေးတယ် ဆိုရင်